Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Anirudh Ravichander
5.2
Maan Karate (2014)
Maan Karate (2014) "ကံစေရာ" IMDb - 5.2/10တမီးလ်မင်းသမီးချော ဟန်ဆီကာ၊ တမီးလ်အဆိုတော်သရုပ်ဆောင် မင်းသားဆီဗာကာသီယန်နဲ့ ဟာသသရုပ်ဆောင်ယိုဂီဘာဘူတို့ရဲ့ ကားဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။သူငယ်ချင်းငါးယောက် တောထဲကို အပျော်ခရီးထွက်ရင်း သူတော်စင်ကြီးတစ်ဦးနဲ့တွေ့ပါတယ်။ ဝန်ထမ်းတွေဖြစ်တာမို့ ငွေရေးကြေးရေးကြပ်တည်းတဲ့အတွက် သန်းကြွယ်သူဌေးကြီးတွေဖြစ်အောင် လုပ်ပေးဖို့တောင်းဆိုကြပါတယ်။သူတော်စင်ကြီးက ဆုတစ်ခုကိုပဲ ဖြည့်ပေးမယ်ဆိုတော့ မယုံတဲ့ကောင်က အနာဂတ်ကာလ သတင်းစာတိုက်ပိတ်တဲ့နေ့က သတင်းစာတစ်စောင်ကိုတောင်းဆိုလိုက်တယ်။ သတင်းစာတကယ်ရလာပြီး အဲဒီသတင်းစာထဲကအတိုင်း အကုန်ဖြစ်ပျက်နေတဲ့အပြင် သူတို့ငါးယောက်နာမည်ပါ သတင်းထဲမှာပါလာတဲ့အခါမှာတော့...။ သတင်းစာကျေးဇူးနဲ့ သန်းကြွယ်သူဌေးကြီးတွေ ဖြစ်အောင်လုပ်နိုင်မလားဆိုတာ ရှုစားကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM BOLLYWOOD TEAMဖြစ်ပါတယ်။) File size… 3.58 GB / 1.7 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 33m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM BOLLYWOOD TEAM
movie
Maan Karate (2014)
8
Vettaiyan (2024)
Vettaiyan (2024)"မုဆိုး" ===================တမီလ်ရုပ်ရှင်လောကရဲ့ နာမည်အကြီးဆုံးမင်းသားတွေထဲကတစ်ယောက်ဖြစ်တဲ့ မင်းသားကြီး ရာဂျာကီနတ်ရဲ့ အသစ်ထွက် ရုံတင်ကားသစ်ကို ချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဒီထဲမှာ ရာဂျာကီနတ်အပြင် ဘောလိဝုဒ်ဂန္တဝင်မင်းသားကြီး အမီတာဘဂျမ်းနဲ့ Pushpa တို့.. Vikram တို့ထဲမှာ antagonist နေရာသရုပ်ဆောင်ခဲ့တဲ့ သဘာဝမင်းသား ဖာဟက်ဒ်ဖာဆေလ်တို့ကလည်း အားဖြည့်ပါဝင်ထားပါသေးတယ်။ဇာတ်လမ်းကတော့ အစိုးရရဲ့ အကျင့်ပျက်ခြစားမှုတွေကြောင့် အောက်ခြေ အစိုးရကျောင်းတွေထိ မကောင်းမှုတွေပြည့်နှက်နေတဲ့ နယ်မြို့လေး။အဲဒီမြို့လေးကို မုဆိုးလို့ နာမည်ပြောင်ရထားတဲ့ အာသီယန်ဆိုတဲ့ အကြမ်းပတမ်းရဲအုပ်တစ်ယောက်ရောက်လာပြီး တစ်မြို့လုံးကို တရားဥပဒေအောက်ပြန်ရောက်လာအောင်ကြိုးပမ်းပုံတွေကို ဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာပါ..