Channel Myanmar
Apinya Sakuljaroensuk
Happy Monday(s) 6.2
Happy Monday(s) "အေ့ဒ်" ဆိုတဲ့​တက္ကသိုလ်​ကျောင်းသား​လေးတစ်​ယောက်ဟာရည်မှန်းချက်မယ်မယ်ရရမရှိတဲ့အပြင်စာ​မေးပွဲခဏခဏကျလွန်းလို့ တက္ကသိုလ် ၈ နှစ်တက်တာ​တောင်အခုထိ​ကျောင်းမပြီး​သေးပါဘူး ။ဒါ့အပြင် အတန်းထဲမှာနာမည်ကြီးပြီးစာလည်းအရမ်း​တော်တဲ့ "ဆိုင်မိုင်" ဆိုတဲ့​ကောင်မ​လေးကိုတိတ်တခိုးသ​ဘောကျရင်း "ဆိုင်မိုင်" လိုအပ်သမျှကို​ဘေးကအရိပ်တကြည့်ကြည့်​ဖြည့်ဆည်း​ပေး​နေခဲ့တာပါ။"ဆိုင်မိုင်" ​ကျောင်းပြီးရင်နိုင်ငံခြားမှာ​ကျောင်းဆက်တက်ဖိုပလန်ရှိတာ​ကြောင့် ပညာသင်ဆုရဖို့အပြင်းအထန်ကြိုးစား​ခဲ့​ပေမဲ့ ကံမ​ကောင်းချင်​တော့ အမှတ်ကထင်ထားသ​လောက်ထွက်မလာခဲ့ပါဘူး ။ စာ​မေးပွဲရလာဒ်မထွက်ခင် " ​အေ့ဒ် " ဟာ "ဆိုင်မိုင်" အမှတ်​တွေ​ကောင်းဖိုနဲ့သူ့ကိုပြန်ချစ်လာနိုင်ဖို့ဆု​တောင်းယတြာတစ်ခုပြုလုပ်ခဲ့ပါတယ်။ ယတြာ​အောင်မြင်ဖို့အရက်​သေစာနဲ့မူးယစ်​ဆေးဝါးကို​ရှောင်ရှားရမှာဖြစ်​ပေမဲ့ ကံဆိုး​ချင်​တော့ စာ​မေးပွဲရလာဒ်ထွက်ပြီးတဲ့အထိ ဆု​တောင်းထားတဲ့အတိုင်းဖြစ်မလာခဲ့ပါဘူး။ဒီ​တော့​ "အေ့ဒ်" လည်းအရက်​တွေ​အလွန်အကျွံသောက်ပြီးမူးသွားပါ​တော့တယ် ။ ယတြာအစွမ်း​ကြောင့် "​အေ့ဒ်" တစ်​ယောက်ထပ်ခါတလဲလဲ " ဧပြီလ ၁ ရက်​နေ့ တနင်္လာ​နေ့ " ကိုပဲပြန်ပြန်နိုးထလာပါ​တော့တယ်။ ဒီ​တော့ " ​​အေ့ဒ် " ဟာရလာတဲ့အခွင့်အ​ရေးကိုအသုံးချပြီး သူဆု​တောင်း​တွေပြည့်လာဖို့အတွက် "ဧပြီလ ၁ရက်​နေ့၊ တနင်္လာ​နေ့" မှာဘယ်လို​တွေကျင်လည်ဖြတ်သန်းမလဲဆိုတာကို " HAPPY MONDAY(S) " ဆိုတဲ့movie ​လေးမှာကြည့်ရှုလို့ရပါပြီ​နော် File size…(1.7 GB)/(1 GB) Quality….Webrip 1080p ...
