Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Asia Argento
5.7
Fatti Vedere (2025)
Fatti Vedere က ၂၀၂၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ အီတလီ ဟာသရိုမန့်စ် ရုပ်ရှင်တစ်ကားဖြစ်ပြီးဒါရိုက်တာ Tiziano Russo ရိုက်ကူးထားတာပါ။ ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ကတော့Sandra (Matilde Gioli) ဆိုတဲ့ စိတ်ပညာဘွဲ့ရထားတဲ့ ကောင်မလေးတစ်ယောက်ပါ။သူမက FATTIVEDERE.COM ဆိုတဲ့ နာမည်ကြီး အွန်လိုင်းစိတ်ကုထုံးဆိုက်မှာ အလုပ်သစ်ရထားလို့ ဝမ်းသာနေချိန်မှာ သူမရဲ့ ဆယ်နှစ်ကြာ တွဲခဲ့တဲ့ ချစ်သူStefano (Francesco Centorame) က ဘာအကြောင်းပြချက်မှ မပေးဘဲ သူမကို စွန့်ပစ်သွားခဲ့တယ်။ဒီလိုနဲ့ Sandra တစ်ယောက် ဘာကြောင့်လဲဆိုတဲ့အကြောင်းပြချက်ကို သိရဖို့ စိတ်ရှုပ်ထွေးပြီး အဖြေရှာဖို့ ကြိုးစားပါတော့တယ်။ဒါပေမယ့် သူမရဲ့ ပထမဆုံးအလုပ်နေ့မှာပဲ ဆိုက်မှာ အမှားတစ်ခုဖြစ်ပြီးSandra ရဲ့ ဓာတ်ပုံအစား အသက် ၇၀ အရွယ် အမျိုးသမီးတစ်ယောက်ရဲ့ဓာတ်ပုံနဲ့ အထောက်အထားတွေ ထည့်သွင်းခံရတယ်။ပိုပြီး ထူးဆန်းတာက သူမရဲ့ ပထမဆုံး လူနာတွေထဲမှာ Stefano ...
movie
Fatti Vedere (2025)
6.7
Dario Argento: Panico (2023)
Dario Argento Panico (2023) ———————————- Genre - Documentary IMDb - 6.7/10သည်းထိတ်ရင်ဖိုရုပ်ရှင်တွေကိုရေးသားရိုက်ကူးတဲ့ နာမည်ကြီးအီတလီဒါရိုက်တာ Dario Argentoရဲ့ အလုပ်နဲ့ဘဝကိုရိုက်ကူးပုံဖော်ထားတဲ့ရုပ်ရှင်ဖြစ်ပါတယ် သားစဉ်မြေးဆက်ရုပ်ရှင်လောကမှာ အောင်မြင်ခဲ့တဲ့သူ့မိသားစုအကြောင်းနဲ့ Darioရဲ့အောင်မြင်ခဲ့တဲ့ဇာတ်ကားတွေနဲ့ ဘယ်လိုရိုက်ကူးခဲ့ရလဲဆိုတာတွေသေးစိတ်ပါဝင်ပါတယ်Documentaryအမျိုးအစားဆိုတဲ့အတိုင်းစကားပြောခန်းတွေပဲ အများဆုံးပါတယ်ဆိုပေမယ့်လည်းပြည်တွင်းကနေပြည်ပထိကို ပထမဆုံးထိုးဖောက်နိုင်ခဲ့တဲ့ဒါရိုက်တာတယောက်ရဲ့အကြောင်းကို သေချာရိုက်ပြထားတဲ့အတွက်ကြည့်ရှုဖိုတော့လက်မလွှတ်သင့်ပါဘူး File size… 1.67 GB / 700 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 38m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lamin Khin
