Channel Myanmar

Anthony Moisset

Risen (2021) 5.0
Risen (2021)  UFO လို့ခေါ်တဲ့ပန်းကန်ပြားပျံကြီးနဲ့ပတ်သတ်ပြီးတော့မတူညီတဲ့သီအိုရီတွေ အမြင်တွေရှိလာခဲ့ကြတာဟိုးအရင်ခေတ်တွေကတည်းက အခုထက်ထိပါပဲ။ဂြိုလ်သားတွေ ပန်းကန်ပြားပျံတွေရှိတယ်လို့တပ်အပ်အတည်ပြုပြောနိုင်တဲ့သူမရှိသေးသလိုမရှိဘူးလို့ပြောရအောင်လည်း ဟိုနားဒီနားလေးမှာ ပန်းကန်ပြားပျံတွေမြင်ဖူးသလိုလို ဂြိုလ်သားတွေမြင်ဖူးသလိုလိုသတင်းတွေကမကြာမကြာပေါ်ထွက်လာတာကိုသတိထားမိကြမှာပါ။အဲ့ဒီလိုအကြောင်းအရာတွေနဲ့ပတ်သတ်တဲ့ရုပ်ရှင်တွေထွက်ခဲ့ဖူးတာလည်း မနည်းမနောပါပဲ။အခုတင်ဆက်ပေးမဲ့ဇာတ်ကားလေးကလည်း ဂြိုလ်သားတွေရောက်လာရင် ကမ္ဘာကြီးကိုကျူးကျော်မှာဆိုတဲ့အတွေးတစ်ခုကို လှလှပပမျက်စိထဲမြင်သာအောင်ရိုက်ကူးထားတဲ့ Risen ဆိုတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။အေးချမ်းသာယာနေတဲ့ညနေခင်းလေးတစ်မှာ မြို့လေးတစ်မြို့ပေါ်ကိုဥက္ကာခဲလိုအရာကြီးကျလာခဲ့ပါတော့တယ်။ဒါပေမယ့်အဲ့ဒီမြို့အတွက် ကံဆိုးတာကအဲ့ဒီဘာမှန်းမသိတဲ့အရာကြီးထဲကနေအဆိပ်ငွေ့တွေထွက်လာပြီး အချိန်တစ်ခဏလေးအတွင်းမှာတင်တစ်မြို့လုံးကိုသေစေခဲ့ပါတော့တယ်။အဲ့ဒါကြောင့်အစိုးရက အဲ့ဒီကိစ္စကိုစုံစမ်းစစ်ဆေးဖို့အတွက် အတော်ဆုံးဇီ၀ဗေဒပညာရှင်နှစ်ယောက်ကိုစေလွှတ်ခဲ့ပါတယ်။အဲ့ဒီထဲကတစ်ယောက်ကတော့လော်ရာလို့ခေါ်တဲ့အာကာသဇီ၀ဗေဒပညာရှင်ဖြစ်ပြီး အဲ့ဒီစစ်ဆေးမှုမှာသူမထင်မှတ်ဘဲလုပ်ခဲ့တဲ့အမှားတစ်ခုကြောင့် ကမ္ဘာပျက်ဖို့အထိဖြစ်လာပုံတွေကိုစိတ်ဝင်စားစရာအမြင်တစ်မျိုးနဲ့ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။ File size…1.31GB / 682MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 49m Genre ….. Drama , Sci-Fi , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Risen (2021)