Channel Myanmar

Austin Nichols

The Day After Tomorrow (2004) 6.5
The Day After Tomorrow (2004)  IMDb rating 6.5/10 ရရှိထားပြီး 2004 ခုနှစ်က ထွက်ရှိခဲ့တဲ့ ဇာတ်ကားကောင်းလေးတစ်ကားကိုတင်ပေးလိုက်ပါတယ်။အာတိတ်ဒေသမှာသုတေသနလုပ်နေတဲ့ ပါမောက္ခ ဂျက်(ခ်)ဟော(လ်) နဲ့အဖွဲ့ဟာ ရာသီဥတု ဖောက်ပြန်ပျက်စီး မှု တစ်ခုကို အမှတ်မထင် ကြုံတွေ့ခဲ့ရတယ်။ ဒါကို နယူးဒေလီ မှာပြုလုပ်တဲ့ ကမ္ဘာကြီး ပူနွေးလာမှုနဲ့ ပတ်သက်တဲ့ နှီးနှော ဖလှယ်ပွဲတစ်ခုမှာ ဂျက်(ခ်) ကိုယ်တိုင်ပြောပြခဲ့ပေမဲ့ ဘယ်သူကမှ အလေးမထားခဲ့ကြပါဘူး။နောက်ပိုင်းမှာ ရေကြောင်းပြ ဗော်ရာ တွေမှာ အပူချိန်ကျဆင်းလာတာကြောင့် ပါမောက္ခ ရပ်ဆန် လည်း သတိထားမိခဲ့ပြီး ဂျက်(ခ်) နဲ့အတူ ပူးပေါင်းလုပ်ဆောင်ခဲ့ကြပါတယ်။ ရာသီဥတု ဖောက်ပြန်ပျက်စီးမှုက တစတစ ပိုမိုဆိုးရွားလာခဲ့ပေမဲ့ ဂျက်(ခ်) ရဲ့ သတိပေးမှုတွေကို တာဝန်ရှိသူတွေက လျစ်လျူရှုခဲ့ကြပါတယ်။နောက်ဆုံးမှာတော့ မြောက်ကမ္ဘာခြမ်းတစ်ခုလုံးကို ရေခဲအတိ ဖုံးလွှမ်းသွားစေခဲ့တဲ့ တစ်ခါမှ မကြုံခဲ့ဖူးတဲ့ ကုန်းတွင်းပိုင်း ဟာရီကိန်း မုန်တိုင်းဒဏ်ကို ပြည်သူတွေအလူးအလဲ ခံစားခဲ့ပါတယ်။အခက်အခဲ အမျိုးမျိုးရှိနေတဲ့ကြားထဲမှ ...
movie

The Day After Tomorrow (2004)

2004
4K HEVC
The Six Triple Eight (2024) 6.6
The Six Triple Eight (2024) RT - 53%ဒုတိယကမ္ဘာစစ်နောက်ခံ ဖြစ်ရပ်မှန် ဇာတ်ကားသစ်တစ်ခုဖြစ်ပါတယ်။လူမည်းနီဂရိုးတွေကို အစဉ်အလာနှိမ်တတ်တဲ့ အမေရိကန် ပြည်ထောင်စု၊ အမျိုးသမီးများကို ဖိနှိပ်ထားချင်တဲ့ အမေရိကန် ပြည်ထောင်စုမှာလူမည်းအမျိုးသမီးချည်းပါတဲ့ တပ်ရင်းတစ်ရင်းဖြစ်လာဖို့ဆိုတာ အတော်ခက်ခဲတဲ့ကိစ္စဖြစ်ပါတယ်။ဖြစ်လာပြီးရင်တောင်မှ တာဝန်ပေးခံရဖို့ဆိုတာ ပိုပြီးခက်ခဲပါတယ်။ဒါကိုမှ သူများမလုပ်နိုင်တဲ့ တာဝန်ကို အောင်မြင်အောင်ထမ်းဆောင်နိုင်ခဲ့တဲ့ အမှတ် ၆၈၈၈ နီဂရိုးအမျိုးသမီးတပ်ရင်းအကြောင်းဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားနေချိန်မှာ အမေရိကန်စစ်သည်တွေအပြင် အမေရိကန်ပြည်သူတွေမှာပါ ရန်သူတစ်မျိုးနဲ့ ရင်ဆိုင်နေရပါတယ်။အဲဒါကတော့ စစ်မြေပြင်ကနေ အိမ်ကို စာအဆက်အသွယ်လုပ်လို့မရသလို အိမ်ကနေလဲ စစ်မြေပြင်ဆီကို ဆက်သွယ်မရပါဘူး။အဆက်အသွယ်မရလေ အိမ်က မိသားစုဝင်များက စိတ်ပူလေ...စစ်ဌာနချုပ်ကို စောဒကတွေတက်လေ၊စစ်ဌာနချုပ်မှာလည်း စစ်ရေးရည်မှန်းချက်တွေရှိလေတော့ မဖြည့်ဆည်းပေးနိုင်၊ နောက်ဆုံး သမ္မတကတော်နားပေါက်ကြားသွားလေမှ သမ္မတကပါ ဖိအားပေးတောင်းဆိုရပါတော့တယ်။ဒီအခါ နီဂရိုး အမျိုးသမီးတပ်ဖွဲ့ကို ဘယ်သူမှ မအောင်မြင်ခဲ့တဲ့ ဒီ ‌စာဝေရေးတာဝန်ကို ပေးအပ်ခဲ့ပါတယ်။ဘယ်လိုမှ မအောင်မြင်နိုင်ဘူးဆိုတဲ့ အတွေးနဲ့ ပေးအပ်ကြတာဖြစ်ပြီး လေယာဉ်ရုံကြီးတွေနဲ့ အပြည့် စာ‌အစောင်ပေါင်း ၁၇သန်းကိုခြောက်လအတွင်း နီဂရိုးအမျိုးသမီးတပ်ရင်းဟာ အခက်အခဲတွေကြားက အောင်မြင်အောင် ...
movie

