Channel Myanmar

Arthur Tobing

Lampir (2024) 6.2
Lampir (2024)  Lampir (2024)IMDb Rating (6.2)အင်ဒိုနီးရှားဟော်ရာကားတွေ တော်တော်ကြမ်းတာ အားလုံးသိကြမှာပါ။ဒီနှစ်အသစ်ထွက်တဲ့ အင်ဒိုနီးရှား သဘာဝလွန်ဟော်ရာကားကလည်း ဒီစံချိန်ကို မဖျက်ဆီးခဲ့ဘူးလို့ ပြောရပါမယ်။သူတို့ရိုးရာက တစ္ဆေတွေကိုသုံးပြီး စိတ်ဝင်စားစရာကောင်းအောင် ရိုက်ပြနိုင်ခဲ့တဲ့ အင်ဒိုနီးရှားပြာဒီတစ်ခါဟာ လမ်ပြာဆိုတဲ့ သူတို့ရိုးရာက သရဲတစ်ကောင်ကိုသုံးပြီး ခပ်လန်းလန်း သရဲကားတစ်ကားထပ်ရိုက်ပြလိုက်ပြန်ပါပြီ။ဇာတ်ကတော့ ၁၉၀၀ပြည့်နှစ်ဝန်းကျင်လောက်က စံအိမ်ကြီးတစ်ခုမှာစတယ်။အင်မတန်ကုံလုံကြွယ်ဝတဲ့ ဒီအိမ်ကြီးရဲ့အရှင်ရဲ့ အိမ်သူကလည်း အိမ်ကြီးနဲ့လိုက်ဖက်အောင် သိပ်လှတဲ့အမျိုးသမီးပေါ့။ဒီအမျိုးသမီးကို သူ့ယောက်ျားနဲ့ လူတစ်အုပ်က မီးရှို့ပြီးသတ်ဖို့လုပ်ကြတယ်။မီးရှို့လိုက်တဲ့အချိန်မှာ အိမ်ကြီးရှင်သိလိုက်ရတာက ဒီအမျိုးသမီးဟာ သူ့မိန်းမမဟုတ်တော့ဘဲ သူ့မိန်းမကိုယ်ထဲဝင်နေတဲ့ လမ်ပြာဆိုတဲ့ နတ်ဆိုးတစ်ကောင်ဖြစ်နေတယ်ဆိုတာပါပဲ။ဒါပေမဲ့ သူတို့ဒီနတ်ဆိုးကို မနှိမ်နှင်းခဲ့ပါဘူး။ ဒီနောက် ဒီဘက်ခေတ်က သိပ်လှတဲ့ မိန်းကလေးတစ်ယောက်ရဲ့ မင်္ဂလာပွဲမှာ ဒီဇာတ်ကို ပြန်စထားတယ်။ဘာတွေဆက်ဖြစ်မလဲက အားလုံးအတွက် သိသာသလိုလို မသိသာသလိုလိုပဲမဟုတ်လား။ဒါပေမဲ့လည်း အဆုံးထိစိတ်ဝင်စားစရာကောင်းတုန်းပါပဲ။ဒါကိုကလည်း အင်ဒိုသရဲဟော်ရာကားတွေရဲ့အထာပါပဲ။ ကြည့်ကောင်းကြမှာပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။)File size…(1 GB) / (510 MB) Quality….WEB-DL 1080p HEVC / ...
movie

Lampir (2024)

