Channel Myanmar

Anjan Dutt

City of Joy (1992) 6.5
City of Joy (1992) City of Joy (1992)Dominique Lapierre ရဲ့ City of Joy ကို မြသန်းတင့် ဘာသာပြန်ထားတဲ့ သုခမြို့တော်စာအုပ်ကြောင့်ပဲ ဒီရုပ်ရှင်ကို မကြည့်ဖူးရင်တောင် တော်တော်များများ ရင်းနှီးပြီးကြမှာပါ။ ဇာတ်ကတော့ အကုန်သိကြပြီးသားပါပဲ။ မြသန်းတင့်စာအုပ်နောက်ကျောမှာ ရေးထားတဲ့အတိုင်းဆို "အံ့မခန်းကြီးကျယ်၍ အလျှံပယ်ကြွယ်ဝသော အိန္ဒိယပြည် ကာလကတ္တားမြို့ရှိ သုခမြို့တော်ဟုခေါ်သော လူဆင်းရဲရပ်ကွက်တစ်ခုမှ အမွဲ့တကာ့ထွဋ်ခေါင် ဖွတ်မင်းနောင်တို့၏ မယုံနိုင်စရာ မယုံရက်စရာ အဖြစ်သနစ်များ" တဲ့။ ဒါကတော့ စာအုပ်အတွက်ပဲ မှန်ပါလိမ့်မယ်။ ရုပ်ရှင်မှာတော့ ကွာခြားမှုက တော်တော်ကြီးပါတယ်။စာအုပ်မှာတော့ သုခမြို့တော်ဆိုတဲ့နေရာရဲ့ စိတ်ညစ်ညူးဖွယ်မြင်ကွင်းတွေ အခြေအနေတွေကို ကွက်ကွက်ကွင်းကွင်းမြင်အောင်ပြသွားသလို ရှင်သန်မှုကို အရှုံးမပေးတဲ့ ကာလကတ္တားက နင်းပြားတွေရဲ့စိတ်ဓာတ်ကိုလည်း သိသိသာသာကိုပြထားတယ်။ ဒါကြောင့်လည်း "လူ့စိတ်အားမာန်ရဲ့အမြင့်ဆုံးတန်ဖိုးကို ခင်းကျင်းပြသထားတယ်"လို့ဆိုပြီး ခရစ္စတိုဖာဆုရထားခဲ့တယ်။ ဗမာပြန်တဲ့စာအုပ်မှာလည်း အမျိုးသားစာပေဆုရထားတယ်။ဗြိတိန်ဒါရိုက်တာ Roland Joffé ရိုက်တဲ့ ဒီရုပ်ရှင်ကတော့ ချီးကျူးရမလား ထဆဲရမလားဆိုတာ ...
movie

City of Joy (1992)

1992
Chaalchitra Ekhon (2024)
Chaalchitra Ekhon (2024)  IMDb - 7.8ဒီရုပ်ရှင်ကတော့ 2018 ခုနှစ်မှာကွယ်လွန်သွားခဲ့တဲ့ အိန္ဒိယရုပ်ရှင်ဒါရိုက်တာ Mrinal Sen ကို tribute တဲ့အနေနဲ့ ရိုက်ကူးထားတာပါ။1981 ခုနှစ်မှာ Mrinal Sen ရိုက်ကူးခဲ့တဲ့ "Chaalchitra" ရုပ်ရှင်ထဲက ဇာတ်လိုက်မင်းသား "ဒီပူ" နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ Anjan Dutt ကိုယ်တိုင်ရိုက်ကူးထားတာဖြစ်ပြီး Mrinal နဲ့ Anjan နှစ်ယောက်ကြားက relationship ကို အဓိကရိုက်ပြထားပါတယ်။ Anjan Dutt ကလည်း 1981 ခုနှစ် ဗင်းနစ်အပြည်ပြည်ဆိုင်ရာရုပ်ရှင်ပွဲတော်မှာ Chaalchitra ရုပ်ရှင်နဲ့ "အကောင်းဦးပွဲဦးထွက်မင်းသား" ဆုကိုရရှိခဲ့ပါသေးတယ်။ဆိုတော့ Chaalchitra (1981) ရုပ်ရှင်ဖြစ်ပေါ်လာဖို့အတွက် ပြဇာတ်တွေကိုရူးသွပ်နေတဲ့ Anjan နဲ့ ဂန္တဝင်ရုပ်ရှင်ဒါရိုက်တာကြီးဖြစ်နေပြီးသား Mrinal တို့ နှစ်ယောက်ကြားက အတွေးအမြင်မတူမှုတွေ၊ အခက်အခဲတွေနဲ့ ကာလကတ္တားမြို့ကြီးရဲ့ ဆန်းကျယ်မှုတွေကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size…(1.5 GB)/(773 MB) Quality….Webrip 1080p ...
movie