The Six Triple Eight (2024)

4K HEVC
Gaslit by My Husband: The Morgan Metzer Story (2024) 6.7
Gaslit by My Husband: The Morgan Metzer Story (2024)  ဒီတစ်ခါမှာတော့ CM ကနေ Thriller ရောထားတဲ့အိမ်ထောင်ရေးကားလေးတစ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် ။ဇာတ်လမ်းအစကိုတော့ သားဦးလေးကို ဆုံးရှုံးလိုက်ရတဲ့ရော့ဒ်နေးနဲ့ မော်ဂန်တို့ စုံတွဲနဲ့ အစပြုထားပါတယ် ။ငယ်ချစ်ဦးတွေ ဖြစ်ခဲ့ကြတဲ့ သူတို့စုံတွဲဟာ သားဦးလေးဖြစ်တဲ့ကယ်လ်ဗင်ကို ဆုံးရှုံးလိုက်ရပြီး လက်ရှိမှာတော့အမြွှာလေး မွေးထားကြသူတွေပါ ။ ဒါပေမဲ့ သားတစ်ယောက်ဆုံးရှုံးလိုက်ရတဲ့အချက်ကို မမေ့နိုင်သေးတဲ့ မော်ဂန်ဟာအပြုအမူတွေ ထူးဆန်းလာတယ် ၊ အကြမ်းဖက်တတ်လာတယ်လို့ သူ့ယောကျ်ားဖြစ်တဲ့ ရော့ဒ်နေးကထောက်ပြလာခဲ့ပါတယ် ။ ဒီအခြေအနေမှာမှ ရော့ဒ်နေးကအလုပ်ပြုတ်သွားခဲ့ပြီး မော်ဂန်က အိမ်ပြင်ထွက်အလုပ်လုပ်ရတဲ့အခါမှာတော့ နှစ်ယောက်ကြားကအက်ကြောင်းတွေက ပိုလို့တောင် ထင်ရှားလာပါတယ် ။ဒီအချိန်မှာ ရေချိုးခန်းထဲက စတီးရွိုက်ဆေးတောင့်တွေ ၊သူမသိလိုက်ဘဲ သုံးစွဲထားတဲ့ အကြွေးဝယ်ကဒ်နောက်တစ်ခု စတဲ့ ယောကျ်ားဖြစ်သူရဲ့ မူမမှန်တဲ့အချက်တွေကို မော်ဂန် တွေ့လိုက်ရပါတော့တယ် ။သားဖြစ်သူကို ဆုံးရှုံးထားရလို့ ကုထုံးစကားဝိုင်းတွေသွား ၊ ဆေးတွေသောက်နေရတဲ့ မော်ဂန်နဲ့ မော်ဂန့်ကိုရူးနေပါတယ်လို့ တစ်ဖက်သတ်အတင်းစွပ်စွဲနေတဲ့ရော့ဒ်နေး သူတို့နှစ်ယောက်မှာ တကယ်တမ်းမှားနေတဲ့သူက ဘယ်သူဖြစ်မလဲ ။သူတို့ရဲ့ ...
movie

