Channel Myanmar

Anjelica Huston

Ballerina (2025) From the World of John Wick: Ballerina 7.3
Ballerina (2025) From the World of John Wick: Ballerina  From the World of John Wick: Ballerina (2025)IMDb Rating (7.3) / Rotten Tomatoes (76%)ဂျွန်ဝစ်ရုပ်ရှင်တွေက ခွဲထွက်လာတဲ့ ရုပ်ရှင်အသစ်လာပါပြီ။ဒါရိုက်တာကတော့ Underworld ရုပ်ရှင်တွေရဲ့ ဒါရိုက်တာ Len Wiseman ဖြစ်ပါတယ်။ မင်းသမီး အန်နာဒဲအာမက်စ် အဓိက ပါဝင်သရုပ်ဆောင်ထားပြီး ကာလကတော့ John Wick 4 မတိုင်မီ အချိန်ပဲ ဖြစ်ပါတယ်။ အရင်ဂျွန်ဝစ်ကားတွေနဲ့တန်းတူ အသားကုန်ကျုံးတဲ့ကားမို့ သေချာပေါက် ကြည့်ရမှာပါပဲ။ဇာတ်လမ်းအကျဉ်း..အိဗ်ဟာ ကလေးဘဝမှာ သူ့ရဲ့အဖေ လုပ်ကြံခံရပြီးနောက် ဂျွန်ဝစ်ရဲ့ ဂိုဏ်းဟောင်း ရူစကားရိုးမားထဲကို ရောက်သွားပါတယ်။ အဲဒီမှာ ကြီးပြင်းလာပြီး လေ့ကျင့်ရင်းနဲ့ အရမ်းလှလာပါတယ်။ ဒီလိုနဲ့ ကြေးစားကန်ထရိုက်တွေလုပ်ရင်း အရမ်းလှနေပါတယ်။ တစ်နေ့မှာတော့ သူ့အဖေကို လာလုပ်ကြံသွားတဲ့ ဂိုဏ်းကို ခြေရာခံမိပြီး အရမ်းလှ အရမ်းချဖို့ပြင်ပါတော့တယ်။ အဲဒီမှာပဲ အင်အားအပြည့်နဲ့ ဂိုဏ်းကြီးတစ်ခုကို လက်စားချေဖို့ အရမ်းလှပါတော့တယ်။ အဆုံးထိ ဘယ်လိုလှသွားမလဲဆိုတော့တော့ ရုပ်ရှင်ထဲမှာသာ ဆက်ကြည့်လိုက်ပါတော့။ဧည့်သည်သရုပ်ဆောင်အဖြစ် ...
movie

Ballerina (2025) From the World of John Wick: Ballerina

2025
4K HEVC
Ever After: A Cinderella Story (1998)
Ever After: A Cinderella Story (1998) Ever After: A Cinderella Story (1998) ***********************************ဒီဇာတ်ကားလေးကတော့ ၁၉၉၈ခုနှစ်က ရိုက်ကူးခဲ့တာဖြစ်ပါတယ်...ကလေးဘဝကတည်းက ကြိုက်နှစ်သက်ခဲ့ကြတဲ့ စင်ဒရဲလားရဲ့ဇာတ်ကြောင်းကိုတော့...အထူးမိတ်ဆက်ပေးစရာမလိုလောက်ဘူး ထင်ပါတယ်။ ဒါပေမယ့် ဒီကားလေးမှာ...စင်ဒရဲလားရဲ့ ဘယ်လိုဗားရှင်းလေးနဲ့ ပုံဖော်သွားမလဲဆိုတာတော့ စိတ်ဝင်စားစရာပါပဲ...မင်းသမီးကြီး Drew Barrymore ရဲ့ ချစ်စရာကောင်းတဲ့ဟန်လေးတွေနဲ့ ...စင်ဒရဲလားအသစ်ကလေးတစ်ယောက်ကို မြင်ရမှာပါ...သူ့ဇာတ်လမ်းဇာတ်အိမ်သီးခြားလေးနဲ့ ...မူလကျောရိုးမပျက် ဇာတ်လမ်းလေးကိုလည်း ကြိုက်နှစ်သက်ကြမှာပါ။ ၁၉၉၈တုန်းက ရိုက်ခဲ့တာဆိုပေမဲ့...Drew Barrymoreရဲ့ ချစ်စရာကောင်းတဲ့သရုပ်ဆောင်ချက်လေးတွေကိုကြည့်ရတာနဲ့တင်...ရှေးဟောင်းကားတစ်ကားဆိုတာတောင် မေ့သွားလောက်မှာပါ ...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Yoon Wah wah Theint ပဲ ဖြစ်ပါတယ်File Size : 2.54GB / 980MB Quality : Blu-Ray 1080p 5.1ch / 720p Duration : 02:01:00 Genre : Comedy, Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Yoonwahwah ...
movie

Ever After: A Cinderella Story (1998)