movie
Dario Argento: Panico (2023)
Interstate (2024)
ကြေးစားလူသတ်သမားဖရန့်ခ်ဟာ လူသတ်မှုကျူးလွန်တာကို ရပ်တန့်ပြီး သူချစ်ရတဲ့အမျိုးသမီးနဲ့အတူ ထွက်ပြေးဖို့အစီအစဉ်ချခဲ့ပေမဲ့ ထူးဆန်းတဲ့လူငယ်တစ်ဦးနဲ့ သူ့သူဌေးကြောင့် အစီအစဉ်ပျက်ရကိန်းကြုံလာပါတယ်။အဲဒီလူငယ်လေးက ဖရန့်ခ်ကို ဘာကြောင့်နှောင့်ယှက်နေလဲ ဖရန့်ခ်မှာရော ဘယ်လိုအတိတ်ရှိခဲ့လဲဆိုတာ ဆက်လက်စောင့်ကြည့်ရမယ့် သဘာဝလွန်ဇာတ်လမ်းလေးတစ်ခုပါ။ File size…(1.6 GB)/(700 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:24:00 Genre... Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Tina
movie
Interstate (2024)
5.0
Padre Pio (2022)
Padre Pio (2022) =============အီတလီဘုန်းတော်ကြီး Padre Pio အကြောင်းနဲ့ အဲဒီခေတ် အခါက အီတလီရဲ့နိုင်ငံရေးအခြေအနေတွေကို ရောစပ်ပြီး ပုံဖော်ထားတဲ့ဇာတ်ကားလေးပါ။ Padre Pio အဖြစ် Transformers မင်းသား Shia LaBeouf က သရုပ်ဆောင်ထားပါတယ်။ပထမကမ္ဘာစစ်ပြီးကာလ အီတလီရဲ့ပထမဆုံးလွတ်လပ်သော ရွေးကောက်ပွဲရဲ့အရှုပ်တော်ပုံတွေနဲ့ မြေရှင်လူတန်းစားတွေက သူဆင်းရဲလုပ်သားတွေအပေါ်ဖိနှိပ်ချုပ်ချယ်တာတွေကို နိုင်ငံ ရေးရှုထောင့်အနေနဲ့ရိုက်ပြထားပြီး တဖက်မှာလည်း ခရစ်ယာန် ဘာသာဝင်တို့ရဲ့အကြီးအမြတ်ထားရာပုဂ္ဂိုလ်ဖြစ်လာအောင် Padre Pio ရဲ့စိတ်ပိုင်းဖြတ်မှုနဲ့လုပ်ဆောင်ပုံတွေကို ဘာသာ ရေးရှုထောင့်အနေနဲ့ ရိုက်ပြထားပါတယ်။ ဘာသာရေးနဲ့နိုင်ငံရေး ရောထွေးနေတဲ့ အီတလီနိုင်ငံက ကျေးရွာလေးတစ်ခုရဲ့အရှုပ် တော်ပုံကို ကြည့်ရှုလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ ZWT ဖြစ်ပါတယ်)File Size..........(2.09 GB) / (620 MB) / (360 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 44Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Biography, Drama Translator.......ZWT Encoder..........SWM
movie
Padre Pio (2022)
2022
5.9
xXx (2002)
