Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ashish Vidhyarthi
5.9
Daud (1997)
Daud 1997 အပြေးအလွှားDaud ဇာတ်ကားဟာ ၁၉၉၇ ခုနှစ်ထုတ် ဟင်ဒီစကားပြော Adventure Comedy ကားဖြစ်ပြီး နာမည်ကျော်မင်းသားကြီးဗီဂျေးရဲ့ လူငယ်ဘဝက ဇာတ်ကားကောင်းတစ်ခုပဲဖြစ်ပါတယ်။IMDb 5.9 ရရှိထားပြီး Box Office မှာ ထက်ဝက်မြတ်ခဲ့ပါသေးတယ်။ဇာတ်လမ်းစစချင်းမှာပဲ ၃ နှစ်ကြာစီစဉ်ထားရတဲ့ လုပ်ငန်းကိစ္စတွေပျက်ကုန်လို့ ဒေါသထွက်နေတဲ့လူတစ်ခုကိုမြင်ရမှာပဲဖြစ်ပါတယ်။ သူတို့ရဲ့အရေးကြီးသေတ္တာက လိုရာမရောက်ဘဲ အကောက်ခွန်ဌာနက ထိန်းသိမ်းထားတာကြောင့် ရဲတွေစစ်တပ်တွေဝင်မပါခင်မှာ ပြန်လည်ရယူဖို့ အရေးတကြီးစီစဉ်ရပါတော့တယ်။ဒါကြောင့် နာမည်ကြီးသူခိုးဖြစ်တဲ့ ခူရန်နာကို သေတ္တာကို ပြန်ခိုးပေးဖို့ အလုပ်အပ်လိုက်တဲ့အတွက် ခူရန်နာကလည်း လက်စွမ်းပြပြီးခိုးလာခဲ့တာပေါ့။ ဒါပေမယ့် အလုပ်အပ်သူတွေ ငွေမချေမှာကိုစိတ်ပူတဲ့အတွက် သေတ္တာပြန်မအပ်ဘဲ ငွေနဲ့လဲဖို့ ပြောပြီး ညဘက်တွေ့ဖို့ချိန်းဆိုလိုက်ပါတော့တယ်။တစ်ဖက်မှာလည်း အဲဒီသေတ္တာပျောက်သွားတဲ့အတွက် တာဝန်ရှိသူတွေ ခေါင်းမီးတောက်ပြီး ရဲအင်အားအလုံးအရင်းအသုံးပြုကာ ခူရန်နာကို လိုက်ရှာကြပါတော့တယ်။ ဒီလိုနဲ့ ရွှေတုံးတွေအပြည့်ပါတယ်လို့ ထင်ရတဲ့သေတ္တာတစ်လုံးပိုက်ကာ ခူရန်နာတစ်ယောက် ဒေါသူပုန်ထနေတဲ့လူဆိုးတွေနဲ့ ရဲတွေကြားကနေ ဘယ်လိုလွတ်မြောက်အောင်ထွက်ပြေးရမလဲ.. သေတ္တာက ဘယ်သူ့လက်ထဲရောက်သွားမလဲ..တကယ်ပဲ သေတ္တာထဲမှာ ရွှေတုံးတွေအပြည့်ပါလို့ ဒီလောက်အရေးတကြီးလိုက်ဖမ်းနေကြတာလားဆိုတာကိုတော့ ဇာတ်ကားအဆုံးထိ ဆက်လက်ကြည့်ရှုပေးကြပါဦးဗျာ။( ဘာသာပြန်နဲ့အညွှန်းကတော့ CM Bollywood Team မှပဲဖြစ်ပါတယ် ) File size… 3.16 GB / 1.4 GB Quality…WEB DL 1080p ...
movie
Daud (1997)
5.7
Bagavathi aka Bhagavathy (2002)
Bagavathi aka Bhagavathy (2002) ( ဘာဂါဗာသီ )ဒီဇာတ်ကားကတော့ တမီးလ်ရုပ်ရှင်ကားပရိသတ်တွေအတွက် အကြိုက်တွေ့စေမယ့် ၂၀၀၂ ခုနှစ်ထွက် IMDb 6.1/10ရထားတဲ့ အက်ရှင်ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ဒီကားဟာ Box Office မှာ ဈေးကွက်အရအောင်မြင်ခဲ့တဲ့အပြင် 2004, 2005 မှာပါ တခြားနာမည်နဲ့ Remake ပြန်ရိုက်ခဲ့ပါသေးတယ်။မင်းသားကလည်း အိန္ဒိယနိုင်ငံရဲ့ သျှမ်းသျှမ်းတောက် မင်းသားကြီးဗီဂျေးဆိုတော့ အထွေအထူးညွှန်းစရာလိုမယ်မထင်တော့ပါဘူး။ဇာတ်လမ်းအကျဉ်းကတော့ - လူတိုင်းမှာ နေ့ရက်တွေအတွက် အမှတ်တရတွေရှိကြပါတယ်။ပျော်စရာနေ့ ဝမ်းနည်းစရာနေ့စသဖြင့်ပေါ့။ ဇွန်လ ၁၅ ရက်နေ့ကတော့ ဘာဂါဗာသီအတွက် မမေ့နိုင်မယ့်ရက်စွဲတွေထဲကတစ်ခုပါ။အဲဒီနေ့ဟာ သူချစ်ရတဲ့ သူ့ညီလေး ဂူနာရဲ့မွေးနေ့ဖြစ်ပါတယ်။ ဘာဂါဗာသီက သူ့ညီကို ချစ်လွန်း တန်ဖိုးထားလွန်းလို့ သူကိုယ်တိုင် လက်ဖက်ရည်ဆိုင်ဖွင့်ပြီး ခြစ်ခြစ်ကုပ်ကုပ်ကြိုးစားစုဆောင်းကာ သူ့ညီကို ဆေးကျောင်းထားပေးခဲ့တာပါ။ဂူနာလေး ဆရာဝန်ကြီးဖြစ်လာပြီး သူ့ဘဝမြင့်တက်လာဖို့က သူ့ရဲ့တစ်သက်တာ အိပ်မက်ပဲဖြစ်ပါတယ်။ အဲဒီအိပ်မက်ဟာ ပရီယာလို့ခေါ်တဲ့ မိန်းကလေးတစ်ယောက် ဂူနာ့ဘဝထဲ ဝင်ရောက်လာပြီးတဲ့နောက်မှာ ကွဲကြေ ပျက်စီးသွားပါတော့တယ်။ဂူနာနဲ့ ပရီယာရဲ့ချစ်ဇာတ်လမ်းကို လက်မခံနိုင်တဲ့ ပရီယာ့ရဲ့အဖေကြောင့် ရှင်ကွဲ ၊ သေကွဲအမျိုးမျိုးတွေ့ကြုံလာရပြီးတဲ့နောက်မှာ ဖြူစင်ဖြောင့်မတ်တဲ့ ချစ်စရာလူရိုးကြီးဘာဂါဗာသီတစ်ယောက်ရဲ့ ပြောင်းလဲသွားပုံတွေကို အဆိုအက ၊ အလွမ်းအဆွေး ၊ ...