။နာမည်ကြီးသရုပ်ဆောင်တွေ မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ထားပြီး ဇာတ်လမ်းကလည်း အချိန်ပေးရကျိုးနပ်တဲ့ဇာတ်လမ်းမျိုးဖြစ်တာကြောင့် ပရိသတ်တွေအတွက် CM Bollywood Team ကနေ ညွှန်းဆို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...။ File size… 3.1 GB / 1.5 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 43min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Vettaiyan (2024)
4.3
Agnyaathavaasi (2018)
Agnyaathavaasi (2018) "နန်းပြင်က အိမ်ရှေ့မင်းသား"2018 က ထွက်ရှိခဲ့တဲ့ နာမည်ကြီး တေလဂူး Action/Thriller ကားလေးကို CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ် အိန္ဒိယရဲ့ အချမ်းသာဆုံးမင်းသားတွေထဲက တစ်ယောက်ဖြစ်တဲ့ မင်းသား Pawan Kalyan နဲ့ မင်းသမီးချောလေး Keerthy Suresh တို့ ပါဝင်ထားကြပါတယ်"Revenge is the best dish best-served cold" "လက်စားချေခြင်းဆိုတာ အေးမှ စားလို့ကောင်းတဲ့ ဟင်းလျာတစ်ခွက်ပါပဲ"တစ်ခုမတူတာကတော့ ဒီကားထဲက မင်းသားက လက်စားချေခြင်းကို အေးမှ စားသုံးမယ့်လူမျိုးမဟုတ်ပဲ... မြန်နိုင်သမျှအမြန်ဆုံး သူ့ရဲ့အဖေနဲ့ ညီလေးကို သတ်သွားတဲ့သူတွေကို လက်စားချေလိုစိတ်ဖြစ်နေသူပါ သူ့ရဲ့ ဝသီအရ "သစ်ပင်တွေကို အထပ်ထပ်ညှင်းပန်းပြီးမှ သက်တောင့်သက်သာ ထိုင်လို့ရတဲ့ ကုလားထိုင်တစ်လုံးဖြစ်သလိုမျိုးပဲ ... သူ့ရဲ့ ရင်ထဲက အာဃာတရန်ငြှိုးတွေ ချုပ်ငြိမ်းပြီး သက်တောင့်သက်သာ နေနိုင်ဖို့ လက်စားချေခြင်းကို အမြန်ဆုံးလုပ်နိုင်မှ အေးမယ်လို့ တွေးထားသူပါဇာတ်လမ်းအစမှာ ဗင်ဒါဆိုတဲ့ AB ...
movie
Agnyaathavaasi (2018)
2018
5.8
Beast (2022)
ကဲ သိပ်မကြာခင်ကမှ ရုံတင်သွားတဲ့ မင်းသားကြီး ဗီဂျေးရဲ့ Beast ကားသစ်လေးလာပါပြီဒီဇာတ်လမ်းမှာ ဗီဂျေးက Beast ဆိုတဲ့ နာမည်နဲ့လိုက်အောင် ဘယ်သူ့စကားမှနားမထောင် ကိုယ်မှန်တယ်ထင်တာကို လုပ်ပြီဟေ့ဆိုရင် ဝန်ကြီးချုပ်လည်းဂရုမစိုက်...အတော်လက်ရဲဇက်ရဲနိုင်ပြီး အသတ်အဖြတ်ရက်စက်တဲ့ သားရဲကြီး ရော(RAW)အေးဂျင့်ဟောင်းဗီရ်ရာဂဗ်.. တစ်ခါတုန်းက သူ့ဌာနက သူ့ကိုလှည့်စားလိုက်တာကို စိတ်နာပြီး တာဝန်ကနေ အနားယူသွားခဲ့တယ်...