Channel Myanmar

Anthony Hopkins

Instinct (1999)
Instinct (1999) နာမည်ကြီးသရုပ်ဆောင် Anthony Hopkins ပါဝင်ထားတဲ့ Psychological Thriller အမျိုးအစားရုပ်ရှင် Instinct... နှစ်အနည်းငယ်လောက်ပျောက်ဆုံးသွားပြီး လူတွေနဲ့ဝေးရာ အာဖရိကတောနက်ထဲမှာ ဂေါရီလာမျောက်တွေနဲ့အတူသွားရောက်နေထိုင်ခဲ့တဲ့ မနုဿဗေဒပညာရှင် Ethan Powell လူသတ်မှုတွေနဲ့ တရားစွဲဆိုခံရပြီးနောက် စကားလုံးဝမပြောတော့တဲ့အခါ... စိတ်ရောဂါကုဆရာဝန် Dr. Theo Caulder တစ်ယောက်ကတော့ Powell ရဲ့အမှုကို အကဲဖြတ်ဆန်းစစ်မှုတွေပြုလုပ်ဖို့ အကြောင်းဖန်ခဲ့ပါတယ်။သူတို့နှစ်ယောက်ရဲ့ တွေ့ဆုံရာကတော့ Harmony Bay အကျဉ်းထောင်ထဲမှာ ဖြစ်လာပါတယ်။ Powell ကရော ဘာကြောင့် လူတွေကိုတိုက်ခိုက်ပြီး သတ်ဖြတ်ခဲ့ရတာလဲ။ အမှုရဲ့နောက်ကွယ်မှာ ဘယ်လိုစိတ်ဝင်စားစရာတွေရှိနေလဲ။ Dr. Theo ကရော Powell ကို ကူညီပေးနိုင်မှာလား။ Harmony Bay က စိတ်ရောဂါလူနာအကျဉ်းသားတွေကို ဘယ်လိုထိန်းချုပ်ထားလဲ။ စိတ်လှုပ်ရှားရတာကိုသဘောကျပြီး စိတ်ပညာနဲ့ပတ်သက်တာကို စိတ်ဝင်စားတဲ့လူတွေအတွက် သဘောကျလောက်စရာ ဇာတ်ကားကောင်းတစ်ပုဒ်ဖြစ်ပါတယ်။စဉ်းစားစရာတွေအများကြီးပါဝင်ပြီး ခင်မင်မှုနဲ့ သံယောဇဉ်တွေအကြောင်းကိုလည်း မီးမောင်းထိုးပြထားပါသေးတယ်။ Ethan Powell ...
movie

Instinct (1999)

Locked (2025) 6.3
Locked (2025)  Locked (2025)IMDb Rating (6.3) / Rotten Tomatoes (65%) အက်ဒီဘာရစ်ဟာ ကားတစ်စီးနဲ့ ဒလီပို့တဲ့ အလုပ်ကို လုပ်ပြီး ဘဝကို ခက်ခက်ခဲခဲ ဖြတ်သန်းနေသူတစ်ဦးဖြစ်တယ်။သူ့ဒုက္ခတွေနဲ့သူ အကျပ်ရိုက်နေလို့ ဇနီးဟောင်းနဲ့ အလှည့်ကျ ခွဲယူထားတဲ့ သူ့သမီးအတွက် ဖခင်တာဝန်တွေကိုလည်း မကျေပွန်နိုင်သူပေါ့။တစ်နေ့တော့ သူ့ရဲ့ကားက ပျက်လို့ ဝပ်ရှော့ကို ပို့လိုက်ရတယ်။ ပြင်စရိတ်ကိုလည်း အကုန်မပေးနိုင်တော့ ကားလည်းမရ ငွေလည်းကုန် အခြေအနေဖြစ်သွားတယ်။လူတကာကို ပိုက်ဆံလိုက်ချေးပေမဲ့လည်း အရာမထင်ခဲ့တဲ့အဆုံး အက်ဒီဟာ လမ်းပေါ်မှာ ဒီတိုင်းရပ်ထားတဲ့ SUV တစ်စီးထဲက ပစ္စည်းတစ်ခုခုကို ခိုးပြီး ငွေရပေါက်ကြံတယ်။ဒါပေမဲ့ ကံဆိုးမ,သွားရာ မိုးလိုက်လို့ရွာဆိုသလိုပဲ သူဝင်ခိုးတဲ့ ကားက သာမန်ကားတစ်စီး ဟုတ်မနေခဲ့တာပါပဲ။ကားထဲကို အက်ဒီဝင်သွားအပြီးမှာ ကားတံခါးတွေဟာ အကုန် လော့ခ်ကျသွားခဲ့ပါတယ်။ အက်ဒီဘယ်လိုပဲ ကြိုးစားကြိုးစား တံခါးတွေဟာ လုံးဝဖွင့်မရတော့ပါဘူး။ပါလာတဲ့ သေနတ်နဲ့ မှန်ကိုခွဲပြန်တော့ ကျည်မတိုးတဲ့ မှန်ဖြစ်နေပြီး ကျည်ဆံက ...
movie

