Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Andy On
6.0
100 Yards ( 2024 )
တရုတ်ကွန်ဖူးအက်ရှင်ရုပ်ရှင်မှ ကြည့်ချင်ပါတယ်ဆိုတဲ့ CM ရဲ့ ပရိသတ်တွေအတွက်အက်ရှင်ကားကောင်းလေးကို ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-1920 ခုနှစ်မှာ ထျန်းကျင်းသိုင်းခန်းမရဲ့ ခန်းမသခင်ကြီးဟာ ဆုံးပါးသွားခဲ့ပါတယ်။ သခင်ကြီးဟာ အသက်ရှင်စဉ်က သားဖြစ်သူရှန်အန့်ကို ရှုပ်ထွေးလှတဲ့ သိုင်းလောကထဲက ထွက်ခွာစေချင်တဲ့အတွက် သူ့အတွက် ဘဏ်မှာ အလုပ်တစ်ခု ရှာပေးခဲ့ပြီး တပည့်ကြီး ချီချွမ်ကို ဆက်ခံခွင့်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ဒါပေမဲ့ ရှန်အန့်ကတော့ ဒီဆုံးဖြတ်ချက်ကို မကျေနပ်နိုင်ဖြစ်ခဲ့ပါတယ်။ သူ့အဖေနီးပါး သိုင်းပညာမှာ ပါရမီပါပေမဲ့ အဖေ့ကို မျက်နှာလိုက်တယ်လို့ ထင်ခဲ့ပြီး ဂိုဏ်းတူအစ်ကို ချီချွမ်းကို သိုင်းပညာအရ စိန်ခေါ်ဖို့ ကြိုးစားနေခဲ့ပါတယ်။တစ်ဖက်မှာလည်း ချီချွမ်းဟာ သိုင်းလောကရဲ့ စည်းမျဉ်းတွေကို အကြိမ်ကြိမ်ဖောက်ဖျက်နေတဲ့အတွက် ရှုပ်ထွေးမှုတွေ ဖြစ်ခဲ့ရပါတယ်။ သိုင်းလောက အကြီးအကဲတွေက ရှန်အန့်ကို ပြန်လာစေချင်ပြီး သိုင်းယှဉ်ပြိုင်တဲ့ နည်းလမ်းနဲ့ ချီချွမ်းကို သိုင်းလောကထဲက နှင်ထုတ်ဖို့ ကြိုးစားပါတော့တယ်။ဒီရုပ်ရှင်ထဲမှာ သိုင်းလောက ရှုပ်ထွေးမှုတွေ၊ အက်ရှင်သိုင်းကွက် လှလှလေးတွေ ၊ 1920 ပတ်ဝန်းကျင်က ရုပ်ရှင်ရိုက်ကွက် လှလှလေးတွေ အားလုံးကို ခံစားရမှာ ဖြစ်တဲ့အတွက် အက်ရှင်ရုပ်ရှင်ကြိုက်သူတွေအတွက် ကြည့်သင့်တဲ့ ရုပ်ရှင်ဖြစ်တယ်ဆိုရင်လည်း မမှားဘူးနော်။ Filesize : 5.55 ...
movie
100 Yards ( 2024 )
6.0
A Witness Out of the Blue ( 2019 )
1080pလွန်ခဲ့တဲ့သုံးလက လိရှင်းရတနာဆိုင်ကိုဓားပြတိုက်ခဲ့တဲ့ ရဲအလိုရှိဓားပြလေးယောက်အဖွဲ့ထဲကတစ်ယောက်ဖြစ်တဲ့ရွီခန်းအသတ်ခံရပြီးနောက် ရွီခန်းအခန်းထဲကရတနာထုပ်ကပါပျောက်သွားခဲ့ပါတယ်...အခင်းဖြစ်ပွားရာအခန်းထဲမှာကြက်တူရွေးတစ်ကောင်နဲ့ ကျန်အဖွဲ့သားသုံးဦးရဲ့လက်ဗွေရာကိုပဲတွေ့ခဲ့လို့သူတို့ကိုရဲတွေက လူသတ်မှုသံသယရှိသူတွေအဖြစ်စုံစမ်းစမ်းဆေးနေစဉ်အတွင်း ကျန်နေတဲ့ဓားပြအဖွဲ့မှာတစ်ယောက်ပြီးတစ်ယောက်အသတ်ခံနေရပြီး ဝမ်းရှင်းယွမ်တစ်ယောက်ပဲကျန်နေခဲ့ပါတော့တယ်....သူတို့ကိုဘယ်သူကသတ်တာလဲ... ပျောက်သွားတဲ့ရတနာထုပ်ကရောဘယ်သူ့လက်ထဲမှာလဲ... အကြွေးတင်ခံရလောက်အောင်တိရစ္ဆာန်တွေကိုချစ်တဲ့ရဲအရာရှိလင်ဖာလျန် အခင်းဖြစ်ပွားရာမှာရှိနေခဲ့တဲ့ကြက်တူရွေးတစ်ကောင်နဲ့ ဘယ်လိုအမှုဖော်ကြမလဲဆိုတာဆက်လက်ကြည့်ရှုလိုက်ကြပါစို့နော်.. Filesize : 3.67 GB / 1.56 GB / 837 MB Quality : WEB-DL 4K HEVC , 1080p HEVC , 720p HEVC Format : mkv Genres : Crime , Thriller , Mystery Runtime : 1h 44 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Xiao Encoded by LK
movie
A Witness Out of the Blue ( 2019 )
4K HEVC
6
Fury 12 Hours ( 2024 )