movie
Bagavathi aka Bhagavathy (2002)
6.6
Vedaa (2024)
Vedaa (2024) “ဗေဒါပျံ အံကိုခဲ…” Genre – Action, Drama, Thriller IMDB – 6.6/10မင်းသားကြီး John Abraham ရဲ့ ၂၀၂၄ အသစ်ထွက်ဇာတ်ကား ထွက်ရှိလို့ လာပါပြီ။ Maharaj နဲ့ Munjya တို့မှာလည်း ပါဝင်ထားတဲ့ မင်းသမီးချောလေး Sharvari နဲ့အတူ အတွဲညီညီ သရုပ်ဆောင်ထားကြတဲ့ အက်ရှင်ကားကောင်းလေးပါ။ဗေဒါဆိုတဲ့ ကောင်မလေးဟာ ဇာတ်နိမ့်တဲ့မျိုးရိုး ဖြစ်တဲ့အတွက် အမြဲတမ်း ဖိနှိပ်ခံနေရတဲ့ဘဝကို မကျေမချမ်းဖြစ်ကာ ပြန်တွန်းလှန်ချင်သူလေးတစ်ယောက်။အဲဒီအချိန်မှာပဲ သူတက်နေတဲ့ ကောလိပ်မှာ ဘောက်ဆင်အတန်းတစ်ခု စဖွင့်ဖို့ ကြေငြာလိုက်တော့ ကျားရဲဖြစ်မှ မြိုင်တောအလယ် ရှင်သန်နိုင်မှာကို တွေးမိပြီး ဝင်လျှောက်လိုက်တော့တယ်။ တစ်ဖက်မှာ မေဂျာအာဘီမန်ယူဆိုတာက အင်မတန်တော်ပြီး အရည်အချင်းရှိတဲ့ စစ်သားတစ်ယောက်။ ဒါပေမဲ့ စစ်ဆင်ရေးတစ်ခုမှာ ကိုယ်ရေးကိုယ်တာ အာဃာတကြောင့် စစ်သားဘဝကို အပြီးတိုင် စွန့်လွှတ်ခဲ့ရသူ။ဒီလိုမျိုး အချိန်မတန်ခင် မာန်လျှော့လိုက်ရတဲ့ ကျားရဲတစ်ကောင်နဲ့ အမြင့်ကို ပျံသန်းချင်နေတဲ့ ဗေဒါငှက်မလေးတို့ဟာ ရေစက်ပါလို့ လာဆုံတွေ့ခဲ့ပြီး ဘယ်လိုစွန့်စားခန်းတွေ ထွက်ကြရဦးမလဲဆိုတာကို အက်ရှင်ခပ်မိုက်မိုက်တွေနဲ့ ...
movie
Vedaa (2024)
6.9
Kaho Naa…Pyaar Hai (2000) Kaho Naa Pyaar Hai
Kaho Naa...Pyaar Hai (2000)IMDb Rating (6.9) / Rotten Tomatoes (80%)ဒီရုပ်ရှင်ကားကြီးကတော့ မင်းသား Hrithik Roshan ရဲ့ ပွဲဦးထွက်ရုပ်ရှင်ကားဖြစ်သလို မင်းသမီး Ameesha Patel ရဲ့ ပွဲဦးထွက်ရုပ်ရှင်လဲဖြစ်ပါတယ်။ ဒါရိုက်တာကြီး Rakesh Roshan က သူ့သား Hrithik Roshan ကို စတင်ပွဲထုတ်တဲ့ ဒီရုပ်ရှင်ကားက ဘယ်လောက်တောင် အောင်မြင်ကျော်ကြား လူကြိုက်များခဲ့သလိုဆိုရင် ဆုပေါင်း ၉၂ ခုထိ ရရှိခဲ့လို့ ဂရင်းနစ်စံချိန်ထဲတောင် ဝင်ခဲ့ပါတယ်။ Best Actor,Best Male Debut, Best Female Debut, Best Film ,Best Music Director, Best Director အစရှိတဲ့ ဆုပေါင်းများစွာကို အိန္ဒိယမှာကော နိုင်ငံတကာမှာပါရရှိခဲ့ပါတယ်။Kaho Naa Pyaar Hai(2000) ရဲ့အောင်မြင်မှုကြောင့် မင်းသား Hrithik ...
movie
Kaho Naa…Pyaar Hai (2000) Kaho Naa Pyaar Hai
2000
1080p Untouched
8
Kill (2023)
Kill (2023) "ရထား"IMDb 7.0အချစ်ဇာတ်လမ်းနဲ့ ခပ်ကြမ်းကြမ်းအက်ရှင်အမိုက်စားတို့ကို ပေါင်းစပ်ထားတဲ့ အက်ရှင်ရုပ်ရှင်လေးကို streaming ထွက်ထွက်ချင်း ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်ကွန်မန်ဒို ကပ္ပတိန်အာမစ်ရာထောသ် စစ်ဆင်ရေးက ပြန်အရောက် ချစ်သူလေးက ရေးကြီးသုတ်ပျာ ဖုန်းဆက်ခေါ်ပါသတဲ့သူ့ကိုအဖေဖြစ်သူက အတင်းစေ့စပ်ပေးတော့မယ်ဆိုတာ သိသိရချင်း လိုက်သွားပြီး ခိုးပြေးဖို့ စီစဥ်ပေမယ့် ကောင်မလေးက အန္တရာယ်များတာကြောင့် ခဏစောင့်ခိုင်းထားပြီး ဒေလီညရထားနဲ့ လိုက်သွားပါတယ်အာမစ်လည်း ဒေလီညရထားအမီ လိုက်လာခဲ့ပြီး ရထားပေါ်မှာ ချစ်သူနှစ်ယောက်အတွေ့ လက်ထပ်ခွင့်တောင်း ခေါင်းတွေညိတ်လို့ ရှေ့ဆက်မယ်ကြံကာမှ ဓားပြတစ်သိုက် ရထားပေါ်ရောက်နေတာ သိလိုက်ရတယ်ကွန်မန်ဒိုရယ် သူ့ဘော်ဒါတစ်ယောက်နဲ့ ဓားပြတွေကို ရထားပေါ်မှာ ဘယ်လိုဖိုက်ကြမလဲ အသက်ရှူမနားရအောင် အက်ရှင်ပြကွက်ခပ်သွက်သွက်နဲ့ အပိုတွေသိပ်မလုပ်ဘဲ ဒဲ့ဗျင်းတာကို ပရိတ်ကြီး ရှုစားရမှာပါအညွှန်းနဲ့ ဘာသာပြန်ကတော့CM Bollywood Team က ဖြစ်ပါတယ် File Size....1.7GB / 751MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 45m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Kill (2023)
2024
8
Aavesham (2024)
Aavesham (2024) "မြေအောက်လောက"IMDb 8.2 ရုံတင်ငွေ ကုဋေ ၁၅၀ (ဘတ်ဂျက်ငွေ ငါးဆ) ပြန်ရခဲ့တဲ့အပြင် ၂၀၂၄ အတွင်း ဝင်ငွေအကောင်းဆုံးစာရင်းဝင် မလေယာလမ်း အက်ရှင်ဟာသကားတစ်ကား တင်ဆက်ပေးလိုက်ပါတယ်ဒီကားလေးဟာဆိုရင်ဖြင့် ကျောင်းသားဇာတ်လမ်းဖြစ်ပေမယ့်လို့ ရိုမန့်တွေ အနုအရွတွေထက်စာရင် ထစ်ကနဲရှိ ချမယ့် အက်ရှင်ဇာတ်ကြမ်းလေးဖြစ်ပြီး ဝေဖန်ရေးဆရာတွေလည်း အကြိုက်တွေ့ခဲ့ပါတယ်အာဂျူ ဘီဘီ ရှန်သန်တို့က ဘန်ဂလောက အင်ဂျင်နီယာကောလိပ်တစ်ခုမှာ ပညာသင်ဖို့ရောက်လာကြပါတယ်ကျောင်းမှာ ဂျူနီယာတွေကို အုပ်စုဖွဲ့ အနိုင်ကျင့်လေ့ရှိတဲ့ စီနီယာတစ်စုက သူတို့အဆောင်က ဘော်ဒါတစ်ယောက်ကို ထိုးလွှတ်လိုက်တာကြောင့် ဂျူနီယာအချင်းချင်း လူစုပြီး ဇိုးတစ်သိုက်ကို ပြန်ချဖို့လုပ်ပေမယ့်သူတို့ပါ အရှက်တကွဲ ဝိုင်းရိုက်ခံလိုက်ရပါတယ် ဒါကို တေးထားတဲ့ အာဂျူက လက်တုံ့ပြန်ဖို့အတွက် အရက်ဘားတွေမှာ လူမိုက်လိုက်ရှာရင်း ဘားတစ်ခုမှာ ဆုံတဲ့ လူထူးဆန်းတစ်ယောက်ကို ဆရာတင်လိုက်တဲ့အခါမှာ ဆိုရင်တော့...ကျောင်းမှာ ဗိုလ်ကျနေတဲ့ စီနီယာတွေကို ပြန်လက်စားချေနိုင်မှာလား အရှုပ်အရှင်းတွေထဲ ရောက်သွားမလား ဆိုတာကို မြိုင်မြိုင်ဆိုင်ဆိုင် ကြည့်ရမယ့် ဇာတ်လမ်းလေးဖြစ်ပါတယ်အညွှန်းနဲ့ ဘာသာပြန်ကတော့ Suri ~ Alex ~ ...