The Royal Tenenbaums (2001)
The Royal Tenenbaums (2001) The Royal Tenenbaums ကတော့ Wes Anderson ကိုတကယ်လေးစားသင့်တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပြီးတော့ ပုံစံတွေအများကြီးပြောင်းထားတာတွေနှင့် အထူးသဖြင့်တော့သူရဲ့သုံးထာတဲ့ကာလာတွေက ဇာတ်လမ်းကိုပိုပြီးတော့အရသာဖြစ်စေတယ်။ ဇာတ်လမ်းပိုင်းမှာတော့ Royal Tenenbaum က သူ့မိသားစုကို ပြန်လည်အဆင်ပြေအောင် ကြိုးစားတယ်။ သူသားနှစ်ယောက်နှင့် သမီးတစ်ယောက်ပေါ့ အဲ့လိုမျိုးလူတွေတစ်ယောက်စီတိုင်းမှာရှိနေတဲ့ပြဿနာတွေကို သေချာပြနိုင်တာတွေ၊ သူတို့ရဲ့ရင်ထဲမှာခံစားနေရတာတွေကိုပေါ်အောင်ပြနိုင်လို့ကာလာတွေသုံးထားတာတော့အကောင်းဆုံးပါ။ သူတို့တစ်ယောက်ချင်းစီရဲ့ဇာတ်ကြောင်းကိုလိုက်မတွေးနိုင်တဲ့သူတွေအတွက် narrator ပါပါပါတယ် ။မိသားစုတစ်ခုမှာ ပြဿနာတွေ အနှောင့်အယှက်တွေကို စိတ်ဝင်စားအောင်သာမကပဲနဲ့၊ဇာတ်ကားမှာ သူ့ရဲ့ creativity တွေ၊ လူတစ်ယောက်နှင့် တစ်ယောက်ကြားက ကွာဟချက်တွေ၊ ကိုယ်ကိုတိုင်ပဲနားလည်တဲ့ကိုယ့်ကိုယ်ကိုအဖြေပြန်ရှာနေရတာတွေ စိတ်ခံစားချက်တွေပါမယ်။ ဇာတ်ကောင်တွေအနေနဲ့လည်းအမိုက်စားတွေပါမယ်သူတို့ကိုယ်တိုင်ရဲ့character တွေကလည်းတစ်ယောက်ကိုတစ်မူထူးခြားတာဖြစ်တယ်။The Royal Tenenbaums သည် ကြည့်ရှုသူတွေကို စိတ်ဝင်စားစရာတစ်ခု ၊ မိသားစုပြဿနာတွေ ၊အနုပညာလက်ရာတွေ၊ မြင်ကွင်းကောင်းကောင်းတွေ cinematic scence တွေ ပါဝင်လို့ ခေတ်လူငယ်တွေအနုပညာသမားတွေတစ်ခြားအပန်းဖြေအတဲ့အနေနဲ့ကြည့်မယ်ဆိုရင်လည်းလုံးဝကိုအကြိုက်တွေ့မယ့်ဇာတ်ကားပါပဲ။File size…(1.9 GB)/(962 MB) Quality….Webrip HEVC 1080p / ...
movie

The Royal Tenenbaums (2001)

(18+) Choke (2008) 6.4
(18+) Choke (2008) Choke (2008) IMDb - 6.4/10R-ratedဖြစ်တဲ့အတွက် ၁၇နှစ်အောက်ကလေးတွေ လက်ရှောင်ပေါ့။ ဒါရိုက်တာက Clark Gregg၊ မင်းသားကြီး ဟယ်ရီဆန်ဖို့ဒ်ရဲ့ What Lies Beneath (2000)ရုပ်ရှင်ကို ရေးခဲ့တဲ့ဆရာ။ မင်းသားက Sam Rockwell။ဇာတ်လမ်းအကျဉ်းပြောရရင် ငယ်ငယ်ကတည်းက မွေစားမိဘတွေ တစ်ယောက်ပြီးတစ်ယောက်ဆီကနေ ထွက်ပြေးခဲ့တဲ့သူ။ ဘာလို့ထွက်ပြေးလဲ၊ အမေအရင်းက လာလာခေါ်ပြီး ပညာတွေပေးနေလို့။ဘယ်လိုပညာလဲ၊ ဒီကမ္ဘာကြီးဆိုတာ တိရစ္ဆာန်ဥယျာဉ်လိုပဲ အကျဉ်းထောင်တစ်ခု၊ တိရစ္ဆာန်တွေနဲ့ ငါတို့ကြားက ကွာခြားမှုက တိုင်တွေနောက်မှာရှိနေရတာနဲ့ ရှိမနေရတာပဲဆိုပြီး လမ်းသစ်ဖောက် ဘ၀အသစ်ကိုလျှောက်ဆိုတဲ့အမေ။အရွယ်ရောက်လာတဲ့အချိန် အမေဖြစ်သူ အယ်လ်ဇိုင်းမားရောဂါနဲ့ စိတ်ကျန်းမာရေးဆေးရုံတင်ထားရတဲ့အချိန်။ သူ့အလုပ်အကိုင်က ရှေးခေတ်ကိုသရုပ်ဖော်တဲ့နေရာမှာ သရုပ်ဆောင်နေရတာ။ အမေ့ဆေးဖိုးလောက်ငှဖို့ ရောက်လေရာစားသောက်ဆိုင်မှာ အစာနင်ချင်ယောင်ဆောင်ပြီး လာကူပေးသူတွေဆီက ထောက်ပံ့ပေးကြေးရအောင် ဟန်ဆောင်တယ်။နောက်ပြီး တွေ့သမျှမိန်းမနဲ့အတူနေတဲ့ လိင်စိတ်စွဲလန်းနေတဲ့ဘဲ။ ဒီလိုနဲ့ စိတ်ကျန်းမာရေးဆေးရုံက သူ့အမေကိုကုသပေးနေတဲ့ ဒေါက်တာမလေးနဲ့တွေ့တဲ့နောက်မှာ သူ့ဘ၀ တစ်ဆစ်မက နှစ်ဆစ် သုံးဆစ်ချိုးပြောင်းလဲသွားတဲ့အခါမှာတော့...။(အညွှန်းနဲ့ဘာသာပြန်ကတော့ Zeoဖြစ်ပါတယ်။) File size… 3.9 GB / 1.8 GB Quality…Bluray 1080p ...
movie