Gaslit by My Husband: The Morgan Metzer Story (2024)

LOL (2012) 4.4
LOL (2012) LOL (2012) ==========ဒီဇာတ်လမ်းက ကျောင်းဖွင့်ဖွင့်ချင်းမှာ သူ့ကောင်လေးဆီက ဖောက်ပြန်ခံရတာကိုသိပြီး အသည်းကွဲနေတဲ့ Lola နဲ့ သူ့ကို တစ်ဖက်သတ်ချစ်နေတဲ့ အချစ်ဆုံးသူငယ်ချင်း Kyle ရဲ့ ကျောင်း သားအချစ်ဇာတ်လမ်းတစ်ပုဒ်ပါ။ ဒီကားထဲမှာ ဆယ်ကျော် သက်အချစ်အပြင် အချင်းချင်းမရည်ရွယ်ဘဲ ပြဿနာတွေတက် ရင်း ပြန်ပြေလည်အောင်ဖြေရှင်းကြတဲ့ Lola နဲ့သူ့အမေတို့လို မိသားစုအချစ်ကိုလည်း ဖော်ကျူးထားပါတယ်။Lola နေရာမှာ သရုပ်ဆောင်ထားသူကတော့ Miley Cyrus ပဲ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Miley Cyrus ဖြစ်ပါတယ်)File Size..........(1.41 GB) / (552 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 37Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama, Romance Translator.......Miley Cyrus Encoder..........SWM
movie

LOL (2012)

2012
Unthinkable (2010) 7.1
Unthinkable (2010) ကျွန်တော် ခဏခဏမေးဖြစ်တဲ့ မေးခွန်းလေးတစ်ခုမေးကြည့်ချင်ပါတယ်။ ခင်ဗျားက စနိုက်ပါ တစ်လက်နဲ့ လူတစ်ယောက်ကို ချိန်ထားတယ်။အဲဒီလူက လူတွေအများကြီးရှိနေတဲ့ နေရာမှာ ဗုံးခွဲမလို့ လုပ်နေတဲ့သူ။ အဲဒီလူကို ပစ်သတ်ဖို့ ခင်ဗျား သေနတ်မောင်းကို ဆွဲမှာလား။ခင်ဗျားလက်မှာ သွေးအစွန်းခံပြီးတော့ ဗုံးကွဲလို့သေမယ့်သူတွေကို ကယ်မှာလား။ ဒါမှမဟုတ် လူသတ်သမားတစ်ယောက် အဖြစ်ခံပြီး ပစ်သတ်လိုက်မှာလား။ပစ်သတ်လိုက်မယ်ဆိုရင်တော့ ခင်ဗျားက သူရဲကောင်းကြီးတစ်ယောက် ဖြစ်သွားနိုင်တာပေါ့။ ဒါပေမဲ့ လူသတ်သမားတော့ ဖြစ်သွားလိမ့်မယ်။ခင်ဗျားက လွတ်လပ်တဲ့လူတစ်ယောက်ဖြစ်လို့ သေနတ်မောင်းခလုတ်ကို မဆွဲဘဲ လှည့်ထွက်သွားမယ်ဆိုရင်လည်း ရပါတယ်။ အနေသာကြီးပါ။ဒါပေမဲ့ လူပေါင်းများစွာ သေကြေပျက်စီးရမယ့် ကိစ္စကို တားနိုင်တဲ့ အစွမ်းရှိရဲ့သားနဲ့ မတားနိုင်ဘူးဆိုရင် အဲဒီအသက်တွေအတွက် ခင်ဗျားမှာ တာဝန်ရှိသွားလိမ့်မယ်။အဲဒါဆို လူအများနဲ့ တစ်ယောက် လဲမှာလား။ Witcher ထဲက ဇာတ်ဆောင်ရဲ့စကားကို ငှားပြီးပြောရမယ်ဆိုရင် မကောင်းမှုဆိုတာက မကောင်းမှုပါပဲ။သေးသေး၊ ကြီးကြီး။ အလတ်စားလောက်ပဲဖြစ်ဖြစ် မကောင်းမှုက မကောင်းမှုပါပဲ တဲ့။သေးတဲ့မကောင်းမှုကို ကျူးလွန်မှာလား ...
movie

