Channel Myanmar

Andrew Ortenberg

When I’m Ready (2025) 5.8
When I’m Ready (2025)  ဒီတစ်ခါ ပရိသတ်တွေအတွက် ၂၀၂၅ ခုနှစ်တုန်းကထွက်ရှိထားတဲ့ အချစ်ဇာတ်ကားလေးတစ်ကားကိုယူဆောင်လာပါပြီ။ ဒါရိုက်တာ Andrew Johnson ကရိုက်ကူးထားပြီးတော့ Andrew Ortenberg နဲ့ JuneSchreiner တို့က အဓိကဇာတ်ဆောင်နှစ်ယောက်နေရာကနေ ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကိုပြောပြရရင် ဥက္ကာခဲတစ်ခုကကမ္ဘာကြီးကို လာတိုက်ပြီးတော့ ကမ္ဘာပေါ်မှာရှိတဲ့သူတွေအားလုံး သေကြရတော့မယ့်အခြေအနေမှာ Michael နဲ့Rose တို့ချစ်သူနှစ်ယောက် သူတို့ရဲ့နောက်ဆုံးနေ့ရက်တွေကိုဘယ်လိုအတူတူကုန်ဆုံးကြမလဲဆိုတာကို ကြည့်ရှုကြရမှာပါ။ကမ္ဘာပျက်တော့မယ့်အချိန်မှာ ချစ်သူနှစ်ယောက်အနေနဲ့သူတို့ရဲ့အတိတ်ကနောင်တတွေကို ပြန်ပြင်ဆင်ရင်း ကျန်ရှိနေတဲ့အချိန်တွေကို အကောင်းဆုံးဖြတ်သန်းကြပါတယ်။ကိုယ်ရော သူတို့လိုအခြေအနေမျိုးနဲ့ ကြုံတွေ့လာရတဲ့အခါကိုယ့်လက်ကျန်အချိန်တွေကို ဘယ်လိုကုန်ဆုံးချင်ကြပါသလဲ။IMDb မှာ rating ကောင်းကောင်းရထားပြီးတော့ ဇာတ်လမ်းအသွားလေးက ထူးခြားပြီး ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းတဲ့ကြည်နူးစရာ Romace ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။  File size… (1.51 GB) / (845 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 47m Genre …..Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min ...
movie

When I’m Ready (2025)

The Re-Education of Molly Singer (2023) 6.2
The Re-Education of Molly Singer (2023) The Re-Education of Molly Singer (2023) ============================= IMDb Rating - 6.2/10ကျောင်းသားဘဝဆိုတာ စာလုပ်ရတာကလွဲရင် အပူအပင်သိပ်မရှိတဲ့ဘဝပေါ့။ ဘွဲ့ရတာနဲ့ အလုပ်ရဖို့ပူရပြီ။ ရေဖိုး မီးဖိုး အိမ်ငှားခ အကုန်ထည့်တွက်ရပြီ။ အဲဒီ အချိန်မှာ တစ်ယောက်ယောက်က ကိုယ့်ကို ပိုက်ဆံပေးမယ် ကျောင်းပြန်တက်ဆို နှစ်ခါတောင်စဉ်းစားစရာလိုမှာ မဟုတ်ဘူး။ ကျွန်တော်တို့ ဇာတ်လိုက်ကြီး မော်လီ ကလည်း ကျောင်းပြန်တက်ခွင့်ရတဲ့သူပါ။ ဖြစ်ပုံကဒီလို။မော်လီက ရှေ့နေတစ်ယောက်။ ကျောင်းတုန်းက ပါတီတက်ပြီး ကဲခဲ့တဲ့အရှိန်တွေက လုပ်ငန်းခွင်ဝင်တဲ့ထိ မသေသေးဘူး။ စိတ်ညစ်ရင်သောက်တယ် ပျော်ရင်သောက် တယ်။ အထိန်းအကွပ်မရှိ ကဲချင်သလို ကဲတော့ အရက်နာကျပြီး ရုံးချိန်မီအောင် မသွားနိုင်တာကနေ အမှုရှုံးရော။ ဘယ်ပြောကောင်းမလဲ အမှုသည်ကလည်း သူတို့ ရုံးကို တရားပြန်စွဲတာပေါ့။ ဒီလိုနဲ့ မော်လီအလုပ်ပြုတ်သွားတယ်။အဲဒီအချိန်မှာပဲ မော်လီ့အထက်လူကြီးရဲ့သား အဲလိယက်က ကောလိပ်စစတက်ချင်း နေ့မှာတင် ကျောင်းနာမည်ကြီး အားကစားသမားကို ခြေကျိုးအောင် လုပ်လိုက်မိလို့ တစ်ကျောင်းလုံး ချဉ်ဖတ်ဖြစ်သွားတယ်။ လူကြောက်တဲ့အဲလိယက်တို့ ကျောင်းမတက် တော့ဘဲ အိမ်ပြန်ပြေးဖို့ကြံနေတဲ့အတွက် သူ့အမေ(မော်လီ့အထက်လူကြီး) က ကျောင်း သားဟောင်းမော်လီ့ကို ...
movie

