Channel Myanmar

Archana Puran Singh

Raja Hindustani (1996) 6.1
Raja Hindustani (1996) Raja Hindustani 1996 ကြမ္မာချစ်သူ Imdb 6.1/10ဒီကားကတော့ ၁၉၉၆ ခုနှစ်က ထွက်ရှိခဲ့ပြီး ဒါရိုက်တာဒါမက်ရှ်ဒါရှန်ရဲ့အချစ်နဲ့ ဒရာမာကို ပေါင်းစပ်တင်ဆက်ထားတဲ့ လက်ရာမြောက် ဇာတ်ကားတစ်ကားပါ အိန္ဒိယရုပ်ရှင်သမိုင်းမှာလည်းအောင်မြင်မှုအများကြီးရခဲ့တဲ့ ရုံတင်ဇာတ်ကားတစ်ကားဆိုလည်း မမှားပါဘူး ဒီဇာတ်ကားမှာ အဓိက သရုပ်ဆောင်တွေကတော့ ဘောလိဝုဒ်ရဲ့ နာမည်ကြီး မင်းသား အာမီရ် ခန်းနဲ့ မင်းသမီးကာရစ္စမာကာပူးရ်တို့က အချိတ်အဆက်မိမိသရုပ်ဆောင်ပေးထားပြီးနဲ့ အစွမ်းကုန်ချောမောပေးထားကြပါသေးတယ်ဇာတ်လမ်းရဲ့ အစကတော့ အိန္ဒိယနိုင်ငံ၊ ကိုယင်ဘာတိုနားက တောင်ကုန်းမြို့လေးတစ်ခုမှာ တက္ကစီဒရိုင်ဘာအဖြစ် အသက်မွေးဝမ်းကျောင်းပြုနေတဲ့ ရာဂျာဆိုတဲ့ လူငယ်တစ်ယောက်နဲ့ စတင်ပါတယ် ရာဂျာက အရမ်းရိုးသားဖြောင့်မတ်ပြီးဘဝကို ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး ဖြတ်သန်းတတ်သူပါ သူ့ရဲ့ အပေါင်းအသင်းတွေနဲ့လည်း ပျော်ပျော်နေတတ်တဲ့ ဒေသခံလူငယ်လေးတစ်ဦးပေါ့ မိဘတွေက ငယ်စဉ်ကတည်းကဆုံးပါးသွားကြလို့ တွေ့ရာလူနဲ့ အဆင်ပြေပြေပေါင်းပြီး ဘဝကိုဖြတ်သန်းခဲ့ပါတယ်တစ်ဖက်မှာတော့ မွန်ဘိုင်းမြို့က ချမ်းသာကြွယ်ဝပြီး ခေတ်မီတဲ့ မိသားစုက ဆင်းသက်လာသူ အာရ်တီဆိုတဲ့ အလှပဂေးလေးတစ်ဦးရှိပါတယ်အာရ်တီက အမေမရှိတော့တဲ့ကလေးတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ ဖခင်ဖြစ်သူနဲ့ မိထွေးရဲ့ ပြုစုစောင့်ရှောက်မှုအောက်မှာ ကြီးပြင်းလာခဲ့တာပါ နွေရာသီအားလပ်ရက်အဖြစ် ကိုယင်ဘာတိုနားက ...
movie

Raja Hindustani (1996)

