Channel Myanmar

Bae Doona

Virus (2025) 6.6
Virus (2025) Virus (2025)************* မင်းသမီး Bae Doo-Na ရဲ့ ဆန်းဆန်းပြားပြား အချစ်ဟာသကားလေး အသစ်ထွက်ရှိလာပါပြီ။မင်းသားကြီး Kim Yun-Seok ၊ အဆိုတော် Jang Ki-Ha နဲ့ Son Suk-Ku တို့မှလည်း အဓိကပါဝင်သရုပ်‌ဆောင်ပေးထားပါတယ်။- ဇာတ်လမ်းအကျဉ်း -အားအင်ရော တက်ကြွမှုရော မရှိဘဲ အချစ်ဆဲလ်တွေပါ ခြောက်က‌ပ်နေတဲ့ ဘာသာပြန် အို့ထက်ဆွန်း (Bae Doo-Na)...တစ်နေ့မှာ ညီမဖြစ်သူရဲ့ မိတ်ဆက်ပေးမှုကြောင့် သုတေသနပညာရှင်လေး နမ်ဆူဖီး (Son Suk-Ku)နဲ့ကြင်ဖက်တွေ့ဖြစ်ခဲ့ပြီး နောက်တစ်နေ့မှာပဲ ထက်ဆွန်း အရင်လိုမဟုတ်တော့ဘဲ တက်တက်ကြွကြွရှိလာပြီးရိုမန့်တစ်ဆန်လာပါတော့တယ်။ အားနေ ထထရယ်တယ်...အရင်က မဝတ်ဖြစ်ခဲ့တဲ့ ကာလာစုံဂါဝန်လေးလည်း ထုတ်ဝတ်ဖြစ်တယ်...မူလတန်းကျောင်းနေဖက် ဂင်ယွန်းအူ (Jang Ki-Ha) က group chat ထဲကိုကားရောင်းမဲ့အကြောင်းတွေပဲ ပို့နေတာတောင်မှ ချစ်စရာကောင်းတယ်လို့ မြင်နေမိတဲ့အထိပါပဲ။အဲဒီအချိန်မှာပဲ ထက်ဆွန်းတစ်ယောက် သူ့မှာ ၁၀၀ ရာခိုင်နှုန်း သေစေနိုင်တဲ့ အချစ်ဗိုင်းရပ်စ်ကူးစက်ခံထားရတယ်ဆိုတဲ့ ...
movie

Virus (2025)

Jupiter Ascending (2015) 5.3
Jupiter Ascending (2015)  Jupiter Ascending (2015)ဒီဇာတ်ကားကတော့ အကာသသိပ္ပံအက်ရှင်ဇာတ်ကားတစ်ကားဖြစ်ပြီး ဒါရိုက်တာ Wachowskis ကရိုက်ကူးထားတာပါ။သရုပ်ဆောင်တွေအဖြစ် Mila Kunis, Channing Tatun, Sean Bean, Eddie Redmayne, Douglas Booth တို့ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းလူသားတွေကို နတ်ဘုရားတွေကအုပ်စိုးတဲ့အနာဂါတ်ကာလမှာဖြစ်ပါတယ်။Jupiter Jones ဟာကံမကောင်းတဲ့ ရုရှားပြောင်းရွှေ့အခြေချနေထိုင်သူတစ်ဦးဖြစ်ပြီး အလုပ်အကိုင်အဖြစ် အိမ်သာတွေကိုသန့်ရှင်းရေးလုပ်ပြီး အသက်မွေးပါတယ်။ဂျူပီတာဟာ နက္ခတ်တာရာကြည့်မှန်ပြောင်းဝယ်ဖို့ ငွေလိုသဖြင့် သူ၏အစ်ကိုဝမ်းကွဲ အကြံပေးချက်ကြောင့် မမျိုးဥကို ဆေးခန်းတစ်ခုမှာသွားရောင်းပါတော့တယ်။ဆေးခန်းမှာ မထင်မှတ်ထားတဲ့တိုက်ခိုက်ခံရမှုတွေကြားမှ ကယ်တင်ရှင်တစ်ဦးပေါ်လာကာ သူမသည် တော်ဝင်သွေးဖြစ်ကြောင်း သိလိုက်ရပါတော့တယ်။သူမ၏ ဇစ်မြစ်က သူမကို ဘယ်လိုအန္တရယ်ဖြစ်စေနိုင်မလဲ၊ သူမကို ဘာကြောင့်အန္တရာယ်ပြုချင်နေရတာလဲ စသည်တို့ကို ကြည့်ရှုခံစားရမည့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Eunice ဖြစ်ပါတယ်။)File size…(1.7 GB) / (1 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Adventure, Sci-Fi Duration….02:08:26 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated ...
movie

