Channel Myanmar

Aparna Nancherla

Another Simple Favor (2025) 5.3
Another Simple Favor (2025)  Another Simple Favor (2025)IMDb Rating (5.3) / Rotten Tomatoes (66%) ဒါကတော့ A Simple Favor 2018 ရဲ့ Sequel ပါ။ပထမ movie ဖြစ်ပြီးကာလ ငါးနှစ်အကြာမှာ ဇာတ်အိမ်တည်ထားပြီး စတစ်ဖနီစမတ်တာက မှုခင်းအစစ်အမှန်ဘလောကာတစ်ယောက်ဖြစ်နေပါပြီ။သူနဲ့အမ်မလီနဲဆွန်ရဲ့ ဆက်ဆံရေးနဲ့ အမ်မလီထောင်ထဲ၀င်ခဲ့ရတဲ့အကြောင်းတွေကို စာအုပ်ထုတ်ထားပြီး အောင်မြင်နေပါတယ်။ဒါပေမဲ့ သူ့စာဖတ်ပွဲမှာ ထောင်ထဲမှာရှိနေရမယ့် အမ်မလီက ခံ၀န်နဲ့လွတ်လာကာ ဗြုန်းစားကြီးရောက်ချလာပြီးအီတလီသူဌေးတစ်ယောက်နဲ့အကြောင်းပါပြီး လက်ထပ်တော့မှာမို့လို့ဆိုပြီး စတစ်ဖနီကို လက်ထပ်ပွဲမှာ သူ့သတို့သမီးအရံနဲ့ဖိတ်ပါတယ်။သူ့ကိုလက်စားချေမယ်လို့ထင်နေတဲ့ စတစ်ဖနီက မသွားချင်ပေမယ့် အမ်မလီက အကျပ်ကိုင်သွားတာကြောင့် ကာပရီကလက်ထပ်ပွဲကို သွားရဖို့ဖြစ်လာပါတယ်။အမ်မလီ သူ့ကိုဖိတ်ရတဲ့ အကြောင်းရင်းက သူတကယ်ပဲပြောင်းလဲသွားလို့လား ဒါမှမဟုတ် လက်စားချေချင်လို့ပဲလားဆိုတာကိုတော့ ကိုယ်တိုင်ပဲကြည့်လိုက်ကြပါ။Cast တွေ‌အနေနဲ့ကတော့ အမ်မလီအနေနဲ့ Blake lively , စတစ်ဖနီအနေနဲ့ Anna Kendrick , အမ်မလီရဲ့ခင်ပွန်းလောင်း ဒန်တီ အနေနဲ့ကတော့ ...
movie

Another Simple Favor (2025)

