Channel Myanmar

Ari Alexander

The Girl with the Needle (2024) 7.5
The Girl with the Needle (2024)  ဒီတစ်ခါမှာတော့ 97 ကြိမ်မြောက် အော်စကာဆုပေးပွဲရဲ့Best International Feature Film ဆုအတွက် ဆန်ခါတင်စာရင်း ဝင်ထားတဲ့ ရုပ်ရှင်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ချင်ပါတယ်။82ကြိမ်မြောက် Golden Globes Awards ပွဲမှာလည်းဆန်ခါတင်စာရင်းဝင်ခဲ့ပါသေးတယ်။ဒီရုပ်ရှင်ဟာ ၁၉၁၅-၁၉၂၀ခုနှစ်အတွင်း ဒိန်းမက်နိုင်ငံမှာတကယ်ဖြစ်ပျက်ခဲ့တဲ့ ခြောက်ခြားတုန်လှုပ်ဖွယ် မှုခင်းတစ်ခုကို ကျောရိုးယူပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ *****************ကာရိုလင်းဆိုတဲ့အမျိုးသမီးဟာ သာမန်လက်လုပ်လက်စားအထည်ချုပ်စက်ရုံက ဝန်ထမ်းအမျိုးသမီးတစ်ဦးပါ။သူ့ယောက်ျားက စစ်ပွဲကာလမှာ စစ်မှုထမ်းသွားရာကနေစာမလာသတင်းမကြားတာ ၁နှစ်ကျော်ရှိပြီမလို့ တိုက်ပွဲထဲကျသွားပြီသာထင်မှတ်ပြီး ယာဟန်ဆိုတဲ့လူကုံထံတစ်ဦးနဲ့ချစ်ကြိုက်သွားခဲ့ပါတယ်။ဒီလိုနဲ့ ကာရိုလင်းမှာ ယာဟန်နဲ့ရတဲ့ကိုယ်ဝန်ရှိလာခဲ့ပြီးယာဟန်နဲ့အတူလက်ထပ်ကာ ဘဝသစ်တည်ထောင်ဖို့စိတ်ကူးခဲ့ပေမဲ့ ကာရိုလင်းတစ်ယောက် ကံမကောင်းခဲ့ရှာပါဘူး။လူကုံထံအသိုင်းအဝိုင်းက ယာဟန်ဟာ ကာရိုလင်းကိုတာဝန်မယူဘဲစွန့်ပစ်လိုက်တော့ ကာရိုလင်းဟာ သူနဲ့ရတဲ့ကိုယ်ဝန်ကိုဖျက်ချဖို့ကြိုးစားခဲ့ပါတယ်။ ကိုယ်ဝန်ဖျက်ချ‌တာမအောင်မြင်ခဲ့ပေမဲ့ဒါမာဆိုတဲ့အမျိုးသမီးဟာ သူ့ကိုလာကူညီပေးခဲ့ပြီးကလေးမွေးရင် သူ့ကိုလာရှာဖို့မှာသွားခဲ့ပါတယ်။ဒါမာဟာ မိခင်တွေစွန့်ပစ်ချင်တဲ့ကလေးတွေကို အခကြေးငွေယူပြီးမွေးစားမိဘ‌တွေဆီပို့ပေးတယ်လို့ ပြောခဲ့တာကြောင့် ကာရိုလင်းဟာကလေးမီးဖွားပြီးတဲ့အခါ ဒါမာဆီကို ကလေးသွားပေးပါတော့တယ်။အဲဒီကနေစလို့ ဇာတ်လမ်းရဲ့ tempoလည်း တဖြည်းဖြည်းတက်လာပြီးအပေါ်မှာပြောခဲ့တဲ့ တုန်လှုပ်ဖွယ် မှုခင်းဟာလည်း ဖြည်းဖြည်းချင်းရုပ်လုံးပေါ်လာပါတော့တယ်။ ဒါ့အပြင် Black and white color နဲ့တင်ဆက်ထားတာကြောင့် ရုပ်ရှင်ကနေတစ်ဆင့် ပေးချင်တဲ့ ...
movie