Jupiter Ascending (2015)

2015
Rebel Moon – Part Two: The Scargiver (2024) 6.9
Rebel Moon – Part Two: The Scargiver (2024) Rebel Moon - Part Two: The Scargiver (2024) ================================= IMDb Rating - 6.9/10ဒါရိုက်တာ ဇက်စနိုင်ဒါရဲ့ စတားဝေါ ဖန်မိတ် ရုပ်ရှင်ကြီးလာပါပြီ။ ဒီဇာတ်လမ်းကို စတားဝေါလူကြီးဆန်ဆန်ဗားရှင်းအဖြစ် ကမ်းလှမ်းခဲ့ပေမဲ့ ဒစ္စနေးနဲ့လူးကပ်ရုပ်ရှင် ကုမ္ပဏီက လက်မခံတာကြောင့် Star Wars ရုပ်ရှင်အဖြစ်မဟုတ်ဘဲ ကိုယ်ပိုင်ရိုက် ကူးဖြစ်သွားတာပါ။ ဒါကြောင့် ဂျဒိုင်းတွေနဲ့အလင်းဓားတွေ မပါဝင်ပေမဲ့ အင်ပါယာ နဲ့ ဖိနှိပ်ခံဂြိုလ်တွေ၊ တော်လှန်ရေးအဖွဲ့တွေ အကုန်ပါဝင်နေပါတယ်။ ဒါ့အပြင် ဇာတ် လမ်းကျောရိုးကိုလည်း ဇက်ရဲ့ အကြိုက်ဆုံးရုပ်ရှင် Seven Samurai (1954) ကို မှီ ငြမ်းထားတာမို့ အာကာသထဲက ဆာမူရိုင်း ၇ ယောက် ဇာတ်လမ်းမျိုးဖြစ်နေပြန်ပါ တယ်။ လက်ရှိ ဝေဖန်ရေးဆရာတွေ အကြိုက်မတွေ့တဲ့အချက်ကလည်း ဒီအချက်ပဲ ဖြစ်ဖို့များပါတယ်။ မူရင်းဖန်တီးချက် ဘာမှမပါသေးဘဲ စတားဝေါ နဲ့ ဆဲဗင်းဆာမူရိုင်း ဒါမှမဟုတ် Magnificent Seven ကြည့်ပြီးသားလူတွေအတွက် မဲပြာပုဆိုးဖြစ်နေလို့ ပါပဲ။ ဒါပေမဲ့ ပထမရုပ်ရှင်ပဲ ရှိသေးတာမို့ ...
movie

Rebel Moon – Part Two: The Scargiver (2024)