တခါတုန်းက Kusk ဆိုတဲ့မြို့လေးမှာ မြို့တွင်းမြို့ပြင်ကို မောင်းနှင်နေတဲ့ဘတ်စ်ကားကိုစီးနေကျ လေကျွင်းဆိုတဲ့လူတစ်ယောက်ရှိတယ်။ သူကတော့ တရုတ်တန်းလိုနေရာမှာစတိုးဆိုင်ဖွင့်ထားတာဖြစ်ပြီး မိသားစု တစုလုံး ပျောက်ဆုံးနေခဲ့တဲ့သူတစ်ယောက်ပါ ရှာဖွေရင်းနဲ့ မိန်းမနဲ့သမီးဖြစ်သူအလောင်းကိုတွေ့ရှိခဲ့ပေမဲ့ သားဖြစ်သူကို မတွေ့သေးတာကြောင့် (၁၀) နှစ်ကြာတဲ့အထိမလျှော့သောဇွဲနဲ့ သားဖြစ်သူအလောင်းကိုရှာဖွေနေခဲ့သူ တစ်ဦးပေါ့။Kusk ဆိုတာကတော့ အလွန်ရိုင်းတဲ့မြို့လေးဖြစ်ပြီးအဲ့မှာ မိဘတွေကို သတ်ဖြတ်ပြီးကျန်နေခဲ့တဲ့သားသမီးတွေကို ခေါ်ယူပြီးလူသားမဆန်သတ်ဖြတ်တဲ့ အရှေ့တောင်အာရှမှာ အကြီးမားဆုံးပြစ်မှုကျူးလွန်တဲ့အဖွဲ့ သူပုန်အဖွဲ့ရှိတယ်။လွန်ခဲ့တဲ့ (၁၀) နှစ်တည်းကအစိုးရနဲ့ ပစ်ခတ်ရပ်စဲရေးစာချုပ်ချုပ်ဆိုခဲ့ပေမဲ့ သူပုန်အဖွဲ့ သတင်းပြန်ကြားရေးဌာနမှာလုပ်ခဲ့တဲ့လင်ဝမ်ဆိုတဲ့ မိန်းကလေးကသူတို့ရဲ့လျှို့ဝှက်ထိပ်တန်း သတင်း ကဒ်လေးကိုခိုးယူထွက်ပြေးခဲ့တာကြောင့် သူပုန်အဖွဲ့က သူ့ကိုလိုက်လံဖမ်းဆီးဖို့ကြိုးစားခဲ့တာပေါ့။မြို့ထဲမှာရှိတဲ့လူတွေအကုန်လုံးကို တစ်ယောက် မကျန်သတ်ဖြတ်ပြီးသူ့ကို လိုက်လံဖမ်းဆီးခဲ့တယ်။ဒီလိုနဲ့ လေကျွင်းဆီမှာ လင်ဝမ်ကရောက်သွားခဲ့ပြီး လေကျွင်းကအဆုံးထိ သူ့ကိုကာကွယ်ပေးရာကနေ ဘယ်လိုတွေဆက်ဖြတ်လာကြမလဲ။ ဒီသူပုန်အဖွဲ့ကကော ဘယ်လိုတွေ ဆိုးဆိုးရွားရွား သတ်ဖြတ်ကြလဲဆိုတာကို ဒီဇာတ်လမ်းလေးထဲမှာ ဖော်ကျူးထားတာကြောင့် အက်ရှင်ကားကိုကြိုက်တဲ့ ပရိသတ်များအတွက် CM ကနေဒီဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ရပါတယ်။ Filesize : 1.08 GB / 625 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Action , Mystery Runtime : 1h 23 min Subtitle : ...
movie
Fury 12 Hours ( 2024 )
6
To Live Through Death ( 2024 )
အက်ရှင်ကားတွေကိုမှ ကြိုက်တတ်တဲ့ CM ရဲ့ပရိသတ်တွေအတွက် အက်ရှင်မင်းသားနှစ်ယောက်ရဲ့ ချကွက်တွေကို အကြိုက်ကြည့်ရဖို့ ရုပ်ရှင်လေးလာပါပြီ။ ဇာတ်လမ်းအကျဉ်းလေးကတော့-ပစိဖစ်သမုဒ္ဒရာအလယ်က ကျွန်းလေးတစ်ကျွန်းပေါ်မှာ အိမ်ခြေမဲ့ လေလွင့်သူတွေအတွက်နေထိုင်စရာ နေရာတစ်ခု ရှိခဲ့ပါတယ်။ အဲဒါကတော့ ကျွိုင့်လမ်းလေးပဲ ဖြစ်ပါတယ်။ ကျွိုင့်လမ်းပေါ်မှာ ဆယ်နှစ်ကျော် ဖွင့်ခဲ့တဲ့ စားသောက်ဆိုင်က စားဖိုမှူးလောင်ချန်ရဲ့ လက်မောင်းပေါ်က ဗလတွေကိုကြည့်ခြင်းအားဖြင့် သူက သာမန်လူမဟုတ်မှန်း သိသာနေပါတယ်။နောက်ထပ် ကျွိုင့်လမ်းကို ကာကွယ်ဖို့ တာဝန်ကျတဲ့ ရဲမှူးအားချန့်ကလည်း လွန်ခဲ့တဲ့ နှစ် ၂၀ က ဒုစရိုက်မှုတွေကို ဖော်ထုတ်ဖို့ အမြဲ ကြိုးစားနေသူ ဖြစ်ပါတယ်။ တစ်နေ့မှာ လောင်ချန်တို့ဆိုင်ကို အလိမ်ခံရတဲ့ မိန်းကလေးတစ်ယောက်က အကူအညီတောင်းခံခဲ့ပါတယ်။ အဲဒီမိန်းကလေးကို ခေါ်ထားပေးမိတဲ့အတွက် လောင်ချန်ရဲ့ မွေးစားသမီးကို ဒုစရိုက်အဖွဲ့က ပြန်ပေးဆွဲဖို့ခေါ်သွားပါတော့တယ်။မွေးစားသမီးကို ကယ်တင်ဖို့အတွက် လောင်ချန်တစ်ယောက် ဒုစရိုက်သမားတွေရဲ့ အသိုက်ထဲကို မဖြစ်မနေဝင်ရတဲ့အခါ...... လွန်ခဲ့တဲ့ နှစ် ၂၀ ခန့်က လောင်ချန် ဖုံးကွယ်ထားချင်တဲ့ လျှို့ဝှက်ချက်က ဘာဖြစ်မလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။ Filesize : 1.55 GB / 942 MB Quality : WEB-DL ...