Locked (2025)

2025
4K HEVC
Legends of the Fall(1994) 7.5
Legends of the Fall(1994)  ဒဏ္ဏာရီတဲ့လားဒဏ္ဏာရီဆန်တဲ့ လူသားတစ်‌ယောက်အကြောင်းပြောရင် ကျွန်တော်ကတော့ ထရစ္စတန်ကို မေ့နေလို့မရပါဘူး။ သူ့ဘဝရဲ့ ပုံပြင်ကတော့ လူတိုင်းကို မှင်သက်စေလိမ့်မယ်။သားရဲတစ်ကောင်လို သန်မာတဲ့ လူရိုင်းလေးက စိတ်သဘောထားကြတော့ နုနယ်လွန်းလှတယ်။ ချစ်လှစွာသော သူ့ ညီအကို သုံးယောက်ကြား ဝင်ရောက်လာတဲ့ သိမ်မွေ့တဲ့ အမျိုးသမီးလေးရဲ့ နှလုံးသားကရော ဘယ်သူ့ဆီမှာပါလဲ။ အနေအေးပြီး ရိုးလွန်းတဲ့ အကိုကြီးရဲ့ ခံစားချက်ကလည်း စာဖတ်သူကို ဘယ်လို ခံစားချက်ဖြစ်စေမှာလည်း သိပါရစေ။စည်းဘောင်တွေ အပြင်မှာ ပျော်ပျော် နေတတ်တဲ့ လူသားက သူ့ချစ်တဲ့သူ တွေကိုရော ကာကွယ်ပေးနိုင်ပါ့မလားဆိုတာကို ရင်သပ်ရှုမောဖွယ် ကြည့်ရူခံစား ကြည့်ပါဦး။ ဒီလူရိုးကြီးနဲ့ နှလုံးသားကို ဘယ်လို ထင်လဲ ပြောကြည့်ပါအုံး။ File size…(12 GB)/(2.6 GB)/(1.3 GB) Quality….Blu-Ray/Brbrip 4K HEVC/1080p / 720p Format… mp4 Duration…. 02:13:00 Genre... Drama, Romance, War, Western Subtitle….Myanmar Subtitle ...
movie

Legends of the Fall(1994)

1994
4K HEVC
Thor: The Dark World (2013) 6.7

Thor: The Dark World (2013)

2013
4K HEVC
The Mask of Zorro (1998) 6.8
The Mask of Zorro (1998) The Mask of Zorro (1998) IMDb Rating (6.8) / Rotten Tomatoes (84 %)၁၉၉၈ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး တကယ်ကြည့်သင့်တဲ့ကားမျိုးဖြစ်ပါတယ်။ စပိန်မင်းသား Antonio Banderas ရဲ့ကားကောင်းတစ်ကားဖြစ်ပြီး မင်းသမီး Catherine Zeta‑Jones ရဲ့အလှအပကိုလည်း ခံစားနိုင်မှာပါ။ Sir ဘွဲ့ရ မင်းသားကြီး Anthony Hopkins နဲ့ Stuart Wilson တို့က ဇာတ်ကိုဆွဲခေါ်နိုင်တာကြောင့် ဇာတ်လမ်းဆုံးတဲ့အထိ မထတမ်းကြည့်စေချင်မယ့် ကားမျိုးပါ။ Steven Spielberg က ထုတ်လုပ်သူအဖြစ် တာဝန်ယူခဲ့တာကြောင့် မကောင်းမှာမပူရပါဘူး။ဇာတ်လမ်းကတော့....၁၈၂၁ ခုနှစ်မှာ အခုအမေရိကန်နိုင်ငံ ကာလီဖိုးနီးယားပြည်နယ်ဟာ စပိန်လက်အောက်ခံပြည်နယ်လေးတစ်ခုဖြစ်ပါတယ်။ အဲဒီဒေသတွေကို မက္ကဆီကိုနဲ့စပိန်တို့က တလှည့်စီအုပ်စိုးနေကြတာဖြစ်ပါတယ်။ ဇာတ်လမ်းအဖွင့်မှာတော့ ကာလီဖိုးနီးယားကို စပိန်တွေလက်ထဲက မက္ကဆီကိုဗိုလ်ချုပ်ကြီး ဆန်တာအန်နာက ပြန်သိမ်းတော့မှာကြောင့် စပိန်မြို့တော်ဝန် ဒွန် ရာဖေယဲလ် မွန်တယ်ရို ...
movie