The Girl with the Needle (2024)

4K HEVC
Better Times (2024) 6.4
Better Times (2024) Better Times (2023) IMDb - 6.4/10ဒါရိုက်တာ Milad Schwartz Avazရဲ့လက်ရာ ဒိန်းမတ်မိသားစုဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးပါရစေ။အမေဖြစ်သူ ကင်ဆာရောဂါနဲ့ဆုံးပါးသွားခဲ့ပြီးကတည်းက စိတ်အခြေအနေမကောင်းတဲ့ အော်စကာတစ်ယောက် အစ်ကိုဖြစ်သူ ကားလ်ရဲ့မိသားစုနဲ့အတူ လိုက်နေပါတယ်။ တစ်ရက် အဖေဖြစ်သူရဲ့ မုန့်ဆိုင်ကို ဘဏ်ကနေအကြွေးသိမ်းမဲ့အကြောင်း တရားရုံးလာခဲ့ဖို့အကြောင်းကြားစာက ကားလ်ဆီကိုရောက်လာတဲ့အတွက် ကားလ်နဲ့ အော်စကာတို့ သူတို့ညီကိုသုံးယောက်ထဲကတစ်ယောက်ဖြစ်တဲ့ လူးကတ်စ်ကိုပါသွားခေါ်ပြီး သူတို့အဖေရှိတဲ့ မြို့လေးဆီထွက်လာခဲ့ကြပါတယ်။ အမေဖြစ်သူ ဆုံးပါးသွားပြီးကတည်းက အတူတူမရှိခဲ့ကြတဲ့ သားအဖလေးယောက် ပြန်လည်ဆုံတွေ့ကြပုံ၊ တစ်ဦးချင်းစီရဲ့ အခက်အခဲပြဿနာတွေကို ရင်ဆိုင်ကြပုံတွေကို ဆွတ်ပျံ့ကြည်နူးဖွယ် ခံစားကြည့်ရှုကြရမှာပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ aungmo3han ဖြစ်ပါတယ်)Genre..... Comedy, Drama Quality…. 1080p WEB-DL | 720p WEB-DL File size… 1.2GB | 629MB Format… mp4 Duration…. 1h 45min Subtitle…. Myanmar Subtitle (Hardsub) Translator ..... aungmo3han Encoder ..... Aaron
movie

Better Times (2024)

April 9th(2015) 6.6
April 9th(2015)  Genre - War, Action, Drama IMDB - 6.6/10ဧပြီလ ၉ ရက်နေ့တဲ့ ဒီနေ့ရက်ကို ဒိန်းမတ်လူမျိုးတွေ သူတို့ တစ်သက်တာ ဘယ်တော့မှ မေ့နိုင်ကြမယ်လို့ မထင်တော့ဘူး။ ဘာလို့လဲဆိုတော့ ၁၉၄၀ ခုနှစ် ဧပြီလ ၉ ရက်နေ့မှာ ဥရောပမှာ အင်အားကြီးထွားနေတဲ့ ဖက်ဆစ်ဂျာမန်တပ်တွေက ဒိန်းမတ်နိုင်ငံကို စတင်ကျူးကျော်ခဲ့လို့ ဖြစ်ပါတယ်။ဂျာ့လန်ကျွန်းစွယ်ရဲ့တောင်ဖက်တွေမှာ တိုက်ပွဲတွေ ကြီးကြီးမားမား ဖြစ်ခဲ့ကြတာပေါ့။ ဒီလိုအင်အားကြီးနေတဲ့ ဂျာမန်စစ်တပ်ကြီးကို ယှဉ်တိုက်ရမှာက အဖက်ဖက်က မယှဉ်နိုင်တဲ့ ဒိန်းမတ်စစ်တပ်လေးပေါ့။ တင့်ကားတွေ သံချပ်ကာယာဉ်တွေ မော်တာတွေ ရှိတဲ့ ဂျာမန်နဲ့ ရင်ဆိုင်ရာမှာ ဒိန်းမတ်ဖက်တော့ အမြင့်ဆုံးဆိုလို့ စက်သေနတ်သာ ရှိပါတယ်။ပြီးတော့ တင့်ကားတွေ ယာဉ်တွေမပြောပါနဲ့ ပထမဆုံး စစ်မျက်နှာပြင်ကို ခံစစ်ဖွင့်ရတဲ့တပ်စုတွေကိုကြည့် မော်တော်ဆိုင်ကယ်တပ်စုတဲ့ မင်းသားတို့ဆို ပိုဆိုး နယ်စပ်က အိမ်စောင့်စက်ဘီးတပ်စုလေးဗျာ အဲဒါလေးနဲ့ ဟိုဖက်က ဧရာမဘီလူးတွေကို ...
movie