movie
Aavesham (2024)
2024
6.2
Tejas (2023)
Tejas (2023) ထူးချွန်သူ IMDb - 6.2/10ဘယ်မင်းသမီးတွေ ဘယ်လောက်ကောင်းပါတယ် နာမည်ကြီးပါတယ်ပဲပြောပြော ဘောလိ၀ုဒ်ရဲ့ဘုရင်မလို့ ဂူးဂဲလ်မှာရှာလိုက်ရင် ကန်ဂနားရာနော့တ်က ထိပ်ဆုံးကပေါ်လာတာပါပဲ။ အခုတင်ဆက်ပေးမှာကတော့ ဖိုက်တာဂျက်တစ်စီးနဲ့ ကြမ်းပြရမ်းပြမဲ့ မင်းသမီးကြီး ကန်ဂနားပါ။တေဂျက်ဆ်ရဲ့အဖေဟာ ဖိုက်တာဂျက် လေယာဉ်တွေကို ထုတ်လုပ်တဲ့ သူတစ်ယောက်။ အဲဒီဖိုက်တာဂျက်တွေကို နာမည်ပေးလိုက်တာက တေဂျက်ဆ်တဲ့။ သမီးဖြစ်သူ တေဂျက်ဆ် သိတဲ့အချိန်မှာတော့ သူကိုယ်တိုင် ပိုင်းလေ့တစ်ယောက်ဖြစ်ဖို့ ကြိုးစားပါတော့တယ်။ တေဂျက်ဆ်က ခေသူမဟုတ်။ပထမဆုံး သင်တန်းနေ့မှာတင် ဖိုက်တာဂျက်ကို အစမ်းမောင်းခွင့်ရတဲ့သူ။ ဒါပေမဲ့ သူဖြတ်သန်းခဲ့ရတဲ့ အတိတ်မှာက နာကျင်မှုတွေနဲ့။သူထမ်းဆောင်ဖို့ကျလာတဲ့ တာဝန်က ရန်သူ့နယ်မြေထဲရောက်နေတဲ့ အရာရှိတစ်ယောက်ကို သွားကယ်ဖို့။ ကန်ဂနားရာနော့တ်ရဲ့ အပိုအလိုမရှိ သရုပ်ဆောင်မှုတွေကို တွေ့ရမှာဖြစ်ပြီး ဘောလိဝုဒ်ပရိသတ်များ ကြည့်ရှုခံစားဖို့ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ (ဘာသာပြန်ကတော့ Thaik Sanပဲ ဖြစ်ပါတယ်။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size… 1.4GB / 656MB Quality…WEB DL 1080p / ...
movie
Tejas (2023)
2023
6.7
Anegan (2015)
Anegan (2015) သို့ သံသရာတည်မဲ့ချစ်ခြင်းIMDb --- 6.7/10ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတဲ့ အတိတ်ဘဝကိုပြန်မှတ်မိနိုင်စွမ်းရှိသူတစ်ယောက်အကြောင်း.. ဒီကားကိုမြန်မာနိုင်ငံမှာပါမက ဗီယက်နမ် ကမ္ဘောဒီးယား မလေးရှားတို့မှာသွားရောက်ရိုက်ကူးထားပြီး ၄ ဘဝဆက်တိုက်ချစ်ကြိုးသွယ်ခဲ့ကြတဲ့ အတွဲလေးရဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ရုံတင်ငွေကလည်း ၅၅ကုဋေထိ ပြန်ရခဲ့တဲ့ တစ်ခေတ်တစ်ခါက နာမည်ကြီး ရုံကားတစ်ကားဆိုလည်းမမှား ဇာတ်လမ်းအစကိုက မြန်မာကစခဲ့ပြီး မြန်မာ့အလှ မြန်မာ့ယဉ်ကျေးမှုတွေ တစ်ပုံတစ်ပင်နဲ့ မြန်မာတို့မြတ်နိုးတန်ဖိုးထားကြတဲ့ ပုဂံ အင်းလေး ဦးပိန်တံတားပေါ်မှာပါ ရိုက်ကူးထားတဲ့ဇာတ်ဝင်ခန်းတွေဆိုရင်လည်း ကြည်နူးစရာအပြည့်ပါပဲ မာဒူလို့ခေါ်တဲ့ ဂိမ်းကုမ္ပဏီမှာလုပ်တဲ့ ကောင်မလေးဟာ သူ့ရဲ့ အရင်အတိတ်ဘဝတွေကို ပြန်မြင်လေ့ရှိတဲ့အတွက်ကြောင့် စိတ်ရောဂါကုဆရာဝန်နဲ့ သေချာပြကြည့်ပေမဲ့ ဆရာဝန်ကတော့ သူ့အလုပ်ရဲ့ လွှမ်းမိုးမှုဒဏ်ကြောင့် အမြင်အာရုံတွေ မှားပြီးဖြစ်တာလို့ပဲ ထင်နေပါတယ်။ဒါပေမဲ့ အံ့ဩဖို့ကောင်းတာက မာဒူလေး သူ့ရဲ့ အတိတ်ဘဝတွေထဲမှာ တွေ့ခဲ့ရတဲ့သူတွေအကုန်လုံးကို အခုလက်ရှိဘဝမှာပါ ပြန်ပြီး တွေ့ဆုံနေရလို့ပါပဲ။ အတိတ်ဘဝတွေမှာ ချစ်သူတော်စပ်ဖူးခဲ့တဲ့ကောင်လေးနဲ့ ပြန်လည်တွေ့ဆုံပြီးနောက်ပိုင်းမှာတော့ မာဒူလေးက မှတ်မိနေပေမဲ့ ကောင်လေးကမမှတ်မိတဲ့အခါမှာ မာဒူလေးက ကောင်လေးအနားကို ချဉ်းကပ်ဖို့ ဘယ်လိုနည်းလမ်းတွေ သုံးမလဲ.......မာဒူလေးက အခုလိုမျိုး ...