The Mask of Zorro (1998)

4K HEVC
The Human Stain (2003) 6.2
The Human Stain (2003)  Anthony Hopkins, Nicole Kidman တို့ ပါဝင်ထားတဲ့ ဒရာမာရုပ်ရှင်လေးဖြစ်ပါတယ်ကိုးလ်မန်းဆိုတဲ့ အဘိုးကြီးက ကောလိပ်တစ်ခုက ဌာနမှူးဖြစ်ပြီး တစ်နေ့အတန်းထဲမှာ ပျက်ကွက်တဲ့ကျောင်းသားနှစ်ယောက်ကို Spooks(တစ္ဆေတွေလား) လို့ လူရှေ့သူရှေ့ သုံးနှုန်းလိုက်မိပါတယ်သူမသိတာကတော့ အဲဒီကျောင်းသားနှစ်ယောက်က အာဖရိကန်အမေရိကန်(လူမည်း) ဖြစ်ပြီး Spooks ဆိုတဲ့ စကားလုံးက တစ်ချိန်က လူမျိုးရေးခွဲခြားတဲ့ အသုံးအနှုန်းဖြစ်နေတာပါဒီလိုနဲ့ အရှက်တကွဲအကျိုးနည်း အလုပ်ထွက်လိုက်ရပြီး သူ့မိန်းမပါ ဆုံးသွားပါတော့တယ်ဒါကိုမကျေနပ်တဲ့ အဘိုးကြီးက စာရေးဆရာတစ်ယောက်ဆီသွားပြီး သူ့အကြောင်းစာအုပ်ရေးပေးဖို့ တောင်းဆိုလာတဲ့အခါကိုးလ်မန်းရဲ့ လက်ရှိအရှုပ်ဇယားတွေနဲ့ အတိတ်က လျှို့ဝှက်ချက်တွေ ဘယ်လိုပေါ်ပေါက်လာမလဲ စိတ်ဝင်တစားကြည့်ရမှာ ဖြစ်ပါတယ် File size…(1.8 GB)/(920 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:46:00 Genre... Drama, Romance, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Sike Tan
movie

The Human Stain (2003)

The Silence of the Lambs (1991) 8.6
The Silence of the Lambs (1991)  The Silence of the Lambs (1991) ဟာ Horror & Thriller အမျိုးအစားဖြစ်ပြီး ၁၉၉၂ ခုနှစ် အော်စကာဆုပေးပွဲမှာ အမျိုးသားဇာတ်ဆောင်ဆု၊ အမျိုးသမီးဇာတ်ဆောင်ဆု၊ ဒါရိုက်တာဆု အပါအဝင် စုစုပေါင်း ဆု (၅)ခု ဆွတ်ခူးခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားဟာ The Exorcist(1973) နဲ့ Jaw (1975) တို့နောက်ပိုင်း Horror Movie တွေထဲမှာ ရှားရှားပါးပါး အော်စကာဆုရခဲ့တဲ့ တတိယမြောက်ဇာတ်ကားဖြစ်ပါတယ်။ သောမတ်စ်ဟာရစ်ရဲ့ ကျော်ကြားခဲ့တဲ့ ဝတ္ထုတွေထဲက လူသားစား မှုခင်းဆိုင်ရာ စိတ်ရောဂါကုဆရာဝန် စိတ္တဇလူသတ်သမားဖြစ်တဲ့ ဒေါက်တာ ဟန်နီဗယ်လက်တာ ဆိုတဲ့ ဇာတ်ကောင်ပေါ်မှာ အခြေတည်ပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒေါက်တာ Lacter ရဲ့ Character ဟာ အလွန်ပဲကျော်ကြားခဲ့ပြီး သူ့အကြောင်းကိုလည်း ရုပ်ရှင်တွေနဲ့ TV Serie တွေအများအပြားရိုက်ကူးခဲ့ကြပါတယ်။အဲဒီရုပ်ရှင်တွေကတော့ Manhunter ...
movie

The Silence of the Lambs (1991)

