Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ann Dowd
6.6
The Art of Getting By (2011)
The Art of Getting By (2011)_____IMDb - 6.6/10 ဒီဇာတ်ကားဟာ ရည်မှန်းချက်ပျောက်ဆုံးနေတဲ့ဆယ်ကျော်သက်လူငယ်လေးတစ်ယောက်အကြောင်းကို အဓိကထားရိုက်ကူးထားတာဖြစ်ပါတယ်။ ဆယ်ကျော်သက်ဘဝမှာလူတိုင်းတွေ့ကြုံကြရမယ့် ချစ်ရသူ၊ မိတ်ဆွေတွေနဲ့ မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေ၊ သစ္စာမဲ့သူတွေကြောင့်နာကျင်ခံစားရတာတွေ၊ မိသားစုပြဿနာ အစရှိတာတွေအားလုံးကို လက်တွေ့ဆန်ဆန်တွေ့မြင်ကြရမှာဖြစ်လို့ ကြည့်ရှုသူအားလုံးကိုယ်တိုင်ခံစားနားလည်နိုင်ကြမှာဖြစ်ပြီး နှစ်သက်ကြမှာပါ။ ဇာတ်လမ်းအကျဉ်းချုပ်ကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။ မော်ဂန်ကျောင်းမှာတက်နေတဲ့ ဆယ်ကျော်သက်လေးဂျော့်ဂျ်ဟာ ဘဝရည်မှန်းချက်ကင်းမဲ့ပြီး စိတ်ခွန်အားတွေပျောက်ဆုံးနေသူပါ။ ကျောင်းစာတွေမှာအခြေအနေမကောင်းပဲ မကြာခဏစည်းကမ်းဖောက်ဖျက်မှုကြောင့် အောင်လက်မှတ်အတွက်ကျောင်းရဲ့သတိပေးခြင်းကိုခံရတဲ့အထိပါပဲ။ ပြန်လည်ပြင်ဆင်ဖို့ကြိုးစားရင်းနဲ့ သူချစ်ရတဲ့ကောင်မလေး နဲ့ သူငယ်ချင်းတွေရလာတဲ့အခါ ဘဝအဓိပ္ပါယ်ကိုပြန်လည်တွေ့ရှိပြီလို့ထင်ခဲ့တဲ့အချိန်မှာ သစ္စာမဲ့သူတွေနဲ့အိမ်တွင်းရေးပြဿနာတွေကြောင့် သူ့ရဲ့ဘဝဟာပိုပြီးနစ်မြုပ်ခဲ့ရပါတယ်။ ဘဝရှေ့ရေးအတွက်ကျောင်းအောင်လက်မှတ်ရရှိဖို့ နောက်ဆုံးရာဇသံရောက်ရှိလာတဲ့အချိန်မှာတော့ ဂျော့ဂျ်တစ်ယောက် ကျရောက်လာတဲ့လောကဓံတွေကိုအရှုံးမပေးပဲ ခွန်အားအဖြစ်ဘယ်လိုပြောင်းလဲအသုံးချပြီးကြိုးစားသွားမလဲဆိုတာကို သင်ခန်းစာယူဖွယ်ရာကြည့်ရှုရမှာဖြစ်ပါတယ်။ Translated by Linn Kyaw Swar Aung Encoded by sithu
movie
The Art of Getting By (2011)
2011
7.1
Marley & Me (2008)
Marley & Me(2008) IMDb - 7.1/10_____Rotten - 62% အခုမိတ်ဆက်ပေးမယ့် ဇာတ်ကားကတော့ ခွေးလေးတွေကိုချစ်တတ်တဲ့သူတွေ အကြိုက်တွေ့စေမယ့် Comedy - Drama အမျိုအစားလေးပါ... ဒီကားလေးကတော့ Marley ဆိုတဲ့ခွေးလေးနဲ့ သူ့သခင် John Grogan ရဲ့မိသားစု အကြောင်းကို အဓိကရိုက်ကူးထားတာဖြစ်ပါတယ်..... John နဲ့ Jenny Grogans တို့လင်မယားနှစ်ယောက်လက်ထပ်ပြီး အလုပ်အတွက် မိုင်ယာမီကိုပြောင်းလာတာကနေစတာပဲ..... အိမ်ထောင်သက်အနည်းငယ်ရလာတော့ မိန်းမဖြစ်သူJenny က ကလေးလိုချင်လာတယ်... ဒါကို ကလေးမယူချင်သေးတဲ့John က မိန်းမကိုအာရုံလွှဲတဲ့အနေနဲ့ ခွေးလေးမွေးဖို့ကြံလိုက်တယ်...အဲ့ဒီမှာ John အတွက် ငါးပါးမှောက်တော့တာပဲ.... မွေးထားတဲ့ ခွေးလေး Marley ဟာ တစ်အိမ်လုံးမှာ ရှိသမျှပစ္စည်းတွေကိုဖျက်ဆီးဖို့ တာဝန်ပေးထားသလား မှတ်ရတယ် ..အကုန် ကိုက် စုတ် ဖြဲ တဲ့ တာဝန်ကိုခန့်ခန့်ကြီးယူထားပါတယ်.. တော်တော်သောင်းကျန်းပြီး ချစ်လည်းချစ်စရာကောင်း ရယ်လည်းရယ်ချင်စရာလည်းကောင်း အမြင်ကတ်ချင်စရာလည်းကောင်းတဲ့ခွေးလေးတစ်ကောင်ပေါ့... Marley ကသောင်းကျန်းတဲ့ခွေးလေးဖြစ်ပေမယ့် တစ်မိသားစုလုံးက ချစ်တယ် သူကလည်း မိသားစုကိုအရမ်းချစ် တစ်ကားလုံး ရယ်စရာ စိတ်ညစ်စရာ ရသတွေအပြင်Johnတို့ လင်မယား(၂)ယောက်ရဲ့ ပြဿနာတွေဘယ်လောက်ဖြစ်ဖြစ် ပြေလည်အောင်ညှိကြတာတွေကို ဟာသလေးတွေနှောပြီး ပညာပေးထားတဲ့ကားလေးပါ...ကိုင်းခံစားကြည့်လိုက်ပါဦး... Grogan လင်မယားအဖြစ် သရုပ်ဆောင်ထားကြတဲ့သူတွေကတော့ မင်းသားကြီး Owen Wilson ...