Nadaaniyan (aka) Naadaniyaan (2025) 5.0
Nadaaniyan (aka) Naadaniyaan (2025) Nadaaniyan (aka) Naadaniyaan (2025) "ရိုးသားမှုများ၏နောက်..." IMDb - 5/10နာမည်ကျော် အိန္ဒိယရုပ်ရှင်မင်းသားကြီး ဆေ့ဖ်အလီခန်းရဲ့ သားတော်မောင် ပထမဦးဆုံးပွဲထွက်လာတဲ့ရုပ်ရှင်ကိုတင်ဆက်ပေးလိုက်ပါတယ်။ဆေ့ဖ်အလီခန်းကိုယ်ပွားလေးလို့ ပြောရလောက်အောင် ဆေ့ဖ်အလီခန်းကို ချွတ်ပြီးစွပ်ထားသလားထင်ရတဲ့အီဘရာဟင်မ်အလီခန်း။ပီယာဆိုတဲ့ ကျောင်းသူလေးက အသိုင်းကြီးအဝိုင်းကြီးကပေါက်ဖွားလာတဲ့ ကောင်မလေးတစ်ယောက်ပေါ့။အချစ်ရဆုံးသူငယ်ချင်းနှစ်ယောက်နဲ့အတူ ဘ၀ကိုပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေပေမဲ့ ချစ်ရတဲ့သူငယ်ချင်းတွေက အထင်လွဲမှုတစ်ခုဖြစ်လာတဲ့အခါ ပီယာ့ခေါင်းထဲပေါ်လာတာက တကယ်မရှိဘဲ ရည်းစားရှိတယ်ဆိုပြီး ပြောမိလိုက်ပါလေရော။ဒီမှာပဲ သူငယ်ချင်းတွေယုံကြည်မှု ချစ်ခင်မှုပြန်ရဖို့ သူ့စိတ်ကြိုက်ရည်းစားတစ်ယောက်ကိုအသည်းအသန်ရှာရတဲ့အခါ....။ဆိုတော့ ဒီအချစ်ဟာသလူငယ်ရုပ်ရှင်လေးကို စီအမ်အက်ပ်လေးနဲ့ချေးလ်လိုက်ကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်) File size…2.3 GB / 1.1 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….1h 59min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Nadaaniyan (aka) Naadaniyaan (2025)

De Dana Dan (2009) 5.9
De Dana Dan (2009) De Dana Dan (2009) (ဘယ်တစ်ယောက် ညာတစ်ယောက်)ဒီတစ်ခါမှာတော့ ဟောင်းပေမဲ့ကောင်းနေဆဲ ဇာတ်ကားတစ်ခု တင်ဆက်ပေးပါရစေဗျ။De Dana Dan ဆိုတဲ့ ၂၀၀၉ ခုနှစ်ထွက် အိန္ဒိယ-ဟင်ဒီစကားပြော ဟာသအချစ်ဇာတ်ကားဟာ ဆုပေါင်း ၉ ခုတောင် လျာထားစာရင်းဝင်ခဲ့တဲ့အပြင် Box Office မှာလည်း အထူးအောင်မြင်ခဲ့တာပဲဖြစ်ပါတယ်။ အောင်မြင်တာလည်း မပြောနဲ့လေ။ ဆုပေါင်းမရေမတွက်နိုင်လောက်အောင်ရရှိထားတဲ့ နာမည်ကျော်မင်းသားကြီး အရှေးကူးမားကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားတာကိုးဗျ။ IMDb rating ကလည်း 5.9 ရရှိထားပါသေးတယ်။ဇာတ်လမ်းအကျဉ်းကတော့ နီတင်ဘန်ကာလို့ခေါ်တဲ့ ကောင်လေးဟာ လက်အောက်ငယ်သားများအပေါ်အင်မတန်နှမြောတွန့်တိုတတ်တဲ့ သန်းကြွယ်သူဌေးမကြီးကူဂျိကာအတွက် ကားမောင်းပေးရတဲ့ မျက်နှာမွဲလူဆင်းရဲဒရိုင်ဘာလေးတစ်ယောက်ပေါ့ဗျာ။ဒါပေမဲ့ သူ့မှာ သူ့ကိုအင်မတန်ချစ်ပေးတဲ့ နီတင်ဆိုတဲ့ ချစ်သူလေးတစ်ယောက်ရှိသတဲ့။ သူ့ချစ်သူလေးတို့မိသားစုဟာ အရင်က မိဘချင်းခင်မင်ရင်းနှီးကြပေမဲ့ ထီဆုကြီးပေါက်သွားတဲ့နောက်မှာတော့ သူ့အဖေကြီးက ဘဝမေ့ပြီး ဆင်းရဲသားနင်းပြားနီတင်နဲ့ သဘောမတူဘဲ သူ့သမီးကို ချမ်းသာတဲ့သူနဲ့ပဲလက်ထပ်ပေးချင်နေပါတယ်။နီတင်ဘန်ကာရဲ့အချစ်ဆုံးသူငယ်ချင်း ရမ်မီရှာရာဆိုတဲ့ကောင်လေးဟာလည်း အကြွေးတွေနစ်နေပြီး အမေနဲ့ညီမအတွက်ဘဝကိုရုန်းကန်နေရတဲ့သူပဲဖြစ်ပါတယ်။ သူ့ရဲ့ချစ်သူလေးဟာလည်း စင်္ကာပူမှာအချမ်းသာဆုံးမိသားစုတွေကနေ ဆင်းသက်လာသူလေးပါ။ သူ့ရဲ့ဇာတာခွင်က ထူးခြားတာကြောင့် သူနဲ့ဇာတာတူသူ အမျိုးသားကိုပဲ လက်ထပ်ခွင့်ရမယ့်သူဖြစ်ပါတယ်။ဒီလိုနဲ့ နီတင်နဲ့သဘောမတူတဲ့ သူဌေးလက်သစ်ရယ် ချမ်းသာသလောက် ဇာတာခွင်ကိုယုံကြည်တဲ့စင်္ကာပူသူဌေးကြီးရယ်တို့ဟာ သူတို့စိတ်ကြိုက်သတို့သားလောင်းတစ်ယောက်ကိုတွေ့ပြီး လက်ထပ်ပေးဖို့စီစဉ်ပါတော့တယ်။ဖြစ်ချင်တော့ အဲဒီသတို့သားက တစ်ဦးတည်းဖြစ်နေသလို သူတို့ထင်သလို သူဌေးသားစင်းလုံးချောလေးဖြစ်မနေဘဲ လူလိမ်လူညာမိသားစုသာ ဖြစ်နေတဲ့အခါမှာတော့...Nomination ၆ ခု ...
movie