1991
Bad Company (2002)
Bad Company (2002) ဂျိတ်ဟေးစ်ဟာ မိဘမဲ့ဂေဟာမှာ ကြီးပြင်းခဲ့ပြီးတော့ လက်မှတ်မှောင်ခိုရောင်းလိုက်၊ ပန်းခြံမှာ စစ်တုရင်ကစားပြီး ငွေရှာလိုက်နဲ့ လုံးချာလိုက်နေပေမယ့် ဂေါင်းကြီးတို့နဲ့ မတူတာကတော့ သူ့မှာ ဂျူလီဆိုတဲ့ ကောင်မလေးတော့ရှိပါတယ်။ဒါပေမဲ့ သူ့ကောင်မလေးက အဖြစ်မရှိတဲ့ ဂျိတ်ကြောင့် သူ့ရည်းစားဟောင်းရှိတဲ့ တခြားမြို့မှာ အလုပ်သွားလုပ်ဖို့ ပြောလာပါတော့တယ်။ အဲဒီအချိန်မှာ သူ့ကို ဆိုင်းမဆင့် ဗုံမဆင့် စီအိုင်အေက ခေါ်သွားပြီးတော့ သူ့မှာ ငယ်ငယ်တုန်းက ကွဲသွားတဲ့ အမြွာအစ်ကိုရှိတဲ့အကြောင်း၊ သူ့အမြွာအစ်ကိုက စစ်ဆင်ရေးတစ်ခုမှာ ဆုံးသွားတဲ့အကြောင်း ပြောပြပြီးတော့ အန္တရာယ်မရှိတဲ့ သာမန်စစ်ဆင်ရေးမှာ သူ့အစ်ကိုဟန်ဆောင်ပေးဖို့ ငွေအများကြီး ကမ်းလှမ်းပါတော့တယ်။ဒီတော့ သူကောင်မလေးကို ဆုံးရှုံးရမှာစိုးတဲ့အတွက် စီအိုင်အေကို သဘောတူလိုက်ပေမဲ့ စစ်ဆင်ရေးက သူထင်ထားသလို သာမန်မဟုတ်ပဲ တစ်မြို့လုံး ပြောင်သလင်းခါသွားနိုင်တဲ့ နျူးကလီးယားဗုံးနဲ့ ဆက်စပ်နေပြီး ကျားမြီးပြေးဆွဲနေရမဲ့အနေအထား ရောက်လာတဲ့အခါမှာ သူ့အနေနဲ့ ဘယ်လိုနှစ်ပါးသွားရမလဲဆိုတာကို ဟာသနှောပြီး ကြည့်ရမှာဖြစ်လို့ အူတက်အောင် ခွီချင်ရင် ကြည့်သာကြည့်လိုက်ကြပါတော့ ဂေါင်းကြီးတို့File ...
movie

Bad Company (2002)

Rebel Moon – Part Two: The Scargiver (2024) 6.9
Rebel Moon – Part Two: The Scargiver (2024) Rebel Moon - Part Two: The Scargiver (2024) ================================= IMDb Rating - 6.9/10ဒါရိုက်တာ ဇက်စနိုင်ဒါရဲ့ စတားဝေါ ဖန်မိတ် ရုပ်ရှင်ကြီးလာပါပြီ။ ဒီဇာတ်လမ်းကို စတားဝေါလူကြီးဆန်ဆန်ဗားရှင်းအဖြစ် ကမ်းလှမ်းခဲ့ပေမဲ့ ဒစ္စနေးနဲ့လူးကပ်ရုပ်ရှင် ကုမ္ပဏီက လက်မခံတာကြောင့် Star Wars ရုပ်ရှင်အဖြစ်မဟုတ်ဘဲ ကိုယ်ပိုင်ရိုက် ကူးဖြစ်သွားတာပါ။ ဒါကြောင့် ဂျဒိုင်းတွေနဲ့အလင်းဓားတွေ မပါဝင်ပေမဲ့ အင်ပါယာ နဲ့ ဖိနှိပ်ခံဂြိုလ်တွေ၊ တော်လှန်ရေးအဖွဲ့တွေ အကုန်ပါဝင်နေပါတယ်။ ဒါ့အပြင် ဇာတ် လမ်းကျောရိုးကိုလည်း ဇက်ရဲ့ အကြိုက်ဆုံးရုပ်ရှင် Seven Samurai (1954) ကို မှီ ငြမ်းထားတာမို့ အာကာသထဲက ဆာမူရိုင်း ၇ ယောက် ဇာတ်လမ်းမျိုးဖြစ်နေပြန်ပါ တယ်။ လက်ရှိ ဝေဖန်ရေးဆရာတွေ အကြိုက်မတွေ့တဲ့အချက်ကလည်း ဒီအချက်ပဲ ဖြစ်ဖို့များပါတယ်။ မူရင်းဖန်တီးချက် ဘာမှမပါသေးဘဲ စတားဝေါ နဲ့ ဆဲဗင်းဆာမူရိုင်း ဒါမှမဟုတ် Magnificent Seven ကြည့်ပြီးသားလူတွေအတွက် မဲပြာပုဆိုးဖြစ်နေလို့ ပါပဲ။ ဒါပေမဲ့ ပထမရုပ်ရှင်ပဲ ရှိသေးတာမို့ ...
movie