XXX ဆိုလို့ 18+ မထင်လိုက်ပါနဲ့ ....2002ခုနှစ်မှာ နာမည်ကြီးခဲ့တဲ့ Vin Diesel ရဲ့အက်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။ 2002 မှာ အောင်မြင်ခဲ့ပြီး 2005 မှာ xXx-2 ကို မင်းသားပြောင်းလဲရိုက်ကူးခဲ့သလို ၂၀၁၇ မှာ Vin Diesel ပြန်ပါဝင်တဲ့ xXx-3 ကိုလဲ ထပ်မံရိုက်ကူးခဲ့ပါတယ်။ ၃ ကားလုံးက အက်ရှင်ကြမ်းကြမ်းတွေ စတန့်လန်းလန်းတွေကြောင့် နာမည်ကြီးပါတယ်။ X လို့ စတန့်လောကမှာ နာမည်တွင်နေတဲ့ X(vin diesel)ဟာ အစိုးရအရာရှိတစ်ဦးရဲ့ ကားကိုခိုးယူပြီး တံတားပေါ်ကနေခုန်ချပြခဲ့တာကြောင့် ရဲတွေရဲ့ဖမ်းဆီးထိန်းယူခြင်းခံရပါတယ်၊ တစ်ချိန်တည်းမှာပဲ အစိုးရအကြမ်းဖက်ဖမ်းဆီးနှိမ်နှင်းရေး အဖွဲ့ဟာလည်း မှောင်ခိုးသမားတွေကိုဖမ်းယူဖို့ကြိုးစားတိုင်း သူတို့ရဲ့ အေးဂျင့်တွေသာ အသက်ပေးလိုက်ရတဲ့အဖြစ်ကြောင့် အကြံအစီတစ်ခုအဖြစ် ဖမ်းဆီးထားတဲ့လူတွေထဲကမှ ထူးချွန်သူများကိုပြန်လည်ရွေးချယ်ပြီး အခွင့်ရေးတစ်ချို့နဲ့ အလဲအလှယ်လုပ်ကာ မှောင်ခိုသမားတွေကိုပြန်လည်ဖမ်းဆီးစေပါတယ်...ဒီလိုနဲ့ X တစ်ယောက် နိုင်ငံတော်ကြီးအတွက် ဘယ်လိုတွေစွန့်စားမလဲဆိုတာ...။ File size…(2.3 GB)/(1 GB) Quality…BluRay Remastered HEVC ...
movie
xXx (2002)
1080p HEVC
5.1
Dark Glasses (2022)
Dark Glasses (2022) Thriller ဇာတ်ကားကောင်းလေးတွေကို နှစ်သက်တဲ့ အမျိုးတို့အတွက် အကြိုက်တွေ့စေမယ့်ဇာတ်ကားလေးပါ။ဇာတ်လမ်းအကျဉ်းကတော့ ရောမမြို့မှာ ပြည့်တန်ဆာတွေ အသတ်ခံရတဲ့ အမှုက ပြည့်တန်ဆာ ၃ ဦး အသတ်ခံရပြီးနောက် နာမည်ကြီးလာခဲ့တယ်။ ပြည့်တန်ဆာ ဒီယာနာ ဆိုတဲ့ အမျိုးသမီးဟာ အင်မတန် လှပပြီး စျေးကြီးတယ်။တစ်နေ့တော့ သူဟာ လူသတ်သမားရဲ့ ပစ်မှတ် ဖြစ်လာခဲ့တယ်။ ဒီလိုနဲ့ပဲ လူသတ်သမားလက်က လွတ်အောင် ကြိုးစားရင်း ဒီယာနာ တစ်ယောက် ကားအက်စီးဒန့်ဖြစ်ကာ မျက်စိကွယ်သွားခဲ့ရပါတယ်။သူ့ကားနဲ့ တိုက်မိတဲ့ ကားမှာတော့ တရုတ်လူမျိုး ကလေးလေး တစ်ဦးသာ အသက်ရှင်ကျန်ခဲ့တယ်။ ဖခင်ဖြစ်သူက ပွဲချင်းပြီး သေဆုံးပြီး မိခင်ကတော့ ကိုမာ ဖြစ်သွားတယ်ပေါ့။ ဒီလိုနဲ့ ဒီယာနာ တစ်ယောက် စောင့်ရှောက်ရေး ဂေဟာမှာ အဲ့ကလေးကို သွားတွေ့ခဲ့တယ်။ကလေးကလည်း ဂေဟာကနေ ခိုးထွက်ပြီး ဒီယာနာရဲ့ အိမ်ကို လိုက်လာခဲ့တယ်။ ဒီလိုနဲ့ ...