De Dana Dan (2009)

Virgin Bhanupriya (2020) 5.5
Virgin Bhanupriya (2020) Virgin Bhanupriya (2020)*************************ဘာနူးပရီယာဆိုတဲ့မိန်းကလေးဟာ အပျိုတစ်ယောက်ဖြစ်ပြီး သူဟာအပျိုစင် ဘဝကိုဆုံးရှုံးချင်စိတ် စမ်းသပ်ချင်စိတ်ဖြစ်နေတယ်....သူ့သူငယ်ချင်းတစ်ယောက်ကလည်း ဒီဖြစ်စဉ်ကြီး အောင်မြင်စေဖို့ နင်းကန်ကူညီပါတယ်...သို့ပါသော်လည်း ပိုးသာကုန်မောင်ပုံစောင်းမတတ်ဆိုသလို လွဲပြီးရင်လွဲနေလေရဲ့...တစ်နေ့မှာအူကြောင်ကြောင်ကောင်လေးတစ်ယောက်ကိုစာကြည့်တိုက်မှာချိန်းတွေ့ဖို့လုပ်ရာကနေ ပြဿနာမျိုးစုံတက်ပါတော့တယ်...ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်ကြပါဉီး... ဘာသာပြန်သူကတော့ Thaik San ပဲဖစ်ပါတယ်။ File Size : 2.24GB/ 990MB Quality : WEB-DL 1080p/ WEB-DL 720p Format…mp4 Duration…01:51:00 Genre : Comedy , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Thaik San Encoded by Tiff
movie

Virgin Bhanupriya (2020)

