Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Azhar Jalil
Siapa Buka Lampu (2024)
Siapa Buka Lampu (2024)ဒီဇာတ်လမ်းမှာ Aadhya ဆိုတဲ့ အသစ်ဖွင့်ထားတဲ့ အပန်းဖြေတည်းခိုစံအိမ်က ဖွင့်ဖွင့်ချင်းမှာပဲ သရဲခြောက်လို့ လိုင်းပေါ်မှာ နာမည်ကြီးသွားပါလေရဲ့။Aadhya စံအိမ်ရဲ့ပိုင်ရှင်ကလည်း သူ့စီးပွားရေးမပျက်အောင် မဟုတ်ပါဘူးလျှောက်ရွှီးပြီးနောက်ကွယ်မှာ သူ့စံအိမ်က သောင်းကြမ်းနေတဲ့သရဲကိုဖမ်းဖို့ သရဲဖမ်းသမား လင်မယားနှစ်ယောက်ကို အလုပ်ခန့်လိုက်တယ်။ဒါပေမဲ့ အူကြောင်ကြောင် သရဲဖမ်းသမားတွေနဲ့ ကြားထဲက ဘုမသိဘမသိ လာတည်းတဲ့ ဧည့်သည် ကောင်မလေးနှစ်ယောက်ပါ ရောက်လာတာကြောင့်ဧည့်သည်တွေကိုလိမ်ပြီး နောက်ကွယ်မှာ သရဲဘယ်လိုခိုးဖမ်းမလဲဆိုတာကို ဒီမလေးရှားသရဲဟာသကားမှာ အလွဲပေါင်းစုံနဲ့ ခွီနေအောင် ကြည့်လိုက်ကြပါဦးဗျာ။(အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ပဲဖြစ်ပါတယ်)File size…(1.3 GB) / (655 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Duration….01:31:23 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Thwal Htoo Zin
movie
Siapa Buka Lampu (2024)
2024
6.2
Siapa Tutup Lampu? (2021)
Siapa Tutup Lampu? (2021)2021 ကိုဗစ်ကာလတုန်းကထွက်ရှိခဲ့တဲ့မလေးရှားဇာတ်ကားကောင်းလေးတင်ဆက်ပေးလိုက်ပါတယ်။ မလေးရှားဇာတ်ကားတွေ နောက်ပိုင်းထွက်လာခဲ့တာ သူတို့လဲနောက်ပိုင်းထိုင်းဇာတ်ကားတွေကို အမှီလိုက်ဖို့ကြိုးစားလာကြပုံပါပဲ။ ထိုင်းကားတွေက အတိုင်းတာတစ်ခုအထိ အနုပညာပိုင်းမှာကောင်းမွန်လာပြီး လူတွေကိုဆွဲဆောင်လာနိုင်တာ လူတိုင်းအသိပါပဲ။ ဒါပေမဲ့ မလေးရှားကားတွေကိုတော့ သိပ်သတိမထားမိကြပါဘူး။ ဒီအတွက် မလေးရှားဇာတ်ကားတွေထဲကမှ ဇာတ်လမ်းလေးကောင်းတဲ့ဇာတ်ကားလေးမို့ တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ မလေးရှားမှာရှိတဲ့ သူငယ်ချင်းငါးယောက် ကျောင်းတူတူတက်ပြီး လူ့ဘဝကြီးကိုရင်ဆိုင်ပြီး တိုးတက်အောင်ကြိုးပမ်းနေကြတဲ့ သူငယ်ချင်းတွေပေါ့။ တစ်နေ့သူငယ်ချင်းတွေက စီးပွားရေးအိုင်ဒီယာပြိုင်ပွဲလေးတစ်ခုတွေ့လာတဲ့အခါမှာ သူငယ်ချင်းတွေစုပြီးပြိုင်ပွဲဝင်ကြပါတော့တယ်။ ဒါပေမဲ့လဲ လူဆိုတာက ကိုယ်စီအခက်ခဲတွေဒုက္ခတွေနဲ့ အကျပ်အတည်းတွေ ရှိကြတာပေါ့။ သူငယ်ချင်းတစ်ယောက်ဆီရဲ့မိသားစုဘဝတွေ လူမှုရေးဘဝတွေကြောင့် တစ်ယောက်နဲ့တစ်ယောက်ထုတ်မပြောကြပေမဲ့ အကုန်အဆင်ပြေနေသလိုဟန်ဆောင်ခဲ့ကြတာပေါ့။ ဒါပေမဲ့တစ်နေ့မှာတော့ သူငယ်ချင်းငါးယောက် စုပြီးတော့ခရီးထွက်ဖို့အကြောင်းဖန်လာပါတော့တယ်။ ဒါပေမဲ့မတော်တဆဖြစ်ပြီး သူတို့သူငယ်ချင်းတစ်ယောက် ဆုံးသွားတဲ့အခါမှာတော့ သူတို့သူငယ်ချင်းအပေါ်မှားခဲ့တဲ့အပြစ်တွေကိုဝန်ခံခဲ့ကြရင်းနဲ့မှ အပြစ်တွေဆိုတာ ကြာကြာဖုံးထားလေ ကြာမှနောင်တရလာလေဆိုတာကို သဘောပေါက်လာခဲ့ကြပေမဲ့ အချိန်နှောင်းသွားပြီဆိုတာကိုသိခဲ့ရတဲ့နောက်မှာတော့ ....(အညွှန်းနဲ့ဘာသာပြန်ကတော့ Saii Thurein Lynn ဖြစ်ပါတယ်)Genre.....Horror, Mystery, Thriller Quality…. 1080p WEB-DL | 720p WEB-DL File size… 919MB | 473MB Format… mp4 Duration…. 1h 45min Subtitle…. Myanmar Subtitle (Hardsub) Translator ..... ...
movie
Siapa Tutup Lampu? (2021)