2025
4K HEVC
A Simple Favor (2018) 6.8
A Simple Favor (2018) A Simple Favor (2018)IMDb Rating (6.8) / Rotten Tomatoes (88%)ဒိတ်ဒိတ်ကြဲမင်းသမီးနှစ်ယောက်ဖြစ်တဲ့ Blake Lively နဲ့ Anna Kendrick တို့ တက်ညီလက်ညီသရုပ်ဆောင်ထားတဲ့ Comedy/Mystery ရုပ်ရှင်ကားလေးပါ ဇာတ်လမ်းနာမည်ကသာ A Simple Favor ဖြစ်ပေမယ့် တစ်ကားလုံး Twist တွေ Turn တွေအပြည့်နဲ့မို့ ကြည့်ရတာတန်စေရမယ်လို့အာမခံပါတယ်ဇာတ်လမ်းအကျဉ်းကတော့.. စတက်ဖနီက ငယ်ငယ်ရွယ်ရွယ်လေးနဲ့ မုဆိုးမဖြစ်ပြီး သားလေးမိုင်းစ်ကိုတစ်ကိုယ်တည်း ပျိုးထောင်နေသူလေးပါ ကျောင်းကိစ္စဆိုလည်း ဘယ်နေရာမဆိုတက်ကြွလွန်းလို့ တခြားကလေးမိဘတွေကတောင် အမြင်ကတ်ရသူဖြစ်ပါတယ်။ အမ်မလီကတော့ အထက်တန်းကျကျ ဖက်ရှင်ကုမ္ပဏီတစ်ခုရဲ့ အရေးပါအရာရောက်သူ အနေအထိုင် အပြောအဆိုကအစ ခေတ်ရှေ့ပြေးသလောက် သားဖြစ်သူနစ်ကီ့ကို အလုပ်ကိစ္စတွေကြောင့် အာရုံသိပ်မစိုက်နိုင်သူ စရိုက်မတူတဲ့သူတို့နှစ်ယောက် ကလေးတွေကိုအကြောင်းပြုပြီး ခင်မင်သွားကြပါတော့တယ်တစ်ရက်တော့ အလုပ်ကိစ္စကြောင့် နစ်ကီ့ကိုကြိုပေးဖို့ စတက်ဖနီကိုအကူအညီတောင်းပြီး အမ်မလီတစ်ယောက် ထူးဆန်းစွာ ပျောက်ဆုံးသွားပါတော့တယ်။ အချစ်ဆုံးသူငယ်ချင်းအမ်မလီကို စတက်ဖနီကိုယ်တိုင်ရှာပုံတော်ဖွင့်ရာမှ မထင်မှတ်တာတွေ တခုပြီးတခုထွက်ပေါ်လာတဲ့အခါမှာတော့...။ဒါရိုက်တာ Paul Feig ကရိုက်ကူးထားပြီး Crazy Rich Asians က ...
movie

A Simple Favor (2018)

2018
4K HEVC
Unfrosted (2024) 5.6
Unfrosted (2024)  မြန်မာနိုင်ငံမှာ ပလာတာတို့အီကြာကွေးတို့လိုမသိသူမရှိတဲ့မနက်စာတွေရှိသလို အမေရိကန်မှာလည်းCereal လို့ခေါ်တဲ့နွားနို့နဲ့ ရောစားရတဲ့ မုန့်ခြောက်လေးတွေကအရမ်းနာမည်ကြီးပါတယ်။အခုခေတ်မှ နာမည်စကြီးတာမဟုတ်ဘဲ သူတို့ဆီမှာဟိုးအရင်ခေတ်တွေကတည်းကCereal ကရှိနေခဲ့တာဖြစ်ပါတယ်။အခုတင်ဆက်ပေးမဲ့Unfrosted လို့ခေါ်တဲ့ဇာတ်ကားလေးကတော့အဲ့ဒီမနက်စာ Cereal ထုတ်တဲ့ကုမ္ပဏီကြီးနှစ်ခုပြိုင်ဆိုင်ရင်းနဲ့မှအခုခေတ်မှာအရမ်းနာမည်ကြီးတဲ့ အမေရိကန်က လူတိုင်းကြိုက်ကြတဲ့ Pop Tart ဆိုတဲ့အဆာသွပ်မုန့်တစ်ခုပေါ်ပေါက်လာပုံဖြစ်ရပ်မှန်ကို အခြေခံပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ်။လက်ရှိမှာတော့ IMDb Rating 5.6 ရရှိထားပြီးအပျင်းပြေကြည့်လို့မဆိုးတဲ့သမိုင်းကြောင်းကိုပြန်လှန်ထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။၁၉၆၀ ခုနှစ်အစောပိုင်း ဘက်တယ်ခရိခ်လို့ခေါ်တဲ့မြို့တစ်မြို့မှာကယ်လော့နဲ့ပို့စ်ဆိုတဲ့ စီရီရယ်ကုမ္ပဏီနှစ်ခုကအမေရိကန် မနက်စာလောကကိုကြီးစိုးထားတဲ့ ပြိုင်ဖက်တွေပဲဖြစ်ပါတယ်။ပိုင်ရှင်တွေရဲ့ နာမည်တွေကလည်း ကယ်လော့နဲ့ပို့စ်ပဲဖြစ်ပြီး သူတို့တွေကအမြဲတမ်းတစ်ယောက်ကို တစ်ယောက်ကျော်တက်ဖို့ကြိုးစားနေကြတဲ့ သူတွေပဲဖြစ်ပါတယ်။စစချင်းမှာတော့ ကယ်လော့ကုမ္ပဏီကတခြားစီရီရယ် ကုမ္ပဏီတွေအားလုံးထက်သာနေခဲ့ပြီး ပြိုင်ဖက်ကင်းဖြစ်နေခဲ့တယ်ဆိုပေမဲ့နောက်ပိုင်းမှာ ပို့စ်ကုမ္ပဏီက အရမ်းကောင်းတဲ့ မုန့်အသစ်တစ်ခုကိုထုတ်လုပ်လိုက်တဲ့အချိန်မှာတော့ အကုန်ပြာပြာသလဲတွေဖြစ်ပြီး အမြန်ဆုံးသူတို့ကိုပြန်ကျော်တက်နိုင်မဲ့ ထုတ်ကုန်တစ်ခုကိုပြန်ထုတ်ဖို့ ကြိုးစားရင်းကနေ ဂန္တဝင် Pop Tart မုန့်ဘယ်လိုဖြစ်ပေါ်လာမယ်ဆိုတာကို ကြည့်ရှုရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…2.29GB/ 958MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 33m Genre ….. Biography , Comedy , History Subtitle….Myanmar ...
movie

