Channel Myanmar

Andrzej Dutkiewicz

Boxer (2024) 6.5
Boxer (2024)  ၁၉၈၀ ခုနှစ်တုန်းက ပိုလန်မှာနိုင်ငံရေးမတည်ငြိမ်မှုတွေဖြစ်ပြီးတိုင်းပြည်က ပျက်စီးယိုယွင်းလာကာ ပြည်သူပြည်သားတွေအတွက်မလုံခြုံတဲ့ တက်လမ်းမရှိတဲ့ အနာဂတ်မရှိတဲ့တိုင်းပြည်တစ်ခုဖြစ်လာခဲ့ပါတော့တယ်။အထူးသဖြင့် လူငယ်တွေကအနစ်နာဆုံးဖြစ်ပြီး တိုင်းပြည်ကိုငြိမ်းချမ်းအောင်လုပ်ပေးဖို့အတွက် သူတို့မှာလည်းလုပ်နိုင်စွမ်းမရှိတဲ့အတွက် တခြားသောအကောင်းဆုံးနည်းလမ်းကတော့ နိုင်ငံရပ်ခြားကိုကူးပြောင်းတာပဲဖြစ်ပါတယ်။အဲ့ဒါကြောင့် အဲ့ဒီကာလမှာ ပိုလန်နိုင်ငံကနေနိုင်ငံရပ်ခြားတွေကိုထွက်ပြေးတိမ်းရှောင်ခဲ့တဲ့လူပေါင်းသန်းနဲ့ချီရှိခဲ့ပြီး အဲ့ဒီလူတွေထဲမှာကိုယ့်ရဲ့အစွမ်းအစတွေကိုထုတ်ပြခွင့်ရခဲ့တဲ့ အားကစားသမားတွေလည်းပါဝင်ခဲ့ပါတယ်။အဲ့ဒါကြောင့်ဒီလူတွေရဲ့ဘ၀တွေကိုပေါ်လွင်အောင် ကိုးကားရိုက်ကူးထားတဲ့Boxer ဆိုတဲ့ IMDb Rating 6.5 အထိရရှိထားတဲ့ ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။အထက်မှာပြောခဲ့တဲ့အတိုင်း အခြေအနေမဟန်လို့နိုင်ငံခြားကိုလစ်ခဲ့ရတဲ့သူတွေထဲမှာ ယက်ဒရစ်နဲ့ဇနီးသည်လည်းအပါအဝင်ဖြစ်ပါတယ်။ယက်ဒရစ်ရဲ့အဖေက လက်ဝှေ့ချန်ပီယံတစ်ယောက်ဖြစ်ခဲ့ပြီး သားဖြစ်သူအပေါ်မှာလည်း ပညာတွေကိုလက်ဆင့်ကမ်းထားပေးတဲ့အတွက် ယက်ဒရစ်လည်း ကျွမ်းကျင်လက်ဝှေ့သမားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ဒါပေမယ့်ဒီလိုတက်လမ်းမရှိတဲ့တိုင်းပြည်တစ်ခုမှာ ထူးချွန်အောင်မြင်နေလို့ကလည်း ဘာမှမထူးတဲ့အတွက် သူ့လက်ဝှေ့ကျွမ်းကျင်မှုတွေကိုသေချာထုတ်ဖော်ပြသနိုင်ပြီးပိုကောင်းတဲ့အနာဂတ်ကိုရရှိနိုင်ဖို့အတွက် ဇနီးဖြစ်သူနဲ့အတူတူအင်္ဂလန်ကိုတရားမဝင်ပြောင်းရွေ့နေထိုင်ခဲ့ကြပြီး ဘ၀ကိုခက်ခက်ခဲခဲဖြတ်သန်းခဲ့ကြပါတော့တယ်။ဒါပေမယ့်ပတ္တမြားမှန်ရင်နွံမနစ်ဘူးဆိုတဲ့အတိုင်း သူ့ရဲ့လက်စွမ်းတွေကြောင့် ရသင့်ရထိုက်တဲ့ဝင်ငွေနဲ့ နာမည်ကျော်ကြားမှုကိုရရှိလာခဲ့ပြီးနောက်ပိုင်းမှာတော့ အောင်မြင်မှုဒဏ်ကိုမခံနိုင်တဲ့ယက်ဒရစ်တစ်ယောက်ရဲ့ဘ၀မှာ ရှေ့လျှောက်ဘာတွေရင်ဆိုင်ကျော်ဖြတ်သွားရဦးမယ်ဆိုတာကို စိတ်ဝင်စားစရာတွေအများကြီးနဲ့ကြည့်ရှုခံစားရမဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။  File size…2.37GB / 1.25GB Quality…NF WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….2h 30m Genre ….. Drama , Sport Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated ...
movie

Boxer (2024)

All That Sex (2023)
All That Sex (2023) All That Se-x aka Caly Ten Seks [2023] (IMDb 4.5/10) 18+လူတွေမှာ လိင်ကိစ္စနဲ့ပက်သက်ပြီး လိုအင်ဆန္ဒတွေ အမျိုးမျိုး ရှိကြပါတယ်... တချို့က ရင်သားကြီးတာ ကြိုက်တယ် အရပ်ရှည်တာကြိုက်တယ် အသားလတ်တာကြိုက်တယ် မျက်လုံးလှတာကြိုက်တယ်... တကယ်တော့ ဒါတွေက အပေါ်ယံအဆင့် ရှိပါသေးတယ်... လိင်မှုကိစ္စမှာ ဒီထက်နက်နဲတာတွေ အများကြီးမှ အများကြီးရှိပြီးတော့ ပိုလည်း ရှုပ်ထွေးတာကို ဒီပိုလန်ဇာတ်ကားလေးက ရိုက်ကူးပြထားတာပါ...ဇာတ်ကားထဲမှာ စုံတွဲ ၅တွဲပါဝင်ပြီးတော့ သူတို့ စုံတွဲတစ်တွဲဆိီမှာ ကြုံတွေ့ရတဲ့ မတူညီတဲ့ လိင်ပိုင်းဆိုင်ရာ လိုအင်ရမ္မက်တွေနဲ့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ရိုက်ပြထားပါတယ်... ဒီလို အခက်အခဲတွေကြားကပဲ လိုအင်ဆန္ဒတွေကို ဘယ်လိုဖြည့်ဆည်းသွားကြလဲ... တချို့ဟာ အဆင်ပြေဖို့ ကြိုးစားရင်းက သူတို့ဟာ သူတို့ရဲ့ ပါတနာတွေနဲ့ အံဝင်ခွင်ကျသူတွေ မဟုတ်ကြပါလားဆိုတာကို သတိထားမိကြရင်းက ဘဝကို ဘယ်လိုတွေ ဆက်လျှောက်လှမ်းသွားလဲ... လိင်မှုကိစ္စဟာ လူတစ်ယောက်ကို သူမထင်သူ တစ်ဦးပြောင်းသွားစေပါသလား... အစရှိသဖြင့် လိင်မှုဘဝနဲ့ပက်သက်ပြီး အမျိုးမျိုးသော အကြောင်းအရာတွေကို ရှုစားရမှာပဲဖြစ်ပါတယ်အညွှန်း နဲ့ ...
movie

All That Sex (2023)

2023