Channel Myanmar
Aparshakti Khurana
Khel Khel Mein (2024) 7.1
Khel Khel Mein (2024) Khel Khel Mein (2024) "အရင်းနှီးဆုံးသူစိမ်းများ" IMDb - 7.1/10Remakeမင်းသားကြီးရဲ့ ဘောလိ၀ုဒ်ဟာသဒရာမာရုပ်ရှင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်က Perfect Strangers (2016)ဇာတ်လမ်းကို အခြေခံပြီးပြန်လည်ရိုက်ကူးထားတာ။ နိုင်ငံတော်တော်များများ ပြန်ရိုက်ထားကြတဲ့အပြင် မလေယာလမ်းစကားပြော အိန္ဒိယရုပ်ရှင်ကိုက နှစ်ကားထိရှိတယ်။ 12th Man (2012)နဲ့ 1001 Nunakal (2022)တဲ့။ဒီရုပ်ရှင်မှာတော့ အရှေးကူးမား၊ တာ့ပ်ဆီး၊ ပရေ့ဂ်ယာဂျေစ်ဝယ်လ်နဲ့ ဗာနီကပူးရ်တို့လို နာမည်ကျော်သရုပ်ဆောင်တွေပါဝင်ထားကြပါတယ်။အိမ်ထောင်သည်တွေ၊ အိမ်ထောင်တခုထူထောင်ဖို့ စဉ်းစားနေသူတွေကို အလင်းဖွင့်ပေးချင်တဲ့ စေတနာကိုလည်းမြင်တွေ့ရမှာပါ။ဇာတ်အလမ်းအကျဉ်းပြောရရင် သူငယ်ချင်းသုံးယောက်ရှိတယ်၊ သုံးယောက်လုံးက အိမ်ထောင်သည်တွေ။ တစ်ကောင်ရဲ့ခယ်မ မင်္ဂလာဆောင်ရှိရာမြို့ကို သွားကြဖို့ စီစဉ်ထားကြတယ်၊ သွားကြတယ်ပေါ့။ မင်္ဂလာဆောင်မှာတွေ့ကြပြီး သူငယ်ချင်းစုံတွဲသုံးတွဲ အတူတူရှိနေရာကစ ဂိမ်းတစ်ခုကစားဖို့ လုပ်ကြတဲ့အချိန်မှာတော့ ဖုံးကွယ်ထားတဲ့ အမှန်တရားတွေ၊ သိုဝှက်ထားတဲ့ စိတ်ခံစားမှုတွေ ဘွင်းဘွင်းကြီးပေါ်လာပြီး ဘယ်လိုရှေ့ဆက်ကြမယ်ဆိုတာ ကြည့်ရှုကြရမှာပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်) File size… 1.74 GB / 845 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 15min Subtitle….Myanmar ...
movie
Khel Khel Mein (2024)
CTRL (2024) 6.4
CTRL (2024) Ctrl 2024 ကွန်ထရိုးIMDb - 6.4/10 နယ်လာနဲ့ဂျိုးက အန်ဂျွိုင်းဆိုတဲ့ ဘလော့ချန်နယ်လေးကို စထောင်ခဲ့တဲ့ ဆိုရှယ်မီဒီယာမှာ လူတိုင်းအားကျရတဲ့ ဆယ်လီအတွဲပေါ့။ဘလော့ဂါဆယ်လီအတွဲပီပီ ဘလော့ရိုက် ဈေးရောင်းရင်းနဲ့ပဲဘဝကို ဖြတ်သန်းနေတာပေါ့လေ ။ ဒီလိုနဲ့ ချစ်သူသက်တမ်း ၅ နှစ်ပြည့်မှာ နယ်လာတစ်ယောက် လိုက်ဖ်လွှင့် ဂျိုးကိုစပရိုက်စ်သွားအတိုက်မှာ ဟိုက စပရိုက်အကြီးကြီးနဲ့ ကြိုဆိုလိုက်ပါသတဲ့။အဲဒါကတော့ ဘုရားစူး သူငယ်ချင်း လုပ်ဖော်ကိုင်ဖက်လေးနဲ့ ဂျိုးတစ်ယောက် ပါတီမှာ အနမ်းချင်းဖလှယ်နေတာကို နယ်လာကတန်းမြင်သွားတာပါပဲ။ တွဲခဲ့တဲ့အချိန်တွေလည်းကြာပြီမလို့ လူနေမှုဘဝမှာရော အလုပ်မှာ ဘလော့ဂ်မှာ ဆိုရှယ်မီဒီယာမှာ ဂျိုးရဲ့အရိပ်တွေက စိုးမိုးနေတဲ့အပြင် ပါတီမှာသောင်းကျန်းခဲ့တဲ့နယ်လာရဲ့လိုက်ဖ်ကြောင့် လူတိုင်းက ဂျိုးဘက်ကပါနေကြလို့ ဘဲကပစ် အလုပ်ကမပြေ အထီးကျန် ဒီပျက်ရှင်ကောင်မဇိုးလေးဖြစ်နေရင်းကနေ ctrlapp.inဆိုတဲ့Chat Bot AIတစ်ခုနဲ့ အာရုံပြောင်းဖို့လုပ်ရာက....(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲ ဖြစ်ပါတယ်) File size… 1.32 GB / 667 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 39m Subtitle….Myanmar Subtitle ...