Vicky Vidya Ka Woh Wala Video (2024) 5.8
Vicky Vidya Ka Woh Wala Video (2024) Vicky Vidya Ka Woh Wala Video (2024) "ဗစ်ကီ-ဗစ်တရာနဲ့ အမှု‌ပွေတဲ့ဗီဒီယိုစီဒီ)"တဝါးဝါးတဟားဟားနဲ့ အချစ်ဟာသကားကိုမှ ကြည့်ချင်တဲ့ ပရိသတ်ကြီးအတွက် IMDb 5.9/10 rating ရထားတဲ့ ဟင်ဒီဇာတ်လမ်းကောင်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။‌ဗစ်ကီဟာ ပျော်ပျော်ပါးပါးလွတ်လွတ်လပ်လပ်နေတတ်တဲ့ ဒန်းဆိုးဆရာလေးတစ်ယောက်ပါ။ သူ့ချစ်သူကတော့ ဆရာ၀န်မလေး ဗစ်တရာပေါ့။ တစ်နေ့ ဗစ်ကီခရီးသွားရာက ပြန်ရောက်တဲ့အခါ ဗစ်တရာရဲ့ စေ့စပ်ပွဲသတင်းကို ကြားရပါတော့တယ်။ဒါပေမဲ့ ဗစ်ကီတစ်ယောက် အသည်းကွဲပြီး မှိုင်နေမယ်တော့ မထင်ပါနဲ့။ စေ့စပ်ပွဲမှာ စားစရာတွေ တစ်ပွဲပြီးတစ်ပွဲ တွယ်နေတာပါ။ စေ့စပ်ပွဲရဲ့အရေးကြီးတဲ့အချိန်ကို ရောက်လာတဲ့အခါကျမှ ဗစ်ကီတစ်ယောက် ဗရုတ်ကျပြီး ပညာသားပါပါ နှောင့်ယှက်ပါတော့တယ်။ဒီလိုနဲ့ အဲဒီစေ့စပ်ပွဲပျက်သွားပြီး ‌အဆင့်အတန်းချင်းမတူတဲ့ ဗစ်ကီနဲ့ဗစ်တရာတို့နှစ်ဦး ပေါင်းဖက်ရဖို့ အကြောင်းဖန်လာပါတယ်။ ဒါပေမဲ့ သူတို့ဇာတ်လမ်းက ဒီမှာပြီးမသွားပါဘူး။ သူတို့လက်ထပ်ပြီးနောက်မှာတော့ သူတို့ရဲ့ လျှို့ဝှက်ဗီဒီယိုစီဒီ အခိုးခံလိုက်ရပါ‌တယ်။ ဇာတ်လမ်းက အဲဒီမှာစတာပါ။‌အဲဒီ‌နောက်မှာ သူတို့နှစ်ဦးသား အဲဒီလျှို့ဝှက်ဗီဒီယိုစီဒီကို ဘယ်လိုပြန်ရှာယူကြမလဲ၊ အိမ်ထောင်ရေးခရီးလမ်းမှာ ဘယ်လိုပြဿနာတွေကြုံရမလဲဆို ဟာသလေးတွေနှောပြီး ပေါ့ပေါ့ပါးပါးနဲ့ စိတ်၀င်စားစရာ ကြည့်ရမှာ စိတ်အပန်းပြေစေမဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။(ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM ...
movie

Vicky Vidya Ka Woh Wala Video (2024)

