Channel Myanmar

Arnie Pantoja

No Time to Spy: A Loud House Movie (2024)
No Time to Spy: A Loud House Movie (2024) IMDb 6.5 / RT 85% ရထားတဲ့ ကာတွန်းကားလေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်ကားနာမည်အတိုင်းပဲ ဒီကားလေးက စပိုင်ကာတွန်းကားလေးပါ။ လင်ကွန်းဆိုတဲ့ကောင်ကလေးက စပိုင်ကာတွန်းတွေကိုကြိုက်တဲ့သူဖြစ်ပြီး စပိုင်တစ်ယောက်ဖြစ်ချင်နေတဲ့ကောင်လေးပါ။ လင်ကွန်းရဲ့အဖိုးက စပိုင်အေးဂျင့်တစ်ဦးဖြစ်တဲ့ မာတယ်လ်ဆိုတဲ့အမျိုးသမီးကြီးနဲ့ ကျွန်းလေးတစ်ခုပေါ်မှာ မင်္ဂလာပွဲသွားလုပ်ဖို့ရှိနေပါတယ်။ ဒီလိုနဲ့ လင်ကွန်းနဲ့ အမျိုးအဆွေ ကလေးတစ်သိုက်လည်း အဖိုးအဖွားနှစ်ယောက်နဲ့အတူ မင်္ဂလာပွဲခရီးစဉ်ကိုလိုက်ပါလာခဲ့ပါတယ်။ ဒါပေမဲ့ ခရီးစဉ်မှာ မထင်မှတ်ထားခဲ့တဲ့အရာတစ်ခုဖြစ်လာပါတယ်။ဒါကတော့ လင်ကွန်းရဲ့ အဖွားတော်စပ်လာတော့မယ့် မာတယ်လ်ရဲ့ ဟိုးအရင်ကရန်သူဟောင်းကြီးတစ်ယောက်ဟာ လက်စားချေဖို့ရာပြန်ရောက်လာခဲ့တာပါ။ ဒီလိုနဲ့ စပိုင်ဖြစ်ချင်တဲ့လင်ကွန်းနဲ့ အဖွားဖြစ်သူမာတယ်လ်တို့ဟာ ဗီလိန်ကြီးကို အားလုံးရဲ့အကူအညီနဲ့ အတူလက်တွဲနှိမ်နင်းဖို့ရာအကြောင်းဖန်လာပါတော့တယ်။ ကာတွန်းကားပေမဲ့ ဇာတ်လမ်းဇာတ်ကွက်တွေက စပိုင်ရုပ်ရှင်တွေထဲကလိုဖြစ်ပြီး စိတ်၀င်စားစရာလည်းကောင်း ရယ်စရာ‌လည်းကောင်းတာကြောင့် ကာတွန်းကားကြည့်ပြီးအပန်းဖြေချင်နေတဲ့သူတွေအတွက်ကတော့ ကွက်တိပါပဲ။ File size…(1.5 GB)/(846 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre... Action, Animation, Adventure, Comedy, Family  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMTT
movie

No Time to Spy: A Loud House Movie (2024)

The Soccer Football Movie (2022)
The Soccer Football Movie (2022) The Soccer Football Movie (2022)လောလောလတ်လတ် ထွက်ရှိထားတဲ့ Netflix ရဲ့ကာတွန်းကားလေးဖြစ်ပါတယ်။ အရင် PSG အသင်းရဲ့ ဘောလုံးသမား မိုဗစ်ချ်ကိုတော့ လူတိုင်းသိကြမှာပါ။ ဇာတ်ကောင်ကိုတော့ မိုဗစ်ချ်လို ဆွဲထားပေမဲ့ အပြင်ကမိုဗစ်ချ် လိုတော့ လူကြမ်းကြီးမဟုတ်ပါဘူးဇာတ်လမ်းက ကလေးကားဆိုတော့ မိုဗစ်ချအစစ်လိုတော့ မဟုတ်ဘူးပေါ့။ ဇလာတန်ဆိုတဲ့ ဘောသမားတစ်ယောက်ဟာ အောစတားဆိုတဲ့ ဖလားကို ပြိုင်ဆိုင်ဖို့အတွက် နောက်ဆုံးပွဲစဉ်ရောက်ခါနီးမှာ ကလေးတစ်သိုက်နဲ့ ဆုံတွေ့ခဲ့ပါတယ်။ နောက်ပြီး သူ့ရဲ့ ဘောစကေးတွေကို လိုချင်နေတဲ့ သိပံ္ပပညာရှင်အရူးတစ်ယောက်က ဇလာတန်ရဲ့ ဘောစကေးတွေကို ခိုးသွားတဲ့အချိန်မှာ စကေးတွေ မရှိတော့တဲ့ ဇလာတန်နဲ့ ကလေးတစ်သိုက်ဟာ ပြိုင်ဘက် အသင်းကို ဘယ်လိုအနိုင်ယူပြီး အောစတားဖလားကို အရယူနိုင်မလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။Genre..... Animation, Comedy, Family Quality…. 1080p | 720p | 480p File size… 1.42GB | 759MB | ...
movie

