Channel Myanmar

Angus Barnett

Jack the Giant Slayer (2013) 6.3
Jack the Giant Slayer (2013) Jack the Giant Slayer (2013)IMDb Rating (6.3)ပဲစေ့လေးကနေ ဧရာမနွယ်သစ်ပင်ကြီးပေါက်လာပြီး လူ့ဘီလူးတွေကမ္ဘာထိရောက်သွားတဲ့ ပုံပြင်လေးကို အားလုံးပဲသိကြမယ်ထင်ပါတယ်။Warm Bodies ဇွန်ဘီးကားထဲက မင်းသား Nicholas Hoult ဦးဆောင်ပါဝင်ထားပြီး Xmen ရုပ်ရှင်တွေရဲ့ ဒါရိုက်တာ Bryan Singer ရိုက်ကူးထားတာမလို့Fairy Tale ပုံပြင်ရုပ်ရှင်ဆိုပေမယ့် အက်ရှင်စွန့်စားခန်းတွေနဲ့ Animation တွေနဲ့မိုက်ပါတယ်။လူ့ဘီလူးကြီးတွေနဲ့ချတဲ့အခန်းတွေ ပဲစေ့လေးကနေ အပင်ကြီးပေါက်လာပြီး စွန့်စားခန်းဖွင့်တာတွေ အကုန်လုံးရင်သပ်ရှုမောစရာကောင်းပါတယ်။ဇာတ်လမ်းလေးကလဲ ပုံပြင်လေးလိုဆိုတော့ Fantasy ဆန်ဆန်လေး လှပပါတယ်။ File size…(6.7 GB)/ (2.2 GB )/(1.5 GB) Quality…BluRay 4K HEVC/1080p HEVC / 720p Format…mkv/mp4 Duration….01:55:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung
movie

Jack the Giant Slayer (2013)

4K HEVC
The Keeper (2018) 7.5
The Keeper (2018) The Keeper(2018)IMDb....7.5ခင်ဗျားတို့ဘဝမှာ အလုပ်တစ်ခု ဒါမှမဟုတ် ဖြစ်တည်မှုတစ်ခုကို ဘယ်လောက်ထိ ရူးသွပ်ဖူးလဲ ဘယ်လောက်ထိ ရူးမိုက်ဖူးလဲ...ကျွန်တော်ပြောတာကို ယုံလိုက်ပါ... ဘယ်လောက်ပဲရူးသွပ်ပါတယ်ပြောပြော ဒီဖြစ်ရပ်မှန်ဇာတ်လမ်းထဲက မန်စီးတီးဂိုးသမားကြီးလောက်တော့ ခင်ဗျား မရူးသွပ်နိုင်ပါဘူး...သူ့နာမည်က ထရော့မန်း...ဂျာမန်လူမျိုး... ဒုတိယကမ္ဘာစစ်အတွင်းမှာ စစ်ထဲဝင်ခဲ့ပြီး အင်္ဂလန်တို့နဲ့ တိုက်ခိုက်ခဲ့သူ... ငယ်စဉ်ကလေးဘဝတုန်းက ဘောလုံးကန်ရင်ဘယ်သူမှမလုပ်ချင်တဲ့ ဂိုးသမားနေရာမှာ ကစားရင်း မန်စီးတီးလိုအသင်းမှာ ပင်တိုင်စံဂိုးသမားဖြစ်လာခဲ့တာ...ဒုတိယကမ္ဘာစစ်အတွင်း စစ်ရှုံးရာကနေ သုံ့ပန်းအဖြစ် ဖမ်းခေါ်သွားခံရပြီး လေ့ကျင့်ရေးစခန်းတစ်ခုမှာ ပုံစံသွင်းခံရရှာတယ်...အဲ့ဒီကနေတဆင့် မြို့တွင်းဘောလုံးအသင်းတစ်ခုရဲ့ နည်းပြက သူ့ကိုသဘောကျလို့ အဲ့ဒီအသင်းမှာ ဂိုးဖမ်းခွင့်ရတယ်...အဲ့တာဟာ မန်စီးတီးဂိုးသမားတစ်ယောက်ဖြစ်လာဖို့အတွက် သူ့ရဲ့ အကောင်းဆုံး ခြေလှမ်းတစ်ခုပေါ့...ဒါပေမဲ့လည်း ထင်သလောက်တော့ မလွယ်ကူခဲ့ပါဘူး...ဂျာမန်လူမျိုးတစ်ယောက်ဖြစ်တဲ့ ထရော့မန်းဟာ အင်္ဂလန်မြေမှာတော့ လွယ်လွယ်မဝင်ဆန့်ခဲ့...အစစအရာရာ အခက်အခဲများစွာကိုကျော်ဖြတ်လို့ ဝါသနာအရင်းခံပြီး ကံကြမ္မာလှည့်ကွက်တွေကို ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာကတော့ ဒီဖြစ်ရပ်မှန်ဇာတ်ကားလေးကိုပဲ ကိုယ်တိုင်ကြည့်ရှုလိုက်ကြပါလို့...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Paing ပဲဖြစ်ပါတယ်... File Size : 2.14GB / 930MB Quality : Blu-Ray 1080p 5.1 ...
movie

