Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ardal O'Hanlon
6.4
My Freaky Family (2024)
Musical Animation လေးတွေကို သဘောကျနှစ်သက်သူတွေအတွက် အသစ်ထွက်ရှိလာတဲ့ Animation လေးကိုတင်ဆက်ပေးလိုက်ပါတယ်။နာမည်ကတော့ My Freaky Family ဖြစ်ပြီး လက်ရှိIMDb Rating 6.5 အထိရရှိထားပါတယ်။ဒီဇာတ်ကားလေးရဲ့အဓိကသင်ခန်းစာလေးကတော့ဘယ်လောက်ပဲမတူညီကွဲပြားမှုတွေသာရှိနေပါစေ အချစ်နဲ့သာဆိုရင် ဘယ်အရာကိုမဆိုအောင်မြင်အောင်ကျော်လွှားပြီးပေါင်းစည်းပေးနိုင်တယ်ဆိုတာကို မှော်ဆန်တဲ့ဇာတ်လမ်းလှလှလေးနဲ့ ရိုက်ကူးပုံဖော်ထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းအစမှာတော့ နာလင်နဲ့ အနက်စကာဆိုတဲ့ချစ်သူနှစ်ယောက် နောက်ကလိုက်ဖမ်းတဲ့မကောင်းဆိုးဝါးပင့်ကူကြီးလက်က ထွက်ပြေးလာတာကိုမြင်ရမှာဖြစ်ပြီး လမ်းမှာ သူတို့မွေးလာမဲ့ကလေးနာမည်ပေးဖို့ တိုင်ပင်နေခဲ့ကြပါတော့တယ်။ဒီလိုနဲ့အဲ့ဒီလမ်းမှာတင် သူတို့မွေးလာမဲ့ကလေးကို ဘက်တီဆိုပြီးနာမည်ပေးဖြစ်ခဲ့ပြီး သူတို့လည်း အန္တရာယ်များတဲ့နေရာကနေ လူနေမြို့လေးတစ်ခုမှာပြောင်းရွှေ့ပြီး ပုန်းခိုနေထိုင်ခဲ့ကြပါတော့တယ်။တကယ်တမ်းတော့ သူတို့တွေက မှော်ဝင်မျိုးရိုးတွေဖြစ်ပြီး သူတို့ကိုရှာတွေ့သွားမှာစိုးတဲ့အတွက်မှော်ပညာကိုချင့်ချိန်သတိထားသုံးနေရတာပဲဖြစ်ပါတယ်။ဘက်တီကလည်း မြို့မှာပဲ ကျောင်းတက်ရပြီး သူငယ်ချင်းတွေရှိနေပေမဲ့ သူ့မိသားစုရဲ့ မှော်ပညာကိုတော့ဆက်ခံပြီး အသုံးပြုချင်တဲ့ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။သူ့မှာ သူ့မိဘရဲ့မှော်အစွမ်းတွေနဲ့ဖန်တီးထားတဲ့ ညီအစ်ကိုမောင်နှမတွေရှိပြီးသူတို့ကိုမြင်လေလေ ဘက်တီတစ်ယောက်မှော်အစွမ်းတွေပိုသုံးချင်လာလေလေပါပဲ။အဲ့ဒါကြောင့်ပဲ ဘက်တီ့အမေကသူ့ကိုမဖြစ်မနေ ဟိုးအတိတ်ကအမှန်တရားတွေအကြောင်းပြောပြခဲ့ရပြီး ဇာတ်လမ်းလေးကလည်း ပိုစိတ်ဝင်စားစရာကောင်းလာတဲ့အတွက် မ Spoil တော့ဘဲ ကိုယ်တိုင်ပဲကြည့်ရှုခံစားဖို့ ညွှန်းပေးလိုက်ချင်တဲ့ Animation ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ File size… (1.44 GB) / (793 ...
movie
My Freaky Family (2024)