Channel Myanmar

Antoine-Olivier Pilon

Sugar Baby (2018) Youtopia 5.2
Sugar Baby (2018) Youtopia Sugar Baby (2018)IMDb Rating (5.2)ဒီအီတလီရုပ်ရှင်ကတော့ ရိုးရိုးလေးပေမဲ့ အကြောင်းအရာမဆိုးဘူးလို့ပြောရမယ်။အစစအရာရာပျက်ယွင်းနေတဲ့ ယောက်ျားသားမရှိတဲ့ အဘွား, အမေ, သမီးပဲရှိတဲ့ မိသားစုတစ်ခုရဲ့ အခက်အခဲတွေကို အခြေတည်ထားတယ်။သူတို့မိသားစုက နေထိုင်စားသောက်ဖို့ ခက်ခဲနေတဲ့အပြင် အိမ်ကလည်း အပေါင်ဆုံးတော့မယ် စားစရာခက်ခဲရုံမက နေစရာပါမရှိဖြစ်တော့မယ်။ဒီအချိန်မှာ အမေတစ်ယောက်ရဲ့ စိတ်ဖိစီးမှုတွေကို ကျွန်တော်တို့ကိုပြတယ်။အဲဒီဒဏ်ကို သမီးက ခံရပုံကိုလည်းပြတယ်။ဖြေရှင်းကြပုံကတော့ ဒီဇာတ်ကားရဲ့ ဇာတ်လမ်းပါပဲ။သူ့သမီးက စစချင်း Dark Web မှာ အဖော်အချွတ်လုပ်ရင်း ရတဲ့ငွေနည်းနည်းကို သူ့အမေကိုပေးတယ်။ဒါပေမဲ့ ပိုကြီးတဲ့ပြဿနာက နှစ်ပတ်အတွင်းအိမ်ကိုလေလံတင်ရောင်းတော့မယ်လို့ ဘဏ်က စာပို့လာတာပေါ့။ဒီအချိန်မှာ အားလုံးကြံရာမရဖြစ်နေကြတဲ့အချိန် သူ့သမီးက သူ့အပျိုစင်ဘဝကို လေလံတင်ရောင်းပြီး ဒီပြဿနာကို ဖြေရှင်းပေးဖို့လုပ်ခဲ့တယ်။ဘာတွေဆက်ဖြစ်မလဲတော့ ရုပ်ရှင်မှာ ဆက်မြင်ရမှာပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။)File size…(1.8 GB) / (640 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:32:43 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated ...
movie

Sugar Baby (2018) Youtopia

2018
French Girl (2024) 5.5
French Girl (2024)  ဂေါ်ဒင်လို့အမည်ရတဲ့ အမျိုးသားဟာ Brooklyn မြို့ကစာသင်ကျောင်းတစ်ကျောင်းမှာ အင်္ဂလိပ်စာပြဆရာတစ်ဦးဖြစ်ပြီးတော့ သူရဲ့ချစ်သူကောင်မလေးကတော့ဆိုဖီလို့ခေါ်တဲ့ စားဖိုမှူးမလေးပေါ့ တစ်ယောက်ကိုတစ်ယောက်ချစ်ချစ်ခင်ခင် ဖြတ်သန်းနေတဲ့သူတို့စုံတွဲကြားထဲ မထင်မှတ်ထားတဲ့အရာလေးတစ်ခုဖြစ်လာခဲ့ပါတယ်…ဆိုဖီဟာ သူရဲ့ဇာတိဖြစ်တဲ့ Quebec မြို့မှာ နာမည်ကြီးစားဖိုမှူးဦးစီးဖွင့်မယ့် Frontenac ဆိုတဲ့ဆိုင်မှာ အကြီးတန်းစားဖိုမှူးနေရာအတွက် ကမ်းလှမ်းခံခဲ့ရတဲ့အတွက် ဇာတိမြို့ကို ပြန်သွားဖို့အကြောင်းဖန်လာခဲ့ပါတယ် ချစ်စိတ်မွှန်နေတဲ့ဂေါ်ဒင်ကတော့ချစ်သူနောက်ကို လိုက်ပါရင်း Quebec မြို့ကို ရောက်သွားတဲ့အခါမှာအကြီးတန်းစားဖိုမှူးရာထူးအား ကမ်းလှမ်းသူဟာ ဆိုဖီရဲ့ရည်းစားဟောင်းရူဘီဖြစ်နေကြောင်း သိသွားတဲ့အခါမှာတော့…….ဂေါ်ဒင် ဘယ်လိုတွေရှေ့ဆက်လုပ်မလဲ?ဆိုဖီနဲ့ရူဘီကရော ဘာကြောင့်လမ်းခွဲခဲ့ရသလဲ?ဆိုဖီရော အလုပ်ကမ်းလှမ်းမှုကို လက်ခံလိုက်မှာလား?ဆိုဖီနဲ့ရူဘီရော ပြန်ဇာတ်ပေါင်းထုပ်သွားမလား?ဆိုတာကိုတော့ ဇာတ်ကားထဲ အဖြေရှာကြည့်ပါဦး…. File size…2.22GB / 936MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 46m Genre ….. Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thinn & Aoi
movie

French Girl (2024)

