Channel Myanmar

Anjli Mohindra

The Glassworker (2024) 7.5
The Glassworker (2024) အချစ်နဲ့စစ်မှာ မတရားတာမရှိဘူးဆိုပေမဲ့ အချစ်နဲ့ စစ်နဲ့ရောလာတဲ့အခါမှာတော့ ချစ်ရသူနဲ့ ကွေကွင်းရဖိုက သေချာလာပါတော့တယ်။ စစ်ပွဲတွေကဘယ်တော့မှမကောင်းဘူးဆိုတဲ့ စစ်ဆန့်ကျင့်ရေးဝါဒကြောင့် မြိုထဲက အတော်ဆုံး ဖန်လုပ်သမား သားအဖဖြစ်တဲ့ ဗင်းဆင့်တို သားအဖဟာ လူတိုင်းဖယ်ကျဉ်တာကို ခံရတဲ့ မိသားစုဖြစ်နေပါတယ်။ ဒီဇာတ်လမ်းက ထူးထူးခြားခြား ပါကစ္စတန် အန်နီမေးရှင်းဇာတ်ကားလေးပါ။ဝေဖန်သူတွေကြားမှာလည်း အန်နီမေးရှင်းစတိုင်ကောင်းတာရယ် ဇာတ်လမ်းအသွားအလာရယ်ကြောင့် နာမည်ကောင်းတော်တော်လေး ရထားပါတယ်။စစ်ကာလအတွင်းမှာဗိုလ်ချုပ်ကြီး ရဲ့သမီးလေးတစ်ယောက်ကို မှ ချစ်ကျွမ်းဝင်မိတဲ့ စစ်ဆန့်ကျင်ရေး ဝါဒီ တစ်ယောက်ရဲ့ သားကတော့ စစ်ထောက်ခံတဲ့လူတွေကြားမှာ မျက်နှာပန်းမလှခဲ့ပါဘူး။ ဒီဇာတ်လမ်းက တစ်နည်းနည်းတဖုံဖုံနဲ့ Anti - War ဖြစ်နေပြီးတော့ တစ်နည်းနည်းနဲ့ပဲ အချစ်ဇာတ်လမ်းလည်း ဖြစ်နေပါတယ်။ စစ်ကာလမှာ ဖန်လုပ်သားဖြစ်တဲ့ ဗင်းဆင့်တိုသားအဖကဘယ်လိုရုန်းကန်ရမလဲ ဘယ်လို ကံကြမ္မာဆိုး‌တွေဝင်လာပြီးတော့ ဗင်းဆန့်ရဲ့ အချစ်ရေးကရော စစ်ကြီးအတွင်းမှာ သူကိုယ်တိုင်လုပ်ထားတဲ့ ဖန်ထည်တွေလို လှပ ပါ့မလားဆိုတာကို ဒီ ဇာတ်လမ်းလေးထဲမှာ ကြည့်စေချင်ပါတယ်။ File size… 1.1 GB / 565 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 38m Subtitle….Myanmar ...
movie

The Glassworker (2024)

Munich: The Edge of War (2022) 7
Munich: The Edge of War (2022) ဒီရုပ်ရှင်ဟာ ၂၀၁၇ တုန်းက Gary Oldman ကြီး အော်စကာတွေသိမ်းပိုက်ခဲ့တဲ့ The Darkest Hour ဆိုတဲ့ ဒုတိယကမ္ဘာစစ်ရုပ်ရှင်ရဲ့ ရှေ့ကား ( Prequel) ဆိုပြီးပြောနေကြတယ်..ပထမကမ္ဘာစစ်အပြီးနောက်ပိုင်း နာဇီတို့အင်အားကြီးလာပြီး ဟစ်တလာအာဏာအထွတ်အထိပ်ရောက်နေချိန် ဖြစ်ပါတယ်။ ဂျာမနီရဲ့ တိုးပွားလာတဲ့ လူဦးရေ ၈၅ သန်းကျော်နဲ့အတူ ဂျာမနီပြည်ထောင်သစ်အတွက် နယ်မြေချဲ့ထွင်ဖို့ ဟစ်တလာရဲ့ကြွေးကြွော်သံတွေနဲ့ ဂျာမန်သားတွေလည်း သွေးဆူနေခဲ့ပြီဖြစ်ချင်တော့ ချက်ကိုစလိုဗားကီးယားရဲ့ ဆူဒန်တေနယ်မြေအရေးဟာ ပေါ်ပေါက်လာတယ် ဆူဒန်တေဆိုတာ ချက်ကိုစလိုဗားကီးယားနဲ့ဂျာမနီကြားက နယ်စပ်နယ်မြေဖြစ်ပါတယ် ဒီနယ်မြေကို ဂျာမနီနဲ့ ချက် ၂ နိုင်ငံလုံးက လက္မလွှတ်နိုင်ကြတဲ့အတွက် ဟစ်တလာကတော့ အင်အားသုံးပြီး ချက်ကိုစစ်ကြေြငာဖို့အသင့်ဖြစ်နေပါပြီ ဒါပေမယ့် ချုပ်ဆိုထားတဲ့သဘောတူညီမှုအတိုင်း ချက်နဲ့ဂျာမန်စစ်ဖြစ်တာနဲ့ ဗြိတိန်၊ပြင်သစ်တို့ကပါ မဟာမိတ်နိုင်ငံများစည်းမျဉ်းရ ချက်ဘက်က ဝင်ရောက်တိုက်ခိုက်ပေးရမှာပါ....နာဇီတွေနဲ့စစ်မဖြစ်ချင်တဲ့ ဗြိတိန်ဝန်ကြီး နဗလီချိန်ဘာလိန်ဟာ မြူးနစ်ကိုသွားပြီး ဟစ်တလာနဲ့တွေ့ကာ ဆူဒန်တေဒေသကို ဂျာမန်လက်ထဲထည့်ဖို့သဘောတူစာချုပ်ချုပ်လိုက်ပါတယ်ဒါ့အပြင် ဟစ်တလာနဲ့ချိန်ဘာလိန်ဟာ ဂျာမနီ-အန်ဂလို ဆိုတဲ့ ဗြိတိန်နဲ့ဂျာမနီ ၂ နိုင်ငံ ထာဝရငြိမ်းချမ်းရေး သဘောတူညီမှုကိုပါ တမင်ယူခဲ့ပါတယ် ဒါကိုလုပ်ခဲ့တဲ့အကြောင်းက ဟစ်တလာက ဒီသဘောတူညီမှုကို ဖောက်တာနဲ့ မဟာမိတ်နိုင်ငံများအသင်း တစ်ဖွဲ့လုံး ဂျာမန်ကိုအာခံကြတော့မှာပါ... ဒါပေမယ့် ...
movie

Munich: The Edge of War (2022)