movie
To Live Through Death ( 2024 )
5.9
Cruel War ( 2024 )
CM ရဲ့ ပရိသတ်တွေအတွက် အက်ရှင်စုံထောက်ရုပ်ရှင်ကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- ကမ္ဘာ့အဓိကမူးယစ်ထုတ်လုပ်ရာနေရာဖြစ်တဲ့ ယင်ဖန်ကျွန်းမှာ ဘိန်းစိုက်ပျိုးမှုကို လျှော့ချဖို့အတွက် တရုတ်နိုင်ငံက သိပ္ပံပညာရှင်ပါမောက္ခယန်က ဗီဇပြောင်းနည်းပညာနဲ့ စမ်းသပ်အောင်မြင်ထားတဲ့ ရှန်နုံအမှတ် ၂၁ ကို စမ်းသပ်စိုက်ပျိုးဖို့ အထက်အရာရှိတွေနဲ့ သဘောတူညီမှု ရထားပါတယ်။ပါမောက္ခယန်နဲ့ ရှန်နုံအမှတ် ၂၁ မျိုးစေ့ကို ကာကွယ်ဖို့အတွက် လင်ရှန်တို့အဖွဲ့ကို တာဝန်ပေးအပ်ခြင်း ခံခဲ့ရပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာ ယင်ဖန်းကျွန်းကို သူတို့ မျိုးစေ့စိုက်ပျိုးခြင်းကို မအောင်မြင်စေချင်တဲ့လူတွေလည်း ရှိနေပါတယ်။ အဲ့ဒါကတော့ မူးယစ်ဂိုဏ်းခေါင်းဆောင်ကြီး လီဝိန်ယောက်ပဲ ဖြစ်ပါတယ်။လင်ရှန်တို့အဖွဲ့ လီဝိန်ယောက်ရဲ့ လိုက်လံတိုက်ခိုက်ခြင်းရန်ကနေ မျိုးစေ့ကို ကာကွယ်ပေးနိုင်ကြမလားဆိုတာကိုတော့ ရုပ်ရှင်နဲ့အတူ ခံစားကြည့်ရှုလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Science-Fiction Runtime : 1h 35 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Moon Encoded by ...
movie
Cruel War ( 2024 )
5.9
The Grey Man ( 2024 )
ဒီဇာတ်ကားလေးကတော့ ဟောင်ကောင်က ဘိန်းရာဇာဂိုဏ်းတစ်ခုကိုဖယ်ရှားကြမဲ့ ရဲတွေနဲ့ ဘိန်းရာဇာဂိုဏ်းကြားထဲက ထောင်ချောက်တွေ အလှည့်အပြောင်းတွေကို ရင်ခုန်စွာနဲ့ကြည့်ရှုရမဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ် ။ Crime နဲ့ Action , Drugs စတဲ့ဇာတ်လမ်းအမျိုးအစားတွေကြိုက်တတ်တဲ့ ပရိတ်သတ်ကြီးအတွက် ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်မှာ အသေအချာပဲလို့ အာမခံပါတယ် ။ဇာတ်လမ်းအကျဉ်းလေးကတော့ - ဘိန်းရာဇာဂိုဏ်းရဲ့ စီမံသူတစ်ဦးဖြစ်တဲ့ အစ်ကိုပေါက်ဆိုသူက လိုင်ခါးမှ ာဘိန်းအရောင်းအဝယ်လုပ်ရင်း ရဲတွေဆီမှာမိမလိုဖြစ်သွားခဲ့ပါတယ် ။ ဒါပေမဲ့ သူကလည်းအဆက်အသွယ်တွေရှိတော့ သူ့အစား သူ့ရဲ့ညာလက်ရုံး အားထျန်းခေါင်းပေါ်ကိုအကုန်ပုံချလိုက်ပါတော့တယ် ။ငွေလည်းသုံးထားတာမို့ အားထျန်းကလည်း ထောင်အကြာကြီးတော့မကျဘဲ လိုင်ခါးမှာပဲ ထောင် ၃နှစ်ကျသွားပါတော့တယ် ။ ဒါပေမဲ့ ရဲတွေမိသွားတဲ့နေရာမှ ာတိုက်ရင်းခိုကိရင်းက ဘယ်လက်ရုံးခုန်ချွဲ့ရဲ့ညီလေးကလည်း သေဆုံးသွားခဲ့ပါတယ် ။ ခုန်ချွဲ့ကတော့ သူ့ညီလေးကို အားထျန်းသတ်ပါတယ်ဆိုပြီးယုံကြည်နေပြီး အမုန်းကြီးမုန်းနေပါတော့တယ် ။အဲဒီလိုနဲ့ သုံးနှစ်အကြာ အားထျန်းတစ်ယောက် ထောင်ကထွက်ပြီး ဟောင်ကောင်ကိုပြန်ရောက်လာတဲ့အချိန် အဖွဲ့အစည်းကရောဘယ်လိုပုံစံဖြစ်နေမလဲ ? အစ်ကိုပေါက်ကရော သူ့ကတိအတိုင်း စီမံသူရာထူးကိုပေးပါ့မလား ? ရဲတွေကရော သူတို့ဂိုဏ်းကိုလိုက်ရင်းဘာတွေကြုံရမလဲ ? နောက်ဆုံး ဘယ်သူတွေနဲ့တွေ့ဆုံပြီးဘာတွေကြုံတွေ့ရမလဲဆိုတာကို ရင်တထိတ်ထိတ် စိတ်ဝင်စားဖို့ကောင်းစွာနဲ့ကြည်ရှုရမှာဖြစ်လို့ လက်မလွှတ်သင့်တဲ့ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ် Quality : WEB-DL 1080p , 720p Format ...