movie
Anegan (2015)
6.9
Rules Ranjann (2023)
Rules Ranjan (2023) "ငယ်ချစ်ဦးနှင့် ပြန်လည်တွေ့ဆုံခြင်း" IMDb 6.9ရုံးပိတ်ရက်မှာ အမောပြေရယ်မောလို့ရမယ့် ပေါ့ပေါ့ပါးပါး rom-com တစ်ကားဖြစ်ပါတယ် Telugu သရုပ်ဆောင်တွေဖြစ်ကြတဲ့ Kiran Abbavaram နဲ့ Neha Shetty တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအကျဥ်းကတော့ မန်နိုရန်ဂျန် ဆိုတဲ့ ရိုးရိုးအေးအေး အင်ဂျင်နီယာ ဘွဲ့ရလေးတစ်ယောက်က မွန်ဘိုင်းက ဆော့ဖ်ဝဲလ်ကုမ္ပဏီ တစ်ခုမှာ အလုပ်ရသွားပါတယ် တစ်ရုံးလုံးက သူ့ကို ဟင်ဒီစကားမတတ်လို့ ဝိုင်းအနိုင်ကျင့်ကြပြီး တစ်နေ့မှာတော့ အဲလက်ဆာ ဆိုတဲ့ AI စက်ကလေးရဲ့ အကူအညီနဲ့ ဟင်ဒီလို နားလည်ဖို့ ကြိုးစားပါတယ် အဲလက်ဆာရဲ့ အကူအညီနဲ့ ဆော့ဖ်ဝဲလ်မိတ်ဆက်ပွဲတစ်ခုမှာ မသမာမှုတစ်ခုကို အများရှေ့ ဖော်ထုတ်လိုက်နိုင်တာကြောင့် ရာထူးတိုးသွားပြီး သာမန် ရိုးရိုးအအ ဝန်ထမ်းလေး ရန်ဂျန်ကနေ ဘော့စ်ကပါ ကြောက်ရတဲ့ စည်းစနစ်ကျတဲ့ စာအုပ်ကြီးရန်ဂျန် ဖြစ်လာပါတော့တယ်အရာရာကို စည်းနဲ့ကမ်းနဲ့ လှေနံဓားထစ်လုပ်တတ်တဲ့ ရန်ဂျန်တစ်ယောက် တစ်နေ့မှာတော့ ကျောင်းတုန်းက ကြိတ် crush ...
movie
Rules Ranjann (2023)
2023
5.0
Iraivan (2023)
Iraivan 2023 (သို့) အပြုံးလူသတ်သမားIMDb 5.1/10 ဘတ်ဂျက် သန်း ၂၈၀ သုံးထားပြီး သတ်ခန်းဖြတ်ခန်းတွေကို ဆင်ဆာဖြတ်ထားခြင်းမရှိဘဲ သွေးသံရဲရဲနဲ့ ကျောချမ်းစရာမြင်ကွင်းတွေကို ကွင်းကွင်းကွက်ကွက်ပြသထားတဲ့ ရုံကားတစ်ကားပဲဖြစ်ပါတယ် အပြုံးလူသတ်သမား ..ဒီနာမည်ဖြစ်တည်လာပုံကတော့ စိတ္တဇလူသတ်သမားကသူသတ်တဲ့လူကို အပြုံးလှလှလေးတစ်ခုဖန်တီးပေးလိုက်လို့ပါပဲ ဘယ်လိုမျိုးလဲဆိုရင် သေရင်တောင်မှ ပီပြင်တဲ့အပြုံးတစ်ခုပေါ်လွင်လာဖို့ ပါးနှစ်ဖက်စလုံးမှာ ပါးစပ်ကိုဓားနဲ့ထိုးခွဲပြီးဖန်တီးပေးလိုက်တာပါ ဒါတင်မက မျက်လုံးတွေကိုပါဖောက်ထုတ်ပြီး တစ်ကိုယ်လုံးကိုဓားနဲ့မွှန်းပြီး လူမြင်ကွင်းမှာ သွားသွားပစ်ထားတတ်တာက သူ့အကျင့်လေးတစ်ခုပေါ့ဒါပေမဲ့သူ့သင်္ကေတကတော့မိန်းကလေးတွေကိုပဲသတ်တာပါ ကျားဆိုယောင်လို့တောင်လှည့်မကြည့်တတ်တဲ့ ဒီအပြုံးလူသတ်သမားကြောင့်ချန်နိုင်းရဲမင်းကြီးက ဒီအမှုကို မင်းသား၂လက်ဖြစ်တဲ့ အန်ဒရူးနဲ့ အာဂျွန့်ဆီတာဝန်ပေးအပ်လိုက်ပါတယ် သိုပေတည်း ၆လကြာတဲ့အထိ အသတ်ခံရတဲ့မိန်းကလေး ၁၂ယောက်တောင်ဖြစ်လာခဲ့ပြီး လူသတ်သမားအကြောင်း တစ်စွန်းတစ်စတောင်မသိရလေတော့ ပြည်သူတွေအုံကြွပြီး ဆန္ဒတွေပြကြနဲ့ အဘက်ဘက်ကဖိအားတွေနဲ့ သူတို့၂ယောက်.. ဥာဏ်ပြေးလွန်းတဲ့ စိတ္တဇလူသတ်သမားနဲ့ ရဲတွေကြား ပညာပြိုင်ကြပုံကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်(အညွှန်းကိုတော့ Yunni ကရေးသားပေးထားပြီး ဘာသာပြန်တွေကတော့ Yunni ~ BpL ~V ~ Zwe ~ Alex ~ ToMo ပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ ...