Unthinkable (2010)

2010
The Informers (2008)
The Informers (2008) မင်းသမီးချော Amber Heard ရဲ့အလန်းစားနောက်တစ်ကား လာပါပြီ။The Informers ဆိုတဲ့ဇာတ်ကားကို ဒါရိုက်တာ Gregor Jordan ကရိုက်ကူးခဲ့ပါတယ်။1980 အစောပိုင်း ဟောလီးဝုဒ်ကလူတွေရဲ့ ရှုပ်ထွေးပွေလီလှတဲ့ဘဝနဲ့ လူမှုဆက်ဆံရေးတွေကို သရုပ်ဖော်ထားတာပဲဖြစ်ပါတယ်။နာမည်ကြီး လူကုံထံအသိုင်းအဝိုင်းတွေရဲ့ လိင်မှုကိစ္စ၊ မူးယစ်ဆေးကိစ္စ အရှုပ်အထွေးတွေကိုသာ အသားပေးရိုက်ကူးထားတဲ့အတွက် ဇာတ်လမ်းအညွှန်းလို့ညွှန်းဆိုရအောင် ထွေထွေထူးထူးရယ်လို့မရှိပါဘူး။သို့ပေမယ့် မင်းသားကြီး Johnny Depp ရဲ့ဇနီးဟောင်းဖြစ်ပြီးတော့ မကြာသေးခင်ကမှထွက်ရှိခဲ့တဲ့ Justice League Movie မှာ Mera အဖြစ်ပါဝင်ခဲ့တဲ့ မင်းသမီးချော Amber Heard ရဲ့ငယ်သွေးကြွယ်နေတဲ့ အလှပုံရိပ်တွေကိုတော့ ဖောဖောသီသီကြီးမြင်တွေ့ရမှာပဲဖြစ်ပါတယ်။ရုပ်ရှင်ဝေဖန်ရေးတွေကြားထဲမှာ ဇီးသီးဘန်းမှောက်ခဲ့ပေမယ့် Amber Heard ကိုချစ်ကြတဲ့ အမျိုးသားထုကြီးအတွက်တော့ လုံးဝလက်မလွှတ်သင့်တဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။File size…(800 MB) and (360MB) Quality…Blu-Ray Rip 720p Format…mp4 Duration….01:38:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya AungTranslated by Myo Thant Kyaw
movie

The Informers (2008)

Prayers for Bobby (2009) 8.1
Prayers for Bobby (2009)  Prayers for Bobby (Bobby အတွက် ဆုတောင်းသံများ) ဆိုတဲ့ဇာတ်ကားလေးထဲက Bobby ရဲ့ အမေ ဖြစ်သူ Mary နောက်ဆုံးပြောသွားတဲ့စကားလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။"လိင်တူချစ်တယ်ဆိုတာ အပြစ်တစ်ခုပါ။ သူတို့တွေ သေရင် ငရဲကျမယ်။သူတို့တဲ့ မကောင်းတဲ့ အကျင့်တွေပြင်မယ်ဆို ပြင်လို့ရပါတယ်။ဒီ တဏှာ ရာဂ စိတ်တွေ မရှိရင် သာမန် ပြန်ဖြစ်လာမယ်။သူတို့သာ ပြင်ချင်ရင် အကြိမ်ကြိမ်ကြိုးစားပြီး ပြင်လို့ရတယ်"လို့ ကျမသားလေး Bobby ကို ကျမ ပြောခဲ့ပါတယ်။သူက လိင်တူချစ်သူတစ်ယောက် (အခြောက်) ဆိုတာ သိလိုက်ရတဲ့အချိန်မှာ ကျမ ဘဝ၊ ကျမ မျှော်လင့်ချက်တွေ ရေစုံမျော ပျက်ဆီးသလို ခံစားရပါတယ်။ ကျမသားလေးရဲ့ ဒီ ရောဂါကြီးကို ကုသဖို့ ကျမတတ်နိုင်သမျှ ကြိုးစားခဲ့ပါတယ်။လွန်ခဲ့တဲ့ ၈ လက ကျမသားလေး တံတားပေါ်ကနေခုန်ချ ပြီး ကိုယ့်ကိုကိုယ်သတ်သေခဲ့ပါတယ်။လိင်တူချစ်သူ တွေနဲ့ပက်သက်တဲ့ အကြောင်းအရာတွေ ကို မလေ့လာခဲ့ ...
movie

Prayers for Bobby (2009)

2009