2024
4K HEVC
Rebel Moon – Part One: A Child of Fire (2023) 6.4
Rebel Moon – Part One: A Child of Fire (2023)  ဒါရိုက်တာ ဇက်စနိုင်ဒါရဲ့ စတားဝေါ ဖန်မိတ် ရုပ်ရှင်ကြီးလာပါပြီ။ ဒီဇာတ်လမ်းကို စတားဝေါလူကြီးဆန်ဆန်ဗားရှင်းအဖြစ် ကမ်းလှမ်းခဲ့ပေမဲ့ ဒစ္စနေးနဲ့လူးကပ်ရုပ်ရှင်ကုမ္ပဏီက လက်မခံတာကြောင့် Star Wars ရုပ်ရှင်အဖြစ်မဟုတ်ဘဲ ကိုယ်ပိုင်ရိုက်ကူးဖြစ်သွားတာပါ။ ဒါကြောင့် ဂျဒိုင်းတွေနဲ့အလင်းဓားတွေ မပါဝင်ပေမဲ့ အင်ပါယာ နဲ့ ဖိနှိပ်ခံဂြိုလ်တွေ၊ တော်လှန်ရေးအဖွဲ့တွေ အကုန်ပါဝင်နေပါတယ်။ ဒါ့အပြင် ဇာတ်လမ်းကျောရိုးကိုလည်း ဇက်ရဲ့ အကြိုက်ဆုံးရုပ်ရှင် Seven Samurai (1954) ကို မှီငြမ်းထားတာမို့ အာကာသထဲက ဆာမူရိုင်း ၇ ယောက် ဇာတ်လမ်းမျိုးဖြစ်နေပြန်ပါတယ်။ လက်ရှိ ဝေဖန်ရေးဆရာတွေ အကြိုက်မတွေ့တဲ့အချက်ကလည်း ဒီအချက်ပဲဖြစ်ဖို့များပါတယ်။ မူရင်းဖန်တီးချက် ဘာမှမပါသေးဘဲ စတားဝေါ နဲ့ ဆဲဗင်းဆာမူရိုင်း ဒါမှမဟုတ် Magnificent Seven ကြည့်ပြီးသားလူတွေအတွက် မဲပြာပုဆိုးဖြစ်နေလို့ပါပဲ။ ဒါပေမဲ့ ပထမရုပ်ရှင်ပဲ ရှိသေးတာမို့ နောက်ထွက်လာမဲ့ အပိုင်းတွေမှာ မထင်မှတ်ထားတဲ့ ဇာတ်လမ်းအချိုးအကွေ့တွေနဲ့ အောင်မြင်နိုင်ပါသေးတယ်။ဒီအချက်တွေကို မေ့ပစ်ပြီး ကြည့်မယ်ဆိုရင်တော့ ...
movie

Rebel Moon – Part One: A Child of Fire (2023)

Take Care of My Cat (2001) 7.1
Take Care of My Cat (2001) Take Care of My Cat (2001)သူငယ်ချင်းငါးယောက်ဖြစ်တဲ့ ဟယ်ဂျူး၊ ထယ်ဟီး ၊ ဂျီယောင်း၊ ဘီရူးနဲ့ အွန်ဂျိုးတို့ဟာ အင်ချွန်းဆိုတဲ့ မြို့ငယ်လေးရဲ့ အထက်တန်းကျောင်းမှာတည်းက ခင်မင်ခဲ့ကြတာဖြစ်ပါတယ်။ဒါပေမဲ့လည်း အထက်တန်းပြီးလို့ တစ်နှစ်ကြာတဲ့အခါ တစ်ယောက်တစ်လမ်းစီ လျှောက်ကြရပါတယ်။ မိသားစုအလုပ်ကိုလုပ်သူကလုပ် ကုမ္ပဏီမှာလုပ်သူကလုပ် လမ်းဘေးမှာ လက်ဝတ်ရတနာလေးတွေ ရောင်းသူကရောင်း အလုပ်မရှိလို့ အလုပ်ရှာသူကရှာပြီး ဘဝကြီးကိုလျှောက်လမ်းကြပါတယ်။အဲ့ဒီလို ဘဝရဲ့တာဝန်တွေကို ခက်ခက်ခဲခဲလျှောက်လှမ်းကြရင်း တစ်ယောက်နဲ့တစ်ယောက် ပုံမှန်တွေ့ဖြစ်အောင်လည်း ကြိုးစားကြပေမယ့် ဘဝကြီးထဲရောက်တဲ့အခါ ကျောင်းတုန်းကဘယ်လောက်ပဲ ခင်ခဲ့ပါစေ တစ်ယောက်နဲ့တစ်ယောက် အမြင်ချင်းကွဲပြားလာကြပါတယ်။ဒီသူငယ်ချင်းတွေရဲ့ အခက်အခဲတွေ အမြင်တွေနဲ့ ကိုယ့်ဘဝကိုယ် ဘယ်လိုရုန်းကန်ကြရပုံတွေကို ကြည့်ရှုခံစားရင်းကျောင်းတုန်းကသူငယ်ချင်းတွေကိုလည်း အမှတ်ရစေမယ့်ဇာတ်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ APPပါ။)File Size          : 2.8GB, 1.1GB, 578MB Quality          ...
movie

Take Care of My Cat (2001)