movie
Happy Monday(s)
I Miss U (2012) 6.6
I Miss U (2012) I Miss U (2012) ***************ရိုလည်း ရိုချင် ကြောက်လည်း ကြောက်ချင်သူတွေအတွက် Horror, Romance ဇာတ်လမ်းလေးတစ်ခုCM မှ တင်ဆက်ပေးလိုက်ပါတယ်...ဒေါက်တာ ထနာ အဖြစ် Tik Jesdaporn Pholdee,ဒေါက်တာ နော့ အဖြစ် Ja Natthaweeranuch Thongmee နဲ့ဒေါက်တာ ဘီး အဖြစ် Saiparn Apinya Sakuljaroensuk တို့ကအဓိကပါဝင်ထားပါတယ်...ဇာတ်လမ်းအကျဉ်း -------------'ဘီး'ဆိုတဲ့ ငယ်ငယ်လှလှ ဒေါက်တာပေါက်စလေးဟာ အလုပ်သင်ဆင်းတဲ့ ခွဲစိတ်ဌာနက သူ့ supervisor ဖြစ်တဲ့ဒေါက်တာ'ထနာ'နဲ့ တွေ့ခဲ့ရပါတယ်...ဆေးရုံက တစ်ယောက်စကားတစ်ယောက်နားနဲ့ ဒေါက်တာထနာနဲ့ သူ့ချစ်သူဖြစ်တဲ့ဒေါက်တာ'နော့'တို့ရဲ့ ရင်နင့်စရာ ဇာတ်လမ်းကိုလည်း သိခဲ့ရပြီး ကူညီပေးချင်ခဲ့ပါတယ်...ကြာလာတာနဲ့အမျှဒေါက်တာ'ထနာ့'အပေါ် 'ဘီး'က ချစ်မိသွားခဲ့ပြီး 'နော့'ကိုမေ့ပစ်‌နိုင်အောင်ကူညီပေးခဲ့ပေမဲ့ ထနာကလည်း လုံးဝမမေ့နိုင်ဖြစ်နေခဲ့ပါတယ်...ဒေါက်တာမလေး'ဘီး'က ဆုံးပါးသွားတဲ့ချစ်သူအပေါ် အချစ်ကြီးချစ်တဲ့ ဒေါက်တာ'ထနာ့'ရဲ့အချစ်ကိုရရှိနိုင်ပါ့မလား...လူတွေပြောကြသလို တကယ်ပဲ ဒေါက်တာ'နော့'ဆိုတဲ့ သဘောကောင်းတဲ့ဆရာဝန်မလေးကသေဆုံးသွားပြီးတဲ့နောက် သူ့ရည်းစားထနာ့ကို လာပက်သက်တဲ့မိန်းကလေးတိုင်းကို ခြောက်လှန့်နေခဲ့တာလား...ဒါမှမဟုတ် တိုက်ဆိုင်မှုသက်သက်တွေလားဆိုတာကို ဒီဇာတ်လမ်းထဲမှာ ...
movie
I Miss U (2012)
Hashima Project (2013) 5.1
Hashima Project (2013) Hashima Project (2013) **********************အော့ဖ်၊ ဒေါ့၊ နစ်၊ နမ်နဲ့ မေတို့ဟာ ရုပ်ရှင်မေဂျာနဲ့ ကျောင်းပြီးထားပေမဲ့ အလုပ်မရသေးဘဲ အလုပ်ရဖို့ ကြိုးစားနေကြတဲ့သူငယ်ချင်းအုပ်စုဖြစ်ပါတယ်...သူတို့ဟာ သရဲခြောက်တယ်ဆိုတဲ့ နေရာတွေကို သွား ရိုက်ကူးရေးတွေလုပ်ပြီးထုတ်လုပ်သူတွေကို ပြခဲ့ပေမဲ့ "နောက်မှပြန်ဆက်သွယ်လိုက်ပါမယ်" ဆိုတဲ့စကားကလွဲပြီး မကြားရတဲ့အခါမှာတော့ယူကျုပေါ်မှာပဲ သူတို့ရိုက်ထားတဲ့ ဇာတ်လမ်းတွေကို တင်ဖို့အတွက် အကြံရလာပါတယ်...ဒီလိုနဲ့ တင်လိုက်တဲ့အခါမှာတော့သူတို့ဇာတ်လမ်းဟာ အရမ်းကို ပေါက်သွားခဲ့ပြီး သန်းချီတဲ့ ကြည်ရှုသူတွေနဲ့အတူ နာမည်ကြီးလာခဲ့ပါတယ်...