movie
Iraivan (2023)
2023
6.1
Khufiya (2023)
Kufiya (2023)IMDb-6/10ယောကျာ်ားက မိန်းမကို ပစ် သားသမီးကိုပစ်ပြီး အချစ်သစ်ရှာတဲ့သာမန် အိမ်ထောင်ရေးဇာတ်လမ်းတွေနဲ့ကွဲထွက်ပြီး မိန်းမက သူသိပ်ချစ်ရတဲ့အမျိုးသမီးအတွက် သူ့အိမ်ထောင််ရေးကိုစွန့်ခွာကွဲထွက်တဲ့ ဘောလိဝုဒ်ရုပ်ရှင်အသစ်တခုကို တင်ဆက်ပေးချင်ပါတယ်Netflix ကထုတ်လွှင့်လိုက်တဲ့ တဘူးရဲ့ Spy / Thriller ကားပါ ဒီကားက Amur Bhushan ရဲ့ Escape to Nowhere စာအုပ်ကိုအခြေခံပြီးရိုက်ကူးထားတာလို့ ပြောကြတာတွေလည်းရှိသလို ဒီကားရဲ့ ဒါရိုက်တာ Vishal Bhardwaj ကလည်း သူ့ဇာတ်လမ်းတွေမှာ ရှိတ်စပီးယားပြဇာတ်တွေထဲကနေ အလျဉ်းသင့်သလိုယူပြီး ထည့်သွင်းရိုက်ကူးတတ်သူလို့လည်းပြောကြပါတယ် ဒီကားထဲက စစ်ဆေးရေးတွေနာမည်ကိုက ဂျုးလီးယက်ဆီဇာတို့ ဘရူးတက်စ်တို့ ဖြစ်နေတာပါပဲဇာတ်လမ်းအညွှန်းကရစ်ရှနာ(တဘူး) တို့ စပိုင်အဖွဲ့ကလူတွေ စစ်ဆင်ရေးလုပ်တဲ့အချိန်မှာ ရန်သူဘက်ကအမြဲအသာစီးရနေပြီး စပိုင်အဖွဲ့ဝင်တွေပဲ အရင်ရှင်းပစ်ခံနေရတဲ့အချိန် ဟီနာဆိုတဲ့ စပိုင်တစ်ယောက်လည်း အဲဒီလိုအဖြစ်ဆိုးမျိုးကြုံလိုက်ရတယ်ဒီကိစ္စကိုစုံစမ်းဖို့အတွက် စပိုင်အဖွဲ့က ကရစ်ရှ်နာကိုတာဝန်ပေးလိုက်တယ် အလုပ်ကနေအနားယူတော့မဲ့ ကရစ်ရှ်နာတစ်ယောက် အဖွဲ့အတွက်အရေးကြီးဆုံးတာဝန်လည်းဖြစ် ချစ်ရသူသေရတဲ့ကိစ္စလည်းဖြစ်နေတော့ မနေသာပဲဝင်ပါရပြန်တယ်ဒီလိုအဖြစ်အပျက်တွေအတွက် အဖွဲ့ကနေအဓိကသံသယရှိသူက ရာဗီ သူကလည်း သူ့ကိုသိသွားကြမှန်းသိတာနဲ့ ချက်ချင်းမိသားစုပါခေါ်ပြီး လစ်ပြေးတော့တာပဲ ဒါပေမဲ့သူကခိုင်းစေခံရသူသာသာပဲ သူ့နောက်ကွယ်မှာအဓိကတရားခံကရှိနေသေးတယ်စပိုင်တွေကိုတောင် အသာစီးယူပြီးရှင်းပစ်နိုင်နေတဲ့ရန်သူကိုအနိုင်ယူဖို့.... ခင်ပွန်းနဲ့ သားကိုဖုံးကွယ်ထားတဲ့ ချစ်ခြင်းတရားတစ်ခုအတွက်လက်စားချေဖို့... ဒါတွေကို ကရစ်ရှ်နာတစ်ယောက်အဆုံးထိအောင်မြင်အောင်လုပ်နိုင်သွားမလား ဆိုတာ မင်းသမီးချောသုံးယောက်ရဲ့အလှကို ရှူစားရင်းခံစားကြည့်ပါဦးအညွှန်းနှင့် ဘာသာပြန်သူတွေကတော့ ...
movie
Khufiya (2023)
2023
4K HEVC
8.1
Barfi! (2012)
Barfi (2012)IMDb Rating (8.1) / Rotten Tomatoes (80%)မင်းသား Ranbir Kapoor ၊ မင်းသမီး Priyanka Chopra နဲ့ Illeana D’ Cruz တို့ ပါဝင်ထားတဲ့ Barfi ရုပ်ရှင်ကားဆိုတာ Bollywood ရဲ့ ကြီးကျယ်စွာအောင်မြင်ထားတဲ့ Romance Comedy ဇာတ်ကားဖြစ်ပါတယ်...ပန်းချီကားတစ်ချပ်လို ရှုခင်းတွေနဲ့ ဓာတ်ပုံပညာပါပါ ရိုက်ကူးထားမှု၊ သရုပ်ဆောင်မှု၊ဇာတ်လမ်း ဇာတ်အိမ်ပိုင်းတွေမှာ ဘာမှအပြစ်ပြောစရာမရှိအောင် လှပလွန်းတဲ့ ရုပ်ရှင်ကားပါ။၂၀၁၂ခုနှစ်မှာပြသခဲ့တဲ့ အိန္ဒိယရုပ်ရှင်Barfiဟာ ဟာသdramaရုပ်ရှင်ဖြစ်ပေမယ့် ဒီရုပ်ရှင်ကြောင့်အိန္ဒိယဆွံ့အနားမကြား လူ့အဖွဲ့အစည်းကို အစိုးရမှဥပဒေသစ်၂ရပ်ထပ်တိုးပေးခဲ့ပြီး ကမ္ဘာပေါ်ကဆွံ့အနားမကြားတွေရဲ့ဘဝကိုကိုယ်ချင်းစာစေဖို့နဲ့ဆွံ့အနားမကြားသူတွေဟာ လူ့ဘာင်လောကမှာ အနှိမ်ခံလူတန်းစားတွေမဟုတ်ကြောင်းများစွာထောက်ပြခဲ့ပါတယ်။Barfiရုပ်ရှင်ကြောင့်အိန္ဒိယပြည်နယ်၆ခုမှာ ဆွံ့အနားမကြားကျောင်း၄၈ကျောင်းထိ တစ်နှစ်တည်းမှာထပ်မံဖွင့်လှစ်ပေးခဲ့သလို ဆွံ့အနားမကြားတွေအတွက်ခရီးသွားလာရေးမှာ အခမဲ့လိုက်ပါနိုင်ဖို့သယ်ယူပို့ဆောင်ရေးပုဂ္ဂလိကပိုင်လိုင်း၁၉လိုင်းမှ ချမှတ်ခဲ့ကြပါတယ်။ဆွံ့အ နားမကြားကောင်လေးနဲ့ ဉာဏ်ရည်ချို့တဲ့ကောင်မလေးကြားက အချစ် သံယောဇဉ် ဘဝကိုခက်ခက်ခဲခဲဖြတ်သန်းခဲ့မှု သေသည့်တိုင်လက်တွဲမဖြုတ်ခဲ့မှုတွေ ဆွံ့အနားမကြားကောင်လေးကို ပြန်ပေးစွဲတရားခံအဖြစ်ခုတုံးလုပ်ခဲ့မှု ဆွံ့အနားမကြားကောင်လေးနဲ့ လူကောင်းမိန်းကလေးကြားက ကွဲကွာခဲ့ရတဲ့မပြည့်စုံခြင်းတွေ အချစ်ဟာလောကမှာ ဘယ်လောက်ထိခမ်းနားကြောင်း ပြသထားမှု စတဲ့ရသများစွာကို Barfi ဟာပေးနိုင်ခဲ့ပြီး Oscar Listမှာ ဆန်ကာတင်ခံခဲ့ရတဲ့အိန္ဒိယရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ထူးခြားမှုကတော့ Barfi ...
