Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Art Alexakis
Rogue River (2011)
ရော့ခ်မြစ်နားမှာ သေဆုံးသူဖခင်ရဲ့ အရိုးပြာကို လာစွန့်ပစ်တဲ့ မာရာဟာ သူစိမ်းတစ်ယောက်ဖြစ်သူ ဂျွန်နဲ့ တွေ့ဆုံခဲ့ပါတယ်။အရိုးပြာစွန့်ပစ်ဖို့ ခွင့်ပြုချက်လိုမယ့်အကြောင်းလာပြောပြတဲ့ ဂျွန်နဲ့ စကားစပ်မိရင်းကနေ ဂျွန်ကလည်း ဒီနေရာကို သူ့သမီးနဲ့အတူလာတတ်ကြောင်း ပြောပြခဲ့သလိုမာရာကလည်း သူ့အဖေနဲ့ စခန်းချအမဲလိုက်ဖူးတဲ့ အမှတ်တရတွေကို ပြောပြနေခဲ့ပါတယ်။နောက်တော့ မမှောင်ခင်မှာပဲ တောစပ်က ကားနားထိ အတူတူလမ်းလျှောက်လာခဲ့ကြပါတယ်။ကားလမ်းဘေးကို ပြန်ရောက်တဲ့အခါမှာ သူစီးလာတဲ့ကားကို ထူးဆန်းစွာ ပျောက်ဆုံးနေတာကိုတွေ့ခဲ့ရပါတယ်။လူသူရှားပါးတဲ့အရပ်ဖြစ်နေတဲ့အတွက် ဂျွန်နဲ့ပဲ လမ်းကြုံလိုက်ခဲ့ဖို့ မာရာ ဆုံးဖြတ်ခဲ့ပါတယ်။ဂျွန့်အိမ်ကနေတစ်ဆင့် မြို့ထဲကိုသွားဖို့ စီစဉ်ထားတဲ့ မာရာဟာ သူ့ကို နွေးထွေးစွာ ကြိုဆိုနေတဲ့ဂျွန်နဲ့လီယာတို့ ဇနီးမောင်နှံရဲ့ ကမ်းလှမ်းမှုကို မငြင်းဆန်နိုင်ဘဲ ဂျွန်တို့အိမ်မှာ ညအိပ်ဖို့ ဖြစ်လာခဲ့ပါတယ်။ညတွင်းချင်းပဲ အပေါ်ယံမျက်နှာဖုံးနောက်ကွယ်က ဂျွန်နဲ့လီယာ တို့ရဲ့ အရုပ်ဆိုးအကျည်းတန်မှုတွေတစ်ရစ်ချင်းပေါ်လာတဲ့အချိန်မှာတော့ မာရာ့အတွက် ငရဲကို လက်တွေ့ကြုံရတဲ့ ညတစ်ညဖြစ်လာပါတော့တယ်။ဘယ်လောက်ပဲ အပေါ်ယံဖော်ရွေတဲ့သူပဲဖြစ်ဖြစ် သူစိမ်းဖြစ်နေခဲ့ရင် အယုံမလွယ်သင့်ဘူးဆိုတာကိုအကောင်းဆုံး ဥပမာပေးနိုင်တဲ့ ရုပ်ရှင်ကားတစ်ကားကို CM ကနေ ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်။ File ...
movie
Rogue River (2011)
7.1
Wild (2014)
(Unicode)2014 ကတည်းကထွက်ခဲ့တဲ့ Wild ဆိုတဲ့ဇာတ်ကားလေးဟာ American Biographical Adventure Drama ဇာတ်ကားအမျိုးအစားဖြစ်ပြီး၂၀၁၂တုန်းက Cheryl Strayed ရေးသားခဲ့တဲ့ Wild: From Lost to Found on the Pacific Crest Trail(PCT) ဆိုတဲ့ကိုယ်တိုင်ဖြစ်ရပ်မှန်ကိုရေးသားထားတဲ့စာအုပ်ကိုအခြေခံရိုက်ကူးထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်ကားထဲမှာ Cheryl နဲ့ Bobbi အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Reese Witherspoon နဲ့ Laura Dern တို့ နှစ်ယောက်လုံးဟာလည်းအော်စကာဆုအတွက် Best Actress နဲ့ Best Supporting Actress အဖြစ်စကာတင်အရွေးခံခဲ့ရပြီး အခြားသောဆုတွေမှာလည်း စကာတင်အရွေးခံရတာတွေရှိခဲ့ပါတယ်။Rating တွေအနေနဲ့လည်း Rotten Tomatos မှာ 89%....IMDb rating 7.1/10 အထိရရှိထားတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ဘဝမှာအချစ်ရဆုံးအတွယ်တာရဆုံး မိခင်ဖြစ်သူသေဆုံးသွားပြီးနောက်ပူဆွေးသောကတွေရောက်ပြီး ကိုယ့်ကိုကိုယ်မထိန်းနိုင်မသိမ်းနိုင်အောင်ပျက်ဆီးသွားပြီကိုယ့်အိမ်ထောင်ရေးကိုပါဖျက်ဆီးမိခဲ့တဲ့ Cheryl Strayed ဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာ....ကိုယ်လမ်းမှားရောက်နေတာကိုသတိထားမိပြီးနောက် ကိုယ့်ကိုကိုယ်ပြန်ထူထောင်ဖို့နဲ့ စိတ်ဓာတ်တွေပြန်စုစည်းဖို့အတွက်ဆိုပြီးအမေရိကန်နိုင်ငံမှာအရှည်လျားဆုံးခရီးကြမ်းရှည် ...
movie
Wild (2014)
2014