Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Arun
Hello Mummy (2024)
Hello Mummy (2024) ဘွန်နီရဲ့ တစ္ဆေခြောက် အချစ်ပုံပြင်IMDb 6.9/10ရယ်ရယ်မောမော ဟာသလေးကိုမှ သဘာဝလွန် သည်းထိတ်ရင်ဖို ဇာတ်ကွက်လေးတွေပါ ရောနှောပါဝင်ထားတဲ့ ဇာတ်လမ်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ဘွန်နီဟာ အလိုလိုက်ခံ သူဌေးသားလေးပီပီ ပေါ့ပေါ့နေ ပေါ့ပေါ့စားနေသူတစ်ဦးပါ။ရည်မှန်းချက် ဘဝအိမ်မက်ရယ်လို့လည်း မရှိဘဲ ရ န်ဖြစ်လိုက် ပျော်ပါးလိုက်နဲ့ ဘဝကိုဖြတ်သန်းနေပါတယ်။အိမ်မွေးတိရစ္ဆာန် ဆက်စပ်ပစ္စည်းရောင်းတဲ့ဆိုင်လေးဖွင့်ထားတာကလွဲလို့ ကောလိပ်ကလည်းထွက်လိုက်ရပြီး ရန်ဖြစ်သောက်စားနေတဲ့သူတို့သားကို မိဘတွေက စိတ်မချတော့ပါဘူး။အဲဒီမှာ ဘွန်နီရဲ့ယောက်ဖဖြစ်သူ အောင်သွယ်တော် မြားနတ်မောင် အေဂျင်စီ ထောင်ထားသူ သွန်မ်စန်ကို အပူကပ်ကြပါတော့တယ်။သွန်မ်စန်ကလည်း နားအေးရင်ပြီးရောဆိုပြီး ဘွန်နီကို စတီဖင်ဆိုတဲ့ကောင်မလေးနဲ့တွေ့ပေးဖို့ စီစဉ်ပေးပါတော့တယ်။ဒီလိုနဲ့ဘွန်နီက စတီဖင်ကိုတွေ့တွေ့ချင်း သဘောကျသွားပြီး သူတို့အဆင်ပြေသွားရာက လက်ထပ်ဖြစ်သွားပါတယ်။စတီဖင်က မိခင်ဆုံးပါးသွားရှာပါပြီ။ သူက သိပ္ပံပညာရှင်ဖြစ်ချင်တဲ့အိမ်မက်နဲ့ ပညာသင်ဆုတွေလျှောက်ထားပြီးာကြိုးစားသူလေးတစ်ဦးပါ။သူ့ဖခင်ကလည်း စည်းကမ်းတင်းကြပ်တဲ့ အငြိမ်းစား သင်္ချာပါမောက္ခဖြစ်နေပါတယ်။ဘွန်နီက သူတို့အိမ်ထောင်ရေးမှာ စည်းကမ်းတင်းကြပ်တဲ့ စတီဖင်ရဲ့ဖခင်နဲ့ပဲ ရင်ဆိုင်ရမယ်ထင်ခဲ့တာပါ။တကယ်တမ်းကျ စတီဖင်ရဲ့ သေဆုံးသွားတဲ့မိခင်က မကျွတ်လွတ်သေးဘဲ သူတို့အိမ်ထောင်ရေးကိုလည်း သဘောမတူနိုင်ဖြစ်ပြီးတော့ လိုက်ခြောက်လှန့်ပါတော့တယ်။အလိုလိုက်ခံသူဌေးသားလေးရဲ့ ဘာလုပ်လုပ်တလွဲတွေဖြစ်နေပုံနဲ့ ယောက္ခမရဲ့ တမလွန်ကကန့်ကွက်မှုကို တွန်းလှန်ပုံတို့ကို ရယ်မောလိုက်သည်းထိတ်ရင်ဖိုဖြစ်လိုက်နဲ့ ရိုလာကိုစတာစီးသလို ကြည့်ရှုခံစားရမှာပါ။အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM ...