Mommy (2014) 8.0
Mommy (2014) Mommy (2014)(language warning) ဒီတစ်ခေါက်တင်ဆက်ချင်တာကတော့ လူတိုင်းလက်မလွှတ်သင့်တဲ့ရုပ်ရှင်မျိုးဗျ။ဒီရုပ်ရှင်ကို ကနေဒါရုပ်ရှင်လောကရဲ့ မှတ်ကျောက်တစ်ခုလို့လည်း ဆိုကြပြန်ပါတယ်။ဒီရုပ်ရှင်က ခင်ဗျားကို ရင်ထဲဆို့နင့်သွားစေမယ့် ခံစားချက်တွေနဲ့အတူမွန်းကြပ်သွားအောင်လုပ်နိုင်တဲ့ ရုပ်ရှင်လို့ပြောရင်လည်း မမှားပါဘူး။ ချစ်ခြင်းမေတ္တာရဲ့ဆန်းကြယ်မှုဟာဘဝရဲ့အမှောင်မိုက်ဆုံးအခိုက်အတန့်တွေမှာတောင်အစွမ်းကုန် တောက်ပနေတတ်ပါတယ်။  ဒါပေမယ့် ချစ်နေရုံနဲ့ပဲ လူတွေကို ကယ်တင်ပေးလို့ရမလားဆိုတာကတော့ ဖြေရခက်တဲ့ မေးခွန်းပါပဲ။ဒါပေမယ့် ဒီမေးခွန်းရဲ့အဖြေကို Xavier Dolanဟာ ဒီရုပ်ရှင်နဲ့အတူလှပသေသပ်စွာ ဖြေခဲ့တယ်လို့ ပြောရလိမ့်မယ်ဗျ။ ဇာတ်လမ်းအကြောင်းဆက်မပြောခင်မှာ ဒီရုပ်ရှင်ရဲ့အောင်မြင်မှုအကြောင်းကို ပြောပြချင်တယ်ဗျ။ဒီရုပ်ရှင်ကိုရိုက်ကူးခဲ့သူကတော့ ကနေဒါနိုင်ငံသားတစ်ဦးဖြစ်တဲ့ Xavier Dolanပဲဖြစ်ပါတယ်။ရိုက်ကူးခဲ့တဲ့အချိန်မှာ သူဟာ အသက် 25နှစ်အရွယ်ပဲရှိသေးတာပါ။ဒီရုပ်ရှင်ကို Cannes ရုပ်ရှင်ပွဲတော်မှာ စတင်ပြသခဲ့ပြီး Jury Prizeရရှိခဲ့ပါတယ်။နောက်ပိုင်းမှာလည်း ဆုပေါင်း ၅၀ကျော်အထိရရှိခဲ့ပြီး nominationပေါင်း ၆၀ကျော်ဝင်ခဲ့ပါတယ်။ ဒါဆိုရင်တော့ ဘယ်လောက်အောင်မြင်လဲ ခန့်မှန်းမိမှာပါ။ ဒီဇာတ်လမ်းရဲ့အဓိကဇာတ်ကောင်တွေကတော့ ဒီယန်းလို့ခေါ်တဲ့တစ်ခုလပ် အမျိုးသမီးတစ်ဦးနဲ့ သူ့ရဲ့သားဖြစ်သူ စတိဗ်တို့ဖြစ်ပါတယ်။စတိဗ်ဟာ သူ့အမေကိုအရမ်းချစ်တဲ့ သားတစ်ယောက်လို့ပြောရမယ်။ဒါပေမယ့် စတိဗ်ဟာ စိတ်ကျန်းမာရေး ချို့ယွင်းမှုတွေကြောင့်ပြုပြင်ရေးစင်တာကို အပို့ခံထားရတဲ့ ကောင်လေးတစ်ယောက်ပါ။တစ်နေ့မှာတော့ စင်တာမှာအတူနေတဲ့ ကောင်လေးတစ်ယောက်ကိုမီးလောင်စေမှုကြောင့် စတိဗ်ကို စင်တာက ထုတ်ပယ်လိုက်ပါတယ်။ဒီလိုနဲ့ ...
movie

Mommy (2014)

2014
Target Number One 6.2
Target Number One ဒီဇာတ်လမ်းကတော့ ၁၉၈၉ ခုနှစ်မှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန် ဇာတ်ကားပါ။ Most Wanted ဆိုတဲ့ အမည်ခွဲလည်း ပေးထားပါသေးတယ်။ ထိုင်းနိုင်ငံမှာ ဘိန်းမှောင်ခိုမှုနဲ့ အဖမ်းခံခဲ့ရတဲ့ ကနေဒါ နိုင်ငံသားတစ်ယောက်ကို ကယ်တင်ခဲ့တဲ့ ကနေဒါနိုင်ငံက ဂျာနယ်လစ်တစ်ယောက်ရဲ့ကြိုးပမ်းမှုကို တင်ဆက်ထားတာပါ။ အကျင့်ပျက် ခြစားတဲ့ ရဲတချို့ရဲ့ လုပ်ရပ်ကြောင့် သာမန်ပြည်သူတစ်ယောက် ဒုက္ခရောက်ခဲ့ရတဲ့အကြောင်းပါ။ မီဒီယာရဲ့အခန်းကဏ္ဍက ပြည်သူတွေအပေါ်မှာ ဘယ်လောက်အရေးပါတယ်ဆိုတာကို ရိုက်ပြထားတာပါ။ အတ္ထုပ္ပတ္တိကို တင်ပြထားတာဆိုပေမယ့် ဇာတ်လမ်းက လုံးဝကို ပျင်းစရာကောင်းမနေခဲ့ပါဘူး။ ကြည့်ရင်းကြည့်ရင်းနဲ့ ဘာဖြစ်လာမလဲဆိုပြီး စိတ်ဝင်တစားနဲ့ ကြည့်ရှုရမယ် ဇာတ်ကားကောင်းတစ်ကားပါ IMDb - 6.2/10 ရထားတဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ။   File Size - 1.3 gb Quality - web-dl 1080p Subtitle - burmese Translator - August Encoder - Thit San Khant
movie

Target Number One

2020