movie
Barfi! (2012)
8.2
Haider (2014)
IMDb Rating (8.0) / Rotten Tomatoes (88%)မင်းသား Shahid Kapoor , မင်းသားကြီး Irrfan Khan ,မင်းသမီး Shraddha Kapoor,မင်းသမီးကြီး Tabu တို့နဲ့ ဘောလိဝုဒ်ရဲ့ Rating မြင့် Action,Crime,Drama ရုပ်ရှင်ကားဖြစ်ပါတယ်။ဒီရုပ်ရှင်ကားက စာရေးဆရာကြီးဝီလီယံရှိတ်စပီးယားရဲ့ "Helmet"ဆိုတဲ့ဇာတ်လေးကိုကျောရိုးကိုယူပြီးပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်အိမ်ကိုတော့ ၁၉၉၅ခုနှစ် ကတ်ရှမီးယားဒေသကိုအခြေပြုထားပါတယ်။ ကတ်ရှမီးယားဒေသကိုအခြေတည်ထားတာကလည်းစိတ်ဝင်စားစရာအချက်တချက်ပါပဲ။ လူငယ်လေးတစ်ယောက် သူ့ဖခင်ရုတ်တရက်ပျောက်ဆုံးသွားတဲ့အကြောင်းသိလိုက်ရတဲ့အချိန်မှာပဲ အဲဒီကတ်ရှ်မီးယားဒေသကိုသွားရောက်ခဲ့တာကစတင်ထားပါတယ်။အဲ့ဒီကိုရောက်တဲ့အခါမှာတော့ ဖြစ်စဉ်တွေဟာ သူထင်ထားသလို ရိုးစင်းမနေဘဲ လိုက်လံစုံစမ်းရင်းနဲ့ ဘယ်လိုမြုပ်ကွက်တွေကို ဖော်ထုတ်လိုက်နိုင်မလဲ။ ပျောက်ဆုံးသွားတယ်ဆိုတဲ့ သူ့ဖခင်ကိုရောပြန်တွေ့နိုင်မလား။ နောက်ကွယ်က ဘယ်လိုအကြောင်းတရားတွေရှိနေလည်းဆိုတာကို ခံစားမှုပြင်းရှရှနဲ့ခံစားကြည့်ရှုရမှာပါ။ဇာတ်လမ်းက အချိုးအကွေ့လေးတွေ စိတ်ဝင်စားဖို့ကောင်းတာမို့ဇာတ်ကြောင်းကို မသိထားဘဲ ကိုယ်တိုင်အပြည့်အဝခံစားကြည့်ရှုမှ ပိုကောင်းပါမယ်။ နိုင်ငံတကာမှာ ဘာကြောင့် Rating မြင့်ပြီး နာမည်ကြီးနေလဲဆိုတာ ခံစားဆုံးဖြတ်ပေးကြပါဦး။(ရုပ်ရှင်အညွှန်းကို ကျော်ဇေလတ်မှ ရေးသားပြီး V & Thaik San မှ ဘာသာပြန်တင်ဆက်ထားပါတယ်။) File size…(2.6 GB)/ (1.3 GB) Quality….BluRay 1080p HEVC /720p ...
movie
Haider (2014)
2014
1080p HEVC
8.6
Writer Padmabhushan (2023)
Writer Padmabudhan (2023) Comedy, Drama IMDb 8.7/10 (4.6K)စာအုပ်မြို့တော်လို့ တင်စားရလောက်တဲ့ ဗီဂျေးဗာဒါဆိုတဲ့ နယ်မြို့လေးမှာ ပဒ်မားဘူရှန်းဆိုတဲ့ လူငယ်လေးတစ်ယောက်ရှိသတဲ့။အဲ့ဒီမြို့လေးက စာအုပ်နဲ့ပတ်သက်လာရင် နာမည်ကြီးလွန်းလို့ စာရေးဆရာကတောင် သူရေးခဲ့ဖူးတဲ့စာအုပ်ဟောင်းကိုပြန်ရှာတွေ့နိုင်လောက်အောင်ပေါ့ကွယ်။ဒီလို စာပေထွန်းကားတဲ့မြို့လေးမှာ စာရေးဆရာတအားဖြစ်ချင်နေတဲ့သူကတော့ ကျွန်တော်တို့ ဇာတ်လိုက်ကြီး ပဒ်မားဘူရှန်းပဲဖြစ်ပါတယ်။အကြွေးတွေယူပြီး စွန့်စွန့်စားစားနဲ့ စာအုပ်တစ်အုပ်ထုတ်ဝေခဲ့ပါတယ်။ ကံခေလွန်းတာများ တစ်အုပ်တောင် မရောင်းရတဲ့အပြင် စာအုပ်ပုံကြီးသာ အဖတ်တင်သွားခဲ့တယ်လေ။အခွင့်အလမ်းက အိမ်တံခါးလာခေါက်တဲ့အခါ မဖွင့်ပေးတဲ့သူဟာ အရူးဆုံးသောလူပါပဲဆိုတဲ့အတိုင်းပဲ သူ့ဆီလည်း တစ်ကြိမ်လာခေါက်ခဲ့ပါတယ်။အဲ့ဒီအခွင့်အလမ်းက ဘာဖြစ်နေမလဲ...။ ဘယ်လိုကြောင့် သူ့ဆီရောက်လာတာလဲ...။ သူနဲ့သူ့မိသားစုအပေါ် ဘယ်လိုအကျိုးသက်ရောက်မလဲဆိုတာကို ဆက်လက်ရှုစားပေးပါနော်။........... File size…1.99GB / 1GB Quality…1080p WEB DL /720p Format…mp4 Duration….2h 3m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor ~ Cherry ~ Nyein Aye
movie
Writer Padmabhushan (2023)
2023
6.4
Kuttey (2022)
Kuttey (2023)IMDb-6.4/10ဇိုးတွေကြားကပဋိပက္ခတွေ လှည့်ကွက်ပရိယာယ်တွေ ကြိုက်တဲ့ညိုကီတို့အတွက်ရုံတင်ဇာတ်ကားကောင်းသရုပ်ဆောင်စွမ်းရည်ကောင်းတယ်လို့ နာမည်ကြီးတဲ့ အာဂျွန်ကပူးလ်နဲ့ Drishyam ထဲကရဲမေမင်းသမီးကြီးက ဒီထဲမှာလည်းရဲမေအဖြစ်သရုပ်ဆောင်ထားပါတယ် ဒီကားဟာ Aasmaan Bhardwaj ဆိုတဲ့ တက်သစ်စဒါရိုက်တာတစ်ယောက်ရဲ့ ပွဲဦးထွက်ကားပါကိုယ့်လိုအပ်ချက်နဲ့ကိုယ် ငွေပမာဏကြီးကြီးလိုချင်နေကြသူတွေ ငွေရပေါက်ကြီးကိုမထင်မှတ်ပဲအားလုံးပြိုင်တူလိုက်မိချိန်မှာ.....ဇလည်းရှိ ဉာဏ်လည်းများတဲ့သူတို့တွေ ဒီငွေတွင်းကို ဘယ်လိုအနိုင်တိုက်ယူကြမလဲ မြွေမြွေချင်းခြေမြင်နေကြတဲ့သူတွေအချင်းချင်း ဘယ်လိုတွေအကွက်ကျော်ရိုက်ချကြမလဲခံစားကြည့်ပါဦး File size…1.54GB / 700MB Quality…1080p TRUE WEB DL /720p Format…mp4 Duration….1h 49m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~ Yunni~ Khin Khin