movie
CTRL (2024)
Stree 2: Sarkate Ka Aatank (2024) Stree 2 7.6
Stree 2: Sarkate Ka Aatank (2024) Stree 2 Stree 2 (2024) "ဆတ္ထရီ ၂"imdb 7.6/24kတချို့သော ဝင်ငွေကောင်းတဲ့ နာမည်ကြီးရုံတင်ကားတွေထက်ကို ရုံတင်ဝင်ငွေသောက်သောက်လဲရပြီး အောင်ပွဲခံခဲ့တဲ့ မင်းသမီးချောလေး Shraddha Kapoorရဲ့ ရုံတင်ကားကြီးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါပြီ။၂၀၁၈ကထွက်ခဲ့တဲ့ Stree (2018)ရဲ့ အဆက်ပေါ့။“အို ဆတ္ထရီ မနက်ဖြန်မှ လာခဲ့ပါ”လို့ ချန်ဒေရီမြို့က အိမ်တိုင်းရဲ့ရှေ့မှာ စာရေးထားရလောက်တဲ့ထိ သောင်းကျန်းခဲ့တဲ့ သရဲမလေး။ညဘက်ကြီး အပြင်ထွက်တဲ့ ယောကျ်ားသားတွေ နောက်ပြန်လှည့်ကြည့်တဲ့အခါ ဖမ်းစားတတ်တဲ့သရဲမလေး။ အပ်ချုပ်သမားလေး ဗစ်ကီချစ်ခဲ့ရတဲ့သရဲမလေး။ဒီရုပ်ရှင်မှာတော့ ပထမကားအပြီး နှစ်အနည်းငယ်အကြာနဲ့ ဆက်ပါတယ်။ ပျောက်ကွယ်သွားတဲ့ ဆတ္ထရီကိုပဲ မေ့ပျောက်မရသူ မောင်ဗစ်ကီတစ်ယောက် လွမ်းဆွတ်မှုနဲ့အတူ တမ်းတနေရချိန်။ဘယ်ကမှန်းမသိတဲ့ စာတစ်စောင်ရောက်လာတာက "သူ ပြန်လာပြီ"တဲ့။ ဘာမှ အဓိပ္ပါယ်သိပ်မရှိတာမို့ ဗစ်ကီတစ်ယောက် မေ့မေ့ပျောက်ပျောက်နဲ့နေရင်းက ဇာတ်အလှည့်အပြောင်းတွေ ဖြစ်လာတဲ့အခါမှာတော့...။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size… (6.4 GB) / (2.2 GB) / (1.1 GB) Quality…WEB DL 4K HEVC/1080p HEVC/ 720p Format…mkv/ mp4 Duration….2h 27m Subtitle….Myanmar Subtitle ...
movie
Stree 2: Sarkate Ka Aatank (2024) Stree 2
4K HEVC
Stree (2018) 7.5
Stree (2018) "ဇာတ်လမ်းအကျဉ်း""အိုဆတ္ထရီ(မိန်းကလေး) မနက်ဖြန်မှ လာခဲ့ပါ " တဲ့။ မြို့ထဲက အိမ်တိုင်း အိမ်အပြင်မှာ ရေးထားတဲ့ စာ။ ပွဲတော်ရက်ဆိုရင် သရဲမလေး ယောကျ်ားရှာထွက်တယ်။ တမြို့လုံးမှာ ရှိရှိသမျှ ယောကျ်ားလေးတွေ အားလုံး သတိ!ဒီလို အယူသည်းတာတွေကို မယုံတဲ့သူ တစ်ယောက်ရှိတယ်။ ဗစ်ကီတဲ့။ဗစ်ကီဟာ အပ်ချုပ်သမား တစ်ယောက်ပါ။ တနေ့မှာတော့ သူ ပွဲတော်ရက်အတွင်း မိန်းမလှလေးတစ်ယောက်နဲ့ ဆုံခဲ့ရပါတယ်။ မြင်မြင်ချင်း ချစ်မိသွားသလို မိန်းကလေးကလည်း လက်ရဲဇက်ရဲနိုင်လှပါတယ်။သရဲ မယုံတဲ့ ဗစ်ကီဟာ.... နာမည်လည်း သိခွင့်မရှိတဲ့ မိန်းကလေးကို... တမ်းတမ်းစွဲ ဖြစ်သွားခဲ့ပါတယ်။ပွဲတော် ဒုတိယညမှာ မိန်းမလှလေးဟာ ဗစ်ကီကို တောထဲ ခေါ်ပြီး တနေရာရာမှာ ထိုင်စကားပြောစဉ်မှာတော့.... မိန်းမလှလေးဟာ မျက်စိရှေ့တင် ပျောက်သွားခဲ့ပါတယ်။ အဲ့ဒီအချိန် ဗစ်ကီကို လိုက်ရှာနေတဲ့ သူငယ်ချင်း နှစ်ယောက်လည်း ကံဆိုးခဲ့ရပါတယ်။သရဲမလေးနဲ့... ဗစ်ကီတို့ .... ဘယ်လို ဆက်နွယ်နေကြမလဲ? ဗစ်ကီ ချစ်မိနေတဲ့ မိန်းမလှလေးက သရဲမလေးလား? ဘာဖြစ်လို့ အောက်လမ်းပစ္စည်းတွေ ရှာခိုင်းတာလဲ? ဆတ္ထရီ သရဲမကို ဘယ်လို ဖြေရှင်းကြမလဲ? စသဖြင့် စိတ်ဝင်စားဖွယ် ဇာတ်လမ်းလေးကို ကြည့်ရှုရမှာပါ။Comedy, Horror ကားလေးဖြစ်တာမို့ ရယ်စရာတွေ ကြောက်စရာတွေနဲ့ ပြည့်နှက်နေမှာပါ။ IMDb Rating - 7.5 ...