သူတို့ဇာတ်လမ်းပေါက်သွားတဲ့နောက်မှာတော့ သရဲရှိုးလုပ်တဲ့ Ghostland ဆိုတဲ့ ပရိုဂရမ်ကြီးကနေ သူတို့ဆီကိုကမ်းလှမ်းချက်တစ်ခုရောက်လာပါတော့တယ်...ရှားရှားပါးပါးအခွင့်အရေးဖြစ်တာကြောင့် သူငယ်ချင်းအုပ်စုဟာအစီအစဉ်ဘက်ကလူတွေနဲ့ သွားရောက်တွေ့ဆုံခဲ့ရင်း Ghostland ဘက်ကပေးလာတဲ့ ပရောဂျက်အသစ်အဖြစ်ဂျပန်က သရဲခြောက်တဲ့ကျွန်းကြီးလို့ နာမည်ကြီးတဲ့ ဟာဂျီမာကျွန်းကိုသွားရောက်ပြီး ရိုက်ကူးရေးလုပ်ဖို့ လက်ခံခဲ့ပါတယ်...ဟာဂျီမာကျွန်းဟာ အဲဒီကျွန်းကို သွားရောက်ခဲ့တဲ့သူတိုင်း ကံဆိုးမိုးမှောင်ကျတတ်ပြီး အသက်ပါ သေဆုံးတတ်တယ်ဆိုတဲ့အချက်နဲ့တင်အတော်ကို နာမည်ကြီးနေတာခဲ့တာပါ...ဒီလိုကျွန်းကြီးကိုသွားရောက်ပြီး ရိုက်ကူးရေးလုပ်ရမဲ့ သူငယ်ချင်းအုပ်စုဘာတွေ ဘယ်လိုတွေ့ကြုံရမလဲ ဆိုတာကို ခြောက်ခြားဖွယ်ရာ ကြည့်ရှုရမဲ့ Horror, Suspense ဇာတ်လမ်းကောင်းတစ်ခုဖြစ်ပါတယ်...ဇာတ်လမ်းအညွှန်းနဲ့ ...
movie
Hashima Project (2013)
4bia (Phobia) 2008 6.7
4bia (Phobia) 2008 VHS horrorတွေလို တိုတိုနဲ့လိုရင်းရောက်တဲ့Anthology horror geneကိုလည်းကြိုက်တယ်၊ asian အငွေ့အသက်လေးလည်းပါစေချင်တယ်ဆိုသူတွေအတွက် 2008 ခုနှစ်ထွက် Phobia ဆိုတဲ့ထိုင်းသရဲကားလေး တင်ဆက်ပေးလိုက်ပါပြီ။Anthology ပီပီ ဇာတ်လမ်းမတူ ဒါရိုက်တာမတူတဲ့ဇာတ်လမ်း 4 ခုကို ဒီကားလေးမှာ ခံစားရမှာပါ။ ပထမဆုံးအနေနဲ့ အထီးကျန်နေလို့ အွန်လိုင်းမှာချစ်သူရှာရင်းအဖြစ်ဆန်းသွားတဲ့ မိန်းကလေးအကြောင်းရိုက်ကူးထားတဲ့အထီးကျန်ကမ္ဘာ Lonelinessသာမန်ကျောင်းတွင်းအနိုင်ကျင့်မှုကနေ အောက်လမ်းတွေပါလာတဲ့အခါအဖြစ်ဆိုးသွားတဲ့ ကျောင်းသားတစ်စုအကြောင်းပုံဖော်ထားတဲ့ မရဏကျိန်စာ Deadly Charmသိပ်ချစ်ကြတဲ့ ရွှတ်နောက်‌နောက်သူငယ်ချင်းရဲ့ အမြဲထာဝရသူငယ်ချင်းဆိုတာဘယ်အထိရောက်မလဲဆိုတဲ့ The Man In the Middleနောက်ဆုံးအနေနဲ့ကတော့ တော်ဝင်မင်းသားရဲ့ ကြင်ယာတော်မင်းသမီးနဲ့လေယာဉ်မယ်ကြားက ဇာတ်ရှုပ်အကြောင်းတွေ့မြင်ရမယ့် Flight 244Anthology တွေရဲ့ထုံးစံအတိုင်း fast plot ကိုတွေ့မြင်ရမှာဖြစ်ပြီးHorror sceneအသားပေးထားတာမလို့ မီးပြတ်နေတုန်းနားကြပ်နဲ့အရသာရှိရှိခံစားနိုင်ဖို့ ရှုစားလိုက်ရအောင်ပါ။ File size…    2.3 GB /  1 GB Quality… Web-DL NF 1080p / 720p Format… mp4 Duration…. ...