The Re-Education of Molly Singer (2023)

2023
A.X.L (2018) 5.1
A.X.L (2018) အဆိုတော်ချောချောလေး Becky G ပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းလေးနာမည်က A.X.L (2018) ပါ။Science fiction/action ဇာတ်လမ်းကောင်းလေးတွေသဘောကျနှစ်ခြိုက်တဲ့Channel Myanmar ပရိသတ်ကြီးအတွက်တော့ စိတ်ကြိုက်ဖြစ်မှာပါပဲ။ဇာတ်လမ်းအကျဉ်းလေးကိုလဲ တင်ဆက်ပေးပါဦးမယ်။A.X.Lဆိုတာက စစ်တပ်သုံးဖို့ အထူးတီထွင်ထုတ်လုပ်ထားတဲ့ ခွေးစက်ရုပ်ပါ။A.X.L ဆိုတဲ့နာမည်လေးရဲ့ အဓိပ္ပါယ်ကိုပြောပြရရင်A = Attack(အတိုက်ခိုက်စွမ်းရည်) ,X = Exploration (ရှာဖွေစွမ်းရည်) ,L = Logistics (စဉ်းစားဆင်ခြင်တတ်တဲ့စွမ်းရည်)ဒီလိုအရည်အချင်းတွေနဲ့ ပြီးပြည့်စုံတဲ့ စက်ရုပ်ခွေးဖြစ်ပါတယ်...စစ်တပ်ဟာအနာဂါတ်အတွက် စစ်မြေပြင်မှာအသုံးချဖို့အတွက် လူသားတွေအပေါ်သစ္စာအရှိဆုံးသတ္တဝါတွေထဲမှ ခွေးရဲ့ပုံစံကိုရွေးပြီးတော့စက်ရုပ်ခွေးဖန်တီးခဲ့ပါတယ်...ဒါပေမယ့် စစ်တပ်ကိုမပို့မီ အချိန်မှာA.X.L က ဓာတ်ခွဲခန်းထဲကနေ ထွက်ပြေးလာခဲ့ပြီးဆိုင်ကယ်စီးကျွမ်ကျင်သူဟေးလ်နဲ့ ကွင်းပြင်ထဲမှာဆုံမိပါတော့တယ်။ကြမ်းတမ်းသန်မာတဲ့စက်ရုပ်ခွေးဖြစ်သူ A.X.L နဲ့ လူသားဖြစ်သူဟေးလ်တစ်ယောက် ဘယ်လိုရှေ့ဆက်ဖြစ်ကြမလဲ?ဘာတွေဆက်ဖြစ်ကြမလဲ?စတဲ့မေးခွန်းတွေ အကြင်နာတရားနဲ့ စိတ်လှုပ်ရှားစရာကိုဒွန်တွဲဖော်ပြတင်ဆက်ထားတဲ့ကားကောင်းလေးပါ။Spoilerပါမှာစိုးလို့ အနည်းငယ်သာဖော်ပြလိုက်ပါတယ်။File Size : (1.8 GB) and (918 MB) and (278 MB)Quality : BluRay 1080p 5.1 CH ...
movie

A.X.L (2018)

2018