movie
Stree (2018)
2018
Berlin (2023) 7.1
Berlin (2023) Berlin 2024 (ဘာလင်ကဖေး)၁၉၉၃ခုနှစ်မှာ အိန္ဒိယနိုင်ငံကို ရုရှားသမ္မတကအလည်အပတ်လာမယ့်ကိစ္စနဲ့ပတ်သတ်ပြီးတော့ အကုန်လုံးက စိတ်လှုပ်ရှားနေကြရင်း တာဝန်ရှိသူတွေကလည်း ပြင်ဆင်စရာတွေ ပြင်ဆင်ရင်းအလုပ်ရှုပ်နေတဲ့အချိန်ပေါ့။ အဲဒီအချိန်မှာပဲ ဆွံ့အနားမကြားတဲ့ကောင်လေး အာရှို့ခ်ကို ထောက်လှမ်းရေးအေဂျင်စီအဖြစ် သံသယရှိတဲ့အတွက် ဖမ်းပြီး စစ်မေးဖို့လုပ်ပါတယ်။အဲဒီလိုနဲ့ ဆွံ့အနားမကြားတဲ့သူကို စစ်မေးဖို့အတွက် လက်ဟန်ပြဘာသာစကားတက်တဲ့ ပူ့ရှ်ကင်ဗာမာကို ခေါ်ပြီး မေးမြန်းခိုင်းရပါတော့တယ်။ ပူ့ရှ်ကင်တစ်ယောက် အာရှို့ခ်ကို စစ်မေးရင်း သတင်းတွေကို ရောင်းဝယ်ရေးလုပ်နေတဲ့ ဘာလင်ကဖေးဆိုတဲ့ နေရာအကြောင်းကို သိလာရတဲ့အချိန်မှာတော့........အာရှို့ခ်တစ်ယောက် ဒီသတင်းဖလှယ်ရေးလုပ်ငန်းနဲ့ ဆက်စပ်မှုရှိနေမလား..... အာရှို့ခ်ဟာ တကယ်ပဲ ထောက်လှမ်းရေးသမားတစ်ယောက်လား ...... စစ်မေးဖို့အတွက် ကူညီပေးတဲ့ ပူ့ရှ်ကင်တစ်ယောက်ရော နိုင်ငံရေးအရှုပ်တွေကြားထဲ ဘယ်လိုတွေ ကြားဝင်ရဦးမလဲဆိုတာတွေကို ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ Thura~ToMo~V~BpL~Alex တို့ဖြစ်ပါတယ်) File size… 950 MB / 500 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 4m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thura~ToMo~V~BpL~Alex 
movie
Berlin (2023)
Street Dancer 3D (2020) 3.4
Street Dancer 3D (2020) (Unicode)အခုတစ်ခေါက်ညွှန်းပေးချင်တဲ့ ဇာတ်ကားလေးကတော့ . . .ဟင်ဒီစကားပြောဇာတ်ကားတစ်ကားဖြစ်ပီး . . . လူငယ်တွေ အကပြိုင်ပွဲမှာ နိုင်ငံချစ်တဲ့စိတ် ၊နိုင်လိုစိတ်ထက်သန်မှုတွေနှင့်အတူ တက်ညီလက်ညီ . . . အပြိုင်အဆိုင် ကြိုးစားကြသည့် အဖြစ်အပျက်လေးကို အခြေခံရိုက်ကူးထားတဲ့ ဇာတ်ကားသစ်တစ်ကားပါ . . .အမှန်တကယ်တော့ ဒီဇတ်ကားဟာ ABCD(2015) အကကားရဲ့Sequel ဇာတ်ကားအဖြစ်ထွက်ရှိဖို့ လျာထားပေမဲ့ . . . Disney Company နဲ့ အကြောင်းမညီညွတ်တာကြောင့် Street Dancer ဆိုပီး သီးခြားနံမည်နဲ့ထွက်လာတာဖြစ်ပါတယ် . . .လန်ဒန်မှာနေတဲ့ အင်နာယာဆိုတဲ့ ပါကိစ္စတန်သူလေးနဲ့ ဆဟဂျ်ဆိုတဲ့ပန်ဂျာဗ်မြို့သားလေးတို့က မတူညီတဲ့အမြင်နဲ့ဝါသနာတစ်ခုတည်းကိုစိုက်စိုက်မတ်မတ်လုပ်ကြတယ် . . . တစ်နေ့မှာအင်နာယတ်ဟာ အိန္ဒိယနဲ့ပါကိစ္စတန်ကနေရွှေ့ပြောင်းလုပ်သားအနေနဲ့လာတဲ့ ဒုက္ခသည်တွေကို သူတို့နိုင်ငံပြန်ပို့ပေးဖို့ လန်ဒန်ရဲ့ အကြီးမားဆုံး အခန်းနားဆုံး ပြိုင်ပွဲကိုဝင်ပြိုင်ဖို့လုပ်ရင်းကိုယ့်အတွက်ကိုယ်ကြည့်တဲ့ဆဟဂျ်နဲ့ သူများအတွက်တွေးပေးတဲ့မေတ္တာရှင်မလေးအင်နာယာတို့ပူးပေါင်းပြီး လူသားချင်းစာနာမှုအတွက်ဘယ်လို့ကြိုးစားယှဉ်ပြိုင်မလဲဆိုတာ . . . ဘောလိဝုဒ် နာမည်ကျော်မင်းသား၊မင်းသမီးတွေဖြစ်တဲ့ ...