Rebel Moon – Part Two: The Scargiver (2024)

2024
4K HEVC
Rebel Moon – Part One: A Child of Fire (2023) 6.4
Rebel Moon – Part One: A Child of Fire (2023)  ဒါရိုက်တာ ဇက်စနိုင်ဒါရဲ့ စတားဝေါ ဖန်မိတ် ရုပ်ရှင်ကြီးလာပါပြီ။ ဒီဇာတ်လမ်းကို စတားဝေါလူကြီးဆန်ဆန်ဗားရှင်းအဖြစ် ကမ်းလှမ်းခဲ့ပေမဲ့ ဒစ္စနေးနဲ့လူးကပ်ရုပ်ရှင်ကုမ္ပဏီက လက်မခံတာကြောင့် Star Wars ရုပ်ရှင်အဖြစ်မဟုတ်ဘဲ ကိုယ်ပိုင်ရိုက်ကူးဖြစ်သွားတာပါ။ ဒါကြောင့် ဂျဒိုင်းတွေနဲ့အလင်းဓားတွေ မပါဝင်ပေမဲ့ အင်ပါယာ နဲ့ ဖိနှိပ်ခံဂြိုလ်တွေ၊ တော်လှန်ရေးအဖွဲ့တွေ အကုန်ပါဝင်နေပါတယ်။ ဒါ့အပြင် ဇာတ်လမ်းကျောရိုးကိုလည်း ဇက်ရဲ့ အကြိုက်ဆုံးရုပ်ရှင် Seven Samurai (1954) ကို မှီငြမ်းထားတာမို့ အာကာသထဲက ဆာမူရိုင်း ၇ ယောက် ဇာတ်လမ်းမျိုးဖြစ်နေပြန်ပါတယ်။ လက်ရှိ ဝေဖန်ရေးဆရာတွေ အကြိုက်မတွေ့တဲ့အချက်ကလည်း ဒီအချက်ပဲဖြစ်ဖို့များပါတယ်။ မူရင်းဖန်တီးချက် ဘာမှမပါသေးဘဲ စတားဝေါ နဲ့ ဆဲဗင်းဆာမူရိုင်း ဒါမှမဟုတ် Magnificent Seven ကြည့်ပြီးသားလူတွေအတွက် မဲပြာပုဆိုးဖြစ်နေလို့ပါပဲ။ ဒါပေမဲ့ ပထမရုပ်ရှင်ပဲ ရှိသေးတာမို့ နောက်ထွက်လာမဲ့ အပိုင်းတွေမှာ မထင်မှတ်ထားတဲ့ ဇာတ်လမ်းအချိုးအကွေ့တွေနဲ့ အောင်မြင်နိုင်ပါသေးတယ်။ဒီအချက်တွေကို မေ့ပစ်ပြီး ကြည့်မယ်ဆိုရင်တော့ ...
movie

Rebel Moon – Part One: A Child of Fire (2023)

Freud’s Last Session (2023) 6
Freud’s Last Session (2023) Freud's Last Session (2023)~ IMDb - 6/10, RT - 45%, Meta - 49% ~စိတ်ပညာအကြောင်းပြောတာဖြစ်ဖြစ် စိတ်ပညာကို ကိုးကားပြောတာဖြစ်ဖြစ် သူမပါရင်မပြီးတဲ့ ဆစ်ဂမန်ဖရွိုက်အကြောင်း နောက်ဆုံးအချိန်ကို ရိုက်ပြထားတဲ့ ရုပ်ရှင်ပါပဲ။ တိတိကျကျပြောရရင် ဒုတိယကမ္ဘာစစ်ဦးအစကာလမှာ ခံတွင်းကင်ဆာဝေဒနာကြောင့် သူ့ကိုယ်သူသတ်မသေခင် သုံးပတ်လောက်အလိုမှာ ဆစ်ဂမန်ဖရွိုက်ဟာ အောက်စ်ဖို့က ဒွန်တစ်ယောက်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့အ‌ကြောင်းကိုရိုက်ပြထားတာ‌ပေါ့။ သူနဲ့ အဲဒီလိုတွေ့ခဲ့တဲ့သူကို The Chronicles of Narnia စာအုပ်တွေကိုရေးခဲ့တဲ့ စီအက်စ်လူးဝစ်လို့ ဒီရုပ်ရှင်ထဲတော့ ပြထားပေမဲ့ တကယ်တမ်း သူနောက်ဆုံးတွေ့ခဲ့တဲ့သူက အောက်စ်ဖို့ဒွန်ဆိုတာကလွဲ ဘာမှမသိခဲ့ရဘူး။ဘာအကြောင်းဆွေးနွေးကြသလဲဆို သမိုင်းရဲ့အကြီးကျယ်ဆုံးပဟေဠိအကြောင်း။ ဘုရားသခင် ဘယ်လော ဘာလောပေါ့။ ဖရွိုက်က မယုံကြည်သူအမြင်ဘက်က ဆွေးနွေးပြီး လူးဝစ်ကတော့ ယုံကြည်သူအမြင်ဘက်က ဆွေးနွေးတယ်။ ဘုရားသခင်ကို ယုံတဲ့ယုံကြည်ခြင်းနဲ့ ဘုရားသခင်ကိုမယုံတဲ့ ယုံကြည်ခြင်းကြားက စကားရည်လုပွဲလို့ပြောလည်းရတယ်။ ဒီရုပ်ရှင်က ...
movie