2001
Next Sohee (2022) 7.4
Next Sohee (2022) Next Sohee (2023)Bae Doo Na ရဲ့ Comeback Movie လို့ ပြောလို့ ရပါတယ်။ ပျောက်နေတာ အတော်ကြီး ကြာပြီးမှ ပြန်လာသလို ပြန်လာတဲ့ကားကလည်း အတော့်ကို ကောင်းတဲ့ကားပါ။ "ထပ်တိုး ဆိုဟီး" ဆိုတဲ့ ရုပ်ရှင်ကားလေးနဲ့ ပြန်လာခဲ့တဲ့ သူမရဲ့ရုပ်ရှင်ကားက ဘယ်လို အကြောင်းအရာများ ဖြစ်မလဲ? တစ်ချက် ကြည့်လိုက်ရအောင်ပါ။လူဟာ အိပ်မက်နဲ့ရှင်သန်ကြတယ်ဆိုပေမဲ့ အိပ်မက်တွေက တစ်ခါတလေတော့လည်း အိပ်မက်ဆန်လွန်းတယ်။ ဒီလိုနိုင်ငံမျိုးမှာတော့ ဖြစ်ချင်တာတွေနောက်လိုက်ဖို့ မဖြစ်ချင်တာတွေလုပ်ရတဲ့ အခြေအနေမျိုးကို အားလုံးကျော်ဖြတ်ခဲ့ဖူးကြမှာပဲ။ ဖြစ်ချင်တာတွေဟာ ဘယ်တော့မှဖြစ်မလာတော့တဲ့ဘဝတွေလည်း ရှိကောင်းရှိကြမှာပဲ။ ဒီရုပ်ရှင်ဟာ အဲဒီလိုဘဝမျိုးတွေအကြောင်းပဲ။အထက်တန်းကျောင်းသူကောင်မလေး ဆိုဟီးဟာ ကျောင်းက ချိတ်ပေးတဲ့ အလုပ်မှာ အလုပ်သင်အနေနဲ့ဝင်လုပ်တယ်။ ဒါပေမဲ့ အဲဒီအလုပ်ဟာ မတရားမှုတွေ အပြည့်ရှိနေသလို လစာကိုလည်း ရတဲ့နေရာကနေ ဘက်စုံနှိမ်တတ်တဲ့ အလုပ်မျိုး။ ဒီလိုနဲ့ အထက်တစ်ဆင့်ကနေ အောက်တစ်ဆင့်ကိုပြန် အမြတ်ထုတ်ရင်း အဆင့်ဆင့်သွားတတ်တဲ့ စနစ်မျိုးမှာ သူရှင်သန်ခဲ့ရတယ်။ ဒါပေမဲ့လည် ရွေးစရာတော့မရှိဘူး။ ဆိုဟီးမှ မဟုတ်ဘူး။ ...
movie

Next Sohee (2022)