movie
Street Dancer 3D (2020)
2020
Bhediya (2022) 7.3
Bhediya (2022) Bhediya (2023) *************** IMDb 7.5/10 ဒီဇာတ်ကားလေးကတော့ ပရိတ်သတ်အချစ်တော်မင်းသား ဝါရွန်းဒဝမ်န်နဲ့ ပရိတ်သတ်အသဲစွဲကရီသီးဆနွန်းတို့ရဲ့ Horror/ Thriller အမျိုးအစား ဇာတ်ကားလေးတစ်ကားဖြစ်ပြီး IMDb rating 7.5အထိ ရရှိထားပါတယ်။ဒါ့အပြင်ရားဂ်ျကူမားရ်ရောဝ်ကလည်း ဗစ်ကီအဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး ရှရက်ဒါးကပူးရ်ကလည်း စတရီးဇာတ်ကောင်အနေနဲ့ Cameoအဖြစ် ပါဝင်ထားပါသေးတယ် ရုံတင်ငွေဆိုရင်လည်း ၈၉ကုဋေထိပြန်ရခဲ့တဲ့ ရှယ်မိုက်ရှယ်ကြမ်းတဲ့ ရုံတင်ကားတစ်ကားပဲဖြစ်ပါတယ်ဘေဒီယာဆိုတာ ဝံပုလွေဆိုတဲ့အဓိပ္ပာယ်ပါ ဒီဝံပုလွေက အရုနာကျလ်ပြည်နယ်က တောအုပ်တစ်ခုကို ကာကွယ်သူအနေနဲ့ စောင့်ရှောက်တယ်လို့ အဆိုရှိကြတယ် တောအုပ်ကိုထိခိုက်အောင်လုပ်တဲ့ လူတွေမှန်သမျှ သူကကိုက်သတ်ပစ်တယ်ပေါ့...ဘာစကရ်ကတော့ အဲဒီအရုနာကျလ်ရဲ့ တောထဲမှာလမ်းဖောက်ဖို့ အလုပ်လက်ခံခဲ့ပြီး သူနဲ့အတူ သူ့ဝမ်းကွဲညီအစ်ကိုနဲ့ သူ့သူငယ်ချင်း ဂျိုကိုခေါ်သွားပါတယ်။ မစ္စတာပန်ဒေးဆိုတဲ့သူက ဘာစကရ်ရဲ့ လမ်းဖောက်မယ့် အကြံအစည်ဟာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်တာကတစ်ကြောင်း တောတွင်းလူမျိုးစုတွေ လက်ခံမှာ မဟုတ်တာကတစ်ကြောင်းကြောင့် သူ့အကြံအစည်ကို သိပ်လက်မခံချင်ခဲ့ပါဘူး။ညတစ်ညမှာတော့ ဘာစကရ်တို့အဖွဲ့ ကားနဲ့ခရီးထွက်လာရင်း မတော်တဆမှုတစ်ခုဖြစ်ပြီး ကားပျက်သွားပါတော့တယ်။အဲဒီအချိန်မှာပဲ ဘာစကရ်ရှေ့ကို စောင့်ရှောက်သူဘေဒီယာ(ဝံပုလွေ)တစ်ကောင် ရောက်လာတဲ့အခါ ... ဘာစရ်တို့အဖွဲ့ ဘယ်လို ခြောက်ခြားစရာတွေနဲ့ ကြုံတွေ့ရမလဲ ... တောထဲလမ်းဖောက်ဖို့ အစီစဉ်ကရော အောင်မြင်နိုင်မှာလား... ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်ရမလဲ ... ဆိုတာတွေကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှုပေးကြပါလို့... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်တွေကတော့Thaik San,chiclon3, Zwe Yanနဲ့ Yunni တို့ပဲဖြစ်ပါတယ်။ File size…2.52GB ...
movie
Bhediya (2022)
2022
Dhokha: Round D Corner (2022) 8.1
Dhokha: Round D Corner (2022) Dhokha: Round D Corner (2022) Crime, Thriller IMDb 8.2/10 (5K)အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးဟာလည်း 3 Idiots ထဲမှာ အမီရ်ခန်းနဲ့အတူ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသား မာဒဗန်းရဲ့ သည်းထိတ်ရင်ဖိုကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်...ဒီဇာတ်ကားလေးက ယာထရာသ်နဲ့ ဆန်ချီးဆိုတဲ့ လင်မယားနှစ်ယောက်ကို မှီတည်ပြီးဇာတ်အိမ်တည်ထားတယ်...။တစ်ရက် သူတို့လင်မယားနှစ်ယောက်စကားများကြရာမှာ ဆန်ချီးက ကွာရှင်းပေးဖို့ပြောလာတယ်...။ခဏကြာတော့ သူတုိ့အိမ်ထဲကို ဆန်ချီးတစ်ယောက်တည်းရှိနေစဉ် အကြမ်းဖက်သမားက ဝင်ဆီးပါတော့တယ်...။ကယ်တင်ဖို့ရောက်လာကြတဲ့ရဲတွေကို မာထရာသ်က ဆန်ချီးမှာ စိတ်ထင်ယောင်ထင်မှားဖြစ်တတ်တဲ့ စိတ်ရောဂါဝေဒနာတစ်ခုရှိနေလို့ အမြန်ဆုံးကယ်တင်ပေးပါလို့ ပြောတယ်...။အိမ်ထဲရောက်နေတဲ့ အကြမ်းဖက်သမားကိုတော့ ဆန်ချီးဟာ သူ့ယောက်ျားမာထရာသ်က အိမ်ထောင်ရေးဖောက်ပြန်နေပြီး သူမပိုင်ဆိုင်သမျှကိုလိုချင်လို့ သူ့ချစ်သူစိတ်ရောဂါအထူးကုဆရာဝန်မနဲ့ပေါင်းပြီး သူ့ကိုအရူးဆေးတိုက်နေတယ်..ဒါကြောင့် အမြန်ဆုံးမိမိကိုသတ်လိုက်ပါတော့လို့ တောင်းဆိုပြန်တယ်...။ကဲ..ဘာဆက်လုပ်ရမလဲ သိတယ်မလားဇာတ်လမ်းရဲ့အသွားအလာကို ကြည့်ရင်း ဘယ်သူဟာ အမှန်အတိုင်းပြောနေတာလဲ ဘယ်သူဟာလှည့်စားနေတာလဲဆိုတာကို ဝေဖန်သုံးသပ်ကြတော့နော်... File size…1.74GB / 834MB Quality…1080p HD / 720p Format…mp4 Duration….2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor & Sora & OeliuJ & HayMan
