Channel Myanmar

Ayten Uncuoğlu

10 Days of a Curious Man (2024) 5.8
10 Days of a Curious Man (2024)  2023တုန်းက ထွက်ရှိခဲ့တဲ့ 10 Days of a Good Man နဲ့10 Days of a Bad Man တို့ရဲ့ sequel ရုပ်ရှင်ကားကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။အရှေ့နှစ်ကားရဲ့ ဖြစ်ရပ်တွေအပြီးမှာတော့ ဆာဒစ်ဟာဘဲလက်ဆိုတဲ့မြို့လေးမှာ တစ်ကိုယ်တည်း အေးအေးဆေးဆေးစာလေးတွေရေးရင်း နေထိုင်နေပုံကနေ ဇာတ်လမ်းကိုစတင်ထားပါတယ်။ရှေ့မှာသူကြုံခဲ့ရတဲ့ အတွေ့အကြုံတွေကို စာမူရေးပြီး ပုံနှိပ်တိုက်‌တွေကို ပေးပို့ခဲ့ပေမဲ့ အယ်ဒီတာဘက်ကသဘောမကျဘူးပေါ့လေ။ဒီလိုနဲ့ စိတ်ဝင်စားစရာ ဇာတ်လမ်းတစ်ခု ရေးမယ်ဆိုပြီး အကြံထုတ်နေတုန်း ဆာဒစ်ရဲ့ အိမ်ရှေ့နားမှာ ကြောင်လေးတွေကိုအစာလာကျွေးနေကျအဘွားကြီးက အစာလာမကျွေးတော့တာကိုသတိထားမိသွားပါတယ်။ အဘွားကြီး ဘာလို့မလာတော့လဲဆိုတာကိုသွားစုံစမ်းရင်း ‌ကြောင်စာတွေထောက်ပံ့နေကျဖြစ်တဲ့ မူတဲနာဆိုတဲ့ကောင်မလေးရဲ့ပျောက်ဆုံးမှုကိုသိလိုက်ရပါတယ်။တစ်ဖက်မှာလည်း ရပ်ကွက်ထဲမှာ အိမ်တွေကိုမီးလိုက်ရှို့နေတဲ့လူတစ်စုလည်းရှိနေပြန်ပါသေးတယ်။ ဒီလိုနဲ့ စာမူရေးဖို့ ဇာတ်အိမ်ကုန်ကြမ်းရှာနေတဲ့ ဆာဒစ်တစ်ယောက် မူတဲနာဆိုတဲ့ကောင်မလေးရဲ့ပျောက်ဆုံးမှုကို စတင်စုံစမ်းပါတော့တယ်။Crime/mystery အမျိုးအစားဖြစ်တာကြောင့် မထင်မှတ်ထားတဲ့ဇာတ်အလှည့်အပြောင်းတွေနဲ့ ဇာတ်လမ်းချိတ်ဆက်ပုံတွေကိုကောင်းကောင်းကြီးကြည့်ရှုရမှာပါ။လူကောင်းရော လူဆိုးပါဖြစ်ခဲ့ပြီးတဲ့ ဆာဒစ်တစ်ယောက်လူပျောက်မှုကို စပ်စုမိတဲ့အခါမှာတော့ ဘာတွေဖြစ်ဦးမလဲဆိုတာဇာတ်ကားထဲမှာပဲဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size… (1.89GB) / (979MB ) Quality… ...
movie

10 Days of a Curious Man (2024)