April 9th(2015)

Toscana (2022) 5.7
Toscana (2022) Toscana (2022) ============= IMDb Rating - 5.7/10Drama/ Romance ဇာတ်ကားကောင်းကြိုက်သူများအတွက် ဇာတ်ကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ သီအိုဒါလ် ဟာ စာဖိုမှူးအလုပ်ကိုပဲ အာရုံစိုက်ထားတဲ့ ဒိန်းမတ်က စာဖိုးမှူးတစ်ယောက်ပါ။ ဒေါသလည်းကြီးသလို သူ့အလုပ်ကလွဲရင် ကျန်တာတွေလည်းဂရုစိုက်ပါဘူး။ သူ့ရဲ့ စားသောက်ဆိုင်ဟာ ငွေရေး ကြေးရေး အခက်အခဲတွေ ရင်ဆိုင်ရပြီး ရင်းနှီးမြှုပ်နှံမယ့်သူကို လိုအပ် လာပါတော့တယ်။စိတ်ဝင်စားသူက လာရောက်ခဲ့သော်လည်း  သူ့ရဲ့ဒေါသကြောင့် ရင်းနှီး မြှုပ်နှံမယ့်သူနဲ့ အဆင်မပြေဖြစ်သွားပါတယ်။  ဒီလိုနဲ့ပဲ အခက်အခဲဖြစ် နေတုန်း သူ့ဆီကို စာစောင်ရောက်လာပါတော့တယ်။ အဆိုပါစာအရ ဟိုးအရင်ကတည်းက ကွဲကွာနေခဲ့တဲ့ အဖေဖြစ်သူ သေဆုံးသွားလို့ အမွေများကို ဆက်ခံဖို့ဖြစ်လာပါတော့တယ်။ သီအိုရဲ့ အဖေဟာ အီတလီ နိုင်ငံ တက်စကာနီဒေသမှာ ရဲတိုက်ကြီးတစ်လုံးနဲ့ ခြံတွေ ထားခဲ့တာပါ။ ပိုက်ဆံလိုနေတဲ့ သီအိုလည်း အဆိုပါ ရဲတိုက်နဲ့ ခြံကို ရောင်းဖို့ အီတလီနိုင်ငံကို ရောက်လာပါတော့တယ်။ ထိုနေရာကိုရောက်လာသည့်အခါ သီအို့အတွက် ဘဝအတွေးအခေါ်၊ အချစ်နဲ့ ပတ်သတ်တဲ့ ခံယူချက်တွေ ပြောင်းလဲဖို့ ဖြစ်လာပါတော့တယ်။ ဇာတ်လမ်း ကောင်းကောင်းကို ကြည့်ရင်း အီတလီနိုင်ငံ တက်စကာနီဒေသရဲ့ အလှအတွေကို ခံစားရမှာဖြစ်လို့ ပရိသတ်တွေအနေနဲ့ လက်လွတ်မခံသင့်တဲ့ ...
movie

Toscana (2022)

2022