movie
Hello Mummy (2024)
5.2
Pokkiri Raja (2010)
Pokkiri Raja (2010) "ရာဂျာ" IMDb - 5.2Bramayugam (2024)ဖြူမည်းရုပ်ရှင်က မလေယာလမ်မင်းသားကြီး Mammootty၊ The Goat Life (2024)ထဲက မင်းသား Prithviraj Sukumaranတို့ရဲ့ ၂၀၁၀ကထွက်ရှိခဲ့တဲ့ မလေယာလမ်းအက်ရှင်ဇာတ်ကြမ်းကို တင်ဆက်ပေးလိုက်ပါတယ်။ရွာတစ်ရွာထဲမှာ ရွာ့မျက်နှာဖုံးမိသားစုနှစ်ခုက နည်းနည်းမှမတည့်ကြ။ ဘုရားပွဲကျင်းပဖို့အတွက် ဦးစီးဦးဆောင်လုပ်ဖို့အရေး မိသားစုနှစ်ခုပေါင်းစည်းဖို့ ရွာလူကြီးကပြောပေမဲ့ နှစ်ဘက်လုံးလက်မခံလို့ မယ်တော်အရှင်မဆီက ဆုံးဖြတ်ချက်ကို လက်ခံဖို့သဘောတူခဲ့ကြတယ်။ ဒီမှာပဲ ကျောင်းဆရာမိသားစုက ဦးဆောင်ကျင်းပခွင့်ရပါရော။ဒါပေမဲ့ တစ်ဘက်မိသားစုကဆယ်ကျော်သက်ကောင်လေး ပွဲကိုဖျက်ဆီးဖို့လုပ်တဲ့အချိန် သေသွားခဲ့ရာကစ ကျောင်းဆရာရဲ့ သားအကြီးဖြစ်သူ ထောင်ကျသွားပါတယ်။ ဒီမှာပဲ သေသွားတဲ့မိသားစုဘက်က အငြိုးကြီးကြီးထားတော့တာပေါ့။ ထောင်ကျသွားတဲ့သားကြီး နှစ်ချီပြစ်ဒဏ်ခံပြီး ပြန်လွတ်လာတဲ့အချိန် သွားကြိုကြတဲ့အခါမှာတော့ အငြိုးတရားကြောင့်ဖြစ်ပေါ်လာတဲ့ သတ်ခန်းဖြတ်ခန်းအက်ရှင်ဇာတ်ကြမ်းတွေနဲ့ မိသားစုကြားက သံယောဇဉ်တွေ ချစ်ခြင်းတရားတွေကို ရှုစားကြရမှာပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size… 5.98 GB / 2.75 GB Quality…BluRay 1080p HEVC / 720p Format…mkv/mp4 Duration….2h 16m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ...
movie
Pokkiri Raja (2010)
8.0
Anjaam Pathiraa(2020)
Anjaam Pathiraa(2020)အညွှန်း*************************** IMDb...8.0 အန္နာဝါးဟူစိန်ဆိုတဲ့ စိတ်ပညာအထူးကုဆရာဝန်တယောက်.... သူအထူးစိတ်ဝင်စားတဲ့ စိတ်ပညာပိုင်းက အတွဲလိုက် လူသတ်မှုတွေရဲ့တရားခံဟာဘယ်လိုစိတ်နေစိတ်ထားရှိလဲဆိုတာကို လေ့လာဖို့ဖြစ်တယ်...ဒီတော့ သူလေ့လာနေတာအထိရောက်ဆုံးဖြစ်ဖို့ ရဲအရာရှိတယောက်ဆီကိုအကူအညီတောင်းပီး ရဲဌာနတခုမှာ မှုခင်းဆိုင်ရာစိတ်ပညာအကြံပေးအနေနဲ့ ယာယီဝင်လုပ်ခဲ့တယ်...သိပ်မကြာခင်မှာပဲ သူတို့မြို့လေးမှာလူသတ်မှုဖြစ်ခဲ့တယ်။ သူ့အတွက် ဒီလူသတ်မှုဟာ လေ့လာဖို့ အများကြီးအထောက်အကူဖြစ်လို့အားတက်သရော အခင်းဖြစ်ရာကိုသွားခဲ့တယ်...အဲ့ဒီနောက်မှာတော့ သာမန်လူသတ်မှုဘဲ အရမ်းကိုကြောက်စရာကောင်းတဲ့လူသတ်မှုကြီးဖြစ်နေတယ်...အဲ့ဒီနောက် အန္နာဝါးဟူစိန်ဟာ ဒီလူသတ်သမားကို မရ ရအောင်ဖမ်းမယ်ဆိုပြီး အထူးစုံထောက်တွေနဲ့ပူးပေါင်းပြီးကြိုးစားပါတော့တယ်... ဒီမှုခင်းကားက စိတ်ပညာဆိုင်ရာအချက်အလက်များကို အရင်းပြုပြီးသဲလွန်စတွေကို ရှာထားတာမို့ ကြည့်လို့ကောင်းတဲ့အပြင် ထင်မှတ်မထားတဲ့ လှည့်ကွက်တွေလည်းပါလို့တော်တော်ကြီးကိုကောင်းပါတယ်....အိန္ဒိယကားကောင်းကြိုက်သူတို့ နင်းကန်ကြည့်သင့်ပါကြောင်း...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Yoonwahwah Theint ပဲဖြစ်ပါတယ်...File Size :(1.2 GB) and (433 MB) Quality : WEB-DL 720p Format…mp4 Duration…02:24:00 Genre : Crime, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Yoonwahwah Theint Encoded by Phyo Pyae
movie
Anjaam Pathiraa(2020)