Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Antoni Pawlicki
4.8
Below the Surface (2024) Orzel. Ostatni patrol
Below the Surface (2024)ဒီဇာတ်ကားလေးကတော့ ဒုတိယကမ္ဘာအစစ်အတွင်း ပိုလန်ရေငုပ်သင်္ဘောထဲမှာ တာဝန်ထမ်းဆောင်ခဲ့ရတဲ့ တပ်သားတွေအကြောင်းရိုက်ကူးထားတဲ့ကားလေးပါ။နေရောင်မရှိ လေကောင်းလေသန့်မရှိတဲ့ ရေအောက်အမှောင်ထုကြီးထဲမှာပဲ အချိန်များစွာကုန်ဆုံးရရင်း ရန်သူသင်္ဘောတွေလေယာဥ်တွေလာရင် ရှောင်ပြေးရ ပြန်တိုက်ခိုက်ရတဲ့ ရေတပ်သားတို့ဘဝကိုမြင်တွေ့ရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Phyu Thwe Zaw ဖြစ်ပါတယ်။) File size… (1.7 GB) / (870 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Action, Drama, History, War Duration…. 01:49:19 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Phyu Thwe Zaw
movie
Below the Surface (2024) Orzel. Ostatni patrol
2024
5.0
Death Before the Wedding (2025)
ဒီရုပ်ရှင်ဇာတ်ကားလေးဟာ 2025မှာထွက်ထားတဲ့ပိုလန်ဟာသမိသားစု ရုပ်ရှင်ကားလေးပဲဖြစ်ပါတယ်။ပိုလန်နိုင်ငယ်မြို့ငယ်လေးတစ်မြို့မှာနေတဲ့ Mirek ဆိုတဲ့အမျိုးသားတစ်ဦးဟာ သူ့ဘဝကို နို့ထွက်ထုတ်ကုန်လုပ်ငန်းမှာမြုပ်နှံထားသူပါ။ သူဟာအပြောကြမ်းပေမဲ့ သူ့မိသားစု ၊မြို့ငယ်လေးနဲ့ သူ့စက်ရုံလေးကို ကာကွယ်ပေးချင်သူတစ်ဦးပဲဖြစ်ပါတယ်။ သို့ပေမဲ့လည်းသူဟာအရာရာကိုသူ့ပုခုံးပေါ်တင်ထားပြီး လူတိုင်းကသူမရှိရင်မဖြစ်ဘူးလို့တွေးထင်ထားတဲ့သူဖြစ်တဲ့အပြင် လုပ်ငန်း၊မိသားစု တွေမှာ အမျိုးသားတွေကသာဦးဆောင်သင့်တယ်လို့ အတွေးရှိတဲ့သူဖြစ်ပါတယ်။တစ်နေ့မှာ သူ့စက်ရုံရဲ့ CEOက နို့ထွက်ထုတ်ကုန်လုပ်ငန်းကိုကိုယ်ကျိုးအတွက်ပိတ်ချဖို့ သူတို့မြို့လေးကိုရောက်လာခဲ့ပါတယ်။အဲ့အချိန်ကနေစပြီး Mirek ဟာ စက်ရုံနဲ့မြို့လေးကိုကယ်တင်ဖို့ကြိုးစားပါတော့တယ်။ဒီလိုနဲ့ပဲ Mirek နဲ့ သူ့မိသားစုဟာဘယ်လိုပြဿနာလေးတွေရင်ဆိုင်ရမလဲ........