The Soccer Football Movie (2022)

2022
Sydney White (2007) 6.2
Sydney White (2007) Sydney White (2007)စနှိုးဝှိုက်ဇာတ်လမ်းလေးကို ကျောရိုးယူထားတဲ့ ပေါ့ပေါ့ပါးပါး ကျောင်းသားကားလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။မိတဆိုးကောင်မလေး ဆစ်ဒနီဟာ ဖခင်ဖြစ်သူနဲ့ပဲ ကြီးပြင်းခဲ့ရတော့ ဗိုင်းကောင်းကျောက်ဖိလေးမဖြစ်နေတာတော့ အမှန်ပါပဲ... ပြီးတော့ တက္ကသိုလ်ရောက်လာတဲ့အခါ သူ့ပုံစံကြောင့် အဆက်မပြေဖြစ်ရတာတွေလည်းများလာတာပေါ့...တက္ကသိုလ်မှာက သိတဲ့အတိုင်း ​အဖွဲ့တစ်ခုခုကိုဝင်ပြီး activity တွေလုပ်ဆောင်ရတယ်... အဲဒီအချိန်မှာ သူ့မိခင်ရဲ့ အဆောင်ဟောင်းဖြစ်တဲ့ Kappa အဆောင်ကို ရောက်လာပါတယ်... ပြီးတော့ လူပုလေးခုနှစ်ယောက်လိုပဲ ကောင်ချောလေးခုနှစ်ယောက်က သူ့အနားရောက်လာတဲ့အခါမှာတော့......ဒါက American pie တို့ဘာတို့လို school comedy ပုံစံ ပေါ့ပေါ့ပါးပါး ခေတ်သစ်စနှိုးဝှိုက်ဇာတ်လမ်းလေးပါပဲ... ဟာသလေးတွေ... အလွဲအချော်လေးတွေနဲ့ အမန်ဒါတစ်ယောက် ဘယ်လိုမျိုး ကောလိပ်မှာ အားလုံးရဲ့ အ​လှောင်ခံ ဘဝကနေ မင်းသမီးလေးဘယ်လိုဖြစ်လာမှာလဲ ဆိုတာ....​.. ကျောင်းသားဘဝပျော်စရာတွေ relationship ကိစ္စတွေ... စတာတွေကို လူငယ်ဆန်ဆန်ပေါ့ပေါ့ပါးပါးနဲ့ တစ်ယောက်တည်း အေးအေးလူလူ အပန်းဖြေခံစားကြည့်ရှုလို့ရနိုင်မယ့် Entertaining ဖြစ်မယ့်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်...(ဇာတ်ကားနဲ့အညွှန်းကို Sai Thurein Lynn မှ ပြန်ဆိုရေးသားထားပါတယ်)Size ...
movie

Sydney White (2007)

2007
Resident Evil: Vendetta (2017) 6.4
Resident Evil: Vendetta (2017) Wow… လို့ အရင်ပြောပါရစေ… Resident Evil: The Final Chapter နဲ့ ဂျင်းသိပ်ခံရတာတွေ ဒီ Animation Movie နဲ့ ပြန်ဖြေသိမ့်လိုက်ရတယ်… IMDb 7.1/10 ထိရထားတယ် ဆိုရင် သိလိုက်တော့… ကိုယ်တွေ လွမ်းနေတဲ့ ခရစ် ပါမယ် ရေဗက္ကာ ပါမယ် လီယွန် ပါတယ် ဇတ်လမ်းက နည်းနည်းတော့ Game ဆန်မယ် ကိုယ်တွေက Game အဆော့များလို့လား မပြောတက်ပေမယ့် Game Story နဲ့ နဲနဲသွားဆင်နေတယ် သိပ်မကြာသေးခင်က ထွက်ရှိထားတဲ့  Resident Evil 7: Biohazard (Game) လိုမျိုး ဇတ်လမ်း ကြိုမသိနိုင်တဲ့ပုံစံမျိုး နဲ့ ဇတ်သိမ်းသွားတယ်… အမှန်အတိုင်းပြောရရင် ရမယ်ရှာပြီး ဆွဲဆန့်ထားတဲ့ Resident Evil ဇတ်လမ်းတွေဟာ တစ်ဖြေးဖြေး ချာလာပေမယ့် ခုနောက်ပိုင်း Japan က Game နဲ့ Animation တွေဟာ ဖန်တရာတေနေတဲ့ ...
movie

Resident Evil: Vendetta (2017)

2017