Kuch Kuch Hota Hai (1998)
Kuch Kuch Hota Hai (1998) IMDb Rating (7.6) / Rotten Tomatoes (92%)မင်းသားကြီး ရှာရွတ်ခန်းနဲ့ မင်းသမီး ကာဂျိုးတို့ရဲ့နာမည်ကြီးဇာတ်ကားပါပဲ…မင်းသမီး Rani Mukerji နဲ့ မင်းသား ဆယ်မန်ခန်းတို့လဲ ပါဝင်ထားပါသေးတယ်….ဇာတ်လမ်းကတော့…မိတဆိုးသမီးလေးတစ်ယောက် ဖခင်အပေါ်ကိုပဲအားလုံးမှီခိုနေရပြီး မိခင်ဆိုတာ ဓာတ်ပုံအချို့ပဲမြင်ဖူးခဲ့တာပါ.. တိုက်တိုက်ဆိုင်ဆိုင်ကျောင်းကျပန်းစကားပြောပြိုင်မွဲမှာသမီးလေးကျတဲ့ခေါင်းစဉ်က “အမေ” တဲ့ ခေါင်းစဉ်လေးကိုကိုင်ရင်း လက်တွေတဆတ်ဆတ်တုန် မျက်လုံးနဲ့ပြောနေတဲ့စကားက အမေအကြောင်းသမီးမသိပါဘူးလို့ အဓိပ္ပါယ်ဖော်နေသယောင်ပုံဖော်နေတယ်ကံကောင်းတာတစ်ခုက ၈နှစ်ပြည့်မွေးနေ့မှာ အမေထားခဲ့တဲ့စာလေးဖတ်လိုက်ရတယ် စာထဲမှာရေးထားတာက ” အန်ဂျလီဆိုတာ တကယ်တော့သမီးရဲ့နာမည်အရင်းဖြစ်သလို သမီးအဖေသိပ်ချစ် ရတဲ့ကောင်မလေးရဲ့နာမည်လည်းဖြစ်တယ်တဲ့”စာလေးထဲမှာ အတိတ်ကအကြောင်းတွေအများကြီးရေးထားတယ် ကျောင်းတက်စဉ်ငယ်ဘဝတုန်းက ကောင်လေးတစ်ယောက်မှာအရမ်းခင်ရတဲ့ ယောကျ်ားလေးဆန်ဆန်ကောင်မလေးတစ်ယောက်ရှိတယ် ပေါ့ပေါ့ပါးပါးလေးဖြတ်သန်းနေတဲ့သူတို့ဘဝလေးထဲကို ကောင်မလေးတစ်ယောက်ညင်ညင်သာသာလေးဝင်လာခဲ့တယ် ဒါပေမဲ့ ထိချက်ကတော့ အတော်ပြင်းတယ် ယောင်္ကျားလေးဆန်ဆန်ကောင်မလေးက နောက်ဆုံးစာမေးပွဲကိုတောင်မဖြေပဲ အပြီးအပိုင်ဇာတ်မြှုတ်ပျောက်ကွယ်သွားတယ် အဲ့ဒီယောက်ျားလျာကောင်မလေးရဲ့နာမည်က ” အန်ဂျလီ”တဲ့ဆုံးသွားတဲ့မိခင်က သမီးကိုသူ့ရဲ့နောက်ဆုံးဆန္ဒဘာတွေရေးခဲ့လဲသမီးလေးကရော အမေ့ရဲ့ဆန္ဒကိုဖြည့်ဆည်းပေးနိုင်ပါ့မလားဆိုတာတွေနဲ့ချစ်ခြင်းမေတ္တာကိုပုံဖော်ရာမှာ ထိမိလွန်းတာကြောင့် နာမည်ကြီးတဲ့ဇာတ်ကားတစ်ကားပါပဲ။ဒီဇာတ်ကားက ကြာတော့ကြာခဲ့ပါပြီ ဒါပေမယ့် နှစ်ချို့ဝိုင်လိုအစွမ်းထက်နေတုန်းပါပဲကဲပရိတ်သတ်ကြီးရေ နှစ်ချို့ဝိုင်လေးသောက်ကြည့်ပါလို့ အကြံပြုရင်း……….။  File size…(3.2 GB) / (1.8 GB)/ (650 MB) Quality…BluRay 1080p / 720p / ...
movie

Kuch Kuch Hota Hai (1998)