movie
Dhokha: Round D Corner (2022)
2022
Badrinath Ki Dulhania (2017) 6.2
Badrinath Ki Dulhania (2017) မင်းသား Varun Dhawan နဲ့ မင်းသမီး Alia Bhatt တို့ရဲ့ ချစ်စရာဇာတ်ကားလေးပါ။Badrinath Ki Dulhania ဆိုတာ မြန်မာလိုဆိုရင် ဘဒ်ရီနာသ့်ရဲ့ သတို့သမီးပေါ့ ဒါဆို ဘဒ်ရီနာ့သ် ကဘယ်သူလဲ? ဘဒ်ရီနာသ်က ဂျန်ဆလ်မြို့ရဲ့ မြို့မျက်နှာဖုံး ကျိကျိတက်သူဌေးကြီး အမ်ဘာနသ် ဘန်ဆလ်ရဲ့သား တစ်ယောက် ။ဒါဆို သူ့သတို့သမီးအကြောင်း နည်းနည်းပြောမယ် သူ့သတို့သမီးဖြစ်ရဖို့က တော်တော်ကံကောင်းမှပဲ ဖြစ်မှာနော်ဘာကြောင့်လဲဆိုတော့ ဟိန္ဒူအယူဝါဒအရ ထိမ်းမြားလက်ထပ်ရင် သတို့သမီးရှင်ဘက်က သတို့သားကို အခန်းဝင်လက်ဖွဲ့ကြေးနဲ့ တင်တောင်းယူရတာဗျာ။သတို့သမီးက ဘယ်လောက်ပဲ ပညာတတ်တတ် တော်တော် အချိန်တန် အိမ်ထောင်ကျပြီးရင် ဒိုး မီးဖိုချောင် ဒီစနစ် လင်ယောကျ်ားကို ဖြူသည် မဲသည် လာမပွါးနဲ့ဒီလို မိန်းကလေးအခွင့်ရေးနည်းပါးတဲ့ လူ့အသိုင်းဝိုင်းမှာ အမှန်အကန်သူဌေးသားအတွက်ဆို အခန်းဝင်လက်ဖွဲ့ကြေးကလည်း မနည်းလောက်ပေဘူးဒါပေမယ့် ဘဒ်ရီကတော့ အဖေစီစဉ်သမျှကို အသံမထွက်ဘဲ နာခံလာပေမယ့် မိတ်ဆွေ တစ်ယောက်ရဲ့ မင်္ဂလာပွဲမှာ ဗီဒဟီဆိုတဲ့ ကောင်မလေးကို တွေ့တွေ့ချင်း စိတ်ဝင်စားခဲ့တယ်။ဗီဒဟီကလည်း အမျိုးသမီးအခွင့်ရေးမပေးတဲ့ လူ့အသိုင်းဝိုင်းကို မုန်းလွန်းလို့ ...
movie
Badrinath Ki Dulhania (2017)
4K HEVC
Happy Phirr Bhag Jayegi (2018) 4.5
Happy Phirr Bhag Jayegi (2018) Happy Phirr Bhag Jayegi (2018)ဒီကားက ၂၀၁၆ တုန်းကထွက်ထားတာ Happy Bhag Jayegi ရဲ့နောက်ဆက်တွဲကားပါ။ပထမကားတုန်းက ပါကစ္စတန်မှာလွဲကြပြီးတော့ ဒီကားမှာတော့ တရုတ်ပြည်မှာ သွားလွဲကြမှာပါ။အခုလို စိတ်ညစ်စရာကောင်းတဲ့အချိန်မှာ ရယ်ရယ်မောမောနဲ့ ကြည့်လို့ကောင်းမဲ့ ဟာသကားလေးတစ်ကားဆိုလည်း မှားမယ်မထင်ဘူး။ ဒီတော့ ဇာတ်လမ်းအကျဥ်းချုပ်လေး နည်းနည်းပြောပြမယ်။ဇာတ်ကားထဲမှာ ဟတ်ပီးဆိုတဲ့ ကောင်မလေးနှစ်ယောက်ရှိတယ်ဗျာ။ လူဆိုးဂိုဏ်းက အလိုရှိနေတဲ့ ဟတ်ပီးနဲ့ ရုက္ခဗေဒပညာရှင်ပရော်ဖက်ဆာ ဟတ်ပီးတို့ပေါ့။ အဲ့ဒီမှာ တရုတ်လူဆိုးဂိုဏ်းက လေဆိပ်မှာ ပရော်ဖက်ဆာဟတ်ပီးကို မှားပြီးဖမ်းသွားမိရာကနေဇာတ်လမ်းကစတယ်။ ပရော်ဖက်ဆာဟတ်ပီးက သူ့ကိုလိုက်ဖမ်းတဲ့လူတွေလက်ထဲက အသက်လုပြီးပြေးနေရတဲ့အချိန်မှာ တဖက်မှာလည်း ဟိုဟတ်ပီးက ဘုမသိဘမသိနဲ့ မိန့်ခွန်းတွေပြောလို့ပြောပေါ့။ ဒီဟတ်ပီးနှစ်ယောက်လွဲသွားတဲ့အမှားနဲ့မပြီးသေးဘူး။ သူတို့ကနေ ဆက်မှားလိုက်တဲ့ မီးခိုးကြွက်လျှောက်အမှားတွေက ဇာတ်လမ်းရဲ့ရယ်ရတဲ့အသက်ပဲ။ဒီတော့ ဘယ်လိုအလွဲတွေလွဲပြီး အူတယားယားနဲ့ ရယ်ရမလဲဆိုတာ ဇာတ်ကားထဲမှာပဲ ဆက်ပြီးရှုစားကြပါဦးဗျာ။ပထမဇာတ်ကားကိုမကြည့်ရသေးရင် ဒီမှာ https://channelmyanmar.to/?s=Happy+Bhag+Jayegi ကြည့်ပါ။အညွှန်းနဲ့ ဘာသာပြန် ကတော့ Johnနဲ့ Intelligenceဖြစ်ပါတယ်။ File size…(2.8 ...