movie
4bia (Phobia) 2008
2008
Concrete Clouds (2013) 6.6
Concrete Clouds (2013) Concret Clouds (2013)လေထဲက အိမ် .....နှစ်ယောက်သား အိပ်မက်တွေကို အတူတူ မက်ခဲ့ဖူးကြတယ် လေထဲမှာ တိုက်အိမ်ဆောက်ခဲ့ဖူးကြတယ် အရာရာဟာ မျှော်လင့်ချက်တွေနဲ့ တည်ဆောက်ပေမဲ့ တစ်ခါတလေမှာ အနှစ်မဲ့နေတဲ့ တိမ်စိုင်တွေ အရောင်တောက်ခဲ့ကြချိန်ပေါ့။ဒီဇာတ်လမ်းကတော့ ၁၉၉၀ ခုနှစ် နှောင်းပိုင်းမှာ ထိုင်းနိုင်ငံရေး စီးပွားရေးကပ်ဆိုက်ချိန်ကြောင့် လူငယ်တွေရဲ့ အိပ်မက်တွေ၊ စိတ်ကူးတွေကို တိတ်တဆိတ်နဲ့ ဖြည်းဖြည်းချင်း ပြိုကွဲခဲ့ရတဲ့ အကြောင်းပါပဲ။Mutt ရဲ့အဖေ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားချိန်မှာတော့ Mutt က နယူးယော့ကို ပြောင်းလာခဲ့ပြီး ငွေကြေးရောင်းဝယ်ဖောက်ကားသူအနေနဲ့ ရပ်တည်ခဲ့ပါတယ်။ ၁၉၉၇ ခုနှစ်မှာတော့ ထိုင်းနိုင်ငံရဲ့ စီးပွားရေးပျက်ကပ် ဆိုက်ချိန်မှာ အမိနိုင်ငံကို ပြန်လာခဲ့ပါတယ်။ အလုပ်အကိုင်နဲ့ ပြန်လာရင်း အထက်တန်းကျောင်းတုန်းက သူ စွဲလမ်းခဲ့ရတဲ့ ရည်းစားဟောင်းဖြစ်တဲ့ Sai နဲ့ ပြန်ပြီး ဆက်သွယ်ခဲ့ပါတယ်။ Sai ကတော့ လက်ရှိအချိန်မှာ သူ့ရဲ့ဈေးကွက်ဖြန့်ချိရေး အလုပ်မှာ ကျရှုံးမှုတွေနဲ့ ကြုံနေရတာပါ။ တစ်ချိန်တည်းမှာပဲ Mutt ရဲ့ ညီဖြစ်သူ Nic က ပြည့်တန်ဆာအလုပ်ကို လုပ်ကိုင်နေတဲ့ ...
movie
Concrete Clouds (2013)
2013
Friday Killer (2011) 6.4
Friday Killer (2011) Friday Killer (2011)2010တုန်းက ထွက်ခဲ့တဲ့ Saturday Killerရဲ့ ပြီးခါနီးနားမှာ Pae Uziအကြောင်း အရိပ်အမြွက်ပါခဲ့ပြီး ဒီ Friday Killer မှာတော့ Pae Uzi အကြောင်းကို အဓိကရိုက်ထားပါတယ်။ဇာတ်လမ်းအစမှာတော့ ကျွမ်းကျင်သေနတ်သမားဖြစ်တဲ့ Pae Uzi ဟာ ထောင်ကထွက်ထွက်ချင်းမှာပဲ ဓားနဲ့ထိုးခံခဲ့ရပါတယ်။ ဓားဒဏ်ရာနဲ့ ဆေးရုံရောက်သွားချိန်မှာ Pae Uzi သိလိုက်ရတာက သူ့မှာ သမီးတစ်ယောက်ရှိတယ်ဆိုတာပါပဲ။သမီးဖြစ်သူ ရဲမေ Dao အရွယ်ရောက်တဲ့အထိ ကိုယ့်သမီးမှန်း မသိခဲ့ရတဲ့ Pae Uzi က သူ့သမီးအိမ်ကို သွားရောက်လေ့လာတဲ့အချိန် ကံဆိုးစွာပဲ Dao ရဲ့ ဖခင်ကို သတ်လိုက်မိပါတယ်။Dao ကတော့ Pae Uzi ကို အဖေရင်းမှန်းမသိဘဲ ဖခင်လို့ထင်ထားတဲ့သူ သေသွားရလို့ Pae Uzi ကို အငြှိုးကြီးကြီးနဲ့ လိုက်လံဖမ်းဆီးရင်း …သေနတ်သမားဖခင်နဲ့ ရဲဖြစ်သူသမီးကြားမှာ ...