သူရဲ့ အတွေးတွေဟာလည်းပြောင်းလဲသွားမလား..........သူ့ရဲ့စက်ရုံနဲ့မြို့လေးကိုရောကယ်တင်နိုင်ခဲ့မှာလားဆိုတာကိုပေါ့ပေါ့ပါးပါးကြည့်ရှူခံစားနိုင်မှာဖြစ်ပါတယ်။ဒီကားလေးမှာ မိသားစုဆက်ဆံရေးတွေ နဲ့ လူတွေကိုခွဲခြားဆက်ဆံတာတွေကို ဟာသကားဖြစ်တဲ့အလျောက် ရယ်မောပျော်ရွှင်စွာဖြင့်ကြည့်ရှူနိုင်မှာဖြစ်ပါတယ်။ File size… (2.14 GB) / (1.07 GB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 46m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Koo Luu Moo
movie
Death Before the Wedding (2025)
6.0
Pilecki’s Report (2023)
ဒီဇာတ်ကားကတော့ ဇာတ်ကားပြီးသွားတဲ့အခါသူရဲကောင်းတွေကို ဘာကြောင့် သတ်ပစ်ကြတာလဲဆိုတဲ့မေးခွန်းပေါင်းများစွာနဲ့ စိတ်ဝင်တစား ကြည့်ရမယ့်ဇာတ်ကားမျိုးပါ။၂ နာရီစာ ဒီဇာတ်ကားက တကယ့်ဖြစ်ရန်မှန်ကို အခြေခံထားတဲ့ ဇာတ်ကား တစ်ကားဖြစ်ပါတယ်။ဒုတိယ ကမ္ဘာစစ်မှာ ပိုလန် လူမျိုး ဝစ်တိုး ပီလက်ကီဆိုတဲ့တော်လှန်ရေး တပ်သားတစ်ယောက်ဟာ အရမ်း ဆိုးဝါးတဲ့အော့ဇ်ဝစ်ချ် ဂျာမန် အကျဉ်းထောင်ထဲကို ဝင်ရောက်ခဲ့ပါတယ်။စစ်ကြီးပြီးသွားတဲ့အခါမှာတော့ ကွန်မြူနစ် အရာရှိတွေရဲ့ဖမ်းဆီးခြင်းကို သူ့အနေနဲ့ ခံလိုက်ရတယ်။ စစ်အတွင်းမှာသူကြုံခဲ့ရတာတွေ .. အော့ဇ်ဝစ်ချ်ဆိုတဲ့ ငရဲခန်းထဲမှာ သူ့ရဲ့အတွေ့အကြုံတွေနဲ့ မျက်မြင်ကိုယ်တွေ့ သူကြုံခဲ့ရတဲ့ အနိဌာရုံမြင်ကွင်းတွေအကြောင်း ကွန်မြူနစ်အရာရှိတွေက သိချင်ခဲ့ကြတာဖြစ်ပါတယ်။ ဝမ်းနည်းစရာကောင်းတာကတော့၁၉၄၈ ခုနှစ်မှာ ဆိုဗီယက်အစိုးရကို ဆန့်ကျင်မှုကြောင့်သူဟာ ကွပ်မျက်ခံလိုက်ရတာပါပဲ။ပထမ စစကြည့်ချင်းမှာ ဇာတ်ကားကို သိပ်နားမလည်နိုင်ပေမဲ့နောက်ပိုင်းမှာ အော့ဇ်ဝစ်ချ် အကျဉ်းထောင်ထဲက ရိုက်ကွင်းတွေကြောင့် ဇာတ်ကားက ပိုကြည့်လို့ ကောင်းလာပြီး ဇာတ်ရည်လည်းလည်လာမှာဖြစ်ပါတယ်။ သမိုင်း ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ဇာတ်ကားဖြစ်တဲ့အတွက် ဒီဇာတ်ကားက ကြည့်ရမယ့်ဇာတ်ကားကောင်း တစ်ကားပါပဲ လို့ ပြောရင်း ...