Unfrosted (2024)

Molli and Max in the Future (2024)
Molli and Max in the Future (2024)  ဒီရုပ်ရှင်ကတော့ အရင်နှစ်ကမှထွက်ထားတဲ့ Sci-fi, Drama, Comedy သုံးမျိုးကို ရောသမမွှေထားတဲ့ရုပ်ရှင်လေးပါ။ ဒီရုပ်ရှင်က အာကာသထဲက သူငယ်ချင်းနှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးအကြောင်းကို ရိုက်ထားတာပေါ့။ဇာတ်လမ်းအကျဉ်းကတော့ မက်စ် နဲ့ မော်လီက အနာဂတ်က အာကာသထဲက ဂြိုဟ်တွေမှာနေကြပါတယ်။ အဲဒီအနာဂတ်မှာက ကမ္ဘာကြီးကတော့ လူသားတွေလုပ်လို့ပျက်သွားပါပြီတဲ့။တစ်ရက်မှာ မော်လီ နဲ့ မက်စ်က အာကာသတစ်နေရာမှာဆုံရင်းကနေ သူငယ်ချင်းတွေဖြစ်သွားကြတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်က အကျင့်စရိုက်ရော ကိုယ်ရည်ကိုယ်သွေးတွေပါ မတူကြတဲ့သူနှစ်ဦး။ဒီလိုနဲ့ သူတို့နှစ်ဦးက သူငယ်ချင်းအဆင့်ကနေမတက်ခင်မှာ အကြောင်းတခုကြောင့်ခွဲလိုက်ရတယ်ပေါ့။ ဒါပေမဲ့ နောက်နှစ်အနည်းငယ်အကြာမှာ ဂလက််ဆီရဲ့တနေရာမှာ ကံမကုန်ဘဲ ပြန်ဆုံကြပြန်ပါတယ်။ အဲဒီအခါမှာလည်း သူတို့က တစ်ယောက်နဲ့တစ်ယောက် သူငယ်ချင်းကောင်းတွေအဖြစ် ရှိပေးပြီးတော့ အချိန်အတူကုန်ဆုံးကြပြန်တယ်။ဒီလိုနဲ့ မော်လီနဲ့မက်စ်တို့က ဘ၀အတွက်လက်တွဲဖော်ရှာကြဖို့အချိန်ရောက်လာတဲ့အခါမှာတော့ သူတို့နှစ်ဦးလုံးအတွက် ဖူးစာဖက်တွေကိုရှာကြတဲ့နေရာမှာ သင့်တော်တဲ့သူမတွေ့ဘဲ နောက်ဆုံးမှာ သူတို့အတွက်အကောင်းဆုံးဖြစ်တဲ့သူက သူတို့နှစ်ယောက် အချင်းချင်းပဲဖြစ်နေတာကို သိလိုက်ကြရတယ်ပေါ့။ဒါပေမဲ့ ရွေးချယ်မယ့်လမ်းတွေ၊ ပင်ကိုယ်စရိုက်တွေမတူညီနေတဲ့သူတို့နှစ်ဦးဟာ ရှေ့ဆက်တိုးလိုက်ရင် ကြုံတွေ့လာရမယ့်အခက်အခဲတွေကို ကြောက်ရွံ့ပြီး ဖရန့်ဇုန်ထဲကနေရုန်းထွက်ဖို့ရာကို ...
movie