movie
The Grey Man ( 2024 )
5.8
Hunt the Wicked ( 2024 )
ဒီဇာတ်လမ်းလေးထဲမှာ အမှုလိုက်ရာမှာ အလွန်တော်တဲ့ ဟွမ်မင်ကျင်းနဲ့ ဒုစရိုက်လုပ်ရာမှာ အလွန်တော်တဲ့ ဝေ့ယွင်ကျိုးတို့ဟာ ဝူစူးလီမြို့ရဲ့ မြေအောက်မူးယစ်ဒုစရိုက်ဂိုဏ်းကြီးတစ်ခုကြောင့် အကြိမ်ကြိမ်တွေ့ဆုံပြီး သူသေကိုယ်သေတိုက်ခိုက်ခဲ့ကြပါတယ်။ရဲတပ်ဖွဲ့ဝင်နဲ့ ဒုစရိုက်သမားတွေမှာ တချို့က ဓားသွားအောက်ကနေ ငြိမ်းချမ်းမှုအတွက် ကြိုးပမ်းကြတယ်။တချို့က လမ်းမှားပေါ်မှာ အသက်ပေးသွားကြရတယ်။ ဒုစရိုက်မှုတွေကို တစ်ဆင့်ပြီးတစ်ဆင့် စုံစမ်းစစ်ဆေးပြီးမှ ဖုံးကွယ်ထားတဲ့ မူးယစ်ကွန်ယက်ကြီး တစ်ခုလုံးပေါ်ထွက်လာတဲ့ အခါမှာတော့......ရဲနဲ့ ဒုစရိုက်သမားတို့တွေ မကောင်းမှုကို အပြစ်ပေးတဲ့အခါ ဘယ်လို ကွာခြားကြသလဲ...... သူတို့ရဲ့ မတူညီတဲ့ ဆုံးဖြတ်ချက်နောက်မှာ ဘဝလမ်းကြောင်းတွေ ဘယ်လို ကွာခြားသွားကြမလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူကြည့်ရှုခံစားလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Crime , Drama Runtime : 1h 43 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Moon Encoded by LK
movie
Hunt the Wicked ( 2024 )
6.5
The Comeback ( 2023 )
ရှိသမျှပစ္စည်းမှန်သမျှကို အကောင်းတိုင်းဖြစ်အောင်ပြင်နိုင်တဲ့ ဦးလေးဟွာက ရှေးဟောင်းပစ္စည်းပြုပြင်ရေးဆိုင်လေးဖွင့်ပြီး သာမာန်ရိုးရှင်းတဲ့ဘဝကိုဖြတ်သန်းနေတယ် “တစ်ခုခုဖြစ်ရင် ဦးလေးဟွာကိုရှာ”ဆိုပြီး နာမည်ကျော်ဦးလေးဟွာက အထူးတပ်ဖွဲ့ဝင်ဖြစ်ခဲ့တာပေါက်ကြားမိပြီးတဲ့နောက် တပည့်ဖြစ်သူအားကျယ်ရဲ့လျှိုဝှက်တပ်ဖွဲ့ဖမ်းဆီးတာခံရတယ်ဦးလေးဟွာအမြဲတမ်းစားစရာကျွေးနေတဲ့ သူဖုန်းစားရဲ့ သရုပ်မှန်ကဘာဖြစ်နေလို့ ဦးလေးဟွာရဲ့အကြောင်းကိုအကုန်သိပြီးတော့ ကူညီပေးနေရတာလဲ အားကျယ်ရှာနေတဲ့ နံပါတ်0ကရော ဘယ်သူလဲ? ဘာလို့ရှာနေတာလဲ?ဆိုတာတွေကို လှည့်ကွက်မျိုးစုံတွေနဲ့အတူ ဇာတ်လမ်းထဲမှာ အဖြေလေးကိုဆက်လက်ကြည့်ရှုလိုက်ရအောင် Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Crime Runtime : 1h 47 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Hnin Wutt Hmone Encoded by LK
movie
The Comeback ( 2023 )
6.2
One More Chance ( 2023 )
ဟောင်ကောင် မင်းသားကြီး Chow Yun-fatရဲ့2023မှာ နောက်ဆုံးထွက်ထားတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်တစ်နေကုန် လောင်းကစားဝိုင်းမှာပဲ အချိန်ဖြုန်းလေ့ရှိပြီး အကြွေးပတ်လည်ဝိုင်းနေတဲ့ အားဟွေးဆီကို တစ်နေ့မှာတော့ သူ့ရည်းစားဟောင်းဖြစ်သူ လီရှီးဟာ သားဖြစ်သူ လီရန်ကို ခေါ်ပြီးရောက်လာခဲ့ပါတယ်။အားဟွေးဟာ လီရန်ရဲ့ ဖခင်အရင်းဖြစ်ကြောင်း၊ လီရန်ကို တစ်လခေါ်ထားပြီး စောင့်ရှောက်ပေးထားဖို့နဲ့ တစ်လပြည့်ရင် ပြန်လာခေါ်မှာဖြစ်ကြောင်း၊ စောင့်ရှောက်စရိတ်အတွက် ဟောင်ကောင်ဒေါ်လာ တစ်သိန်းပေးမှာဖြစ်ကြောင်း လီရှီးက ပြောပြတဲ့အခါမှာတော့ အားဟွေးဟာ အကြွေးဆပ်ဖို့ ငွေလိုနေတာဖြစ်လို့ လီရန်ကို လက်ခံထားခဲ့ပါတယ်။ဒီလိုနဲ့ လီရန်နဲ့ ပြောဆိုဆက်ဆံကြည့်တဲ့အခါ လီရန်ဟာ သာမန်ကလေးတစ်ယောက်မဟုတ်ဘဲ အော်တစ်ဇင်ကလေးတစ်ယောက်ဖြစ်ပြီး အထူးလိုအပ်ချက်တွေလည်း ရှိတာကြောင့် ပြုစုပျိုးထောင်ရာမှာ အခက်အခဲရှိကြောင်း သိသွားခဲ့ပါတယ်တစ်လပြည့်လို့ ချိန်းဆိုထားတဲ့နေ့မှာ လီရှီးပေါ်မလာတဲ့အခါကျမှ အားဟွေးတစ်ယောက် လီရှီးက လီရန်ကို သူ့ဆီမှာ ဘာဖြစ်လို့အပ်ခဲ့လဲဆိုတာ သဘောပေါက်သွားခဲ့ပါတယ်ဒီတော့ လီရှီးက ဘာဖြစ်လို့ သားဖြစ်သူကို အားဟွေးဆီမှာထားခဲ့ပြီး ပေါ်မလာတာလဲ အော်တစ်ဇင်သားလေးနဲ့ အားဟွေးတစ်ယောက် ဘဝကို ဘယ်လိုဆက်ပြီး ဖြတ်သန်းမှာလဲ ဒီအတိုင်းပဲ လောင်းကစားအလုပ်ကို စွဲလမ်းနေပြီး ဘဝကို ဖြစ်သလိုဖြတ်သန်းနေဦးမှာလားဆိုတာ...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Family , Drama Runtime : 1h 54 ...