(18+) Choke (2008)

The Player (1992) 7.5
The Player (1992) The Player (1992) အညွှန်း *************************** IMDb rating ...... 7.5/10 Rotten Tomatoes 98% (ဒီထဲကမင်းသားကThe Shawshank Redemption (1994)ထဲမှာ စကားလေးမပွင့်တပွင့်ပြောရင်းကျွန်တော်တို့နှလုံးသားကို သိမ်းပိုက်သွားတာအားလုံးသိကြမယ်ထင်ပါရဲ့)Hollywood ရဲ့ ရုပ်ရှင်ထုတ်လုပ်ရေးလောကမှာ ထုတ်လုပ်သူတစ်ယောက်လုပ်ရတာဟာ ထင်သလောက်မရိုးရှင်းလှပါဘူး....စာရေးဆရာတွေဆီက တစ်ရက်တစ်ရက်ကို ကမ်းလှမ်းလာတဲ့ ရာနဲ့ချီသော ဇာတ်လမ်းပေါင်းစုံကို နားထောင်ပြီး ဇာတ်ကားရိုက်သင့်မရိုက်သင့် ဆုံးဖြတ်ပေးရပါတယ်...ကမ်းလှမ်းလာသမျှဇာတ်လမ်းတိုင်းကို ထုတ်လုပ်သူတစ်ယောက်အနေနဲ့ လက်ခံဖို့မဖြစ်နိုင်တဲ့အခါစာရေးဆရာတွေရဲ့ မုန်းတီးမှုကိုခံကြရပါတယ်...ဂရစ်ဖင်န် မေးလ် ဟာလည်း ဟောလီးဝုဒ်နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်ရေးစတူဒီယိုတစ်ခုရဲ့ အကြီးအကဲတွေထဲက တစ်ယောက်ပါ...တစ်နေ့မှာတော့ သူ့ဆီကို အမည်မသိ စာရေးဆရာတစ်ယောက်ဆီက ခြိမ်းခြောက်စာတွေ အဆက်မပြတ်ရောက်လို့လာခဲ့ပါတယ်...ဒီချိန်းခြောက်စာတွေဟာ တစ်ရက်ထဲမဟုတ် အကြိမ်ရေများလာတဲ့အခါမှာတော့ဂရစ်ဖင်တစ်ယောက် စိတ္တဇဖြစ်လာတယ်...အဲ့ဒီနောက် ဒီကိစ္စကို တစ်ယောက်ထဲဖြေရှင်းဖို့ကြိုးစားတော့တယ်...အဲ့ဒီအချိန်ကစပြီး မဟာပြဿနာပေါင်းစုံတက်တော့တာပါပဲ...…ဒီဇာတ်ကားဟာ တစ်ခေတ်တစ်ခါရဲ့ နာမည်ကျော်မင်းသားကြီး Tom Robbins ဦးဆောင်ထားပြီး Greta Scacchi နဲ့ အခြား နာမည်ကြီးသရုပ်ဆောင်များစွာပါ၀င်ထားပါတယ်... ဒါ့အပြင် ဆုပေါင်း (၁၄) ဆုအထိဆွတ်ခူးထားပြီး ၀က်၀က်ကွဲအောင်မြင်ခဲ့တဲ့ဇာတ်ကားကောင်း တစ်ကားလည်းဖြစ်ပါတယ်ဇာတ်လမ်းအစမှ အဆုံးအထိ ရင်တထိတ်ထိတ်ကြည့်ရမဲ့အပြင် ယနေ့ခေတ်နဲ့မတူ ...
movie

The Player (1992)

Iron Jawed Angels (2004 7.4
Iron Jawed Angels (2004 Iron Jawed Angels ဒီဇာတ်ကားကတော့ အမေရိကနိုင်ငံရဲ့ သမိုင်းတွင်ဖြစ်ရပ်အကြောင်းကို ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ပြနပေါင်းပြီး ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ 2004 ထွက် ဒီဇာတ်ကားဟာဆိုရင် အမေရိကရဲ့ အမျိုးသမီးတန်းတူညီမျရေးထဲက လှုပ်ရှားမှုတစ်ခုအကြောင်းကို အသားပေးရိုက်ထားတာပါ။ ဒုတိယကမ္ဘာစစ်အပြီးမှာ အမေရိကက သူတို့ရဲ့ နိုင်ငံအဓွန့်ရှညစေရေးအတွက် ဥပဒေများကို အုတ်မြစ်ချသတ်မှတ်နေချိန်ဖြစ်ပါတယ်။ သို့ပေမဲ့ အုပ်ချုပ်ရေးအဆင့်ဆင့်မှာ အမျိုးသာတွေကသာ အရာခံအနေနဲ့ရှိနေပြီး အမျိုးသမီးများကို အယောင်ပြရာထူတွေမှာပဲထားရှိကြတာဖြစ်ပါတယ်။ အထူးသဖြင့် သမ္မတရွေးကောက်ပွဲရောက်လာတဲ့အချိန်တွေမှာ အမျိုးသမီးများဟာ မဲပေးခွင့်မရတာကြောင့် နိုင်ငံရေးလှည့်ကွက်တိုင်းမှာ ဖွတ်ဖွတ်ကြေအောင် ခံကြရတာဖြစ်ပါတယ်။ ဒါကို ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်ထွက်ဖြစ်တဲ့အမျိုးသမီးတချို့ဟာ သတိထားမိသွားပြီး အမေရိကအမျိုးများမဲပေးခွင့်ရရှိရေးအတွက် အစွမ်းကြိုးပမ်းပါတော့တယ်။File size_(2.8GB)/(1.5GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_02:01:00 Genre_Action, Crime Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Mark 
movie