2024
A Moon Hangs Above the Graveyard (2015) 8.2
A Moon Hangs Above the Graveyard (2015) A Moon Hangs Above the Graveyard (2015)၁၉၇၃ခုနှစ်ကအောင်မြင်ခဲ့တဲ့ ရုပ်ရှင်ကို Remakeပြန်လည်ရိုက်ကူးထားတဲ့ အင်ဒိုရုပ်ရှင်ကားလေးကို တင်ဆက်ပေးပါရစေ။နယ်မြို့လေးတစ်ခုက ဆာဘာ၊ ဆာဟတ်နဲ့ တီဂေါ်ရ်ဆိုတဲ့ သူငယ်ချင်းသုံးယောက်။သူတို့ သုံးယောက်ထဲက ဂျကာတာမှာနေပြီး အောင်မြင်နေတဲ့သူငယ်ချင်း ဆာဘာကို အားကျစိတ်နဲ့ ရည်မှန်းချက်ကိုယ်စီထားပြီး ဂျကာတာမြို့ကြီးကို ဆာဟတ်နဲ့ တီဂေါ်ရ်တက်လာခဲ့ပါတယ်။ တီဂေါ်ရ်က နယ်မှာတုန်းကလိုင်းကားမောင်းတဲ့သူ။ မြို့ကျရင် ဘာပဲလုပ်ရလုပ်ရ ချမ်းသာဖို့ဆိုတဲ့ရည်မှန်းချက်နဲ့။ ဆာဟတ်ကတော့ အောင်မြင်တဲ့စာရေးဆရာ ဖြစ်ချင်သူတစ်ယောက်။ သူပို့လိုက်တဲ့စာမူ အရွေးချယ်ခံရရက်နဲ့ စာအုပ်ထုတ်မပေးတဲ့ စာအုပ်တိုက်ဆီကို အကြောင်းစုံသိရအောင်သွားတဲ့အချိန် စာအုပ်တိုက်ပိုင်ရှင်ရဲ့သမီးဖြစ်သူနဲ့တွေ့ပြီး ချစ်မိသွားခဲ့ပါတယ်။ရည်မှန်းချက်ကိုယ်စီနဲ့တက်လာခဲ့ကြတဲ့ သူငယ်ချင်းနှစ်ယောက် မြို့ကြီးပြကြီးကဘ၀ဟာ သူတို့ထင်သလောက် မလွယ်ကူလှဘဲ တံလျှပ်ကိုရေထင်ပြီး အလိုက်မှားမိတဲ့ ရွှေသမင်တွေလို သင်္ချိုင်းပေါ်မှာလင်းတဲ့လကို စိတ်ကူးတွေယဉ်နေရင်း သင်္ချိုင်းထဲမှာရှိနေတဲ့အဖြစ်ကိုသိလိုက်ရပြီးတဲ့နောက်မှာတော့။(အညွှန်းနဲ့ဘာသာပြန်ကတော့ aungmo3han ဖြစ်ပါတယ်)Genre..... Drama Quality…. 1080p | 720p File size… 1.5GB | 752MB Format… mp4 Duration…. 2h Subtitle…. Myanmar Subtitle (Hardsub) Translator ..... aungmo3han Encoder ..... Aaron
movie

A Moon Hangs Above the Graveyard (2015)

2015
Polis Evo 2 (2018) 7
Polis Evo 2 (2018) Polis Evo 2 (2018) IMDb - 7/10ဒီရုပ်ရှင်ကတော့ Polis Evo (2015)ရဲ့အောင်မြင်မှုနဲ့အတူ နောက်ဆက်တွဲရုပ်ရှင်အဖြစ် ဆက်လက်ထွက်ရှိလာခဲ့တာပါ။ မလေးရင်းဂစ် ရှစ်သန်းကျော်သုံးပြီး နှစ်ဆယ့်သုံးသန်းကျော်ပြန်ဝင်ခဲ့တဲ့ ရုံတင်ကားတစ်ကားပဲဖြစ်ပါတယ်။ မလေးရှားရုပ်ရှင်ဇာတ်လမ်းကောင်းတွေစာရင်းမှာ နံပါတ်တစ်ဆယ်အတွင်းချိတ်ခဲ့တဲ့ ရုံတင်ကားတွေထဲက တစ်ကားပါပဲ။ပထမဇာတ်လမ်းထဲမှာ ကိုင်နဲ့ ဆာနီတို့ အင်စပက်တာကြီးနှစ်ယောက် မူးယစ်ဂိုဏ်းတစ်ခုကို ချေမှုန်းပြီးတဲ့နောက် ဒီဇာတ်လမ်းမှာတော့ အကြမ်းဖက်အဖွဲ့အစည်းတစ်ခုနဲ့ ရင်ဆိုင်ရမှာပါ။ မူးယစ်ဆေးထုတ်လုပ်မှုကိုဝင်စီးရင်း အကြမ်းဖက်ခေါင်းဆောင်ကို ဖမ်းမိရာကစ သူတို့ခေါင်းဆောင် ပြန်လွှတ်ပေးဖို့အရေး ကျွန်လေးတစ်ကျွန်းပေါ်က ရွာသူရွာသားတွေကို ဓားစာခံလုပ်ပြီး တောင်းဆိုပါတယ်။ ဒီမှာပဲ အမှုတစ်ခုကိုလိုက်နေတဲ့ ကိုင်နဲ့ ဆာနီတို့က အဲဒီကျွန်းလေးပေါ်ရောက်နေရက်နဲ့ ကြုံတော့ အရင်ရုပ်ရှင်လို အခွီတွေ အက်ရှင်တွေနဲ့ ကြည့်ပျော်စေဦးမှာပါဗျ။(aungmo3han ဘာသာပြန်ထားပါတယ်)Genre..... Action, Adventure, Crime Quality…. 1080p | 720p File size… 1.7GB | 919MB Format… mp4 Duration…. 2h 5min Subtitle…. Myanmar Subtitle (Hardsub) Translator ..... aungmo3han Encoder ..... Aaron
movie

Polis Evo 2 (2018)

2018