Freud’s Last Session (2023)

2023
One Life (2023) 7.7
One Life (2023)  Sir Nicholas Winton သို့မဟုတ် ဒုတိယကမ္ဘာစစ်အတွင်းစစ်ရှောင်ကလေးငယ် ၆၆၉ဦးအားကယ်တင်ခဲ့သူ...ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းလေးဟာတီဗီအစီအစဥ်တစ်ခုမှ လူသိများပြီးအစပျိုးလာခဲ့တာပါ...။ဇာတ်လမ်းအကြောင်းကို ပြောပြရရင် Nicholas Wintonဆိုတဲ့လန်ဒန်မှ လူငယ်stockbrokerလေးတစ်ယောက်...ဒုတိယကမ္ဘာစစ်မဖြစ်မီ ၁၉၃၈ခုနှစ် ဒီဇင်ဘာလထဲမှာချက်ကိုစလိုဗားကီးယားနိုင်ငံရဲ့မြို့တော် ပရော့ဂ်ကိုအလည်သွားရာကစခဲ့ပါတယ်...။အဲ့ဒီခေတ်အချိန်က ဒုတိယကမ္ဘာစစ်ဖြစ်ရန်တာဆူနေပြီးဟစ်တလာဟာ မဟာမိတ်တွေဆီကနေ ချက်ဇ်နိုင်ငံရဲ့ပြည်နယ်တစ်ခုကိုတောင်းပါတယ်...။စစ်ကိုရှောင်လွှဲချင်တော့ ဟစ်တလာရဲ့တောင်းဆိုချက်ကိုလိုက်လျောပြီး နယ်မြေပေးလိုက်ရတဲ့အခါ နာဇီဂျာမဏီတွေရဲ့ရန်ကိုကြောက်တဲ့ ဂျာမဏီ၊ သြစတီးနဲ့ ချက်ဇ်ဒေသခံဂျူးလူမျိုးတွေဟာ ပရော့ဂ်ကိုတိမ်းရှောင်လာခဲ့ကြပါတယ်။ကလေးတစ်ပွေ့တစ်ပိုက်နဲ့မိသားစုတွေဟာ နေစရာမဲ့ စားစရာမဲ့အတိဒုက္ခရောက်နေရတဲ့အပြင် နာဇီတို့ကျူးကျော်လာမယ့်အန္တရာယ်ကိုပါကြောက်လှန့်နေခဲ့ရကာ ပြေးစရာမြေမရှိဖြစ်နေခဲ့တာပါ။ဒီအခြေအနေကို ကြုံတွေ့မြင်တွေ့ခဲ့ရတဲ့ Nicholas Wintonဟာစစ်ကြောင့်နယ်စပ်တွေပိတ်မသွားမီ ကလေးငယ်တွေကိုစစ်ဘေးလွတ်ရာ အင်္ဂလန်သို့ပို့ဖို့ကြံဆောင်ပါတော့တယ်...။ဘယ်အချိန်ထဖြစ်မယ်မသိတဲ့စစ်မီးစင်ကိုကြည့်ရင်း အချိန်လုပြီးအသက်ကယ်ရတဲ့အခါ အသက်ဘယ်နှစ်ချောင်းကို ဘယ်လိုကယ်တင်နိုင်မှာလဲ....။Nicholas Wintonတစ်ယောက်ဒီလိုစွမ်းဆောင်ခဲ့ပုံတွေကိုတော်ရုံလူမသိခဲ့ကြဘဲ နှစ်ငါးဆယ်အကြာတီဗီအစီအစဥ်လေးတစ်ခုမှာမှ လူအများသိခဲ့ရပါတယ်။ဘာလို့ဆို အဲ့ဒီအစီအစဥ်မှာလာကြည့်တဲ့ ပရိသတ်တိုင်းဟာNicholas Wintonကယ်တင်ခဲ့ဖူးတဲ့ကလေးငယ်များဖြစ်နေကြောင်း အံ့သြစွာသိရှိခဲ့ရလို့ပါပဲ...။သူ့ရဲ့ဇာတ်လမ်းလေးက ဘယ်လိုမျိုးဖြစ်မလဲဆိုတာ ဒီတစ်ခါတော့ရုပ်ရှင်အတိုင်းသားကြည့်ရှုခွင့်ရတော့မှာပဲဖြစ်ပါတယ်ဗျာ...။ File size…2.02GB / 720MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 50m Genre ….. Biography , Drama , ...
movie