Iron Jawed Angels (2004

Blood Work (2002) 6.4
Blood Work (2002)  ဟောင်းပေမဲ့ရှယ်ကောင်းတဲ့ 2002 ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့မှုခင်းစုံထောက် ဇာတ်ကားကောင်းတစ်ကားကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့Blood Work ဖြစ်ပြီး IMDb Rating 6.4 အထိရရှိထားခဲ့ပါတယ်။အရင်ခေတ်အနေအထားနဲ့ အရမ်းကောင်းမွန်တဲ့ ဇာတ်လမ်းဇာတ်ကွက်တွေ Plot Twist တွေကိုဟင်ခနဲဟာခနဲခဏခဏဖြစ်သွားရအောင် ရှယ်ထည့်ထားတဲ့ပုံစံတွေကလည်းဆရာကျလွန်းလှပါတယ်။ဒါကြောင့် မှုခင်းစုံထောက်ဇာတ်ကားကောင်းတွေကြိုက်နှစ်သက်တဲ့ ဒီကားကိုမကြည့်ဖူးသေးတဲ့သူတွေဆိုရင်တော့ကြည့်ဖြစ်အောင်ကြည့်ဖို့Recommend ပေးချင်ပါတယ်။ဇာတ်လမ်းအစမှာ စကားဝှက်လူသတ်သမားလို့ခေါ်တဲ့လူသတ်သမားက မြို့တခွင်ပြဲပြဲစင်အောင် လူတွေရှယ်လိုက်သတ်ပြီး နာမည်ကြီးနေရာကနေစပါတယ်။ဘာလို့သူ့ကို စကားဝှက် လူသတ်သမားလို့ခေါ်ရလဲ ဆိုရင်တော့သူက လူသတ်ပြီးတိုင်း နံပါတ်တွေ ဂဏန်းတွေနဲ့စကားဝှက်တွေ ချန်ချန်ထားခဲ့လို့ပါပဲ။အဲ့လိုချန်ခဲ့တာကလည်း လူတိုင်းအတွက်ရည်ရွယ်ပြီး ချန်ထားခဲ့တာမဟုတ်ပါဘူး။ မက်ကေးလက်ဆိုတဲ့ နာမည်ကြီးစုံထောက်ဆရာကြီးအတွက်ပဲ ရည်ရွယ်ပြီးချန်ထားခဲ့တဲ့စာတွေဖြစ်ပါတယ်။ဒီလိုနဲ့ တစ်နေ့မှာ သူတို့နှစ်ယောက်ထိပ်တိုက်တွေ့ကြပြီး ပစ်ခတ်မှုတွေဖြစ်လိုက်ကြတာ စုံထောက်ကြီးမက်ကေးလက် နှလုံးထိပြီး သေမတတ်ဖြစ်သွားပါတော့တယ်။ ဒါပေမယ့် ကံကောင်းစွာနဲ့ပဲ ၂ နှစ်ကြာပြီးနောက်မှာနှလုံးအစားထိုးဖို့ အလှူရှင်ပေါ်လာတဲ့အတွက် စုံထောက်ကြီးမက်ကေးလက် အသက်ဆက်ခွင့်ရခဲ့ပါတော့တယ်။စကားဝှက် လူသတ်သမားကလည်း သူ့ကျည်ဆန်လက်ချက်နဲ့ကြွသွားလားတော့မသိပေမဲ့ အဲ့ဒီ ၂ နှစ်အတောအတွင်းမှာတော့စကားဝှက် လူသတ်သမားအကြောင်းတွေက လုံး၀တိတ်ဆိတ်သွားခဲ့ပါတယ်။မက်ကေးလက်လည်း အဲ့ဒီအဖြစ်အပျက်ကြောင့်အငြိမ်းစားယူခဲ့ပြီး ရေထဲကသူ့ရဲ့ လှေအိမ်လေးထဲပြန်နေနေတဲ့အချိန်မှာ သူ့ဆီကို ...
movie

Blood Work (2002)