movie
One More Chance ( 2023 )
5.3
Dragon Squad (2005)
ဇာတ်လမ်းကတော့ နိုင်ငံတကာအလိုရှိနေတဲ့ ဟောင်ကောင်ရာဇဝတ်သား ကျားသစ်ဒွမ်ကို ရုံးထုတ်တာကနေ စတင်ထားတာပါတယ်။တရားစွဲမှာဖြစ်တဲ့အတွက် အပြည်ပြည်ဆိုင်ရာရဲဌာနဖြစ်တဲ့ အင်တာပိုလ်ကလည်း ပါဝင်လာပြီးတော့ ကျားသစ်ဒွမ်ကို ထောင်ထဲပို့ သူ့ရဲ့ မြေပေါ်မြေအောက် စီးပွားရေးမှန်သမျှ ချုပ်ငြိမ်းဖို့ ကြံဆောင်ကြတော့မှာပါ...ဒါပေမယ့် ဇာတ်လမ်းက ရိုးရှင်းမနေပါဘူး.... ပြည်ပကြေးစားအဖွဲ့တစ်ဖွဲ့က ရုံးထုတ်မယ့်နေ့မှာပဲ လုံခြုံရေးယာဉ်တန်းကို တိုက်ခိုက်ပြီး ကျားသစ်ဒွမ်ကို ခေါ်ဆောင်သွားပါတယ်...ကျားသစ်ဒွမ်လည်း ကယ်တင်ခံရပြီ အထင်နဲ့ ပျော်ရွှင်ခံပေမယ့် တကယ်တန်းမှာတော့ သူနဲ့ သူ့အစ်ကို ကျားကြီးဒွမ်တို့ကို လက်စားချေမယ့်သူတွေပဲ ဖြစ်လို့နေပါတယ်... ဟောင်ကောင်ရဲတွေက တစ်ဖက်… အငယ်တန်းအင်တာပိုလ်ရဲတွေက တစ်သင်း.... ကြေးစားတွေက တစ်ဖွဲ့... သူ့ညီကို ပြန်ကယ်ချင်တဲ့ ကျားကြီးဒွမ်တို့ကလည်း တစ်ဖွဲ့ဖြစ်နေလောတော့ လေးပွင့်ဆိုင်အက်ရှင်ကားလေးလို့ပဲ ပြောရမှာပါ...ဟောင်ကောင်အက်ရှင်ကားကြိုက်သူတွေအဖို့ ကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ် ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Tun Aung Kyaw ပါ )File Size__(1.6GB) Quality__720p IMDb Rating__5.3/10 Format__mp4 Duration__01:59:00 Type__Action, Crime, ...
movie
Dragon Squad (2005)
6.3
Crossing Hennessy (2010)
Crossing Hennessy (2010)Lust Caution, Decision to Leave, Long Day's Journey into Night နဲ့ The Golden Era တို့လို ကားကောင်းတွေမှာရော တခြားရုပ်ရှင်တွေမှာပါ ပါခဲ့ပြီး သရုပ်ဆောင်လည်း တော်တော်ပြောင်မြောက်သလို ပီယဓာတ်လည်း အပြည့်အဝရှိတဲ့ ထျန်းဝေနဲ့ Days of Being Wild ထဲက ဇာတ်ကောင်နဲ့ တရုတ်ရဲ့အကောင်းဆုံး ပါဖောမင့်န်ဆယ်ခုထဲက တစ်ခုမှာစာရင်းဝင်ထားတဲ့၊ ဝေါင်ကာဝေးတို့ ဂျွန်ဝူးတို့လို ဆရာကြီးတွေနဲ့ ဇာတ်ကားတွေရိုက်ဖူးတဲ့၊ Four Heavenly Kings of Hong Kong pop music လို့ခေါ်တဲ့ ဟောင်ကောင်ပေါ့ဂီတနတ်မင်းကြီးလေးပါးထဲက တစ်ယောက်ဖြစ်တဲ့ ဂျက်ကီချောင်တို့ တွဲဖက်ပါဝင်ထားတဲ့ ရိုမန့်ကားလေးပါ။ ဒါရိုက်တာကတော့ ဟောင်ကောင်မာစတာပိစ်ကားတစ်ကားဖြစ်တဲ့ Comrades: Almost a Love Story ရဲ့ ...
movie
Crossing Hennessy (2010)
2010
6.8
Invisible Target(2007)
Invisible Target(2007) အညွှန်း**************************ဟောင်ကောင် action ဇာတ်လမ်းကြိုက်နှစ်သက်သူတွေအတွက်တင်ဆက်ပေးလိုက်ပါတယ် ပိုစတာကြည့်လိုက်တာနဲ့တင် အရမ်းကြီးညွှန်းစရာမလိုဘူးထင်ပါတယ်။နာမည်ကြီးမင်းသားတွေဖြစ်တဲ့ Jaycee Chan ၊ Nicholas Tse ၊ Wu Jing တို့ပါဝင်သရုပ်ဆောင်ထားတဲ့အတွက်အရမ်းကောင်းမယ်ဆိုတာပြောစရာတောင်လိုမယ်မထင်ဘူး ဇာတ်လမ်းအစပိုင်း အမျိုးသမီးတစ်ယောက် လက်ထပ်လက်စွပ်ဝယ်နေတယ်၊သူနဲ့မလှမ်းမကမ်းလမ်းမပေါ်မှာ ဘဏ်ရဲ့လုံခြုံရေးထရပ်ကားတစ်စီးကလမ်းပိတ်လို့ရပ်နေတယ်.