Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Archie Kao
5.1
The Hills Have Eyes 2 (2007)
အမေရိကန် ပြည်နယ်စောင့်တပ်ရဲ့ လူသစ်တပ်ခွဲတစ်ခုဟာ နယူးမက္ကဆီကိုပြည်နယ် ယူမာ မြေပြန့်ဒေသထဲမှာ တည်ရှိတဲ့အမေရိကန်ကြည်းတပ်ပိုင် နယ်မြေတစ်ခုက သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့ကို ကူညီဖို့အတွက် သွားရောက်ခဲ့ကြပါတယ်။ဒါပေမဲ့ သူတို့တွေဟာ စခန်းကို ရောက်ခဲ့တဲ့အချိန်မှာတော့ လူသူအကုန် ပျောက်ဆုံးနေခဲ့တဲ့အပြင် တောင်ပေါ်က ကျန်ရစ်သူတစ်ဦးကိုပါ ကယ်ဆယ်ရေးလုပ်ဖို့ဖြစ်လာပါတော့တယ်။ဒီလိုနဲ့ပဲ ဒီနေရာမှာ နေထိုင်နေကြတဲ့ မျိုးပြောင်း လူသားစားသူတွေက သူတို့ကို ချောင်းမြောင်းတိုက်ခိုက်လာခဲ့တဲ့အခါမှာတော့ကယ်ဆယ်ရေးကနေ အသက်အတွက် ရုန်းကန်ရေးဖြစ်လာပါတော့တယ်။ပါးနပ်လွန်းလှပြီး သူတို့ကို အလွယ်လေးရှင်းထုတ်ပစ်နေတဲ့ ဒီလူတွေဆီကနေ ဒီစစ်သားတွေ လွတ်မြောက်နိုင်ကြမှာလား။အဆုံးမှာ လူသားစားသူတွေကပဲ အနိုင်ရသွားခဲ့မလားဆိုတာကို ကြည့်ရှုခံစားပေးကြပါဦးခင်ဗျ။(သွေးထွက်သံယို သတ်ဖြတ်ခန်းများ၊ မုဒိန်းပြုကျင့်ခန်းနှင့် ကြမ်းတမ်းသော ဇာတ်ဝင်ခန်းများ ပျို့အန်စရာ ပြကွက်များပါဝင်သည့် ဇာတ်ကားဖြစ်သောကြောင့် အသက်မပြည့်သူများ ကြည့်ရှုရန်မသင့်တော်ပါ။) File Size : 1.5 GB, 752 MB Quality : WEB-DL 1080p / 720p Running Time : 1hr 29min Format : ...
movie
The Hills Have Eyes 2 (2007)
6.1
Snow Flower and the Secret Fan(2011)
Snow Flower and the Secret Fan(2011)****************************************(unicode)၁၉ရာစုခေတ်လောက်က တရုတ်ပြည်မှာ ချစ်စရာကောင်းတဲ့အလေ့အထလေးနဲ့ ဆန်းကြယ်တဲ့ အလေ့အထ(၂)ခုရှိတယ်... လောင်တုံးလုပ်တယ်ဆိုတဲ့အလေ့အထတစ်ခုဟာ ရွယ်တူမိန်းကလေး၂ယောက်ကိုညီမအရင်းသဖွယ်နီးစပ်စေတာပါ လောင်တုံးလုပ်လိုက်ရင် နှစ်ပေါင်းများစွာတိုင်ညီအစ်မတွေဖြစ်သွားတယ်ဆိုတဲ့အယူအဆတေစ်ခုဖြစ်ပါတယ်...ညီအစ်မအရင်းသဖွယ်ဖြစ်တဲ့ဒီအလေ့ထဟာ တကယ့်ကို နှစ်လိုဖွယ်ရာပါပဲ... နောက်အလေ့အထတစ်ခုကတော့ ခြေထောက်သေးသေးလေးဖြစ်နေမှလှတာဆိုတဲ့အယူပါပဲ... ခုခေတ်ထိကိုတရုတ်အဖွားကြီးတစ်ချို့ဟာ အဲ့ဒီအယူအဆကိုကိုယုံကြည်နေတုန်းပါပဲ... ခြေထောက်သေးမှလှပြီး အိမ်ထောင်ဘက်ကောင်းတွေ့မယ်လို့ယုံကြည်လို့ ကလေးမလေးနုနုနယ်နယ်လေးတွေရဲ့ခြေထောက်ကိုကြပ်စည်းကြသတဲ့... ဒီဘက်ခေတ်အမြင်နဲ့ကြည့်ရင်တော့ တော်တော်ကိုးလို့ကန့်လန့်နိုင်ပါတယ်.. ဒီဇာတ်လမ်းလေးထဲက နှင်းပန်းလေးနဲ့ လီလီလေးတို့ဟာ အဲ့ဓလေ့နှစ်ခုနဲ့ဆုံစည်းခဲ့ကြတဲ့ သိပ်ချစ်ကြတဲ့သူငယ်ချင်းတွေပေါ့...ဒီကားထဲမှာ ဘဝကြီးကဘယ်လောက်ဆန်းကြယ်တယ် အလှည့်အပြောင်းအချိုးအကွေ့တွေဘယ်လောက်တောင်ပေါများတယ်ဆိုတာရယ် ချစ်ခြင်းမေတ္တာတရားရဲ့ခိုင်မာပုံတွေရယ်ကို ၁၉ရာစုခေတ် ၂၁ရာစုခေတ် ခေတ်နှစ်ခေတ်နဲ့ကိုကြည့်ရမှာပါ ရှေးခေတ်နဲ့ဒီခေတ်ကြားထဲမှာ ချစ်ခြင်းမေတ္တာတွေကူးယှက်နေဆဲ ချစ်သူရည်းစားချစ်ခြင်းတွေထပ်ခိုင်မြဲနေတဲ့ မိန်းကလေးနှစ်ယောက်ကြားကချစ်ခြင်းကိုတွေ့ရမှာပါ...