Molli and Max in the Future (2024)

Orion and the Dark (2024) 6.7
Orion and the Dark (2024) Orion and the Dark (2024)~ IMDb - 6.7/10, RT - 87%, Meta - 74% ~ခင်ဗျားတို့ ကျွန်တော်တို့ အားလုံး အလင်းကိုချစ်ကြတယ်။ အလင်းကို ကောင်းခြင်းအဖြစ် မှတ်ယူကြတယ်။ ကဗျာတွေသီချင်းတွေမှာလည်း အလင်းကို ကောင်းခြင်းရဲ့ နိမိတ်ပုံအဖြစ် သုံးတတ်ကြတယ်။ အမှောင်ဆိုတာကို အလင်းမဲ့နေခြင်းလို့ အဓိပ္ပာယ်ဖွင့်ကြတယ်။ အမှောင်ကိုကြောက်ကြတယ်။ ဒါပေမဲ့လည်း အမှောင်ဟာလည်း သူ့ကောင်းခြင်းနဲ့သူရှိနေခဲ့တာပဲ။ နေ့အလင်းဟာ တချို့ အရောင်တွေကို ပိုလှစေသလို အမှောင်ကလည်း တချို့အရောင်တွေကို ပိုတောက်ပစေတယ်။ အလင်းတွေ ပိန်းပိတ်အောင်ဝေဆာနေတဲ့ မြို့ပြကောင်းကင်မှာ ကြယ်တွေကို မမြင်နိုင်ကြသလိုပေါ့။ တိတ်ဆိတ်ခြင်းဟာ တိုးညှင်းလှပတဲ့ အသံတွေကို ကြားစေနိုင်သလိုပဲ အမှောင်ဟာလည်း မှိန်ပျတဲ့အလင်းတွေကို မြင်နိုင်စေတယ်။လူတိုင်းမှာ အကြောက်တရားရှိကြတယ်။ ကိုယ်မသိတဲ့အရာတွေကို မသိလို့ ကြောက်ကြတာလည်းရှိတယ်။ အစက မကြောက်သေးဘဲ သိတာတွေများလာလေ ကြောက်စရာတွေများလာလေဆိုတဲ့ ...
movie

Orion and the Dark (2024)