movie
Kuttey (2022)
2023
7.8
Aligarh(2015)
Aligarh (2015)IMDb-7.8/10အိန္ဒိယနိုင်ငံ Aligarh University မှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်ကိုရိုက်ကူးထားတာ ဖြစ်ပါတယ် အဓိကဇာတ်ဆောင်မင်းသားကြီး Manoj Bijpayeeဟာလည်း ဒီထဲက စီရပ်ဇာတ်ကောင်နဲ့ Best Actor ဆု 3 ဆုဆွတ်ခူးရရှိခဲ့ပြီး nomination 2 ဆု၀င်ခဲ့ပါတယ် ဒီဆုတွေရခဲ့လောက်အောင်လည်း ဒီထဲကသူ့ရဲ့ ဇာတ်ရုပ်ကိုပီပြင်ဟာသရုပ်ဆောင်မှုဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀ ကျော်က ပုဂ္ဂိုလ်တစ်ဦးကို မျက်မြင်တွေ့ကြုံရသလိုပါပဲ ဒီပူးဇာတ်ကောင်နဲ့ Rajkumar Rao က Best Supporting actor nomination ငါးဆုထိ၀င်ခဲ့ပါတယ်"ငါ့ရဲ့ခံစားချက်တွေကို ဒီ (g a y) စကားလုံးလေးသုံးလုံးနဲ့ ဘယ်လိုဖော်ပြလို့ရမှာလဲ"ပရော်ဖက်ဆာစီရပ်ဟာ အူရဒူဘာသာစကားပြောတဲ့မြို့မှာ မာရသီဘာသာစကားသင်ပေးတဲ့ ပရော်ဖက်ဆာတစ်ယောက်ပါ အိမ်ထောင်သည်ဆရာတွေကြားမှာလည်း သူတစ်ယောက်တည်းလူပျိုလူလွတ်တစ်ယောက်ဖြစ်နေခဲ့တယ် ဒါတွေတင်မက သူ့ရဲ့ချစ်စိတ်တိမ်းညွှတ်မှုဟာလည်း အများသတ်မှတ်ထားတဲ့စံညွှန်းတွေနဲ့မတူ တစ်မူထူးခြားနေလေတော့... သူ့ရဲ့ထူးခြားထူးချွန်မှုတွေကို အမြင်မကြည်တဲ့တက္ကသိုလ်အကြီးအကဲတွေရဲ့ ချောက်ချခံရပါတော့တယ် သူ့ရဲ့လိင်တိမ်းညွှတ်မှုမတူကွဲပြားမှုကိုသာ ထောက်ပြပြစ်တင်တဲ့ တက္ကသိုလ်အသိုင်းအဝိုင်းနဲ့ စီရပ်ရဲ့ လူအခွင့်အရေးချိုးဖောက်ခံရပြီး အိမ်ထဲထိကိုယ်ထိလက်ရောက်ကျူးလွန်ခံရမှုတွေအတွက် ရပ်တည်ပေးသူတို့ တရားရုံးမှာထိပ်တိုက်တွေ့ရင်ဆိုင်ကြပါတော့တယ်ဒီဇာတ်လမ်းမှာလူ့အဖွဲ့အစည်းရဲ့ လိုရာဆွဲတွေးတစ်ဖက်စောင်းနင်းပြုမူသူတွေနဲ့ မတူကွဲပြားမှုအရှိတရားကိုလက်ခံကျင့်သုံးသူတို့ရဲ့ အားပြိုင်မှုကို မြင်တွေ့ရမှာဖြစ်ပါတယ် File size…2.3GB / 879MB Quality…1080p WEB RIP / 720p Format…mp4 Duration….1h 54m Subtitle….Myanmar ...
movie
Aligarh(2015)
2015
7.0
(18+)Rang Rasiya (2008)
Rang Rasiya (2008) Biography, Drama, Romance IMDb 7.0/10 (2K)အခုတစ်ခါတင်ဆက်ပေးမယ့် ကားလေးကတော့ ၁၉ရာစုနှစ်လောက်က အောင်မြင်ကျော်ကြားလူသိများခဲ့တဲ့အပြင် အငြင်းပွားဖွယ်ကိစ္စရပ်များကို ဖြစ်ပေါ်စေခဲ့တဲ့ အိန္ဒိယပန်းချီဆရာ ရာဂျာရဗီဗာမာရဲ့အတ္ထုပ္ပတ္တိကို ရိုက်ကူးတင်ဆက်ထားခြင်းပဲဖြစ်ပါတယ်။သူဟာ ဘုရားသခင်တွေရဲ့သရုပ်ပုံစံကိုတောင် စတင်ရေးဆွဲခဲ့တဲ့ အာဂသတ္တိခဲတစ်ယောက်ပဲ ဖြစ်သလို သူ့အနုပညာအရည်အသွေးကိုပြသဖို့ ဝတ်လစ်စလစ်ပန်းချီတွေကိုလည်း ရေးဆွဲဖို့ လက်မတွန့်ခဲ့သူတစ်ယောက်ပါ။ ငယ်စဉ်ကတည်းက ပန်းချီဝါသနာကိုပါခဲ့သလို သူရေးဆွဲခဲ့တဲ့ ပန်းချီကားချပ်တိုင်းဟာလည်း အားလုံးကို အံ့ဩမှင်သက်စေခဲ့ပါတယ်။မွေးဖွားရာဇာတိမြေဖြစ်တဲ့ ထရာဗန်ကိုးတိုင်းပြည်မှာ ငယ်စဉ်ကတည်းက ရှင်ဘုရင်ရဲ့ ချီးမြှောက်ခြင်းကိုခံခဲ့ရပြီး အရွယ်ရောက်လာတော့ မင်းသမီးတစ်ပါးနဲ့ လက်ဆက်ခွင့်ရခဲ့တယ်။ ပြီးနောက် မဒရာဆ်မြို့မှာ ကျင်းပတဲ့ နိုင်ငံတကာပန်းချီပြိုင်ပွဲမှာလည်း ဘုရင်ခံက ချီးမြှင့်တဲ့ အိန္ဒိယဂုဏ်ဆောင်ရွှေတံဆိပ်ဆုရခဲ့တဲ့အပြင် ထရန်ဗန်ကိုးဘုရင်ဟာလည်း ရာဂျာ(ရာဇာ)ဆိုတဲ့ဘွဲ့ကို ချီးမြှင့်ခဲ့ပါတယ်။ အဲ့ဒီခေတ်အခါက ရှင်ဘုရင်တွေကိုမှ တပ်ခေါ်ခွင့်ရှိတဲ့ ဘွဲ့နာမည်တစ်ခုပါ။သူ့ရဲ့အသွေးအသားထဲမှာ အနုပညာသွေးတွေ စီးဆင်းနေတော့ သူ့အတွေးအခေါ်တွေကို တော်ရုံလူတွေ လိုက်မမှီခဲ့သလို အပုပ်ချချင်တဲ့လူတွေဟာလည်း ရန်ငြှိုးတွေထားခဲ့ကြပါတယ်။ဒီလိုနဲ့ ဘုရားကျောင်းပေါင်း ၁၈၀၀၀ နီးပါးကို အပိုင်စားရထားတဲ့ ဓမ္မသတ်မှူးနဲ့ အငြင်းပွားခဲ့ပြီးနောက်မှာတော့ သူ့ဘဝဟာ ဘယ်လိုပြောင်းလဲသွားမလဲဆိုတာကို Murder 3 ထဲက မင်းသား ရန်ဒီပ်ဟူဒါက ...