movie
Happy Phirr Bhag Jayegi (2018)
Hum Do Hamare Do(2021) 7.3
Hum Do Hamare Do(2021) Hum Do Hamare Do(2021) အညွှန်း******************************IMDb....7.3 ဒိဇာတ်ကားလေးကတော့ IMDb rating 7.3အထိ ရရှိထားပြီးMimi နဲ့ ကျွန်တော်တို့ အားလုံးကို မေတ္တာတရားအကြောင်းသင်ပေးခဲ့တဲ့ Kriti Sanon နဲ့နာမည်ကြီးမင်းသား  Rajkummar Rao တို့ အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်....ဇာတ်လမ်းအကျဉ်း ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ပြီး အောင်မြင်သူတစ်ယောက် ဖြစ်ခဲ့တဲ့ ဒရူး(ဗ်)နဲ့ နာမည်ကြီး ဘလော့ဂါတစ်ယောက်ဖြစ်တဲ့ အာနိယာတို့ဟာ တစ်ယောက်နဲ့တစ်ယောက် ချစ်ကြိုက်သွားကြပြီး လက်ထပ်ကြဖို့ ‌ဆုံးဖြတ်လိုက်ကြပါတယ်။ပြဿတစ်ခုရှိတာက ဒရူး(ဗ်)ဟာ မိဘမဲ့ တစ်ကောင်ကြွက် ဖြစ်နေတာပါပဲ။ဒီလိုနဲ့ ဒရူး(ဗ်)ဟာ  တောင်းရမ်းလက်ထပ်ယူဖို့အရေး မိစုံ ဘစုံဖြစ်ချင်တာကြောင့်မိဘတွေရှိသယောင် အတုဖန်တီးပြီး မိန်းမရရေးကြိုးစားပါတော့တယ်...သူ့ရည်ရွယ်ချက်တွေအောင်မြင်မှာလား...ဘယ်လိုပြဿနာတွေ ဘယ်လိုအလွဲတွေနဲ့ ဆက်လက် ကြုံတွေ့ကြရမလဲ ... ဆိုတာတွေကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှုပေးကြပါလို့ .... ဘာသာပြန်သူတွေကတော့ Carey Nyeinနဲ့ Thaik Sanဖြစ်ပါတယ်    File Size : (2.02GB )(1.08GB) and (395MB) Quality : WEB-DL720p Format…mp4 Duration…02:08:00 Genre : ...
movie
Hum Do Hamare Do(2021)
1080
HEVC 1080p 5.1
Dangal (2016) 9.2
Dangal (2016) Dangal (သို့မဟုတ်) အောင်မြင်မှုရဲ့ ခရီးကြမ်း"နပန်းသမားတစ်ယောက်က ကွင်းထဲဝင်လာပြီး ပြိုင်ပွဲဝင်ရတဲ့ရည်ရွယ်ချက်က နိုင်ငံအတွက်ဆုတံဆိပ်ရယူပေဖို့အတွက်ပဲ။ဒါပေမဲ့ နိုင်ငံကတော့ နပန်းသမားတွေကို ဘာမှကူညီထောက်ပံမှုမလုပ်ပေးဘူး။"ဒီစကားကိုပြောတာက နပန်းအားကစားနည်းကို အသွေးအသားထဲကရူးသွပ်ပြီး နပန်းကစားနည်းကနေ နိုင်ငံအတွက် ရွှေတံဆိပ်ဆုရပေးချင်တဲ့ Mahavir Singh Phogat (Aamir Khan)၊ဒါပေမဲ့ သူ့ဆန္ဒမပြည့်ဝခဲ့ဘူး။ဝါသနာနဲ့ ဝမ်းစာ ထိပ်တိုက်တွေ့တဲ့အချိန်မှာ ဝါသနာကိုစွန့်လွှတ်ခဲ့ရပေမယ့် သူ့မှာရည်မှန်းချက်တစ်ခုရှိတယ်။သူမွေးတဲ့သားက တစ်နေ့နပန်းသမားတစ်ယောက်ဖြစ်ရမယ်တဲ့။ကံကြမ္မာကတော့ သူ့ကိုကျီစားနေတုန်းပဲ။အနှစ်နှစ်ကာလမျှော်လင့်ချက်နဲ့ သားတစ်ယောက်လိုချင်တဲ့သူ့အတွက် ပထမဆုံးမွေးလာတဲ့ကလေးကတော့ မိန်းကလေး၊စိတ်အပျက်ကြီးပျက်ခဲ့ရပေမယ့် ဇွဲမလျှော့တဲ့သူကတော့ နောက်မွေးမယ့်ကလေးကယောကျာ်းလေးဖြစ်ရမယ်တဲ့။ဒီလိုနဲ့ နည်းလမ်းပေါင်းစုံ၊ဆေးပေါင်းစုံမှီဝဲရင်း ယောကျာ်းလေးရဖို့ ကြိုးစားခဲ့ပေမယ့် ဒီတစ်ခါလည်းမွေးလာတာကလည်း သမီးမိန်းကလေး၊စိတ်ဓာတ်ကျစဖြစ်လာပေမယ့် သားယောကျာ်းလေးမွေးလာနိုးနိုးနဲ့ ကလေးတွေတစ်ယောက်ပြီးတစ်ယောက်မွေးလာခဲ့တာ ၄ယောက်မြောက်ထိရောက်လာပေမယ့် အကုန်လုံးကတော့သမီးမိန်းကလေးတွေသာ၊ဒီလိုနဲ့ Mahavir တစ်ယောက် သူ့ရဲ့ရွှေတံဆိပ်ရယူရေး ရည်မှန်းချက်တော့ စွန့်လွှတ်လိုက်ရပြီပေါ့။ဒါပေမဲ့.......တစ်ရက်သူအိမိပြန်လာတဲ့အချိန်မှာ သူ့သမီးအကြီးနှစ်ယောက်ဖြစ်တဲ့ Geeta နဲ့ Babitaက ကျောင်းကအပြန် လမ်းမှာသူတို့နှစ်ယောက်ကို လိုက်နှောက်ယှက်တဲ့ ကောင်းလေးနှစ်ယောက်ကို ထိုးကြိတ်လွှတ်လိုက်ပြီးတဲ့နောက်မှာတော့ Mahavir တစ်ယောက် သူရဲ့နပန်းသွေးတွေက သူ့သမီးတွေဆီမှာလည်း စီးဆင်းနေတယ်ဆိုတာသိပြီး ...