Chaalchitra Ekhon (2024)

Haami 2 (2022) 8.5
Haami 2 (2022) Haami 2 (2023)ဒီဇာတ်လမ်းလေးကတော့ IMDb 8.5/10 ရထားတဲ့ ကလေးဉာဏ်ကြီးရှင်ကားလေးပဲ ဖြစ်ပါတယ်။ သုံးတန်းတတ်နေတဲ့ အသက်ရှစ်နှစ်ပဲရှိသေးတဲ့ ကလေးလေးသိဒ္ဓတ္ထကတော့ သင်္ချာနဲ့ပတ်သတ်ရင် အတွက်အချက်အရမ်းတော်ပြီးတော့ မှတ်ဉာဏ်လည်းအရမ်းကိုကောင်းတဲ့ကလေးတစ်ယောက်ပဲဖြစ်ပါတယ်။သူဟာ သူ့အသက်အရွယ်နဲ့မလိုက်တဲ့စာပေတွေကိုလည်း ဖတ်နိုင်နေပြီးတော့ သိပ္ပံကိုလည်း ချစ်မြတ်နိုးသူတစ်ယောက်ပါ။ သူ့ရဲ့အဖေကတော့ ကျောင်းဆရာလုပ်ချင်ပေမဲ့လည်း ဝင်ခွင့်မအောင်လို့ အရောင်းစာရေးလုပ်နေရတဲ့သူတစ်ယောက်ပေါ့။တစ်ရက်မှာတော့ သူ့ရဲ့ပညာအစွမ်းကို လူတစ်ယောက်က ဗီဒီယိုရိုက်ထားလိုက်ရာကနေ သူ့ရဲ့ အရည်အချင်းကို မြင်ပြီး ကလေးအနုပညာရှင်တွေစုဆောင်းတဲ့အေးဂျင့်ကနေလာပြီးတော့ သိဒ္ဓတ္ထလေးကို ဗီဒီယိုရိုက်ဖို့အတွက် လာရောက်ကမ်းလှမ်းပါတော့တယ်။ အဖေဖြစ်သူက သူ့သားကို အဲဒီလိုမလုပ်စေချင်ပေမဲ့လည်း အမေဖြစ်သူရဲ့ ဆန္ဒအရ သိဒ္ဓတ္ထလေးဟာ ဗီဒီယိုရိုက်ဖို့အတွက် ဖြစ်လာပါတော့တယ်။အဲဒီနောက်ပိုင်းမှာတော့ ကလေးလေးက နာမည်ကြီးလာပြီးတဲ့နောက် အရည်အချင်းပြိုင်ပွဲတွေမှာ ဝင်ပြိုင်ရင်းနဲ့ ဘာတွေဆက်ဖြစ်လာမလဲ...... ဉာဏ်ကြီးရှင်ကလေးလေးကို မိဘဖြစ်တဲ့သူတွေကရော ဘယ်လိုတွေ ထိန်းကျောင်းသွားမလဲ...... ဆိုတာတွေကို ဟာသလေးတွေနှောရင်း ကြည့်ရှုရမယ့် ဒရမ်မာကားလေးပဲ ဖြစ်ပါတယ် (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် ...
movie

Haami 2 (2022)

2023