2024
Baby Shark’s Big Movie (2023)
Baby Shark’s Big Movie (2023)  Baby Shark ဆိုတာက Pinkfong ကနေထုတ်ထားတဲ့ Youtube ပေါ်မှာကြည့်ရှုသူအများဆုံး ကလေးသီချင်းဖြစ်တယ်ဆိုတာ ကလေးလူကြီးအကုန်သိကြမှာပါ။ သီချင်းရဲ့ဆွဲဆောင်မှုနဲ့ လွယ်ကူမှုတွေကြောင့် တစ်ခါနားထောင်ဖူးရုံနဲ့နားထဲမှာစွဲစေတဲ့ သီချင်းလည်းဖြစ်ပါတယ်။ဒီဇာတ်ကားကတော့ အဲ့ဒီသီချင်းကိုပဲကာတွန်းဇာတ်ကားအဖြစ် ကလေးလူကြီးအားလုံးကြိုက်မယ့်ပုံစံအဖြစ် ပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။Baby Shark သီချင်းနဲ့ ကိုရီးယားနာမည်ကြီးအဆိုတော်အဖွဲ့ Enhypen တို့ရဲ့သီချင်း Keep Swimmin' Through အပါအဝင် သီချင်းကောင်းများစွာပါဝင်တဲ့အပြင်Cardi B နဲ့ Enhypen တို့နဲ့အတူ နာမည်ကြီးအနုပညာရှင်များလည်း ဧည့်သည်အဖြစ်ပါဝင်ထားတဲ့အတွက် ကလေးတွေအပြင် လူကြီးတွေအနေနဲ့လည်း ပေါ့ပေါ့ပါးပါးကြည့်ရှုလို့ရမယ့် Animation ဇာတ်ကားလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအနေနဲ့ကတော့ သမုဒ္ဒရာရေပြင်တစ်ခုလုံးက ဂီတအားလုံးကိုခိုးယူပြီးသူတစ်ယောက်တည်းလွှမ်းမိုးချင်နေတဲ့ စတားရီးယားနားဆိုတဲ့ကြယ်ငါးမလေးကိုBaby Shark တို့အဖွဲ့ ဂီတကိုဂီတနဲ့ပြန်တိုက်ထုတ်ဖို့ကြိုးစားကြပုံကို သူငယ်ချင်းနှစ်ယောက်ကြားက သံယောစဉ်နဲ့ချစ်ခြင်းတွေ ဂီတဆိုတာ ကမ္ဘာကြီးလှပဖို့အတွက်လိုအပ်ကြောင်းတွေကို သီချင်းတွေအများကြီးနဲ့ မပျင်းရအောင်တင်ဆက်ထားတဲ့အတွက်လူကြီးလူငယ်အားလုံး ကြိုက်ကြမယ့် ကာတွန်းကားမျိုးပဲဖြစ်ပါတယ်။ File size…1.58GB / 701MB Quality…AMZN WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 18m Genre ...
movie

Baby Shark’s Big Movie (2023)

The Drop (2022) 5
The Drop (2022) သမီးရည်းစားလင်မယားတွေအနေနဲ့ လက်ထပ်ကြမယ် ဒါမှမဟုတ် လက်ထပ်ပြီးခဲ့ပြီရှိသော် နောက်ထပ်တက်လှမ်းရမယ့် အဆင့်တွေထဲက တစ်ခုကတော့ သားသမီးထွန်းကားရေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းကတော့ ခေါင်းစဉ် Drop ဆိုတဲ့အတိုင်း မန်နီနဲ့ လက်စီတို့ လင်မယားဟာ ကျွန်းပေါ်မှာ ကျင်းပမယ့် သုငယ်ချင်း မင်္ဂလာဆောင်ကို လာကြရင်း မယားဖြစ်သူ လက်စီက သူများကလေးကို ပွေ့ချီထားရင်း လွတ်ကျမိတာကနေ ဇာတ်လမ်းကို အခြေတည်ထားပါတယ်။ ဇနီးဖြစ်သူရဲ့ ကလေးတစ်ယောက်ကို လက်လွတ်စပယ်လွတ်ကျမှုဟာ မိခင်ကောင်းတစ်ယောက်ဖြစ်နိုင်ပါရဲ့လားဆိုတာကနေ ဇာတ်လမ်းကို ဆွဲခေါ်သွားမှာပဲ ဖြစ်ပါတယ်။ ဒီကားကို လင်မယားတွေ သမီးရည်းစားတွေအနေနဲ့ သင်ခန်းစာလည်းရ အပန်းလည်းပြေအောင် ကြည်သင့်တယ်လို့ အကြံပြုပါရစေFile Size__(1.9GB) / (1GB) Quality__WEB-DL_1080p, 720p IMDb Rating__5/10 Format__mp4 Duration__01:30:00 Type__Comedy Subtitle__Myanmar Subtitle (Hardsub) Translated by Tun Aung Kyaw Encoded by Naing Aung Latt
movie

The Drop (2022)