ဗဟုသုတတွေလည်းရသလို ဇာတ်လမ်းကလည်းဆွဲဆောင်မှုရှိပါတယ်...တရုတ်ကားဆိုပေမယ့် My love from the star ကားနဲ့နာမည်မတရားကြီးခဲ့တဲ့ ကိုရီးယားမင်းသမီး ဂျန်ဂျီဟွန်း ပါပါတယ် ..... ပြီးတော့ တရုတ်မင်းသမီးထဲမှာ လူတိုင်းသိတဲ့ ဘင်းဘင်းပါပါတယ် ဝါရင့်သဘာရင့်၂ယောက်ရဲ့ပေါင်းစည်းမှုပါ..ခံစားကြည့်ကြပါဦး.... အညွှန်းနဲ့ဘာသာပြန်ပေးသူကတော့Thinzar Htet ပဲဖြစ်ပါတယ်File Size : (900 MB)Quality : Blu-Ray 720p Format…mp4 Duration…02:00:00 Genre : History, Drama, Subtitle : Myanmar Subtitle (Hard Sub) Translated by Thinzar Htet Encoded by Phyo Pyae
movie
Snow Flower and the Secret Fan(2011)
2011
5.3
Legend of the Ancient Sword (2018)
မှော်ပညာတွေထွန်းကားခဲ့တဲ့ ဟိုးလွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာတုန်းက လူသားတွေနဲ့ နတ်ဆိုးတွေက အတူယှဉ်တွဲ နေထိုင်ခဲ့ကြတယ်။ဒါပေမယ့် ကပ်ဘေးကြီးတစ်ခုဖြစ်ပြီးနောက်ပိုင်းမှာ မှော်ပညာတွေလဲတိမ်ကောလာခဲ့တယ်ယန်ဂျာလို့ခေါ်တဲ့ မှော်ပညာတစ်ခုသာ သိကြတော့တဲ့ခေတ်ဖြစ်သွားတယ်။ယန်ဂျာဆိုတာ စက္ကောမပညာလိုမျိုးပေါ့။စက်ပစ္စည်းတွေကို အသက်သွင်းနိုင်တဲ့ပညာပေါ့။အဲ့ပညာရပ်မှာ အတော်ဆုံးဖြစ်သူကတော့ ရွှီရီ လို့ခေါ်တဲ့ဆရာကြီးပေါ့။တစ်နေ့မှာ အဲ့ဆရာကြီးကပျောက်ချင်းမလှပျောက်သွားခဲ့တယ်။ ဘယ်သူကမှ ဘာကြောင့်ပျောက်သွားတယ်။ဘယ်ကိုရောက်သွားလဲဆိုတာမသိကြဘူး။အဲ့ဒါနဲ့ သူ့တပည့်ဖြစ်သူက သူ့ဆရာရဲ့သတင်းကိုလိုက်စုံစမ်းရင်း လေလံပွဲတစ်ခုမှာ ဆရာဖြစ်သူရဲ့လက်စွပ်ကိုလေလံဆွဲမယ်ဆိုတာကြားလိုက်ရတယ်။သူ့လိုပဲ ရွှီရီဆရာကြီးကို လိုက်ရှာနေတဲ့သူနှစ်ယောက်ရှိပါသေးတယ်။တော်ဝင်မင်းသားတစ်ပါးရယ် ကောင်မလေးတစ်ယောက်ရယ်ပါ။ သူတို့သုံးယောက်ဘယ်လိုများဆုံတွေ့ကြမလဲ။ဆရာကြီးကိုရောဘယ်လိုရှာတွေ့မှာလဲ။ဆရာကြီးပျောက်ဆုံးသွားရတဲ့အကြောင်းရင်းကရောဘာများလဲ။ဇာတ်ကားနာမည်မှာပါတဲ့ရှေးဟောင်းဓါး(Ancient Sword)ဆိုတာကရော ဘယ်ပုံဘယ်နည်းပါဝင်ပက်သက်နေတာလဲဆိုတော့ ဇာတ်လမ်းအရသာပေါ့သွားမှာစိုးတဲ့အတွက် ဇာတ်ကားကြည့်ရင်းပဲ သိလိုက်ရအောင်လားဗျာ။တရုတ်ကားတွေရဲ့ထုံးစံအတိုင်း CGI အလန်းဇယားနဲ့မှော်တွေရော သိုင်းတွေရော စက်ရုပ်တွေရောဆိုတော့ ထူးထူးဆန်းဆန်းနဲ့ ပေါ့ပေါ့ပါးပါးကြည့်လို့ကောင်းတဲ့ကားလေးဖြစ်ပါတယ်လို့ ညွှန်းပါရစေဗျာ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုဟိန်းမင်းထွန်း ပါ) File Size : (850 MB) and (380 MB) Quality : WEB-DL 720p Running Time : 1h 45min Format : Mp4 Genre : Action , Fantasy Subtitle ...
movie
Legend of the Ancient Sword (2018)
2018