One Life (2023)

The Remains of the Day (1993) 7.8
The Remains of the Day (1993) The Remains of the Day (1993)~ IMDb - 7.8/10, Rotten Tomatoes - 96% ~ဒီရုပ်ရှင်ဟာ အော်စကာ ဆန်ခါတင်စာရင်းမှာ ၈ ဆုတောင် တသီကြီးဝင်ခဲ့ပေမယ့် အဲဒီတုန်းက သူနဲ့ အပြိုင်က Schindler's List ဖြစ်နေခဲ့တာကြောင့် ဘာဆုမှ ချိတ်မသွားရှာခဲ့တဲ့ တစ်ခါတုန်းက အကောင်းဆုံးရုပ်ရှင်တစ်ကားပါ။ ခုခေတ်ရဲ့ ဂန္ထဝင်တွေလို့ သမုတ်ခံနေကြရပြီ‌ဖြစ်တဲ့ Sir Anthony Hopkins, Hugh Grant, Christopher Reeve နဲ့ Emma Thompson တို့လို ပုဂ္ဂိုလ်တွေ ခေါင်းဆောင်ပါဝင်ထားပါတယ်။၁၉၃၀ ပြည့်လွန်နှစ်တွေရဲ့ ဗြိတိန်မှာ ဇာတ်အိမ်တည်ထားတဲ့ သစ္စာရှိ၊ တာဝန်သိ အိမ်တော်ထိန်းကြီးတစ်ယောက်အကြောင်းဖြစ်ပါတယ်။ Booker Prize ရထားတဲ့ နာမည်တူ စာအုပ်ကိုပဲ ရုပ်ရှင်ပြန်ရိုက်ထားတာဖြစ်ပြီး ဒုတိယကမ္ဘာစစ်မတိုင်ခင်က ကြီးကျယ်ခမ်းနားတဲ့ အင်္ဂလိပ်လူမျိုး ...
movie

The Remains of the Day (1993)

1993
Noah (2014) 5.8
Noah (2014) Noah (2014)နောက်ထပ် သမ္မာကျမ်းဝင်ဇာတ်လမ်းတစ်ခုဖြစ်တဲ့ "Noah" နောဧအကြောင်း ရောက်ရှိလို့လာပါပြီ။ ဒီဇာတ်ကားထဲမှာဆိုရင် နာမည်ကြီးသရုပ်ဆောင် Russell Crowe က နောဧအဖြစ်သရုပ်ဆောင်ထားပြီး ဝါရင့်သဘာရင့် ဂန္ထဝင်သရုပ်ဆောင်ကြီး Anthony Hopkins နဲ့ Jennifer Connelly, Emma Watson, Logan Lerman တို့က အသီးသီးဇာတ်ပို့နေရာကနေပါဝင်ထားကြပါတယ်။~ ဖန်ဆင်းခြင်း အကျဉ်း ~သမ္မာကျမ်းစာရဲ့ Timeline အရဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ခြောက်ထောင်ခန့်လောက်က ထာဝရဘုရားကဗလာနတ္တိကနေ ဖန်ဆင်းခြင်းကိုအစပြုခဲ့ပါတယ်။ ဖန်ဆင်းခြင်းကို ရက်ပေါင်းခုနစ်ရက်အနေနဲ့ ပိုင်းခြားထားခဲ့ပါတယ်။ ပထမနေ့ရက်မှာ ကောင်းကင်နဲ့မြေကြီး၊ နေ့နဲ့ညလို့ သမုတ်ခြင်းကိုခံရတဲ့ အလင်းနဲ့အမှောင်ကို ဖြစ်စေခဲ့ပါတယ်။ ဒုတိယနေ့မှာ ဘုရားသခင်ဟာ မိုဃ်းကောင်းကင်နဲ့ ကုန်း(မြေ)အသီးသီးမှာရေကို ဖြစ်ပေါ်လာစေခဲ့ပါတယ်။ တတိယနေ့မှာ မြေကြီးပေါ်ကရေကို စုဝေးစေပြီး ပင်လယ်၊ ကုန်းကိုစုဝေးစေပြီး မြေလို့အမည်ပေးခဲ့ပါတယ်။ ဒီလိုနဲ့ မြေပေါ်ကပေါက်တဲ့အပင်၊ အလင်းအိမ်ကြီးနှစ်လုံးဖြစ်တဲ့ နေနဲ့လ၊ သားရဲတိရစ္ဆာန်တို့ကို ...
movie