2022
The Host(2006) 7.1
The Host(2006) The Host(2006)***************ဒီကားက ဆုပေါင်း ၂၉ဆုရရှိခဲ့ပြီး  ဒါရိုက်တာကလည်း Parasite တို့  Memories of Murder တို့လို့အထင်ကရ ရုပ်ရှင်တွေဖန်တီးတဲ့  Bong Joon Ho ဆိုတော့ကား နင်းကန်ဒေါင်းကြည့်သင့်ပါတယ်..ဂန်ဒူးဆိုတဲ့သူဟာ ခဏခဏအိပ်ငိုက်တတ်ပြီးတော့ ဟန်မြစ်ကမ်းဘေးမှာသူ့အဖေနဲ့အတူ ဆိုင်လေးဖွင့်ထားပါတယ်။သူ့မှာ အရမ်းချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်ရှိပါတယ်။စာမတတ်ပေမတတ်၊ မိန်းမကလည်းပစ်သွားတဲ့သူ့ဘဝမှာ သမီးလေးကအရာရာပါပဲ။တစ်နေ့မှာတော့ ဓါတ်ခွဲခန်းတစ်ခုကနေ စွန့်ပစ်လိုက်တဲ့ အန္တရာယ်ရှိစွန့်ပစ်ပစ္စည်းတွေကြောင့်ဟန်မြစ်ထဲမှာ အကောင်ကြီးတစ်ကောင်ပေါ်လာပါတယ်။အဲဒီအကောင်ကြီးဟာ မြစ်ကမ်းဘေးကိုတက်လာပြီး ဂန်ဒူးရဲ့သမီးလေးယောင်းဆူကိုဖမ်းခေါ်သွားပါတော့တယ်။အကုန်လုံးကသေပြီလို့ထင်ထားတဲ့ယောင်းဆူက ညဘက်ကြီးသူ့အဖေကိုဖုန်းခေါ်လာတဲ့အခါ....ဂန်ဒူးနဲ့ သူ့ရဲ့မိသားစုဟာ ယောင်းဆူကိုကယ်ဖို့ ဘယ်လိုမျိုးကြိုးစားကြလဲဆိုတာတစ်ကားလုံးရင်သပ်ရှုမောဖွယ်ကြည့်ရှုရမှာပါ။၂၀၀၆ ခုနှစ်မှာထွက်ရှိထားပြီးတော့ rating 7.1 ရရှိထားပြီး ဆုတွေလည်းအများကြီးရရှိထားတဲ့ဇာတ်ကားမလို့အခုထိမကြည့်ရသေးရင် ကြည့်ကိုကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ကားပါပဲ။     File Size :(4.7GB)(1.5GB) and (380 MB) Quality : WEB-DL1080P5.1Ch, 720p Format…mp4 Duration…02:00:00 Genre : Horror,Sci-Fi , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Yee Wai Encoded by Phyo ...
movie

The Host(2006)

18+ Plum Blossom (2000) 5.9
18+ Plum Blossom (2000) 18+ Plum Blossom ( 2000 )ဒီ Erotic ကားကို တော်တော်များများ သိကြမယ်ထင်တာပါပဲ။ မသိသေးရင်လည်း အခုကစ ကြည့်သင့်တဲ့ လက်လွတ်မခံသင့်တဲ့ ရုပ်ရှင်လို့ပြောလည်း မမှားဘူး။ ဘာလို့ဆို သရုပ်ဆောင်တွေပဲရှိုးကြည့်ပါဦး။ မင်းသမီးက ကိုရီးယားတစ်ပြည်လုံးက မင်းသမီးတွေအကုန်ပေါင်းလို့ သူတစ်ယောက်တည်း အင်တာမှာ ရိုက်ထားတဲ့ အရေအတွက်ကို မမီနိုင်တဲ့ ကိုရီးယားရဲ့ ဆရာအကျဆုံးမင်းသမီးဖြစ်တဲ့ ဘဲ့ဒိုနာကိုး။ ကိုရီးယားပြည်တွင်းမှာဆိုလည်း ထိပ်တန်းဂိဆရာနှစ်ပါးဖြစ်တဲ့ ဘွန်းဂျွန်းဟိုနဲ့ ပတ်ချန်းဝုတို့ကားတွေမှာ သရုပ်ဆောင်ခဲ့သလို ဂျပန်ဂိဆရာ Hirokazu Koreedaရဲ့ကားတွေမှာလည်း ပါဖူးပါတယ်။ တခြားဂျပန်ကားတွေလည်း သူရိုက်ပါသေးတယ်။ နောက်မက်ထရစ်ဒါရိုက်တာ၂ယောက် အဓိကရိုက်တဲ့ Sense8လို နာမည်ကြီး အင်္ဂလိပ်စီးရီးမှာလည်း အဓိကမင်းသမီးနေရာက ပါခဲ့ရဖူးပါတယ်။ Cloud Atlasမှာလည်းပါဖူးပါတယ်။ Kingdomနဲ့တော့ သူ့ကို လူသိများပါလိမ့်မယ်။မင်းသားကတော့ ဟိုးရှေးခေတ်ကတည်းက Love Story in Harvard နဲ့ နာမည်ကြီးခဲ့တဲ့ ခုတလောတောင် သူ့ကား The First Respondersတို့ Decibel တို့ တော်တော်ရေပန်းစားနေတဲ့ ကင်ရေဝန်းပါ။ဒါရိုက်တာကတော့ ၁၉၈၀ဝန်းကျင်ကတည်းက ရိုက်လာတဲ့ ...
movie

18+ Plum Blossom (2000)

2000