The Darjeeling Limited (2007) 7.2
The Darjeeling Limited (2007) The Darjeeling Limited (2007)~ IMDb - 7.2/10, RT - 69%, Meta - 67% ~The Darjeeling Limited ဟာ နာမည်ကျော်အမေရိကန်သရုပ်ဆောင်တွေချည်းသုံးထားပေမဲ့ အိန္ဒိယမှာပဲ တစ်ကားလုံးနီးပါးပြီးသွားတဲ့ ရုပ်ရှင်ပါပဲ။ Wes Anderson ဟာ သူ့ထုံးစံအတိုင်း ဒီကားမှာလည်း နာမည်ကြီးစတားတွေ မြိုင်မြိုင်ဆိုင်ဆိုင်သုံးပြီး အိန္ဒိယခရီးစဉ်တစ်ခုကို ရိုက်ပြထားခဲ့တယ်။ အန်ဒါဆန်စကားအရတော့ "အိန္ဒိယဟာ သူမတူအောင် အရောင်အသွေးစုံလင်တဲ့ နိုင်ငံပေါ့။ အိန္ဒိယဟာ သိပ်မြူးကြွနေတဲ့ နိုင်ငံဆိုလည်း ဟုတ်တယ်။ အိန္ဒိယမှာ တစ်ယောက်တည်း အေးဆေးနေချင်လို့တောင် နေမရဘူး"တဲ့။ အိန္ဒိယဟာ ဒီဇာတ်ကားရဲ့ ဇာတ်အိမ်တည်ရာဖြစ်နေရုံတင်မဟုတ်ဘဲ အိန္ဒိယကိုယ်တိုင်ကိုက ဒီဇာတ်ရဲ့အကြောင်းအရာဖြစ်နေတယ်လို့လည်း ဆိုတယ်။ အန်ဒါဆန်ဟာ The Darjeeling Limited ကို ရိုက်တဲ့နေရာမှာ အိန္ဒိယကို သူ့ပုံစံအတိုင်းပဲထားပြီး ရိုက်ကူးခဲ့တယ်။ သူတို့ရိုက်ကွင်းမှာ ရှိနေတဲ့အရာတွေ ...
movie

The Darjeeling Limited (2007)

2007
The Big Year (2011) 6.2
The Big Year (2011) ဒီဇာတ်လမ်းကို ဒါရိုက်တာဒေးဗစ် ဖရန်ကဲလ် က ရိုက်ကူးထားပြီး ဘရက်ဒ်အဖြစ် 2017 နဲ့ 2019 မှာထွက်ရှိခဲ့တဲ့ Jumanji နှစ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ နာမည်ကြီးသရုပ်ဆောင် ဂျက်ဘလက်၊ စတူ အဖြစ် ပင့်ပန်သာ ဇာတ်ကားမှာ ပြင်သစ်စုံထောက် အဖြစ်သရုပ်ဆောင်ခဲ့တဲ့ စတိဗ်မာတင်၊ ကန်နီ ဘော့စတစ် အဖြစ် Wedding crashers ၊Night at the museum၊No escape တို့မှာပါဝင်သရုပ်ဆောင်ခဲ့တဲ့ အိုဝမ်ဝီလ်ဆင်တို့ ပါဝင်ထားပါတယ်။း ဒီဇာတ်လမ်းမှာ ငှက်ဝါသနာရှင် နှစ်ဦးဟာ တနှစ်ပတ်လုံး ယှဉ်ပြိုင်ရတဲ့ ငှက်ကြည့်ပြိုင်ပွဲမှာ ကမ္ဘာ့စံချိန်တင်ထားတဲ့ မြောက်ကြွကြွ လူကို အနိူင်ရအောင် ကြိုးပမ်းကြပုံကို ကြည့်ရှုကြရမှာပါ။ ငှက်ကြည့်လောကမှာတော့ Big Year ဆိုတာ တနှစ်အတွင်းမှာ ငှက်မျိုးစိတ် ဘယ်လောက်များများ ကြည့်နိုင်မလဲ ကြားနိုင်မလဲ ဆိုတာ ယှဉ်ပြိုင်ရတဲ့ ပွဲဖြစ်ပါတယ်။လူသုံးဦးက​တော့ တနှစ်တာ ...
movie

The Big Year (2011)

Buffalo ’66 (1998) 7.4
Buffalo ’66 (1998) Buffalo '66 (1998)~ IMDb - 7.4/10, Rotten Tomatoes - 76% ~အဟောင်းအကောင်း Old but Gold ဇာတ်ကားကောင်းတွေထဲက တစ်ကားဖြစ်ပါတယ်။ IMDb Rating (7.4/10) ရထားတဲ့ ဒီဒရာမာ ဟာသ ရိုမန့်စ်ကားလေးက ဆုပေါင်း(၆)ဆုဆွတ်ခူးထားပြီး Nomination တွေလည်း (၁၁)ခုထိ ၀င်ထားခဲ့ပါသေးတယ်။ ကြည့်ရှုသူများကလည်း ကြည့်ဖူးသမျှထဲမှာ အကောင်းဆုံး Independent Film လို့ရည်ညွှန်းခံရတဲ့ကားလေးပါ။ဘီလီဘရောင်းဆိုတဲ့သူက ထောင်ငါးနှစ်ကျပြီး ထွက်လာခဲ့တာပါ။ မိဘတွေကို ထောင်ကျခဲ့တာလို့မပြောဘဲ အလုပ်ကိစ္စကြောင့်အဝေးရောက်‌နေပြီး အိမ်ထောင်လည်းကျနေပြီလို့ လိမ်ညာခဲ့မိတာကြောင့် မိဘအိမ်ပြန်ဖို့လိုလာတဲ့အချိန် ပြစရာဇနီးလိုလို့ လမ်းကြုံကောင်မလေးတစ်ယောက်ကို ပြန်ပေးဆွဲရာကနေ ဒီဇာတ်လမ်းက စတင်လာခဲ့ပါတယ်။ဒီကားလေးက သရုပ်ဆောင်နယ်ပယ်မှာ နာမည်ကြီးပြီး ဆုတွေအများကြီးလည်းရဖူးတဲ့ Golden Lion ဆုအတွက်လည်း Nomi အကြိမ်ကြိမ်၀င်ဖူးတဲ့ Vincent Gallo ရဲ့ ဒါရိုက်တာအဖြစ် ပွဲဦးထွက်ခဲ့တဲ့ကားလေးဖြစ်ပါတယ်။ ...
movie

