Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Antoine McKay
5.6
Holiday Hold-Up (2024)
ဒီတစ်ခါမှတော့ Rating တန်းဝင်တဲ့ထဲက အခွီကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ လူတိုင်းပျော်ရတဲ့ခရစ်စမတ်ကာလကြီးမှာမှ စားသောက်ဆိုင်ပိတ်ပြီး ရုတ်တရက်အလုပ်ထုတ်ခံလိုက်ရတဲ့ ဝန်ထမ်းတစ်စု…အလုပ်ပြုတ်သွားလို့ မကျေနပ်ကြဘဲ စားသောက်ဆိုင်ပိုင်ရှင်ဘော့စ်ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ လက်စားချေဖို့ ဇာတ်လမ်းတွေဆင်ကြတာကို မှုခင်းဟာသအရောလေးနဲ့ ရင်ခုန်စွာကြည့်ရှုရမှာပါ…ဘော့စ်ရဲ့ စားသောက်ဆိုင်ပိတ်ရခြင်း နောက်ကွယ်မှာရောဘယ်လိုမျိုးလျှို့ဝှက်ချက်တွေရှိနေလဲဆိုတာကိုလည်းကိုယ်တိုင်ခံစားကြည့်ရှုပေးဖို့ ညွှန်းပေးလိုက်ပါတယ်။ File size… (1.25 GB) / (710 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 29m Genre ….. Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Koo Luu Moo
movie
Holiday Hold-Up (2024)
6.6
The Weather Man(2005)
The Weather Man(2005)====================ကျွန်တော်တို့အားလုံးဟာ ဘဝသင်ခန်းစာတွေကိုပုံစံအမျိုးမျိုးနဲ့ life long learningလုပ်နေရတဲ့ဘဝကျောင်းတော်ထဲက ကျောင်းသားလေးတွေပေါ့။တစ်ခါတလေမှာ အလွယ်တကူနားလည်လိုက်တာရှိပေမဲ့ တစ်ခါတစ်လေကျ ခက်ခက်ခဲခဲနဲ့ ရင်းနှီးပေးဆပ်မှုတွေများပြီးမှ ရင်ဘတ်ကြီးကိုရင်းနှီးလိုက်ရပြီးမှသင်ယူလိုက်ရတာတွေလည်း အများကြီးပါပဲ။လွယ်ကူတယ်ဆိုတာ အရွယ်ရောက်ပြီးသူတစ်ယောက်ရဲ့ဘဝထဲကို ဝင်မလာဘူးလို့ ဒေ့ဗ်ရဲ့အဖေက ဒေ့ကိုအမြဲဆုံးမပါတယ်။ ဒါပေမဲ့ဒေ့ဗ်တစ်ယောက် ဒါကိုလက်မခံနိုင်ဘဲ ပြဿနာပေါင်းစုံနဲ့ ဗရုတ်သုတ်ခလူ့ဘဝကြီးကိုအကြီးအကျယ်အဆိုးမြင်နေသူတစ်ယောက်ပါ။အသက်အရွယ်နဲ့ယှဉ်ရင် မရင့်ကျက်နိုင်သေးတဲ့ဒေ့ဗ်ကတော့ဘဝရဲ့ပြဿနာတွေကို ထိုင်အလိုမကျဖြစ်နေတဲ့Grumpy kidလိုပါပဲ။(Grumpyဖြစ်မဖြစ်ကတော့တစ်ကားလုံးကိုလွှတ်ဆဲနေတော့တာ)work lifeကိုကြည့်ရင်လည်း ဒေ့ဗ်စပရစ်ဇ်ရဲ့ဘဝကစာမေးပွဲခန်းထဲက ကျွန်တော်တို့နဲ့မခြားပါဘူး။ စာမေးပွဲခန်းထဲထိုင်နေပေမဲ့ စာဆိုတာဒါလားလို့မေးယူရတဲ့အနော်တို့လိုပဲသူလည်း မိုးလေဝသပညာဆိုတာ ချိုနဲ့လားဆိုသလိုပါပဲ။ဒီလိုလူက မိုးလေဝသသတင်းကြေညာသူဆိုတော့ကာသူမှန်းသမျှကတော့ ကတွတ်ပီအမဲလိုက်သလိုပါပဲ___ပြောင်းပြန်မှတ်ယူမှ စိတ်ချရမှာပါ။အလုပ်ကအဆင်မပြေတော့ Family Lifeကိုကြည့်တော့လည်းတလွဲ။ ဇနီးဖြစ်သူနိုရင်းနဲ့ကလည်း တကျက်ကျက်ရန်ဖြစ်၊နေ့တိုင်းဆူပူနေတဲ့မိဘတွေကြောင့် စိတ်ထွက်ပေါက်ရှာတဲ့ကလေးတွေက ဆေးစွဲတဲ့လူနဲ့ ဆေးလိပ်သောက်တဲ့လူနဲ့ပြဿနာတွေဒုနဲ့ဒေး။ ဒီကြားထဲမှာမှ အဖေဖြစ်သူရဲ့သတင်းဆိုးကလည်း သူ့အတွက်တော့ ကံဆိုးမသွားလေရာမိုးလိုက်လို့ရွာပါပဲ။ Social lifeကတော့ အထွေအထူးပြောစရာမလိုပါဘူး။ တလွဲချည်းပဲ တီဗီပေါ်တက်တက်ပြောနေတဲ့ဒေ့ဗ်ကိုလူတွေကအင်မတန်ချစ်ခင်ကြတော့ အပြင်မှာတွေ့ရင် ကြုံသလိုသွားရည်စာနဲ့ပစ်ပေါက်ပြီး ဆွမ်းကြီးလောင်းကြပါတယ်။ဒီလိုစုတ်ပြတ်နေတဲ့ဒေ့ဗ်ရဲ့ဘဝကို ပြောင်းလဲပေးမယ့်မဟာအခွင့်အရေးဖြစ်တဲ့ သူ့ရဲ့Dream Jobက သူ့ရှေ့မှောက်ကိုရောက်လာတဲ့အခါမှာတော့ သူ့ရဲ့ရွေးချယ်မှုတွေ အရင်လိုပဲဝေဝါးနေဦးမှာလား။ ...
movie
The Weather Man(2005)