The Keeper (2018)

Sixty Six (2006) 6.7
Sixty Six (2006)  ဒီကားလေးကတော့ ၂၀၀၆ခုနှစ်ကထွက်ခဲ့တဲ့ Comedy/ Sport အမျိုးအစား ဗြိတိန်ကားလေးဖြစ်ပါတယ်။ ဘာနီဘယ်ရွန်ဆိုတဲ့ ဂျူးလူမျိုးကောင်လေးက ကျောင်းမှာလည်းလူရာမ၀င် အိမ်မှာလည်း မိဘတွေကပါ ကမ်းခြေမှာမေ့ပြီး ထားခဲ့ခံရတဲ့အထိ အမေ့ပျောက်ခံလူတန်းစားလေးပါ။ဒါပေမဲ့ ဂျူးဘာသာရေးထုံးစံအရ ဘားမစ်ဇ်ဘက်ဆိုတဲ့ (၁၃)နှစ်ပြည့်အရွယ်ရောက်ပွဲ ကျင်းပရတော့မှာဖြစ်ပါတယ်။ အဲဒီနေ့ကျရင် ပါတီပွဲအကြီးကြီးပေးပြီး လူတွေသူ့ကိုဂရုစိုက်လာကြမယ် အာရုံစိုက်လာကြမယ်ဆိုပြီး ကလေးအတွေးနဲ့ အပျော်ကြီးပျော်နေပါတယ်။ ဒါပေမဲ့ သူ့ရဲ့ပွဲကျင်းပမယ့်နေ့က (8)ကြိမ်မြောက် ကမ္ဘာ့ဖလားဖိုင်နယ်ပွဲဖြစ်နေတဲ့အခါမှာ ဘာနီတစ်ယောက် စိတ်ဓါတ်တွေကျပြီး အင်္ဂလန်အသင်း ဖိုင်နယ်မရောက်ဖို့ ဆုတောင်းပါတော့တယ်။တစ်ကားလုံးက ပေါ့ပေါ့ပါးပါးနဲ့ရယ်မောနေရတဲ့အတွက် အပန်းဖြေကြည့်ချင်တဲ့သူတွေအတွက် ရွေးသင့်တဲ့ကားကောင်းလေးပါပဲ။ File size…(1.7 GB)/(970 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:33:00 Genre... Biography, Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Soe Thiri Swe
movie

Sixty Six (2006)

