Channel Myanmar

Annie Corley

The Cider House Rules (1999) 7.4
The Cider House Rules (1999)  ဒုတိယကမ္ဘာစစ်ကာလတုန်းက မိဘမဲ့ဂေဟာတစ်ခုမှာ ဒေါက်တာလာ့ခ်ျဟာ ကြီးကြပ်တာဝန်ယူခဲ့တယ် သူ့ရဲ့ဂေဟာမှာ ထူးထူးခြားခြား ကလေးလေးတစ်ယောက်ဟာ နှစ်ခါတောင် ဂေဟာပြန်ပို့ခံရတယ် ဒီလိုနဲ့ အဲ့ဒီကလေးကို သူပဲမွေးခဲ့ရတယ်အဲ့ဒီကောင်လေး အရွယ်ရောက်လာပြီး တကယ့်လောကကြီးထဲ ထွက်ခွာချင်လာတဲ့အခါ အပြင်လောကကြီးက ကောင်လေးအတွက် ဘယ်လိုအတွေ့အကြုံတွေ ပေးမှာလဲ ကျန်ခဲ့တဲ့ ဒေါက်တာလာ့ချ်နဲ့ ဂေဟာကလူတွေကရော ဘယ်လိုတွေဖြစ်ကြမှာလဲ လူငယ်တစ်ယောက်ရဲ့ စွန့်စားစိန်ခေါ်ချင်မှု... မိဘဘက်က သားသမီးကို တစ်ယောက်တည်း လောကကြီးထဲ လွှတ်လိုက်ရတဲ့အခါ ဖြစ်ရတဲ့ စိတ်ပူပန်မှု... ဒီလိုမျိုး ၅၂၈ မေတ္တာကို အခု‌ဇာတ်ကားလေးက လှလှပပလေး ဖော်ကြူးပေးထားပါတယ် ဒါ့အပြင် ကိုယ်ဝန်ဖျက်ချတာဟာ လုပ်သင့်ရဲ့လား?အချို့အခြေအနေတွေမှာ ကိုယ်ဝန်မဖျက်ချပေးရင်ရော တကယ်ကောင်းကျိုးဖြစ်မှာမို့လို့လား? မိဘမဲ့ဖြစ်လာတဲ့ ကလေးလေးတွေရဲ့ ခံစားချက်တွေ စတဲ့ လူမှုရေးဆိုင်ရာ အကြောင်းအရာတွေကိုလည်း စိန်ခေါ်ပြီး ရိုက်ကူးထားပါသေးတယ် ဇာတ်ကားလေးက အေးအေးလေးနဲ့ ရင်ထဲခံစားရအောင် ခေါ်ဆောင်ပေးသွားမှာမို့ စီးမျောလိုက်ပါပေးကြပါဦးနော် File size…(2.1 GB)/(1.2 GB) Quality….Blu-Ray 1080p / ...
movie

The Cider House Rules (1999)

Free Willy 3: The Rescue (1997)
Free Willy 3: The Rescue (1997) ဒီတစ်ခါတော့ ဂျက်စီလေးဟာ လုံးလုံး လူပျိုပေါက်သွားပါပြီ။ လက်တောက်လောက် ပြဿနာအိုးလေးကတည်းက မြင်လာခဲ့တဲ့ ကောင်ဆိုးလေးကို သန့်သန့်ခန့်ခန့် ၁၆ နှစ် အရွယ် သုတေသနလက်ထောက်လေးအဖြစ် မြင်ရတာဟာ ကြည်နူးစရာပါပဲ။ ပင်လယ်ကြီးက အပြောကျယ်တယ်သာဆိုတာ ဂျက်စီနဲ့ ဝီလီတို့ကတော့ ခုလည်း ပြန်တွေ့ကြပြန်ပါပြီ။ ဒီတစ်ခါက်မှာတော့ ဝီလီ့မှာရော သတင်းကောင်းတစ်ခု ရှိလို့နေပါတယ်။ ဘယ်လိုအခြေအနေတွေ ထပ်ကြုံလို့ ဘယ်လိုကယ်တင်ကြရပြန်ဦးမှာလဲ။ အဲ့ဒါတွေကိုတော့ ထုံးစံအတိုင်းပဲ မပြောပြပါဘူး၊ ဇာတ်ကားထဲမှာပဲ ကြည့်လိုက်ပါ။ ဂျက်စီ လူပျိုဖြစ်သွားလို့ ကလေးငယ်လေး မမြင်ရတော့ဘူးဆိုပြီး ဝမ်းနည်းနေမယ့် ပရိတ်သတ်တချို့အတွက်တော့ ဟောဒီ့ Free Willly 3 မှာ ဂျက်စီ့ထက် အပုံကြီး ပိုချစ်ဖို့ကောင်းတဲ့ မက်စ်ဆိုတဲ့ မိတ်ဆွေသစ်လေးတစ်ဦးပါဦးမယ့်အကြောင်းကို အကြိုသတင်းပါးလိုက်ပါတယ်။ မိတ်ဆွေသစ်ရယ် အန္တရာယ်သစ်ရယ်နဲ့ ဝီလီ့ချစ်သူတို့ရဲ့ နှလုံးသားကို ဖမ်းစားဦးမယ့်စွန့်စားခန်းအသစ် ဖွင့်လှစ်လိုက်ပါပြီ။  File size…    2.4 GB /  1.1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 26m Genre ..... ...
movie

Free Willy 3: The Rescue (1997)