တစ်ရက် ချင်နိုင်းမြို့လည်ခေါင်က မောလ်တစ်ခုကို အကြမ်းဖက်သမားတွေက ဝင်စီးတယ်..ဖြစ်ချင်တော့ မောလ်ထဲမှာ ဗီရ်ရာဂဗ်ရှိနေတယ်...ဓါးစာခံရာကျော်ကို မောလ်အတွင်းမှာ ဖမ်းထားတဲ့အတွက် အစိုးရကယ်ဆယ်ရေးအဖွဲ့တွေက အထဲကိုဝင်ပြီး ကယ်လို့မရဘူးဖြစ်နေတယ်...အတွင်းမှာပိတ်မိနေတဲ့လူတွေထဲ ဗီရ်ရာဂဗ်ပါနေတယ်ဆိုတာ သိသွားတော့ သူ့ကိုလှမ်းအကူအညီတောင်းတယ်...ဒီလိုနဲ့ ဗီရ်ရာဂဗ်တစ်ယောက် အကြမ်းဖက်သမားတွေကြားထဲမှာ တစ်ပွေတည်း ဘယ်လိုတွေပွဲကြမ်းမလဲ....ဓါးစာခံတွေကို ဘယ်လိုကယ်ထုတ်မလဲဆိုတာကို အက်ရှင်ခန်းတွေ အများကြီးနဲ့ စိတ်ဝင်တစားရှုစားလိုက်ကြပါဦးရှင့်... File size…8GB / 3.3GB / 1.5GB Quality… 1080p NF WEBDL / 720p Format…mp4 Duration….2h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie
Beast (2022)
2022
4K HEVC
7.2
Naanum Rowdydhaan (2015)
Naanum Rowdy Dhaan (2015) IMDb 7.2 နာမည်ကြီးတောင်ပိုင်းမင်းသားဗီဂျေးစည်သူပတီ နဲ့မင်းသမီးချောလေး Nayanthara ပါဝင်သရုပ်ဆောင်ထားပြီး အချစ်စစ်နဲ့သာဆို အရာရာကျော်ဖြတ်နိုင်ကြောင်း ရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်ဇာတ်လမ်းအညွှန်း... ကာဒမ်ဘရီ (Nayanthara) ရဲ့အဖေကရဲတစ်ယောက်ပါ မပတ်သက်သင့်တဲ့ လူမိုက်ကိုသွားရန်စမိရာက ဇနီးဖြစ်သူပါဆုံးရှုံးလိုက်ရပြီး သမီးဖြစ်သူ ကာဒမ်ဘရီကပါ နားမကြားဘဝရောက်သွားခဲ့ပါတယ် ဒီကလဲ့စားသွေးကြွေးကိုပြန်ဆပ်မယ်ဆိုပြီး အိမ်ကထွက်သွားတဲ့ဖခင် ရက်အတော်ကြာထိပြန်ရောက်မလာလို့ ကာဒမ်ဘရီတစ်ယောက်ရှာဖွေခန်းဖွင့်တော့ အမှတ်မထင် ဗရုတ်ကောင်ပန်ဒီနဲ့သွားဆုံမိပါလေရော မြင်မြင်ချင်းသဘောကျသွားတဲ့ ပန်ဒီက ဒီသနားစရာကောင်မလေးရဲ့ဖခင်ဖြစ်သူကို လိုက်ရှာပေးဖို့ဆုံးဖြတ်လိုက်ပါတော့တယ်ဒါပေမယ့် ထင်မှတ်မထားတဲ့ ကိစ္စကတော့ သူ့အဖေက သေဆုံးသွားပြီဆိုတာပါပဲ ဒီလိုနဲ့ သူတို့နှစ်ယောက်ပေါင်းပြီး ဒီကလဲ့စားချေမယ့်ခရီးလမ်းကြောင်းကိုဘယ်လိုရှေ့ဆက်သွားမလဲ ပန်ဒီကရောသူလိုချင်နေတဲ့အချစ်ကိုရနိုင်မလားဆိုတာတော့ ဆက်လက်ကြည့်ရှူလိုက်ကြပါရှင် File size…2.87GB / 1.33GB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 19m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Yunni
movie
Naanum Rowdydhaan (2015)
2015