Pirates of the Caribbean: Dead Men Tell No Tales(2017) 6.6
Pirates of the Caribbean: Dead Men Tell No Tales(2017) Pirates of the Caribbean: Dead Men Tell No Tales(2017) ဟိုးအရင် အတိတ်တစ်ချိန်က ဂျက်စပဲရိုးပီပီ ဖျံကျခဲ့တဲ့ လုပ်ရပ်တစ်ခုကြောင့် ကျိန်စာမိကပ္ပတိန် တစ်ယောက် ဂျက်ကို သတ်ဖို့ လိုက်ရှာတော့တယ်။ စာနာစိတ်ရယ်လို့ တစ်စက်မှမရှိတဲ့ သင်္ဘောသားတွေကို ဦးဆောင်တဲ့၊ သင်္ဘောကြီး ဆိုင်းလင့်န်မေရီရဲ့ ကပ္ပတိန် ဆလာဇာပေါ့။ ဒီတစ်ကြိမ်ကျ အထာနပ်သွားတဲ့ ဆလာဇာကို ဖျံကျလို့မရတော့တဲ့အတွက် သူ့ကိုနိုင်ဖို့ တစ်ခုတည်းသော လက်နက်ဖြစ်တဲ့ သမုဒ္ဒရာ ခုနှစ်စင်းလုံးကို ပိုင်စိုးသူ နတ်ဘုရား ပိုဆိုက်ဒန်ရဲ့ ခက်ရင်းခွကို လိုက်ရှာရတော့တယ်. ----------------------------------------------------------------------------------- . File Size : (2.5GB) and (1.3GB) Quality : HEVC 1080p 5.1, 720P Format…mp4 Duration…02:09:00 Genre :  Action, Adventure, Fantasy Subtitle : Myanmar Subtitle (Hard Sub) Encoded by Phyo Pyae 
movie

Pirates of the Caribbean: Dead Men Tell No Tales(2017)

2017
4K HEVC
Pirates of the Caribbean: At World’s End(2007) 7.1
Pirates of the Caribbean: At World’s End(2007) Pirates of the Caribbean: At World's End(2007) IMDb...7.1 သူရဲကောင်းဆန်ဆန်နဲ့ ကရာကန်ကြီး ပါးစပ်ထဲ ဓားတစ်ချောင်းနဲ့ ဝင်ပြီး အားလုံးကို ပေးဆပ်သွားတဲ့နောက်တော့ ဝီလ်တန်နာနဲ့ အဲလိဇဘက်တို့နှစ်ယောက်သား ကပ္ပတိန် ဘာဘိုဆာနဲ့ ပူးပေါင်းပြီး ဂျက်ကို ဒေဗီဂျုန်းဆီကနေ လွတ်အောင် ကယ်ဖို့ ကြိုးစားရတော့တယ်။ ဒါပေမယ့် နှစ်ယောက်မရှိတဲ့ ဂျက်စပဲရိုးက သူ ဘာကောင်လဲဆိုတာကို ဂဏန်းတွေနဲ့ ပုလဲနက်နဲ့ ပြလိုက်တယ်။ ဒေဗီဂျုန်းကိုလည်း လော့ဒ် ဘက်ကပ်တ်က ထိန်းချုပ်ထားပြီး ပင်လယ်ပြင်တခွင်တစ်ခုလုံးရဲ့ သင်္ဘောတွေအကုန်ကို ဖျက်ဆီးခိုင်းတဲ့နောက်တော့ ဝီလ်၊ အဲလိဇဘက်နဲ့ ဘာဘိုဆာတို့နဲ့ အတူ ကပ္ပတိန် ဂျက်စပဲရိုးပါ တိုက်ပွဲထဲ ဝင်ပါလာရတော့တယ်... --------------------------------------------------------------------------------------  File Size : (8.8GB )(4.24GB) and (1.53GB) Quality : Blu-Ray 4KHEVC, 1080p 5.1CH,720P Format…mp4 Duration…02:49:00 Genre :  Action, Adventure, Fantasy Subtitle : Myanmar Subtitle (Hard Sub) Encoded by Phyo Pyae  
movie

Pirates of the Caribbean: At World’s End(2007)