movie
Marley & Me (2008)
2008
5.4
Tyrel (2018)
Tyler ဟာသူ့သူငယ်ချင်းမွေးနေ့ အပျော်ခရီးကိုလိုက်သွားခဲ့ပါတယ် အကုန်လုံးနီးပါးနဲ့သူစိမ်းတွေဖြစ်နေတဲ့အပြင် လူမည်းဆိုလို့သူတစ်ယောက်တည်းပါခဲ့ပါတယ် အရက်တွေသောက်ပြီးကွဲပြဲကြတော့သောင်းကျန်းမယ့် ပါတီဖြစ်တာကြောင့်သူ့အတွက်မလွယ်ကူခဲ့ပါဘူး အားလုံးမူးပြဲပြီးပလပ်တွေကျွပ်သွားတဲ့အခါမှာတော့ သူ့ရဲ့အိပ်မက်ဆိုးအားလုံးဟာ တကယ်ဖြစ်လာပါတော့တယ် ရုပ်ရှင်ကားကို မေသူ က ဘာသာပြန်ပေးထားပါတယ်
movie
Tyrel (2018)
2018
7.6
American Animals (2018)
ဒီရုပ်ရှင်ကား ကို မကြည့်ခင် သတိပေးချင်တာကအတော် ခေါင်းရှုပ်ရလိမ့်မယ် မျက်စိတွေ နောက်ရလိမ့်မယ်ဆိုတာပါပဲ ဒါပေမယ့် ကြည့်ရင်း ကြည့်ရင်း နဲ့အကြောင်းအရာ တစ်ခုကို တစ်ဖြေးဖြေး သဘောပေါက်သွားပါမယ်IMDb 7.1 ဆိုတော့ ဇတ်လမ်းမကောင်းမှာ စိတ်မပူရပါဘူးအကြောင်းအရာလေးက ကန်တူကီ မှာ ၂၀၀၄ ခုနှစ်ကတကယ်ဖြစ်ပွားခဲ့တဲ့ အကြောင်းအရာလေးကို ရိုက်ကူးထားတာပါဇတ်လမ်းကို အညွှန်းပုံစံ မပြောပဲ စာအနေနဲ့ပဲ ပြောပြချင်တော့တယ်ကျောင်းသားလေး ယောက်ဟာ အနုပညာ ပြတိုက်မှာ ရှိတဲ့ ဒေါ်လာသန်းချီတန်တဲ့ စာအုပ်တစ်အုပ်ကို ခိုးယူဖို့ ကြံစည်ကြတဲ့ အကြောင်းလေးပါသူတို့ အသက်ငယ်ငယ်လေးတွေ နဲ့ ဒီလိုအရာကို ခိုးယူဖို့ ဘာတွေကသူတို့စိတ်ကို ညစ်ညမ်းစေခဲ့သလဲ ဘယ်အရာတွေ ကြောင့်လဲအတွေးပေါင်းများစွာ နဲ့ ကြည့်ရှုရမှာပါ မထင်မှတ်ထားလောက်တဲ့ဇတ်ကြောင်းကို အဲ့ဒီဖြစ်ရပ်မှာ ပါဝင်ခဲ့တဲ့ ကျောင်းသား ၄ ယောက်ကပြန်ပြောပြထားပါတယ်....ပိုပြီး ထူးဆန်းတာက အဲ့ဒီလေးယောက်ဟာ ဘာရာဇဝတ်မှုမှမကျူးလွန်ထားဘူးတဲ့ ရိုးရိုးအေးအေးလေးတွေပါပဲဒီလိုည မိုးအေးအေးလေးနဲ့ ကြည့်ရှုခံစားလိုက်ကြပါအုံးဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားတာကတော့May Thu ဖြစ်ပြီး Thit San Khant မှ တင်ဆက်ပေးပါသည်။
movie
American Animals (2018)
2018
7.6
Hereditary (2018)