The Bridges of Madison County (1995) 7.6
The Bridges of Madison County (1995) The Bridges of Madison County (1995)~ IMDb - 7.6/10, RT - 90%, Meta - 69% ~အိုင်အိုဝါပြည်နယ်၊ မက်ဒီဆင် စီရင်စုက တောမြို့လေးရဲ့ ယာခင်းတစ်ခုမှာ ပျော်ရွှင်နေတဲ့ မိသားစုလေးတစ်စုရှိပါတယ်။ စစ်ပြန်လယ်သမားခင်ပွန်းရယ်၊ အီတလီမှာ စစ်ထွက်ရင်း ဖူးစာဆုံခဲ့တဲ့ ဇနီးသည်တစ်ယောက်ရယ်၊ သားနဲ့သမီးရယ် ယာစိုက်ရင်း နွားမွေးရင်း မိသားစုဘဝလေးမှာ ကိုယ်စီရှင်သန်နေကြတာပေါ့။ အဲဒီမှာပဲ ခင်ပွန်းနဲ့ သားသမီးနှစ်ယောက်က ဇနီးသည်ကို ထားခဲ့ပြီး အီလီနွိုက် ပြည်နယ် ကျေးလက်နွေရာသီပွဲကို မွေးထားတဲ့ နွားထီးလှလှကြီး ပြိုင်ပွဲသွင်းဖို့ လေးရက်ကြာခရီးထွက်သွားပါတယ်။ အဲဒီမှာပဲ ခရီးသွားဓာတ်ပုံဆရာတစ်ယောက် လမ်းဝင်မေးရင်းကနေ ဆင့်ကဲ ဆင့်ကဲ ဖြစ်ရပ်များနဲ့အတူ အချစ်တစ်ခု ပေါက်ဖွားလာခဲ့တဲ့ လေးရက်ကြာ အချစ်ဇာတ်လမ်းပေါ့။ခင်ပွန်းလည်းမသိ၊ သားသမီးတွေလည်း မသိပဲ လေးရက်ကြာချစ်ဇာတ်လမ်းကို သေသည်အထိ ဖုံးကွယ်ခဲ့ပြီး သေဆုံးပြီးနောက်မှာမှ ...
movie

The Bridges of Madison County (1995)

1995
Monster (2003) 7.3
Monster (2003) IMDb Rating (7.3) / Rotten Tomatoes (81%)ဒီဇာတ်ကားက အမေရိကန်မှာ လူ ၇ ယောက်ကိုသတ်ဖြတ်ခဲ့တဲ့ Serial Killer ပြည့်တန်ဆာမ Aileen Wuornos အကြောင်းကိုရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်ပါတယ်...အယ်လင်းအဖြစ် မင်းသမီး Charlize Theron မှ အကောင်းဆုံးသရုပ်ဆောင်ထားပြီး အကယ်ဒမီဆုပါ ရရှိခဲ့တာပါ။၂၀၀၃ ခုနှစ်ရဲ့ ရုပ်ရှင်ဆုပေးပွဲအမျိုးမျိုးမှာ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုအဖြစ်Charlize Theron အနေနဲ့ ဆုတွေအများကြီးရရှိခဲ့သလို သူ့ရဲ့ရုပ်ဖျက်ထားတဲ့သရုပ်ဆောင်ချက်တွေက သက်ဝင်လွန်းပါတယ်။ဘဝဆိုတာ ရှည်လျားကောက်ကွေးပြီး အလှည့်အပြောင်းများလှတာမို့...လိုတာမရ၊ ရတာမလိုတဲ့အပြင် စိတ်ကူးနဲ့လက်တွေ့တစ်ထပ်တည်းမကျတာတွေ တစ်ပုံကြီးပါ ..အယ်လင်းဟာ ငယ်ငယ်က နာမည်ကျော်စတားတစ်ယောက်ဖြစ်ချင်ခဲ့ပေမဲ့အကြောင်းအမျိုးမျိုးကြောင့် ပြည့်တန်ဆာတစ်ယောက်ဖြစ်လာခဲ့ရပါတယ် ..လောကကြီးကိုစိတ်ကုန်လာချိန်မှာတော့ ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့လုပ်ရင်းဆဲလ်ဘီဆိုတဲ့လိင်တူချစ်သူကောင်မလေးနဲ့ဆုံတွေ့ခဲ့ပြီး သူတို့နှစ်ယောက်ချစ်ကြိုက်မိသွားကြတယ် ..အချစ်ရေးနောက်မှာ ငွေရေးကြေးရေးကလည်းကပ်ပါလာစမြဲပါပဲ ..အယ်လင်းဟာ ပြည့်တန်ဆာအလုပ်ကိုလုပ်ပြီး ဆဲလ်ဘီကိုထောက်ပံ့ခဲ့ပေမယ့်မတော်တဆဖြစ်ရပ်တစ်ခုကြောင့် ပြည့်တန်ဆာအလုပ်ကိုနားလိုက်ရတဲ့အခါမှာတော့.......။ဖြစ်ရပ်မှန်တို့မည်သည် စိတ်ကူးယဉ်ဇာတ်လမ်းတွေထက် ပိုမွန်းကြပ်တတ်တာမျိုးပဲ...လူတိုင်းဟာ ဘဝကိုအကောင်းဆုံးတည်ဆောက်ချင်ကြပေမယ့် ဘဝဆိုတာ ဘုရားသခင်ချစ်ခင်တဲ့အထဲ မပါဝင်ပါဘူး။ဟုတ်တယ်..ဘုရားသခင်က ကြွေအံကစားတယ်...ကံကြမ္မာဆိုတာ ဖြစ်ချင်ရာဖြစ်တတ်တဲ့ ဘုရားသခင်ရဲ့ ...
movie

Monster (2003)