movie
(18+)Rang Rasiya (2008)
2022
7.9
Goodbye (2022)
Goodbye (2022) Comedy, Drama, Family IMDb 7.9/10 (5.3K)အခုတစ်ခါထွက်ရှိလာတဲ့ ဇာတ်ကားလေးမှာတော့ အမီတာဘဂျမ်းကြီးရယ် အားလုံးအချစ်တော် မင်းသမီးလေး ရက်ရှမီကားရယ် အဓိကပါဝင်သရုပ်ဆောင်ပေးထားပါတယ်ဒီဇာတ်ကားလေးက ရက်ရှမီကားအတွက် ဘောလီဝုဒ်လောကကို ပထမဦးဆုံး စတင်ခြေလှမ်းလာတဲ့ ကားလေးပဲဖြစ်ပါတယ်...ဒီကားလေးကို ကြည့်ရင်းနဲ့လည်း သံဝေဂတွေ အများကြီးရပါတယ်...ဇာတ်ကားနာမည်ကိုက ဂွတ်ဘိုင်တဲ့လေ..ဟုတ်ပါတယ် ကျွန်တော်တို့ တစ်နေ့ကျရင် ဒီလောကကြီးကနေ နှုတ်ဆက်ခွဲခွာကြရမှာပါ ဘဝသံသရာကြီးကိုလည်း ကြုံဆုံတွေ့ရဦးမှာပါတစ်ချိန်မှာ ကိုယ်က သားသမီးနေရာမှာ ဆိုးချင်တိုင်း ဆိုးခဲ့ပေမယ့် တစ်နေ့ကျရင် မိဘနေရာကို ဝင်ကြရမှာပါပဲ...လောကဓံတရားက ကိုယ်နဲ့အတူအမြဲရှိနေမှာပါ..ဒီတော့ မိဘေတွေကို ရှိနေတုန်း တန်ဖိုးထားကြပါ မိဘနဲ့အတူအချိန်ဖြတ်သန်းကြပါ မိဘကို အချိန်ပေးကြပါလောကမှာရှိနေစဉ် ကိုယ့်ညီအစ်ကိုမောင်နှမတွေနဲ့လည်း သင့်သင့်မြတ်မြတ်နေထိုင်ဖြတ်သန်းကြပါ အချင်းချင်းဂရုစိုက်ပေးကြပါတစ်ချိန်မှာ ကိုယ့်သွေးသားရင်းခြာ..ကိုယ့်မိဘတွေနဲ့ နှုတ်ဆက်ခွဲခွာရတဲ့အခါမှာလည်း ကောင်းသောနှုတ်ဆက်ခြင်းပဲ ဖြစ်ပါစေလို့ ဆုတောင်းပေးရင်း ဒီဇာတ်ကားလေးဟာ မိသားစုဒရာမာကားကောင်းလေး တစ်ကားဖြစ်ပါတယ်လို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်....။ File size…2GB / 1GB Quality…1080p HQ HDRIP /720p Format…mp4 Duration….2h 10mins Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Taylor ~ Shwe Pyae ~ ...
movie
Goodbye (2022)
2022
8.2
Ghilli (2004)
CM ပရိသတ်ကြီးတို့အတွက် မင်းသားဗီဂျေး ပါဝင်သရုပ်ဆောင်ထားတဲ့ Ghilli ဆိုတဲ့ 2004 ခုနှစ်ထွက် ဇာတ်ကားကောင်းတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ရပါတယ်ဗယ်လူဆိုတာ ကာဘာဒီအားကစားကို လွန်စွာမှ ရူးသွပ်တဲ့သူတစ်ယောက်ပေါ့ ဒါပေမယ့် သူ့အဖေက မကြိုက်တော့ သူ့မှာ အဲဒါကို ခိုးပြီးဆော့ရတယ် ခိုးပြီး ပြိုင်ပွဲတွေ ဝင်ရတယ်ပေါ့အဲဒီလိုပဲ တစ်နေ့ကျတော့ မာဒူရိုင်မြို့ကို ကာဘာဒီပြိုင်ပွဲ ပြိုင်ဖို့ အိမ်ကနေ လိမ်ပြီးထွက်လာရင်း လမ်းမှာ မိန်းကလေးတစ်ယောက်ကို လူတစ်ယောက်က အတင်းအဓမ္မဆွဲခေါ်နေတာ မြင်လိုက်ရတော့ ကောင်မလေးကို သူတို့လက်ထဲက ကယ်ပြီး သူ့အိမ်ထဲမှာ ဖွက်ထားလိုက်တော့တယ်တကယ်တော့ အဲဒီလူက ပိုက်ဆံအင်အားနဲ့ ဆိုးသွမ်းချင်တိုင်း ဆိုးသွမ်းနေတဲ့သူဖြစ်ပြီး လူဆိုရင်လည်း လမ်းပေါ်မှာ ပေါ်ပေါ်ထင်ထင်ပဲ သတ်နေတဲ့သူပေါ့သူက အဲဒီကောင်မလေးကို အသေရရအရှင်ရရ လိုချင်နေတဲ့သူ အဲဒီကောင်မလေးကို ဗယ်လူက သူ့လက်ထဲက ကယ်ပြီး နည်းအဖုံဖုံကြိုးစားကာ သူ့အိမ်မှာ ဖွက်ထားတယ် ဒါကို သူ့အိမ်က မိသားစုဝင်တွေတစ်ယောက်ကမှလည်း မသိဘူးပေါ့အဲဒီလိုနဲ့ သူ ဘယ်လောက်ထိ ကောင်မလေးကို ဖွက်ထားနိုင်မလဲ ကောင်မလေးကို လူဆိုးတွေလက်ထဲက ဘယ်လိုကယ်တင်မလဲဆိုတာ အချစ် အလွမ်း အက်ရှင်နဲ့ ရသပေါင်းစုံ ပေါင်းစပ်ကာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ် File size…4GB / 2GB Quality…1080p AMZ ...
movie
Ghilli (2004)
2004
6.3
Baadshah (2013)
Baadshah (2013) ===============ဒီနေ့မိတ်ဆက်ပေးချင်တာကတော့ ဘောလီဝုဒ် အက်ရှင်ကားလေး တစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ အကလည်းရ၊ သရုပ်ဆောင်လည်းရ၊ အစီအစဉ်တင်ဆက်လည်းရတဲ့ မင်းသားကြီး N.T.Rama Rao Jr. နဲ့ နာမည်ကြီးမင်းသမီး Kajal Aggarwal တို့ ပါ၀င်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။ဇာတ်ကားအကြောင်းကိုပြောရရင် ရာမာရောင် ဆိုတဲ့လူဟာ အရည်အချင်းရှိတဲ့ လူတစ်ယောက်ဖြစ်ပေမယ့် ရဲတစ်ဖွဲ့ထဲဝင်ဖို့လျှောက်တဲ့အခါ သူ့အဖေက လူဆိုးဂိုဏ်းထဲမှာရှိနေတယ်ဆိုတဲ့ အကြောင်းပြချက်ကြောင့် အငြင်းခံလိုက်ရပါတယ်။ အဲဒီအချိန်မတိုင်ခင်က ဆာဒူဘိုင်းဆိုတဲ့ လူဆိုးဂိုဏ်းခေါင်းဆောင်တစ်ယောက် ခွဲလိုက်တဲ့ဗုံးမှာ သူ့ညီ ဆစ်ဒူ ပါသွားပြီး အသက်ဆုံးရှုံးသွားခဲ့ရတာပါ။ ဒီအချိန်ကစပြီး ရာမာရောင်ဟာ ဘာရှာ ဆိုတဲ့ နာမည်ကြီးလူသတ်သမားတစ်ယောက် ဖြစ်သွားခဲ့ပြီး ဆာဒူဘိုင်းကို လက်စားချေဖို့ ကြိုးစားပါတော့တယ်။ဒီဇာတ်ကားဟာ Action သီးသန့်မဟုတ်ပဲ Drama/ Comedy တို့နဲ့ပါ ပေါင်းစပ်ထားသေးတာကြောင့် ကြည့်ရင်းနဲ့ ပျင်းဖို့အချိန်ကို မရှိနေတဲ့အတွက် ဘောလိဝုဒ်ကြိုက်တဲ့သူရော၊ ဘောလိဝုဒ်မကြည့်ဖြစ်တဲ့သူတွေပါ ကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ File size…3.68GB / 1.96GB Quality…1080p WEBRIP / 720p Format…mp4 Duration….2h 44m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Haruko
movie
Baadshah (2013)
2013
1
2
Next