ဂရေဟမ်မိသားစုရဲ့ အိမ် ထောင်ဦးစီးဖြစ်တဲ့ အယ်လန်ဂရေဟမ်ကွယ်လွန်သွားပြီးနောက်မှာ သူ့ရဲ့သမီးဖြစ်တဲ့ အန်နီဂရေမ်တို့ မိသားစုဟာ ဘိုးဘွားဘီဘင်မျိုး ရိုးအစဉ်အဆက်ရှိတဲ့ ထိတ်လန့် စရာလျှို့ဝှက်ချက်တွေနဲ့ ရင်ဆိုင် ခဲ့ရပါတယ်။အန်နီဟာ ပုံစံငယ်လေးတွေ ဖန်တီးတဲ့ ပညာရှင်တစ်ယောက် ဖြစ်ပြီး ခင်ပွန်းသည် စတိဗ်၊ ပီတာနဲ့ ချာလီဆိုတဲ့သားနဲ့ သမီးရှိပါ တယ်။ ဒီလိုနဲ့ အယ်လန်ကွယ်လွန် ပြီးနောက်မှာတော့ အန်နီတို့ မိသားစုဟာ သဘာဝလွန်အဖြစ် အပျက်တွေ ကြုံရပါတယ်။ပီတာဟာ ပါတီပွဲတစ်ခုကို ချာလီနဲ့အတူသွားခဲ့ပြီး အဲဒီပါတီ ပွဲမှာ ဆေးခြောက်ပါတဲ့ ချော ကလက်တွေကို ချာလီစားမိပြီး နောက် ဓာတ်မတည့်ဘဲ အစာအ ဆိပ်သင့်ပါတော့တယ်။အဲဒါနဲ့ ဆေးရုံကို မောင်နှမနှစ်ယောက် သွားရင်း ချာလီက အသက်ရှူမဝ ဖြစ်လာလို့ ကားထဲကနေ ခေါင်း ထွက်လေရှူရင်း ထိခိုက်မိတာ ခေါင်းပြတ်သွားခဲ့ပါတယ်။ပီတာကလည်း ရူးကြောင် ကြောင်ဖြစ်နေတာမို့ မိဘတွေကို ဘာမှပြန်မပြောဘဲ ဒီအတိုင်း အိမ်ပြန်လာခဲ့ပါတယ်။ချာလီသေဆုံး ...
movie
Hereditary (2018)
2018
5.7
The Babysitters(2007)
IMDb 5.7 ......... ချာလေလိုင်နာဆိုတဲ့ကောင်မလေးတစ်ယောက်ဟာ Alfred E.Groves အထက်တန်းကျောင်းမှာပညာသင်ကြားနေတဲ့ကျောင်းသူလေးတစ်ယောက်ပါ ကျောင်းတစ်ဘက်နဲ့အလုပ်တစ်ဘက်ပေါ့ တစ်နေ့တော့ ဘလ်ထရန်မိသားစုကနေ ကလေးထိန်းဖို့ သူမကိုငှားခဲ့တယ် ကလေးတွေထိန်းပေးတဲ့အလုပ် လုပ်ရင်းနဲ့ သူမအတွက် မမျှော်လင့်တဲ့အဖြစ်တစ်ခုကြုံရတယ် အဲ့ဒါကတော့ကလေးတွေရဲ့ဖခင် မစ္စတာ ဘယ်ထရန်နဲ့ သံယော်ဇဉ်တွယ်မိကြတယ် သူတို့က အပျော်ရှာကြရုံအဆင့်ဆိုပေမဲ့ တဖြည်းဖြည်းခံစား ချက်တွေကလေးနက်လာခဲ့တယ်.... 18+ခန်းတစ်ချို့အတော်လေးပါဝင်ပေမဲ့ သိပ်အဆိုးဝါးကြီးတော့ မဟုတ်ပါဘူး အိမ်ထောင်ရေးမှာ တစ်ချို့သောယောင်္ကျားတွေရဲ့အဖြစ်ကို ပုံဖော်ထားတဲ့ကားလေးပါ ဘ၀ရဲ့အနှစ်သာရဟာဘာလဲ ပျော်ရွှင်မှုဆိုတာဘာလဲေ၀၀ါးနေတဲ့အချိန် မိသားစုကိုရွေးမှာလား ငယ်ရွယ်လှပတဲ့မိန်းကလေးတစ်ယောက်ကိုရွေးချယ်ပြီး လက်ရှိပိုင်ဆိုင်တဲ့မိသားစုကိုစွန့်ပစ်မှာလားဆိုတာကို တော့ ခံစားကြည့်လိုက်ပါဦး အိမ်ထောင်ရေးပညာပေးကားလေးမို့ ခံစားကြည့်လိုက်ပါဦးခင်ဗျ...... ဇတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကို Pyae Xeinn Sett ပါ File Size…(759MB) and (246MB) Quality…720p Format…mp4 Duration…01:28:00 Subtitle…Myanmar Subtitle(Hardsub) Encoder…Phyo Pyae Translated by Pyae Xeinn Sett
movie
The Babysitters(2007)
2007
1
2
Previous