movie
Pilecki’s Report (2023)
5.7
Where the Devil Can’t Go, He Sends a Woman 2 (2023)
ဒီတစ်ခါ မိတ်ဆက်ပေးချင်တာကတော့ IMDb 5.7/10 ရရှိထားတဲ့ ပိုလန်စကားပြော Comedy/Crime/Drama ကားလေးပါ။ ဇာတ်လမ်းကတော့ ၁၉၉၀-၂၀၀၀ခုနှစ် ဝန်းကျင်က ပိုလန်နိုင်ငံရဲ့ စီးပွားရေး အားပြိုင်မှုတွေကြားထဲက လူလိမ်တစ်ဖြစ်လည်း ကုန်သည်ဖြစ်သူ ခါဇုမီယက်ဇ်ဘွန်ချက်ဇ်ရဲ့ မျိုးစုံကြိုးခုန်တတ်တဲ့၊ စီးပွားရေးကွက်ကျော်ရိုက်၊ ကလိမ်စေ့ငြမ်းစင်ပုံတွေကို ပုံဖော်ထားတာဖြစ်ပါတယ်။ သူကိုယ်တိုင်ကျ ကွက်ကျော်ရိုက်တတ်ပေမယ့် ကားခိုးမှုတွေများနေတဲ့နိုင်ငံမှာ သူ့ကားအခိုးခံရမှာကြောက်လို့ ကားစတီယာရင်ကို ဘယ်သွားသွားချွတ်ယူသွားတတ်တဲ့ ခါဇုတစ်ယောက် နိုင်ငံပိုင်ကုမ္ပဏီတွေကို ပုဂ္ဂလိပိုင်ဖြစ်အောင် ဘယ်လိုလုပ်ပြီး သန်းပေါင်းများစွာကို ဘယ်လိုအိတ်ထဲထည့်ခဲ့သလဲ၊ သတင်းအချက်အလက်တွေရယူဖို့ ဘယ်လိုလမ်းကြောင်းကနေ ကြိုးစားခဲ့သလဲ၊ ရာဇဝတ်မှုတွေကို ဘယ်လိုကျူးလွန်ခဲ့သလဲဆိုတာကို ရှုစားရမှာပါ။ဥပဒေကို လက်တစ်လုံးခြားလုပ်နေတဲ့သူ့ကို ဖမ်းဖို့ကြိုးစားခဲ့တဲ့ ရဲအရာရှိကိုရော ဘယ်လိုနှစ်ပေါက်တစ်ပေါက်ရိုက် လှည့်ထွက်ခဲ့သလဲ၊ အဲဒီ ရဲအရာရှိကရော သူ့ကို တကယ်ဖမ်းဆီးနိုင်ပါ့မလား၊ ဂျင်ပေါ်ကထုံးဖြစ်တဲ့ ခါဇုတစ်ယောက် ငွေနဲ့ပတ်သက်လာတဲ့အခါ ယုံကြည်ရတဲ့မိတ်ဆွေတွေကို အရင်အတိုင်း ဆက်ယုံကြည်နိုင်မှာလား၊ ခါဇုကိုရော သူ့ရဲ့မိတ်ဆွေတွေက နောက်ဆုံးအချိန်ထိ ယုံကြည်ပေးသွားမှာလား ဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ...
movie
Where the Devil Can’t Go, He Sends a Woman 2 (2023)
5.3
The Legions (2019)
The Legions (2019)================IMDb Rating - 5.3/10ရုရှားဇာဘုရင်ရဲ့အုပ်ချုပ်မှုအောက်နေ ပိုလန်နိုင်ငံကြီးကိုလွတ်မြောက်ဖို့အတွက် ပိုလန်စစ်သည်တွေရဲ့ကြိုးပမ်းအားထုတ်ခဲ့တဲ့ တစ်ကယ့်သမိုင်းကြောင်းကိုအခြေခံပြီးရိုက်ကူးထားပါတယ်။ အင်အားသုံးဆလောက်ကွာတဲ့ မားသားရုရှားစစ်တပ်ကြီးကို ပိုလန်စစ်သည်တော်တွေရဲ့ရွပ်ရွပ်ချွံချွံရင်ဆိုင်တိုက်ခိုက်ခဲ့ပုံတွေ၊စစ်ပွဲအတွင်းကချစ်သူနှစ်ဦးရဲ့ အချစ်ဇာတ်လမ်းလေးတွေ၊ အသုံးချခံ FAလေးတစ်ယောက်ရဲ့ရင်နာစရာအဖြစ်အပျက်လေးတွေကို တွေ့မြင်ရပါလိမ့်မယ်။ ပိုလန်ရုပ်ရှင်ပွဲတော်မှာဆုနှစ်ဆုရခဲ့တဲ့ ဒီသမိုင်းကြောင်းနောက်ခံဇာတ်လမ်းလေးကို ခံစားကြည့်ရှု အကဲဖြတ်လိုက်ကြရအောင်လား…….ဇာတ်ကားကြာချိန် ၂ နာရီ ၂၀ မိနစ်ထိရှိတာကြောင့် တဝကြီးလည်း ကြည့်ရှုခံစားရစေမှာပါ။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေး Chit Tee ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRip 5.1CHDuration - 2h 20minSubtitle – Myanmar HardsubFormat – Mp4Genre : Drama, History, RomanceSource : 1080p.WebRipTranslator – Chit TeeEncoder – SWM
movie
The Legions (2019)