movie
Dangal (2016)
2016
HEVC 1080p
Helmet(2021) 7.5
Helmet(2021) Helmet(2021)အညွှန်း******************MDb rating 7.5အထိရရှိထားတဲ့ Comedy Dramaအမျိုးအစားဟင်ဒီအမျိုးအစား ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကိုကြည့်ဖြစ်တော့ ဟိုး ၂၀၁၈ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ အရှေးကူးမားရဲ့ Padman ရုပ်ရှင်ကိုတောင် သတိရမိပါသေးတယ်။ အဲ့ဒီတုန်းကတော့ ရှေးရိုးစွဲတဲ့လူအများစုရှိတဲ့ အိန္ဒိယလိုနိုင်ငံမှာ အမျိုးသမီးလစဉ်သုံးပစ္စည်းသုံးစွဲဖို့ ခက်ခဲကြတဲ့အတွက် လစဉ်သုံးပစ္စည်းတွေကို ထွင်ပြီး သုံးစွဲစေခဲ့သူတစ်ယောက်အကြောင်းပေါ့။ဒီကားထဲမှာကျတော့ အမျိုးသားတွေဘက်ကို လှည့်ထားတယ်။ အမျိုးသားတစ်ယောက် အမျိုးသမီးနဲ့ နှစ်ဦးသဘောတူ နေချင်လာတဲ့အခါ အခုလို အဘက်ဘက်က တိုးတက်နေတဲ့ခေတ်ကြီးထဲမှာ အိမ်ထောင်သည်ဆိုရင် သားဆက်ခြားဖို့ ၊ လိင်ကတဆင့်ကူးစက်တဲ့ရောဂါတွေကို ကာကွယ်ဖို့ ၊ အိမ်ထောင်မရှိတဲ့ လူပျိူလူလွတ်ဆိုရင် အတူနေအမျိုးသမီး ကိုယ်ဝန်ရပြီး နောက်ဆက်တွဲပြသနာတွေမဖြစ်ဖို့ ကွန်ဒုံးဆိုတဲ့ ပစ္စည်းလေးကို မရှိမဖြစ် သုံးရ ဆောင်ထားရမှာပါ။ဒါပေမယ့် ရှေးရိုးစွဲသူတွေ အများကြီးရှိနေဆဲဖြစ်တဲ့ အိန္ဒိယနိုင်ငံလေ... ကွန်ဒုံးဝယ်ရတာမျိုး ၊ ဆောင်ရတာမျိုးကို ရှက်စရာလုပ်ရပ်တစ်ခုလို သဘောထားပြီး မသတီတဲ့မျက်လုံးမျိုးနဲ့ ဝိုင်းကြည့်ကြမှာမလား... အိန္ဒိယနိုင်ငံတင် မဟုတ်ပါဘူး ၊ မြန်မာနိုင်ငံအပါအဝင် အလားတူ အရှေ့တိုင်းနိုင်ငံအများစုမှာ ဒီကိစ္စက ရှက်စရာတစ်ခုလို ဖြစ်နေပါတယ်။ရောင်းသူအတွက်ရော ဝယ်သူအတွက်ပါမက အရွယ်ရောက်သူတိုင်း ဒီကားလေးကို ကြည့်စေချင်တယ်။ ကွန်ဒုံးပြဿနာကို ဇာတ်လမ်းကဦးတည်ထားပေမယ့် ရယ်စရာလေးတွေ ၊ အူမြူးစရာလေးတွေနဲ့ ပရိတ်သတ်ကို ပေါ့ပေါ့ပါးပါး ခံစားချက်မျိုး ...