၊သိပ်မကြာခင်မှာပဲ လူတစ်ယောက်က ကားကိုဗုံးတစ်လုံးကပ်လိုက်တယ်။ရှေ့ရောနောက်ရောမှာဗုံးတွေထပ်ကပ်လိုက်တယ်။ နောက်မှာဗုံးကပေါက်ကွဲသွားတယ်၊လက်စွပ်ကြည့်နေတဲ့အမျိုးသမီးအပါအဝင်အခြားသူတွေပါ သေဆုံးသွားတယ်၊အဲ့ဒီအမျိုးသမီးက ချန်ကျွမ်ဆိုတဲ့ရဲအရာရှိတစ်ယောက်ရဲ့ဇနီးလောင်းဖြစ်နေတယ်၊အဲ့ဒီနောက်ဆက်တွဲအနေနဲ့ ဘယ်လိုတွေပွဲကြမ်းမလဲဆိုတာကိုတော့... File Size : (4.2GB) (1.2 GB) and (483 MB) Quality : Blu-Ray1080P5.1CH, 720p Format…mp4 Duration…01:45:00 Genre : Action , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Tin Myo Lwin Encoded by Phyo Pyae
movie
Invisible Target(2007)
6.7
Once Upon a Time in Shanghai (2014)
၂၀၁၄ခုနှစ်က ထွက်ရှိခဲ့တဲ့ အမှန်တကယ်ကြုံးတဲ့ တရုတ်အက်ရှင်ကားဟောင်း ကားကောင်းတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ ဂျပန်ခေတ် တရုတ်နိုင်ငံရှန်ဟိုင်းမြို့ကို နောက်ခံထားပြီး ဂိုဏ်းတွေ ဂိုဏ်းခေါင်းဆောင်တွေရဲ့ ပိုင်နက်အရှုပ်တော်ပုံတွေကြားက ကွန်ဖူးပညာပြခန်းတွေကို တစ်ဝကြီးကြည့်ရှုရမှာပါ။ ဖက်တီးမင်းသားလို့ ကျွန်တော်တို့ခေါ်ကြတဲ့ Sammo Hungလည်း ပါဝင်ထားပါတယ်။ IMDbကတော့ 6.7ပါ။၁၉၃၀ပြည့် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ဟာ လူတိုင်းအတွက် နိဗ္ဗာန်ဘုံ တစ်ခုဆိုသလိုပဲ ကြီးပွားချမ်းသာချင်သူတွေ လာကြတဲ့မြို့ကြီးပါ။ ဒါပေမဲ့ အလွှာပေါင်းစုံ၊ လူပေါင်းစုံရှိနေတဲ့ မြို့ကြီး ဖြစ်နေတာရယ် ခေတ်မီတိုးတက်သလောက် ဒုစရိုက်မှု၊ ခေါင်းပုံဖြတ်မှုတွေ အတော် များတာရယ်ကြောင့် ကောင်းစားသွားသူထက် လက်လျော့သွားသူ၊ အသက်ပေးလိုက်ရသူတွေက ပိုများနေတာပါ။မာဝေကျင်းဆိုတဲ့ ကောင်လေးတစ်ယောက်ကလည်း ရှန်ဟိုင်းမြို့ကို ကြီးပွားချင်တဲ့စိတ်နဲ့ ရောက်လာခဲ့သူပါ။ ရှန်ဟိုင်းမြို့ကြီးမှာ ကြုံရာ အလုပ်တွေ ဝင်လုပ်ရင်း ရှန်ဟိုင်းရဲ့ ဒိတ်ဒိတ်ကြဲ ဂိုဏ်းခေါင်းဆောင် လောင်ကျဲနဲ့ သွားဆုံမိပါတယ်။ ဂိုဏ်းပေါင်းစုံရဲ့ ဘုံရန်သူ ဖြစ်နေတဲ့ လောင်ကျဲကလည်း ကွန်ဖူးထူးချွန်တဲ့ မာဝေကျင်းကို တပည့်အဖြစ် မွေးလိုက်ပါတယ်။ ဒီလိုနဲ့ပဲ မာဝေကျင်းနဲ့ ...
movie
Once Upon a Time in Shanghai (2014)
6.1
Blind War (2022)
The Blind War (2022) အကြမ်းအရမ်း တရုတ် Action ကားသစ် တစ်ကားပါ။ Social Media တွေမှာ ဟာသ ဇာတ်လမ်းတိုလေးတွေနဲ့ နာမည်ကြီးတဲ့ Dao Dao (သောင်းသောင်း) လည်း support role ကနေ ပါဝင် သရုပ်ဆောင်ထားပါတယ်။လူကုန်ကူးဂိုဏ်းကြီးက ဆရာကြီးကို တရားရုံးကနေ ဂိုဏ်သားတွေက ကယ်ထုတ်ရာမှာ အထိကရုဏ်းတွေ ဖြစ်သွားပြီး ရဲအများအပြားရော၊ လုကုန်ကူးဂိုဏ်းသားတွေပါ သေဆုံးကာ၊ ရဲတပ်ဖွဲ့ဝင်ဒုံဂူလည်း မျက်စိအလင်းကွယ်ခဲ့ပါတယ်။ အထက်ကခွင့်ပြုချက်မပါဘဲလုပ်ဆောင်ခဲ့ခြင်းကြောင့် ဒုံဂူတစ်ယောက် ရဲတပ်ဖွဲ့ကလည်းအနားယူလိုက်ရသလို လူကုန်ကူးဂိုဏ်းသား၊ ခင်ပွန်းဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့ စီနာဆိုတဲ့ အမျိုးသမီးကလည်း သူ့ကို လက်စားချေချင်နေခဲ့ပါတယ်။ဒီလိုနဲ့ မျက်စိကလည်းကန်း၊ အလုပ်ကလည်း ထွက်လိုက်ရတဲ့ ဒုံဂူဟာ သူ့ရဲ့ ဆယ်ကျော်သက်အရွယ်သမီးလေးနဲ့ပဲ နေထိုင်ခဲ့ကာ၊ တစ်နေ့ သူ့သမီးပြိုင်ပွဲအတွက် နိုင်ငံခြားက စီနာထောင်ကျနေတဲ့ မြို့ကို အတူသွားရင်း ရုတ်တရက် သူ့သမီးကို လူကုန်ကူးဂိုဏ်းက ဖမ်းသွားတဲ့အခါမှာတော့ ...