movie
Friday Killer (2011)
2011
By the Time It Gets Dark (2016) 6.4
By the Time It Gets Dark (2016) By the Time It Gets Dark (2016)~ IMDb - 6.4/10, RT - 90%, Meta - 73% ~By the Time It Gets Dark ကို ကိုယ်ပိုင်အမြင်အရပြောရမယ်ဆိုရင်တော့ ယုန်တွင်းထဲ လိုက်ဝင်သွားတဲ့ အဲလစ်လိုပါပဲ...။ယုန်တွင်းထဲမှာတော့ ၁၉၇၆ ခုနှစ်တုန်းကာလ ထိုင်းနိုင်ငံရဲ့ ကျောင်းသားသပိတ်ရှိနေပြီး လိုက်ပြတဲ့ ယုန်လေးကတော့ ဒီကားရဲ့ အဓိကဇာတ်ဆောင်လို့ ပြောလို့ရလောက်မယ့် ဒါရိုက်တာ မိန်းမငယ်လေးပေါ့...။ အဲဒီယုန်လေးနောက် အပြေးလိုက်ရင်း အပိုင်းအစတွေ အမှတ်တရတွေကို လိုက်ပါခံစားကြည့်ရမယ့် ရုပ်ရှင်ချစ်သူတိုင်းကတော့ အဲလစ်လေးတွေပါပဲ။ ငါတို့အားလုံးသည် အဲလစ်များသာပေါ့။အံ့ဖွယ်ကမ္ဘာထဲက အဲလစ် (Alice in Wonderland) နဲ့မတူမှာဆိုလို့ ယုန်တွင်းထဲရှိနေတာဟာ Wonder (အံ့ဖွယ်တွေ) မဟုတ်ဘဲ Massacre (လူမဆန်စွာ သတ်ဖြတ်ခံရခြင်း)တွေ ဖြစ်နေတာပါပဲ။ဒီဇာတ်ကားကို ...
movie
By the Time It Gets Dark (2016)
2016
Friendship (2008) 6.4
movie
Friendship (2008)
2008
3 A.M. 3D (2012) 5.5
3 A.M. 3D (2012) 2012 ထွက်ရှိခဲ့တဲ ထိုင်းသရဲ ရုပ်ရှင်ဖြစ်ပြီး ဇတ်လမ်း ၃ မျိုး ပါဝင်ပါတယ်..၁. ဆံပင်တုလုပ်သူ၂.အသုဘ အလောင်းပြင်သူ၃. အစအနောက်သန်သူဆံပင်တု လုပ်တဲ့နေရာသို့ သင်းချိုင်းကုန်းမှ အလောင်းဆီကနေဆံပင်ဖြတ် လာရောင်း တာကို ဝယ်လိုက်မိပြီး ဒုက္ခများသွားတဲ့ညီအစ်မ နှစ်ယောက်....အသုဘ အလောင်းပြင်ဖို့ တာဝန်နဲ့ အသုဘ အလောင်းနှစ်ခုကိုညအိပ်စောင့်ရင်း စပ်စုတက်တဲ့ စိတ်ရယ် သနားစိတ်ရယ်အချစ်စိတ်ရယ် ပေါင်းပြီး သေသူ ကိုကြိုက်မိသူ တစ်ဦး....နည်းပညာ Co.Ltd တစ်ခုရဲ့ မန်းနေးဂျင်းဒါရိုက်တာ နှစ်ဦးမှအလုပ်တွင် ရေသာချောင်ခိုလိုက်ပြီး ညဘက် OT ဆင်းတယ်ဆိုပြီးအချိန်ပိုကြေးတွေ ညာယူနေတဲ့ ဝန်ထမ်းတွေကို စနောက်ရင်းကနေအလုပ်အတွင်း လူသေမှုတွေ ဆက်တိုက်ဖြစ်ပေါ်လာခဲ့တဲ့အခါ...ဇတ်ကား သုံးကားလုံး ရဲ့ အချိန်ကြာမြင့်ချိန်၁ နာရီခွဲခန့် ရှိပြီး နှလုံးရောဂါရှိသူများ ကြည့်ရှုရန်မသင့်တော်ပါ...ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့ ThinZar Htet ဖြစ်ပါတယ်Thit San Khant
movie
3 A.M. 3D (2012)
2012