2007
4K HEVC
Pirates of the Caribbean: The Curse of the Black Pearl(2003) 8.0
Pirates of the Caribbean: The Curse of the Black Pearl(2003) Pirates of the Caribbean: The Curse of the Black Pearl(2003) IMDb...8,,,Rotten....79% ကျွန်တော်တို့ အသည်းကျော်ကြီး ကပ္ပတိန် ဂျက်စပဲရိုး တစ်ယောက် 2003 ခုနှစ်မှ ာ ထွက်ခဲ့တဲ့ Pirates of the Caribean ထဲမှာ ဘာတွေ အလုပ်ရှုပ်ခဲ့တာလဲ ဆိုတာလေး ပြန်နွေးပါရစေ.. ဒီထဲမှာ မြို့တော်ဝန်ရဲ့သမီး အဲလစ်ဇဘတ်သ်ဆွမ်း ငယ်စဉ်က သင်္ဘောပေါ်ကနေ ပင်လယ်ထဲ ငေးရင်း ကောင်လေးတစ်ယောက် မျောလာတာကနေ ဇာတ်လမ်းစထားတာပါ... သူတို့ ကြီးပြင်းလာတဲ့အခါ ရေထဲမျောပါလာတဲ့ ဝေလ်တန်နာဆိုတဲ့ကောင်လေးက ပန်းပဲဖိုက သာမန်ပန်းပဲသမားလေးတစ်ယောက် ဖြစ်လာပါတယ်..  ဒါပေမဲ့ သူ့မှာလဲ လျှို့ဝှက်တဲ့ နောက်ကြောင်းက ရှိနေပြန်ရော... တစ်နေ့မှာ အဲလစ်ဇဘတ်သ်ကို ကပ္ပတိန်ဘာဘိုဇာက ပြန်ပေးဆွဲသွားတယ် ဘာဆိုဇာဆိုတဲ့ သူကတော့ ရတနာသိုက်တစ်ခုနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဂျက်နဲ့ သဘောထားကွဲလွဲတော့ ဂျက်ဆီကနေ ပုလဲနက်ကို လုသွားတဲ့ကောင်ပေါ့.. ဖြစ်ချင်တော့ ဘာဘိုဇာနဲ့ သူ့တပည့် သင်္ဘောသားတွေဟာ ရှေးဟောင်းကျိန်စာတစ်ခုကို မိနေပြီး အသက်လည်း မရှင်နိုင် သေလည်း ...
movie

Pirates of the Caribbean: The Curse of the Black Pearl(2003)

2003
4K HEVC
Finding Neverland(2004) 7.7
Finding Neverland(2004) Finding Neverland(2004)IMDb...7.7,,,,Rotten...88%(အတော်ကြီးလန်းတဲ့ကားမို့ Blu-Ray 1080p 5.1 CH, Blu-Ray 720p တို့ဖြင့်တင်ဆက်ပေးထားပါသည်...)ဒီတစ်ခေါက်မှာတော့ ကားကောင်းကားဟောင်းတစ်ခုဖြစ်တဲ့ Johnny Depp နဲ့ Kate Winslet တို့ရဲ့Finding Neverland ဆိုတဲ့ ဇာတ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ Finding Neverlandဟာ ပြဇာတ်ရေးဆရာ J.M Barrie (Johnny Depp) နှင့် Peter Pan ဆိုတဲ့ဇာတ်ကောင်ကို ဖန်တီးဖြစ်စေခဲ့တဲ့ မိသားစုတစ်ခုကြားက ဆက်နွယ်မှုကို ရိုက်ကူး‌ပုံဖော်ထားတာဖြစ်ပြီးဆုပေါင်းများစွာ Oscar Nomination ဝင်ခဲ့တဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်။ ဒီဇာတ်ကားဟာသာမာန်ကြည့်နေကြ စိတ်အပန်းဖြေစရာ မိသားစုအပျော်ကြည့် ဇာတ်ကားတစ်ကားတော့မဟုတ်ပါဘူး။ .ရိုးရှင်းသလိုနဲ့ ရှုပ်ထွေးလှတဲ့ မေတ္တာတရားတွေ ဒီဇာတ်လမ်းထဲပါဝင်ပါတယ်။ Neverland ဘယ်မှာရှိတယ်ဆိုတာကို ရှာဖွေတဲ့ဇာတ်ကားလည်းမဟုတ်ပြန်ပါဘူး။ တစ်နေရာမှာ သေချာပေါက်ရှိနေပြီး ပျောက်ဆုံးနေတယ်လို့ တွေးမိနေတဲ့ပျော်ရွှင်မှုအစစ်အမှန်ကို ကျွန်တော်တို့လို သာမာန်လူတစ်ယောက်က ရှာဖွေတွေ့ရှိသွားတဲ့အကြောင်းပါပဲ။ကျွန်တော်တို့တတွေလည်း ယနေ့အထိ ပျော်ရွှင်မှုအစစ်အမှန်ကို ရှာဖွေနေရဆဲပဲမဟုတ်လား။ဇာတ်လမ်းအကျဉ်းကတော့... ပျင်းရိဖွယ်ပြဇာတ်တွေကိုသာ ဖန်တီး‌မိနေတဲ့ ...
movie