Buffalo ’66 (1998)

1998
50/50 (2011) 7.6
50/50 (2011) ဒီတစ်ခါမှာတော့ IMDb 7.6 ထိရရှိထားပြီး Rotten Tomatoes မှာ 93% ထိရရှိထားတဲ့ comedy/drama လေး တင်ဆက်ပေးမှာဖြစ်ပါတယ် ဒီဇာတ်ကားကို Joseph Gordon-Levitt နဲ့ Jurassic park က မမ Bryce Dallas Howard လည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ် ရေဒီယို ရုံးမှာအလုပ်လုပ်တဲ့ အသက် 27 နှစ်အရွယ် MC တစ်ယောက်ဟာ အရမ်းရှားတဲ့ ကျောရိုးကင်ဆာတစ်ခုဖြစ်နေတာသိလိုက်ရပါတော့တယ် 50% ပဲအသက်ရှင်နိုင်ချေရှိတဲ့ ကင်ဆာကို ကုသနေတုန်းမှာ MC တစ်ယောက် ခင်မင်မှုနဲ့ ချစ်ခင်မှု အကြောင်းကို သတိပြုလာမိပါတော့တယ် သေဆုံးနိုင်လောက်တဲ့ ကင်ဆာရောဂါဖြစ်နေတဲ့အချိန်မှာ ဘေးကလူတွေက ဘယ်လိုပြောင်းလဲသွားမှာလဲ ကိုယ့်ကိုယ်ကို သေဆုံးတော့မယ်လို့ မှတ်ယူထားတဲ့လူတစ်ယောက်က လောကကြီးကိုဘယ်လိုမြင်လဲ ဆိုတာကို ရိုက်ပြပေးထားတဲ့ဇာတ်ကားကောင်းလေးဖြစ်တာကြောင့် လက်မလွှတ်ဘဲ ကြည့်သင့်ပါတယ် File size…(1.9 GB)/(960 MB) Quality….Webrip 1080p ...
movie

50/50 (2011)

Tinkerbell : Secret of the Wings (2012) 7.0
Tinkerbell : Secret of the Wings (2012) Tinkerbell : Secret of the Wings (2012) ============================ IMDb Rating - 7.0/10Secret of the Wings ဆို Tinkerbell movie တွေထဲက လူကြိုက်အများဆုံးနဲ့ Scenario အလှဆုံးအပိုင်းလို့ပြော ရင်လည်း မမှားပါဘူး။ နတ်သူငယ်မွေးဖွားခြင်းနိယာမကို လွန်ဆန်တဲ့ Tinkerbell ရဲ့ အံ့ဖွယ်ဖြစ်ရပ်တစ်ခုအကြောင်း ရိုက်ပြထားတဲ့ ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။Pixie Hollow ရဲ့ ဥတုလေးပိုင်းကွဲနေတဲ့ နယ်မြေတွေထဲမှာ ဆောင်းသစ်တောကတော့ ဘယ်အနွေးပိုင်းနတ်သားနတ်သမီး မဆို မြင်သာမြင် မကြင်ရဖြစ်နေတဲ့နေရာတစ်ခုပေါ့။ အအေးပိုင်းနတ်သူငယ်တွေအနေနဲ့လည်း အနွေးပိုင်းနယ်မြေ တွေဘက်ကိုလာခွင့်မရှိတဲ့အတွက် ဥတုနှစ်ခြမ်းက နတ်သား နတ်သမီးတွေအနေနဲ့ တစ်ဘက်မှာ ဖြူလား၊ မဲလားတောင်မသိ တဲ့အထိပါပဲ။ စူးစမ်းနတ်သူငယ်ပီပီ စပ်စုတတ်တဲ့ Tinkerbell ကတော့ ဆောင်းသစ်တောကို ကုန်တွေတင်မကဘဲ သူ့ကိုယ်သူ ပါအရောက်ပို့ချင်နေမိတာပါ။ တစ်နေ့မှာတော့ ... နွေဦးရင်ပြင်က တိရစ္ဆာန်လေးတွေကို ဆောင်းခိုဖို့အတွက် နယ်စပ်ကိုပြောင်းရွှေ့ ပေးဖို့ဖြစ်လာပါတယ်။ Tinkerbell ကတော့ Fawn ကိုကူညီရင်း အလစ်မှာ ဆောင်းသစ်တောဘက်ခုန်ဝင်မိလို့ အတောင်ခဲတယ် အထင်ခံရပြီး ဆေးခန်းရောက်သွားပါတော့တယ်။Tinkerbell ကတော့ အတောင်ခဲတာမဟုတ်ဘဲ သူ့အတောင်တွေ အရောင်တောက်လာတာပါလို့ ပြောပေမယ့် ...
movie

Tinkerbell : Secret of the Wings (2012)