Love Story 2050 (2008) 4
Love Story 2050 (2008) Love Story 2050 (2008) "အချစ်ဇာတ်လမ်း ၂၀၅၀"2008ခုနစ်ကထွက်ရှိခဲ့တဲ့ သိပ္ပံစိတ်ကူးယဉ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့။ နတ်ဖလစ်သတင်းထောက်စီးရီး Scoop (2023)ထဲက မင်းသားကြီး ဟာမန်ဘာဝီဂျာ ငယ်ရွယ်နုပျိုစဉ်အခါက မင်းသမီးချော ပရီရန်ကာချိုပရာနဲ့ လိုက်ဖက်ညီစွာသရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ကာရန်ဆိုတာ သန်းကြွယ်သူဌေးကြီး မစ္စတာမယ်ဟိုတရာရဲ့ တစ်ဦးတည်းသောသားတစ်ယောက်။ စီးပွားရေးလုပ်ငန်းတွေကိုပဲ အာရုံစိုက်နေတဲ့ သန်းကြွယ်သူဌေးကြီးရဲ့သား မိတဆိုးလေး မောင်ကာရန်ကတော့ မိဘမေတ္တာကို ငတ်မွတ်နေရှာသူပေါ့။တစ်နေ့ စက်ဘီးစီးပြိုင်ပွဲတစ်ခုမှာ ဆာနာဆိုတဲ့ အမျိုးသမီးငယ်လေးနဲ့တွေ့ပြီး နေရာတိုင်း လူတိုင်းဆီမှာ ဆာနာရဲ့ပုံရိပ်တွေပဲ မြင်နေရတဲ့ထိ စွဲလန်းသွားခဲ့တယ်။ ခင်မင်မှုလေးရဖို့ကိုတောင် ခက်ခက်ခဲခဲကြိုးစားခဲ့ရပြီးမှ အဖြစ်ဆိုးတစ်ခုကြောင့် ဆာနာကိုဆုံးရှုံးလိုက်ရာကစ အချိန်ခရီးသွားပြီး ချစ်သူကိုပြန်ခေါ်ဖို့ကြိုးစားရာမှာ ၂၀၅၀ခုနစ်က မွမ်ဘိုင်းကိုရောက်လို့သွားပါတော့တယ်။ ၂၀၀၈ခုနစ်က ခေတ်လွန်ရုပ်ရှင်ဆိုပေမဲ့ အဆင့်တစ်ခုထိရှိတဲ့အတွက် တင်ဆက်ပေးလိုက်တာမို့ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size…4.4 GB / 2.3 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….3h Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Love Story 2050 (2008)

Mohabbatein (2000) 7.1
Mohabbatein (2000) IMDb Rating (7/10)အမီတာဘချမ်း ၊ ရှရွတ်ခန်း ၊ Aishwarya Rai တို့နဲ့ ဒီဇာတ်ကားက Musical,Romanace,Drama အမျိုးအစား နာမည်ကြီး ဘောလိဝုဒ် ဇာတ်ကားဖြစ်ပါတယ်။ဟင်ဒီလို Mohabbatein ဆိုတဲ့ဇာတ်ကားနာမည်က မြန်မာလိုဆို " အချစ်ပုံပြင် " လို့ဆိုရမှာပေါ့...ဇာတ်လမ်းကတော့...ကျောင်းမှာ ကျောင်းသူကျောင်းသားအချင်းချင်း မချစ်ရမကြိုက်ရရိုမန့်တစ်ဆန်ခြင်းတွေကို မလုပ်ရဆိုပြီး တားမြစ်ထားတဲ့အရမ်းကိုစည်းကမ်းကြီးတဲ့ ကျောင်းအုပ်ကြီး...သူ့ရဲ့သမီးဖြစ်သူနဲ့ ကောင်လေးတစ်ယောက်ချစ်ကြိုက်နေကြတာကိုသိသွားတဲ့အခါမှာတော့...ချစ်သူနှစ်ဦးကို မကွဲကွဲအောင်ခွဲကြတဲ့ အတ္တမာန်မာနတွေကြား အချစ်ပုံပြင်တစ်ပုဒ်ဟာ ဝမ်းနည်းဖွယ်ရာဖြစ်သွားပါတော့တယ်။ဒါပေမယ့် နှစ်အနည်းငယ်ကြာပြီးနောက် ကောင်လေးက ကျောင်းအုပ်ကြီးကို လက်စားချေဖို့ ဂီတဆရာအဖြစ်နဲ့ ကျောင်းကိုပြန်လည်ရောက်ရှိလာတဲ့အခါမှာ....စည်းကမ်းအရမ်းကြီးပြီး အချစ်ကိုအယုံအကြည်မရှိတဲ့ ကျောင်းအုပ်ကြီးနဲ့ အချစ်ကိုအပြည့်အဝယုံကြည်ပြီး ချစ်တတ်တဲ့လူငယ်တစ်ယောက်ရဲ့ အားပြိုင်မှုတွေကို ခံစားမှုရသပေါင်းစုံနဲ့ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။(ဘာသာပြန်သူနဲ့ အညွှန်းရေးထားသူကတော့ Iker Zaw ဖြစ်ပါတယ်။) File size…(4.6 GB) and (2.2 GB) Quality….BluRay 1080p HEVC and 720p Format…mkv/mp4 Duration….03:36:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated ...
movie