Finding Neverland(2004)

Hugo (2011) 7.5
Hugo (2011) Hugo (2011) IMDb - 7.5/10_____Rotten - 93% Won 5 Oscars. Another 56 wins & 191 nominations.   ဒီတစ်ခါတော့ 2011 ကထွက်ခဲ့တဲ့ အင်္ဂလိပ်ကားကောင်းလေးတစ်ကားဖြစ်တဲ့ Hugo ဆိုတဲ့ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဒီကားလေးကတော့ 1930 ခုနှစ်ဝန်းကျင် ပဲရစ်မြို့ကမီးရထားဘူတာရုံလေးမှာ တစ်ယောက်တည်းနေခဲ့တဲ့အသက် 12 နှစ်အရွယ် ဟူဂိုဆိုတဲ့ မိဘမဲ့ကောင်လေးတစ်ယောက်အကြောင်းကို ရိုက်ပြထားတာပါသူ့အဖေမုဆိုးဖိုကတော့ မသေခင်ထိ နာရီပြင်တဲ့အလုပ်ကိုလုပ်ကိုင်ခဲ့သူပါဟူဂိုဟာ သူ့ဖခင်ဆီက အဲပညာကိုအမွေဆက်ရခဲ့ပါတယ်သူဟာ ဘူတာရုံနာရီစင်ကြီး ပုံမှန်လည်ပတ်ဖို့ကို လုပ်ကိုင်ရင်းနေထိုင်ခဲ့တာပါသူ့အဖေမသေဆုံးခင်မှာ သူ့ကိုထားပေးခဲ့တဲ့ စက်ရုပ်လေးတစ်ရုပ်ရှိပါသေးတယ်အဲစက်ရုပ်လေးမှာ အထူးပြုလုပ်ထားတဲ့သော့လေးမရှိရင် ဘာမှအလုပ်မလုပ်နိုင်ပါဘူးဟူဂိုက သေဆုံးသွားတဲ့ သူ့အဖေနဲ့ပတ်သက်တဲ့ မယ်မိုရီတွေကို သိနိုင်ဖို့ သော့လေးကိုရှာဖို့ လိုတယ်ဆိုတာ သိလာတဲ့တစ်နေ့ ဟူဂိုတစ်ယောက်ဘာတွေ ဆက်လုပ်မလဲ ဘာတွေကြုံရမလဲ သူလိုချင်တာကို နောက်ဆုံးမှာ ရနိုင်ပါ့မလားဆိုတာကိုတော့ဇာတ်လမ်းအပြည့်အစုံကို ကြည့်ရှုအားပေးကြပါလို့မှော်ဆန်ဆန် ဆန်းကြယ်ဖြစ်ရပ်ဇာတ်ကားလေးတွေကိုရူးသွပ်ကြတဲ့ ပရိသတ်တွေ တကယ့်ကိုအကြိုက်တွေ့စေမယ့်ဇာတ်ကားလေးလို့ ညွှန်းပေးပါရစေ   File Size : (800 MB) Quality ...
movie

Hugo (2011)

2011