2012
Tinker Bell and the Lost Treasure (2009) 6.6
Tinker Bell and the Lost Treasure (2009) Tinker Bell and the Lost Treasure (2009) ============================ IMDb Rating - 6.6/10အမှောင်မိုက်ဆုံးသောအချိန်မှာ အလင်းတစ်ပွင့်ကတောင် မက်မော စရာဖြစ်ရသလို အခက်ခဲဆုံးသောအချိန်မှာလည်း ကူကယ်ရာလက် တစ်စုံကို အတမ်းတမိကြဆုံးပါပဲ။ ဒီတစ်ခါမှာတော့ Tinkerbell တစ် ယောက် တစ်ကိုယ်စာမျက်နှာရရေးနဲ့ သူငယ်ချင်းဆက်ဆံရေးကြား မျက်စိလည် ဒွိဟများရတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။Pixie hollow ရဲ့ အထင်ကရဆောင်းဦးရာသီပွဲတော်မှာ နတ်သူငယ်တို့ အသက်သွေးကြောဖြစ်တဲ့ ရွှေမှုန်လေးတွေကို လကျောက်ကနေတစ် ဆင့် ထုတ်ယူရတဲ့ အစဉ်အလာတစ်ခုရှိနေပါတယ်။ လကျောက်တည်ဖို့ တောင်ဝှေးကိုလည်း နတ်သူငယ်တစ်ဖွဲ့ချင်းစီကနေ အလှည့်ကျလုပ်ပေး ရတဲ့ဓလေ့လည်းရှိတာပေါ့။ လက်သမားနတ်သူငယ်တွေ အလှည့်ကျတဲ့ နှစ်မှာတော့ ကိုယ်စားပြုအနေနဲ့ Tinkerbell တာဝန်ပေးခံရတဲ့အခါ....(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Hnin Wut Yi Myaing ဖြစ်ပါတယ်)File Size..........(1.72 GB) / (860 MB) / (512 MB) Quality............BLU-RAY 1080p / 720p / 480p Duration.........1Hr 21Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Animation, Adventure, Family Translator.......Hnin ...
movie

Tinker Bell and the Lost Treasure (2009)

2009
Tinker Bell (2008) 6.7
Tinker Bell (2008) Tinker Bell (2008) ==============ပျောက်သွားတဲ့အရုပ်လေးတွေ မထင်မှတ်ဘဲ ပြန်ရောက်လာတတ် တာမျိုး ကြုံဖူးကြပါသလား၊ ပျက်သွားတဲ့ပစ္စည်းလေးတွေကို ပြန် ထုတ်ကြည့်တဲ့အခါ ရုတ်တရက်ပြန်ကောင်းနေတာမျိုးရော ဖြစ်ဖူး ပါသလား၊ သဘာဝတရားကြီးက လူသားတွေသိထားတဲ့နိယာမတွေနဲ့ ဆန့်ကျင်ပြီး လည်ပတ်နေတယ်ဆိုတဲ့ ရှုထောင့်လေးတစ်ခုကနေ နတ် သူငယ်တွေရဲ့ဖြစ်တည်မှုကို ချပြထားတဲ့ဇာတ်ကားကောင်းလေးပဲဖြစ် ပါတယ်။ရာသီအကူးအပြောင်း၊ အအေးအပူ၊ အလင်းအမှောင်၊ အရောင်အဆင်း ဒါတွေအားလုံးအတွက် အမျိုးမျိုးသောအစွမ်းတွေရှိကြတဲ့ နတ်သူငယ် တွေဟာ တစ်နှစ်တာလုံး မနားမနေပြင်ဆင်လုပ်ကိုင်ပေးကြရပါတယ်။ဇာတ်လမ်းလေးကတော့ ကိုယ်ရထားတဲ့အစွမ်းကို သဘောမကျဖြစ်ပြီး သူများတွေလိုဖြစ်အောင်ပဲ ကြိုးစားနေတဲ့ Tinker Bell ကြောင့် Pixie Hollow တစ်ခုလုံး ရိုးရာသစ်၊ စနစ်သစ်တွေ ပေါ်ထွန်းသွားရတဲ့အကြောင်း လေးပဲဖြစ်ပါတယ်။ Tinker Bell ရဲ့ မိမိပုံစံအစစ်အမှန်ကို လက်မခံနိုင် ခြင်းက Pixie Hollow တစ်ပြည်လုံးအတွက် ပျက်စီးခြင်းဖြစ်လုနီးနီး ကနေ ..... ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Hnin Wut Yi Myaing ဖြစ်ပါတယ်)File Size..........(1.63 GB) / (790 MB) / (475 MB) Quality............BLU-RAY 1080p / ...
movie

Tinker Bell (2008)