Mohabbatein (2000)

2000
1080p HEVC
Bol Bachchan(2012) 5.3
Bol Bachchan(2012) Bol Bachchan (2012) Action, Comedy IMDb 5.6/10 (9.3K)အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ ဟာသအက်ရှင်ကားကောင်းလေးတစ်ကားဖြစ်ပြီး မင်းသားကြီးအဂျေးနဲ့ အဘီရှိခ်ဘဂျမ်းတို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ဘတ်ဂျက် ရူပီ ကုဋေ ၅၀ (ကန်ဒေါ်လာ ၆.၃သန်း) မှာ ကုဋေ ၁၆၅ (ကန်ဒေါ်လာ ၂၁သန်း) အထိ ပြန်လည်ရရှိခဲ့ပြီး ဒီကားထဲမှာ အဘီရှိခ်ဘဂျမ်းဟာ အကောင်းဆုံးဇာတ်ဆောင်မင်းသားဆု အကောင်းဆုံး ဟာသသရုပ်ဆောင်ဆု စတဲ့ဆုတွေကို ဆွတ်ခူးရရှိခဲ့ပါတယ်။ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်...။အဗာစ်က အမွေဆိုင်အိမ်ကြီးကို အမှုရှုံးသွားပြီးတဲ့နောက် ဘဝပျက်သွားခဲ့တယ်။ ကြံရာမရတဲ့အဆုံး ညီမဖြစ်သူ ဆာနီယားနဲ့အတူ ရနခ်ပူးဆိုတဲ့ ရွာလေးမှာ အခြေချဖု့ိထွက်လာခဲ့ပါတယ်။အဲ့ဒီရွာမှာ ပရစ်ထဗီရာဂျ်ဆိုတဲ့ ဩဇာအာဏာအရှိဆုံးလူတစ်ယောက်ရှိပါတယ်။ ဒါပေမဲ့ နည်းနည်းတော့ ရိုးတယ် တုံးတယ်ပေါ့။သူမကြိုက်ဆုံးအချက်က လိမ်တာပါပဲ။ တစ်ခါက သူ့ကိုလိမ်ခဲ့ဖူးတဲ့ သူ့အလုပ်သမားတစ်ယောက်ကို ရိုက်လိုက်တာ တော်ရုံနဲ့ ဆေးရုံကနေ မဆင်းနိုင်တော့ပါဘူး။အဲ့ဒီမှာပဲ အဗာစ်ဟာ မလွဲသာမရှောင်သာနဲ့ ပရစ်ထဗီဆီမှာ အလုပ်ရသွားပြီး တစ်လိမ်ပေါ် နှစ်လိမ်ဆင့် အလိမ်ချင်းထပ်လာတဲ့အခါမှာတော့ ဇာတ်ကားလေး ဘယ်လိုကြည့်ကောင်းလာမလဲဆိုတာကို ဆက်လက်ရှုစားပေးပါဦးနော်။ File size…4.17GB / 1.7GB Quality…1080p BluRay Remux /720p Format…mp4 Duration….2h ...
movie

Bol Bachchan(2012)