movie
Blind War (2022)
2022
7.3
Triad Election (2006)
Triad Election (2006) ~ IMDb - 7.3/10, RT - 96%, Meta - 83% ~Election 1 မှာတော့ တိုနီလျောင်ခဖိုင်နဲ့ ဆိုင်မွန်ယန်းတို့ရဲ့ ကာရိုက်တာနှစ်ယောက် ဂိုဏ်းခေါင်ဆောင် နေရာအတွက်ပြိုင်ကြတာကို အဓိက မီးမောင်းထိုးပြသွားပေမဲ့ Triad Election မှာတော့ ပထမရွေးကောက်ပွဲမှာ လော့ကို ကူညီခဲ့တဲ့သူအများစုပါ ဂိုဏ်းခေါင်းဆောင်နေရာအတွက် ၀င်ပြိုင်ချင်နေကြပြီး လော့ကိုယ်တိုင်ကလည်း ဒုတိယသက်တမ်းကိုလိုချင်နေတဲ့အတွက် ပြိုင်ဆိုင်မှုပိုပြင်းထန်လာပါပြီ။ ပြည်မက ဂိုဏ်းတစ်ဂိုဏ်းကလည်း သူတို့အခြေအနေကို စောင့်ကြည့်နေပါတယ်ာဒီမှာတော့ Louis Koo ရဲ့ ကာရိုက်တာ ဂျင်မီကို အဓိက မီးမောင်းထိုးပြသွားပြီး ရက်စက်သင့်တဲ့နေရာမှာ ရက်စက်ပြီး သိက္ခာရှိတဲ့နေရာမှာရှိတဲ့ သူ့ကာရိုက်တာဟာ Godfather ဆန်ဆန်နဲ့ကို တော်တော်ငြိစရာကောင်းပါတယ်။ နောက် သဘောကျစရာကောင်းတာက Election 2 ဟာ Action ခန်းကိုလည်း ပါသင့်သလောက် ထည့်ထားသလို ...
movie
Triad Election (2006)
2006
7.2
Mad Detective (2007)
Mad Detective (2007)IMDb Rating (7.2)/Rotten Tomatoes (81%)ဒီဇာတ်ကားက မြင်နေကျ စုံထောက်ကားနဲ့မတူဘဲ အလွန်ပဲ ဒိပါတယ်... Mad Detective ဆိုတဲ့ အတိုင်း အရူးစုံထောက် ဘန်းရဲ့ အကြောင်းပါ..ဇာတ်လမ်းအကျဥ်းကတော့ ... ဘန်းဟာ စုံစမ်းစစ်ဆေးရေးမှာ အရမ်းကို တော်တဲ့စုံထောက်ဖြစ်ပေမယ့် သူ့ရဲ့ ရူးကြောင်ကြောင်လုပ်ရပ်တွေကြောင့် ရဲဘ၀ကို စွန့်လွှတ်ခဲ့ရပါတယ် ဘန်းရဲ့ ထူးခြားတဲ့ ပါရမီ တစ်ခုကတော့ လူတွေရဲ့ အတွင်းစိတ်ကို လူတစ်ယောက်အသွင်နဲ့ မြင်နိုင်တာပါ...ရဲအရာရှိတစ်ယောက် ပါတနာနဲ့ အတူ သူခိုးဖမ်းရင်း ပျောက်ချင်းမလှ တစ်နှစ်ခွဲလောက်ပျောက်နေတဲ့ ဒီအမှုဟာ အရာရှိဟိုရဲ့ လက်ထဲရောက်လာပါတော့တယ် ရဲအရာရှိ ဟိုကတော့ ဘန်းကို လေးစားခဲ့ရသူတစ်ဦး ဖြစ်တဲ့အလျောက် ဒီအမှုကို ဘယ်လိုမှ မဖြေရှင်းနိုင်တော့ချိန်မှာ ဘန်းကို အကူအညီတောင်းပါတော့တယ်... ဘန်းဟာ တကယ်ပဲ ရူးကြောင်ပြီး လျှောက်ပြောနေတာလား အတွင်းစိတ်တွေကို တကယ် သိမြင်နိုင်တာလား... ဒါကိုတော့ ဇာတ်လမ်းကြည့်ရင်း အဖြေရှာအမှုလိုက်ကြဖို့ ညွှန်းဆိုလိုက်ပါတယ်။ File size…(1 ...
movie
Mad Detective (2007)
HEVC 1080p
5.8
Black Ransom ( 2010 )
Zawgyi*******ဒီကားလေးဟာ Imdb 5.7ရရှိထားပြီး အားလုံးနဲ့ရင်းနှီးပြိးသားဖြစ်တဲ့မင်းသားကြီး Simon Yam နဲ့ Michael Miuတို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့အက်ရှင်ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်..ဇာတ်လမ်းအကျဉ်းကတော့ မာဖီးယားဂိုဏ်းခေါင့်းဆောင်ချင်းဟာလူသတ်မှုနဲ့စွပ်စွဲခံနေရာကနေ တရားရုံးမှတရားသေလွတ်ပေးလိုက်တဲ့အခါ...အပြန်လမ်းမှာရဲအရာရှိဟန်ဆောင်ထားတဲ့လူတစ်စုရဲ့ ဖမ်းဆီးမှုကိုခံလိုက်ရပါတယ်....ဒီအမှုကိုစုံစမ်းဖို့ဖြစ်လာတဲ့ရဲအရာရှိကျန်းပေါ်ဝိန်တို့တစ်ဖွဲ့လုံးဘယ်လိုအန္တရာယ်တွေနဲ့ရင်ဆိုင်ကြရမလဲ...ပြန်ပေးဆွဲမှုနောက်ကွယ်မှာဘယ်လိုအကြောင်းတရားမျိုးတွေရှိနေတာလဲ...ဇာတ်လမ်းတစ်ခုလုံးကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ... Unicode*******ဒီကားလေးဟာ Imdb 5.7ရရှိထားပြီး အားလုံးနဲ့ရင်းနှီးပြးိသားဖြစ်တဲ့မင်းသားကြီး Simon Yam နဲ့ Michael Miuတို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့အက်ရှင်ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်..