movie
Dark Glasses (2022)
2022
6.2
Land of the Dead (2005)
Land of the Dead (2005)Zombies apocalypse ရုပ်ရှင်တွေ အရိုက်များလာတဲ့နောက် Old but gold zombie ကားကောင်းတစ်ကားကို CM fanတွေ မကြည့်ဖူးမရှိရအောင် တင်ဆက်ပေးလိုက်ပါတယ် 2005ခုနှစ်ကတည်းက ထွက်ရှိခဲ့တာဖြစ်ပြီး IMDb 6.2, RT 74% rating ရထားပါတယ်။ အမျိုးအမည်မသိရတဲ့ကပ်ဘေးတစ်ခုကြောင့် တစ်ကမ္ဘာလုံးက လူအများစု ဖုတ်ကောင်တွေ ဖြစ်သွားတဲ့နောက် လူကုံထံတွေက လုံခြုံရေးအထပ်ထပ်နဲ့ မြို့သစ်တွေတည်ပြီးနေထိုင်ကြပါတယ်၊ ကပ်ဘေးကလွတ်လာတဲ့ မျက်နှာမွဲလူဆင်းရဲတွေကိုတော့ မြို့ရဲ့အစွန်ဆုံး၊ ခြံစည်းရိုးတွေနဲ့ အနီးဆုံးမှာပဲ ပေးနေပါတယ်၊ ရိက္ခာကိုတော့ ကြေးစားလူစွန့်စားတွေကို ငှားရမ်းပြီး ဖုတ်ကောင်တွေပြည့်နေတဲ့ မြို့ပျက်ငယ်တွေမှာ ရှာဖွေခိုင်းပြီး အသက်ဆက်နေကြတာပါ။ရိုင်လေ နဲ့ ချိုလိုဒယ်မိုရာတို့က အဆိုပါ ကြေးစားအဖွဲ့ဝင်တွေပဲ ဖြစ်ပါတယ်၊ အစပိုင်းမှာတော့ ဖုတ်ကောင်တွေက လမ်းလျှောက်တတ်တဲ့ လူသေကောင်သာသာပဲမို့လို့ စားနပ်ရိက္ခာ ရှာဖွေရာမှာ သိပ်အခက်အခဲမရှိခဲ့ပေမယ့် တစ်နေ့မှာတော့ ဆင့်ကဲပြောင်းလဲတတ်တဲ့ သဘာဝအတိုင်း အချင်းချင်း ဆက်သွယ်တတ်တာကစလို့ ကမ္ဘာဦးလူသားတွေလို အစာရှာဖို့၊ ကိုယ့်ကိုယ်ကိုယ်ခုခံဖို့ ...
movie
Land of the Dead (2005)
7.0
Marie Antoinette(2006)
Marie Antoinette(2006) အညွှန်း****************************IMDb...7.0၁၇ ရာစုမှာ ပြင်သစ်တော်လှန်ရေးဖြစ်ခဲ့ပြီး တော်လှန်ရေးမဖြစ်ခင် နောက်ဆုံးစိုးစံခဲ့တဲ့ ဘုရင်မက မာရီအန်တွီနက်ပါပဲသူကတော့ တခြားသူမဟုတ်ပါဘူး ‘ပေါင်မုန့်မရှိရင် ကိတ်မုန့်စား’ ဆိုပြီး ရာဇဝင်တွင်မယ့် စကားကိုဆိုခဲ့တဲ့သူပဲဖြစ်ပါတယ်ဒီဇာတ်ကားဟာ သူ့ကိုဗဟိုပြုပြီး ရိုက်ကူးထားတာဖြစ်ပြီးspiderman မင်းသမီးဟောင်း Christen Dunst ပါဝင်ထားပါတယ်မာရီတစ်ယောက် အမျိုးသမီးပင် ဖြစ်လင့်ကစားပြင်သစ်နန်းတွင်းမှာ ဝင်ဆန့်အောင်ကြိုးစားရပုံတွေထီးနန်းဆက်ခံမယ့်သားတော်မွေးစေချင်တဲ့ ဖိအားတွေကိုဘယ်လိုရင်ဆိုင်မလဲဆိုတာ ကြည့်ရှုခံစားရမှာပါ...File Size :(2.1GB)(1.1GB) and (239MB) Quality : Blu-Ray 1080p5.1Ch, 720P Format…mp4 Duration…02:03:00 Genre : , Drama ,Biography , History Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by Phyo Pyae
movie
Marie Antoinette(2006)