Noah (2014)

4K HEVC
Proof (2005) 6.7
Proof (2005)  ၂၀၀၅ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Triller Drama ဇာတ်ကားတစ်ကားဖြစ်ပြီး နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Anthony Hopkins, Jake Gyllenhaal နဲ့ Gwyneth Paltrow တို့ ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ စိတ်ပုံမှန်မရှိတဲ့ သင်္ချာပညာရှင်ဖခင်ကို ကူညီစောင့်ရှောက်ရင်း ဖခင်သေဆုံးသွားချိန်မှာ သူမပြီးဆုံးခဲ့တဲ့ သင်္ချာသီအိုရီသက်သေပြချက်ကို ကြိုးစားရှာဖွေနေတဲ့ သမီးဖြစ်သူအကြောင်းကို ဇာတ်အိမ်တည်ရိုက်ကူးထားတာပါ။အဖေတူသမီး ကတ်သရင်းဟာလည်း သင်္ချာပညာရပ်နဲ့ပတ်သက်ပြီး ဖခင်ရဲ့ဗီဇပါတဲ့အတွက် သင်္ချာတွက်ချက်မှုတွေကို ကျွမ်းကျင်တယ်။ ဒါ့အပြင် သူ့အဖေရဲ့တပည့်တစ်ဦးဖြစ်သူ ဟယ်လ်ရိုးဟာ PhD စာတမ်းရေးဖို့အတွက် ကတ်သရင်းရဲ့အိမ်မှာ လာရောက်လေ့လာရင်း သူတို့နှစ်ဦးသား သံယောဇဉ်တွယ်သွားကြတယ်။ဒီလိုနဲ့ သူတို့နှစ်ဦးသား ကတ်သရင်းအဖေမသေဆုံးခင်က တွက်ချက်ခဲ့တဲ့ပုစ္တာကို ကြိုးစားတွက်ချက်ရင်း သင်္ချာသီအိုရီတစ်ခုကို သက်သေပြချက်ထုတ်ဖို့ကြိုးစားသွားကြတာကို ဇာတ်အေးကြိုက်သူများအနေနဲ့ စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာပါ။ File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre...Drama, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Vader
movie

Proof (2005)

Solace (2015) 6.4
Solace (2015) Solace (2015)~ IMDb rating - 6.4/10 ~ဘရက်ဒ်ပစ်နဲ့ မော်ဂန်ဖရီးမန်းတို့ရဲ့ Se7en အဆက်​အနေနဲ့ရိုက်ကူးမယ်လို့ စီစဥ်ခဲ့​​ပေမဲ့ ဒေးဗစ်ဖင်ချာက ဇာတ်ညွှန်းသိပ်သ​ဘောမကျတာ​ကြောင့် အစီအစဥ်ပျက်သွားပြီး Se7en နဲ့ အချိတ်အဆက်မလုပ်တော့ဘဲ သူ့ဘာသာ သီးခြားထွက်ရှိလာတဲ့ မှုခင်း ဒရာမာကားတစ်ကားဖြစ်ပါတယ်။ Anthony Hopkins လို ထိပ်တန်းမင်းသားကြီးနဲ့ Colin Farrell လို A-List မင်းသားအပါအဝင် Jeffrey Dean Morgan အပြင် Abbie Cornish လည်းပါထားတာမို့ Se7en လောက်နီးနီး Cast ရော ဇာတ်ရော ကြမ်းနေတဲ့ စိတ်နယ်လွန်မှုခင်းကားမို့ အားလုံးသဘောကျလောက်မယ့် ရုပ်ရှင်ပါပဲ။~ ဇာတ်လမ်းအညွှန်း ~သဘာဝလွန် စိတ်နယ်လွန် ပဟေဠိဆန်ဆန်စွမ်းအားတွေရော၊ FBI က ကွင်းဆက်လူသတ်မှုအတွက် အမှုလိုက်တာရော ပေါင်းစပ်ထားတဲ့ ရုပ်ရှင်မို့ သဘာဝလွန်စုံထောက်ကားအဖြစ်နဲ့ ဇာတ်အိမ်ဆန်းဆန်းပြားပြား တည်ထားတဲ့ရုပ်ရှင်ပါ။ဂျွန်ကလန်စီဆိုတဲ့လူရှိတယ်။ သူက ...
movie

Solace (2015)

2015