2012
Kick (2014) 5.3
Kick (2014) ဒီကားလေးက bollywood မင်းသား ဆလက်မန်ခမ်း ပါဝင်ထားတဲ့ဇာတ်ကားကောင်းလေးပါ ဇာတ်လမ်းအကျဉ်းမှာတော့ ရိုင်နာဆိုတဲ့ မင်းသမီးဟာ သူမအဖေ၏ စကားအရ လူတစ်ဦးနဲ့သွားရောက်ဖို့အကြောင်းဖန်လာပါတယ် ထိုသူသည်ရဲအရာရှိတစ်ဦးဖြစ်၍ နာမည်ကျော် လူဆိုးဖမ်းအရာရှိတစ်ဦးလည်းဖြစ်သည် ရှိုင်နာ နဲ့ ထိုရဲအရာရှိတွေ့ဆုံပြီး လက်ထပ်ဖို့ ကိစ္စ ဆွေးနွေးရမည်ဖြစ်သော်လည်း အတိတ်ဇာတ်လမ်းကိုသာ ပြောဖြစ်ခဲ့ကြသည် ရိုင်နာ၏ အတိတ်မှာတော့ မေ့မရခဲ့တဲ့ချစ်သူ ရှိခဲ့ကြောင်း ပြောပြခဲ့သည်။ သူ၏ အမည်မှာဒေးဗစ်ဆင်းဂ် ဖြစ်သည်။ သူသည် လူအများအား စနောက်သန်သူဖြစ်၍ ကူညီတတ်သူလည်းဖြစ်သည်။ တစ်နေ့မှာ သူမ၏အဖေနှင့် တွေ့ပြီးအပြန် သူမက အလုပ်လုပ်ရန်တိုက်တွန်းလေသည်။ ထိုအခါ ပျော်စရာဘ၀နှင့် လူတို့အပြုံးသာလိုလားသော သူတစ်ပါးအားအောက်မကျို့သော ဒေးဗစ်ဆင်းဂ် တို့စကားအနည်းငယ်များပြီး ဒေဗစ်ဆင်းဂ်မှာ ရှိုင်နာနှင့် အဆက်အသွယ်မရှိတော့ပေ။ အရာရှိမှာလည်း သူ့ဘ၀တွင်မေ့မရတဲ့ လူတစ်ဦးရှိကြောင်း၊ထိုသူသည် ဒီးဗဲလ်သူခိုးတစ်ဦးဖြစ်၍ ထိုသူသည် ကြိုတင်အသိပေးပြီးမှခိုးယူသူဖြစ်ကြောင်း၊ မျက်နှာဖုံးတစ်ခုအားကာဗာယူ ခိုးသူတစ်ဦးလည်းဖြစ်၍ ထိုသူအားလည်းမမြင်ဖူးကြောင်း မည်သို့ပင်ဆိုစေ ထိုသူအား ဖမ်းမိရန်မိမိမှာ တာဂန်အပြည့်ရှိကြောင်း ရိုင်နာအားပြောပြခဲ့လေသည်။ သူတို့နှစ်ဦး အိမ်ပြန်လမ်းလျှောက်ခရီး တွင် လူတစ်ဦးက သူသိလိုသော လိပ်စာအား ရှိုင်နာအား လာမေးရာ ထိုသူသည် ဒေးဗစ်ဆင်းဂ် ဖြစ်သော်လည်း ရှိုင်နာအား မသိသလို တကယ်ပင် အတိတ်ပင်မေ့နေသလော ဟန်ဆောင် နေသလော ရှိုင်နာ၏ အိမ်တွင် နေ၍ မည်သို့အကွက်ရွေ့ မည်သို့ ခိုးယူခြင်းလုပ်မည်ကိုလည်းကောင်း ရဲအရာရှိအားပင် ပခုံးဖက်၍ မိမိဒီးဗဲလ် အမည်ဝှက်ဖြင့် သူခိုးတစ်ဦးမှန်းမသိအောင် ပိပိရိရိနေတတ်ခဲ့သည် ထို့နောက် ဒေးဗစ်ဆင်းဂ် ခေါ် ဒီးဗဲလ် ...
movie

Kick (2014)