2008
Gardens of Stone (1987) 6.4
Gardens of Stone (1987) မင်းသားကြီး James Caan ရဲ့ Misery မထွက်ခင် ၁၉၈၇ ခုနှစ်ကထွက်ရှိထားတဲ့ကားပါ။ ဗီယက်နမ်စစ်ပွဲကာလ အမေရိကန်စစ်သားငယ်လေးတွေ စစ်မြေပြင်ကိုအပို့ခံရပြီး အများစုဟာ အသက်ရှင်လျက်ပြန်မလာနိုင်ကြတဲ့အခါ သူတို့တွေကို တပ်မတော်သုသာန် အာလင်တန်မှာမြေချပေးရတဲ့တာဝန်ကို ကင်းတပ်ကြီးမှာတာဝန်ထမ်းဆောင်ကြရတဲ့အရာရှိတွေက စစ်ရေးပြဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကျင်းပပေးရပါတယ်။ ဒီကားက စစ်နောက်ခံထားပြီး စစ်မြေပြင်တိုက်ပွဲတွေအကြောင်းမဟုတ်ဘဲ စစ်ပွဲကာလ တိုက်ပွဲဝင်စစ်သားတွေရဲ့ ကျန်ရစ်ခဲ့တဲ့ မိသားစု၊ဆွေမျိုး၊မိတ်ဆွေတွေရဲ့ခံစားချက်ကို ပိုအလေးပေးဖော်ပြထားတာပါ ... အမေရိကန်ကင်းတပ်ကြီးရဲ့ ဗီယက်နမ်စစ်ပြန် ဂုဏ်ထူးဆောင်တပ်ကြပ်ကြီးကလဲဟာဇက်ဟာ ဗီယက်နမ်စစ်မြေပြင်ကို အပို့ခံနေရတဲ့စစ်သားငယ်လေးတွေကို စစ်‌မြေပြင်မှာဦးဆောင်လမ်းပြပေးပြီး အသက်မသေအောင်ကယ်တင်နိုင်အောင်လို့ ဗီယက်နမ်အခြေစိုက် ဘန်းနင်းခံတပ်ကို တာဝန်ပြောင်းပေးဖို့လျှောက်တဲ့အခါ အထက်လူကြီးက ပယ်ချလိုက်ပါတယ် အဲ့ဒီအချိန်မှာ ဆာဂျင်ဟာဇက်ရဲ့ ကိုရီးယားစစ်ပွဲကာလမှာတုန်းက ရဲဘော်ရဲဘက်တွေဖြစ်ခဲ့တဲ့မိတ်ဆွေဟောင်းတစ်ယောက်ရဲ့သား ဂျက်ကီဝီလ်လိုတစ်ယောက် ကင်းတပ်ကြီးကိုရောက်လာပါတယ် သူ့သားလေးကို အစစအရာရာသင်ပြပေးဖို့အတွက်လည်း ဆာဂျင်ဟာဇက်ဆီကို စာပါးပေးခဲ့ပါတယ် အဲ့‌ဒီကောင်လေးက စစ်သားတစ်ယောက်ဟာ စစ်‌ဖြစ်နေရင် စစ်မြေပြင်မှာတာဝန်ထမ်းဆောင်ရမယ် ဆိုတဲ့အစွဲနဲ့ သူက ဗီယက်နမ်စစ်မြေပြင်ကို အပြောင်းလျှောက်ချင်နေတဲ့သူပါ ဆာဂျင်ဟာဇက်က ဒါကိုသိတော့ နားချဖို့ကြိုးစားရင်း ...
movie

Gardens of Stone (1987)

Seraphim Falls(2006) 7.0
Seraphim Falls(2006) Seraphim Falls(2006)********************ရေခဲလွှမ်းနေတဲ့တောင်ကြောတစ်နေရာမှာ အဘိုးအိုတစ်ယောက်ကို လူအုပ်စုတစ်စုက သေနတ် နဲ့ လိုက်ပစ်နေပါတယ်။ခေါင်းဆောင်က အဘိုးကြီးကို အသေပစ်သတ်ခွင့် မပေးထားဘဲ အရှင်မိအောင်ပဲ လိုက်ခိုင်းပါတယ်။ဒါပေမယ့် သေနတ်မပါတဲ့အပြင် ဒဏ်ရာရနေတဲ့ အဘိုးကြီးဟာ အဲဒိလူအုပ်ထဲက လူ (၂)ယောက်ကိုအသေပြန်ဆော်လိုက်နိုင်ပြန်ပါတယ်။ အနောက်က လိုက်တဲ့လူတစ်စုကတော့ ဆက်လိုက် ဖို့၊ မလိုက်ဖို့ ပြောရင်းအငြင်းပွားကုန်ကြပါတယ်။ ခေါင်းဆောင်ရဲ့ စည်းရုံးမှုနဲ့ အဘိုးကြီးနောက်ကို သူတို့ ဆက်လိုက်ကြပါတော့တယ်။အဘိုးကြီးက ဘယ်သူလဲ။ သူ့နောက်ကို လိုက်နေတဲ့ လူတစ်စုကရော သူ့ နောက်ကိုဘာအကြောင်းနဲ့ လိုက်နေတာလဲဆိုတာ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ရှုစားကြပါခင်ဗျား။စကားသိပ်မပြောဘဲ ဖိုက်ပဲဖိုက်၊ မိုက်ပဲမိုက်၊ တိုက်ပဲတိုက်နေကြတဲ့ ကောင်းဘွိုင်ကား၊ အက်ရှင်ကား ကို ရှုစားရမှာ ဖြစ်ပါတယ်။ Taken မင်းသားကြီး လီယန်နီလ်ဆင်နဲ့ ဂျိမ်းစ်ဘွန်း မင်းသားကြီးပီယာ့စ်ဘရွန်နန်တို့ အပြိုင်ကြဲ အပြိုင်မိုက်၊ အပြိုင်တိုက်ကြတဲ့အတွက်ဇာတ်ကားကောင်းပါလို့ ညွှန်းစရာမလိုဘူး ထင်ပါတယ်ဗျာ။File Size :(2.3GB)(983MB) and (292MB) Quality : ...
movie

Seraphim Falls(2006)

[18+] The Postman Always Rings Twice (1981) 6.6

[18+] The Postman Always Rings Twice (1981)

1981