ဇာတ်လမ်းအကျဉ်းကတော့ မာဖီးယားဂိုဏ်းခေါင့်းဆောင်ချင်းဟာလူသတ်မှုနဲ့စွပ်စွဲခံနေရာကနေ တရားရုံးမှတရားသေလွတ်ပေးလိုက်တဲ့အခါ...အပြန်လမ်းမှာရဲအရာရှိဟန်ဆောင်ထားတဲ့လူတစ်စုရဲ့ ဖမ်းဆီးမှုကိုခံလိုက်ရပါတယ်....ဒီအမှုကိုစုံစမ်းဖို့ဖြစ်လာတဲ့ရဲအရာရှိကျန်းပေါ်ဝိန်တို့တစ်ဖွဲ့လုံးဘယ်လိုအန္တရာယ်တွေနဲ့ရင်ဆိုင်ကြရမလဲ...ပြန်ပေးဆွဲမှုနောက်ကွယ်မှာဘယ်လိုအကြောင်းတရားမျိုးတွေရှိနေတာလဲ...ဇာတ်လမ်းတစ်ခုလုံးကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ... Translated & Review By Phyo ZawEncoded By LK
movie
Black Ransom ( 2010 )
2010
7.0
New Police Story (2004)
Police Story ဆိုတာနဲ့ မင်းသားကြီး ဂျက်ကီချန်းဇာတ်ကားတွေမှန်း သိပြီးသားဖြစ်မှာပါ။ Police Story နာမည်နဲ့ ဂျက်ကီချန်းဇာတ်ကား ၆ ကားထွက်ပါတယ်။ ကျွန်တော်အစဉ်လိုက်ဖြစ်အောင် တင်ဆက်သွားပါ့မယ်။ ဒီဇာတ်ကားကတော့....Police Story ထဲမှာအကောင်းဆုံးဇာတ်ကားလို့ သတ်မှတ်ထားကြတာနဲ့အညီ IMDb Rating (7/10)ထိရရှိထားပါတယ်။ တင်ပြီးသမျှ Police Story ဇာတ်ကားများကို Encoded By : Xcode
movie
New Police Story (2004)
2004
5.6
Special ID ( 2013 )
အက်ရှင်ကား ဖိုက်တင်ကား ကြိုက်နှစ်သက်သူများအတွက်မင်းသား Donnie Yenရဲ့ ဇာတ်ကားလေးနဲ့တင်ဆက်ပေးလိုက်ပါတယ်ဟောင်ကောင်မှာတရားမ၀င် မှောင်ခိုဂိုဏ်းတွေသောင်းကျန်းနေတဲ့ကာလမှာရဲတွေက အရေးယူဖို့သက်သေရှာဖွေတဲ့အနေနဲ့ချန်ကျစ်လုံကို သူလျိုအဖြစ်စေလွှတ်ထားခဲ့တယ်..ငယ်ငယ်ကတည်းက ရဲအရာရှိတစ်ယောက်ဖြစ်ချင်ခဲ့တဲ့ချန်ကျစ်လုံတစ်ယောက် သူလျိုဘ၀မှာဘယ်လိုမျိုးဒုက္ခတွေကြုံတွေ့ရမလဲမှောင်ခိုဂိုဏ်းကရောသူ့ရဲ့ဘ၀အမှန်ကိုသိရှိသွားမှာလားဒါ့အပြင်လူသတ်မှုကြီးတခုဖြစ်လာတဲ့အခါမှာတော့ချန်ကျစ်လုံတစ်ယောက်ဘယ်လိုတွေဆက်လက်လုပ်ဆောင်မလဲဆိုတာကိုတော့ဆက်လက်ကြည့်ရှုပါဟောင်ကောင်အက်ရှင်ကားတွေရဲ့ထုံးစံအတိုင်းအက်ရှင်အပိုင်းကတော့ အထွေအထူးပြောစရာမရှိအောင်ကောင်းပြီးသားမို့ ဆက်လက်ခံစားကြည့်ရှုပါTranslated & Review By Ei Pyae Encoded By LK
movie
Special ID ( 2013 )
2013
5.8
Kung Fu League ( 2018 )
သိုင်းကားကောင်းကောင်းကြိုက်တဲ့သူတွေ အတွက်တော့လုံးဝ အကြိုက်တွေ့မယ့် ဇာတ်ကားမျိုးပါပဲ..တကယ့်ဆရာကြီးတွေဖြစ်တဲ့ ဟွမ်ဖေးဟုန် , ၀င်ချွန်းသိုင်းဆရာကြီး ယိမန် ( Ip Man ) , ဘရုစလီ ပြီးတော့ ဟော့ရင်းဂျာ တို့ ၄ယောက် ပေါင်းထားတဲ့ ဇာတ်ကားလေး ပါ ဇာတ်လမ်းအကျဉ်းလေးကိုပြောရမယ်ဆိုရင် ဖေ့ရင်းရှုံဆိုတဲ့ လူငယ်လေးတစ်ယောက်က ဆရာကြီးလေးယောက်အကြောင်း သိုင်း Comic ဆွဲထားတာပေါ့..သူတစ်ဖက်သတ်ကြိုက်နေတဲ့ ပေါင်အယ် ဆိုတဲ့ကောင်မလေးရဲ့အထင်ကြီးမှုကို လိုချင်တာရော..ပြီးတော့ Propose ပါလုပ်မယ်ဆိုပြီး စိတ်ကူးထားခဲ့သူတစ်ယောက်ပါ..ဒါပေမယ့် သူ့ရဲ့အတွေးတွေဟာ..လွဲမှားခဲ့ရပါတယ် သူ့မွေးနေ့မှာပဲ လူတွေအားလုံးရဲ့အမြင်လွဲခံရ သူခိုးအထင်ခံရနဲ့သူစိတ်နာသွားခဲ့တယ်... ရေကန်လေးဘေးမှာ ပေါက်ကရတွေအော်ဟစ်ရင်း သိုင်းဆရာကြီးတွေကိုအကူအညီတောင်းနေတာပေါ့ ရုတ်တရုက်ဆိုပဲ မမျှော်လင့်တဲ့ ဖြစ်ရပ်လေးဖြစ်လာပြီးတော့ တကယ့်သိုင်းဆရာကြီးလေးယောက်ဟာလဲ သူတို့ခေတ်ကနေ ဘုမသိဘမသိနဲ့ 2018 ကို အချိန်ခရီးသွားသလိုဖြစ်ပြီး ရောက်လာတဲ့အခါမှာတော့............ ဆက်လက်ခံစားကြည့်ရှုပါ ဘာသာပြန်သူကတော့ Phyo Zaw ဖြစ်ပါတယ်
movie
Kung Fu League ( 2018 )
2018
1
2
Next