movie
Helmet(2021)
Pati Patni Aur Woh (2019) 6.0
movie
Pati Patni Aur Woh (2019)
2019
Jabariya Jodi (2019) 4.3
Jabariya Jodi (2019) (Unicode)ဟောဒီဘီဟားမှာ မင်္ဂလာသုံးမျိုးရှိတယ်သတ္တိရှိသူတွေအတွက် ပေးစားလို့ယူလိုက်ကြတဲ့ မင်္ဂလာ ......ကံတရားကစီမံပေးတဲ့ ချစ်လို့ယူကြတဲ့ မင်္ဂလာနဲ့ ...လက်ဖွဲ့ငွေကို လောဘတက်နေတဲ့ လောဘသားကောင်တွေအတွက် အတင်းပေးစားတဲ့ အဓမ္မမင်္ဂလာဆောင်အဓမ္မမင်္ဂလာဆောင်ဆိုတာဘာလဲ အိန္ဒိယမှာ မင်္ဂလာတစ်ခုဆောင်တော့မယ်ဆိုရင်မိန်းကလေးတစ်ယောက်ဟာ ဘယ်လောက်ကြီးပဲ အရည်ချင်းရှိရှိ ဘယ်လောက်ကြီးပဲပြည့်စုံနေပါစေအဲ့ဒိမိန်းကလေးဘက်က ယောက်ျားလေးကို ပြန်တင်တောင်းရပါသတဲ့ဒီကိစ္စကို အစိုးရက တရားမဝင်ဘူးဆိုပြီး တားမြစ်ထားပေမယ့် ယခုအချိန်ထိ ငွေကြေးမရှိရင်သမီးတွေအိမ်ထောင်မချပေးနိုင်တဲ့မိဘတွေအများကြီးပါတစ်နှစ်တစ်နှစ် အဲ့ဒိသောကကြောင့် သက်သေသွားတဲ့အဖေတွေ မနည်းမနောပါပဲအဲ့ဒိတော့ အဲ့ဒိလိုလက်ဖွဲ့ကို လောဘတက်ပြီး သားလိုချင်ရင် ပိုက်ဆံ သိန်း ၅၀ နဲ့ ကားတစ်စီးကျုပ်သားကတော့ ဆရာဝန်ဆို ဒီလောက်မှ အင်ဂျင်နီယာဆို ဒီဈေးပေါက်တယ်ဆိုပြီး နွားဈေး ဆောရီး သားဈေးသိပ်ကောင်းနေပါတယ်ဘီဟားမှာတော့ ဒီလိုပြဿနာဖြစ်လာရင် ဒိုင်ခံဖြေရှင်းပေးတာ ဟူကွမ်ဒေ့ဗ်ဆင့်နဲ့ အဘေး(ဟ်)ဆင့်တို့သားဖပါပဲသူတို့ဖြေရှင်းပုံက လက်ဖွဲ့လောဘသားကောင်တွေကို သူတို့တောင် မသိလိုက်ဘဲစပ်ရိုက်မင်္ဂလာဆောင်တွေလုပ်ပေးပြီး မိန်းကလေးနဲ့ အတင်းပေးစားပစ်လိုက်တာပါဒီတော့ လက်ဖွဲ့ကြေးပေးစရာမလိုဘဲ သမီးမိန်းကလေးတစ်ယောက်ကို အိမ်ထောင်ချပေးလို့ရသွားပါတယ်အဲ့ဒိလို ပြဿနာတွေကိုဖြေရှင်းပေးနေတဲ့ အဘေးဆင့်တစ်ယောက် တစ်နေ့မှာသူ့ငယ်ချစ် ဘဘ်လီတစ်ယောက်ကိုလည်း ထိုပြဿနာကို ဖြေရှင်းဖို့အကြောင်းဖန်လာလေသောအခါ ...
movie
Jabariya Jodi (2019)
2019
Luka Chuppi(2019) 6.4
Luka Chuppi(2019) Luka Chuppi(2019)IMDb...6.4ယခုနှစ် မတ်လကမှ ထွက်ရှိထားတဲ့ဒီဟင်ဒီစကားပြော Romance Comedy ကားလေးဟာ ရုံစတင်တင်ချင်း ရက်မှာပဲ ရူပီး ရှစ်ကုဋေကျော် ရရှိခဲ့ပြီး ၂၀၁၉ ခုနှစ်အတွက် ရုံ ဖွင့်ဖွင့်ချင်း ၀င်ငွေအများဆုံး နံပါတ်လေးနေရာကို ချိတ်ခဲ့ပါတယ်ကြော်ငြာခအပါအ၀င် စုစုပေါင်း ၂၅ ကုဋေခန့်သာ ကုန်ကျခဲ့တဲ့ ဒီဇာတ်ကား လေးဟာဝင်ငွေ စုစုပေါင်း ၁၂၆ ကုဋေကျော် ပြန်လည်ရရှိထားတာမို့လို့ ၀င်ငွေအ ရတော့ အောင်မြင်မှုရတဲ့ကားတကားလို့ ဆိုရမှာပဲ ဖြစ်ပါတယ်အိန္ဒိယဆိုတာ ဇာတ်နိမ့်ဇာတ်မြင့်ယဉ်ကျေးမှုတွေ နဲ့ ဘာသာတရားမျိုးစုံရှိတဲ့ ယဉ်ကျေးမှုအစဉ်အလာမြင့်မားတဲ့နိုင်ငံတခုပါဒီလိုနိုင်ငံမျိုးမှာ သတင်းထောက်အလုပ်လုပ် လုပ် နေကြတဲ့ ခေတ်ပညာတတ် လူငယ် ချစ်သူနှစ်ဦး ရှိကြတယ်.... ခေတ်လူငယ်တွေပီပီ သူတို့ရှေ့ဆက်ရမယ့် အနာဂတ်အတွက် ခပ်ဆန်းဆန်း ပုံစံတစ်ခုလုပ်ရင်း ရှေ့ဆက်ကြဖို့ စီစဉ်ကြတယ်... သူတို့အစီအစဉ်က ဘယ်လိုမျိုးလဲ.... ဒီလိုလုပ်လို့ရော အဆင်ပြေကြမှာလား..... ဘယ်လို အလွဲတွေနဲ့ ကြုံကြမလဲ... ပတ်ဝန်းကျင်ကရော သူတို့ကိုဘယ်လိုမြင်ကြမလဲဆိုတာတွေကို ဟာသလေးတွေနှောပြီး ရိုက်ကူးထားတဲ့ အချစ် ဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်... ခံစားကြည့်လိုက်ပါဦး..ဒီရုပ်ရှင်ကားလေးကိုတော့Dear Zindagi ရဲ့ Cinematographer ဖြစ်တဲ့Laxman Utekar က ပုံေ ဖာ္ရိုက္ကူးထားၿပီးKartik ...
movie
Luka Chuppi(2019)
2019