Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Andrew McNee
6.2
Diary of a Wimpy Kid (2010)
Diary of a Wimpy Kid (2010)~ IMDb - 6.2/10, Rotten Tomatoes - 54% ~စာအုပ်အနေနဲ့ရော ဇာတ်ကားတွေ အနေနဲ့ပါ အောင်မြင်နေတဲ့ ငပိန်လေးရဲ့ ဒိုင်ယာရီ ပထမဆုံးဇာတ်ကားပါ။ ဇာတ်ကားမှာတော့ "ဒါက အလယ်တန်းကျောင်းသားလေးတစ်ယောက်ရဲ့ ဒိုင်ယာရီမဟုတ်ဘူး အလယ်တန်းကျောင်းမှာ မသေအောင်ဘယ်လိုနေရမလဲဆိုတဲ့ လမ်းညွှန်" လို့ ရွှတ်နောက်နောက်ရေးထားပါတယ်။ဒီဇာတ်ကားလေးတွေကို ကြည့်ဖူးတဲ့သူတွေ များကြမှာပါ။ ဇာတ်ကားကိုကြည့်ပြီးတော့ ကိုယ်တိုင် အလယ်တန်းကျောင်းသားဘဝကို ပြန်ရောက်သွားသလိုသတိရဖြစ်ကြလိမ့်မယ်ထင်ပါတယ်။ ကလေးမဟုတ် ဆယ်ကျော်သက်မမြည် ဟိုမရောက်ဒီမရောက်၊ စကောစက၊ လအော့လအယ် လူချဉ်စရာ ကန့်လန့်အရွယ်လေးတွေပေါ့ဗျာ။ ကျောင်းမှာရော အိမ်မှာပါ အတွေးအခေါ်အဆန်းကြီးတွေတွေးပြီး ပေါက်ကရ လျှောက်လုပ်တာကို အဟုတ်ကြီးမှတ်ပြီး ကိုယ့်ကိုယ်ကိုယ် ဆရာကြီးထင်ဖူးကြတာကို ပြန်သတိရသွားအောင်လုပ်ပေးပါလိမ့်မယ်။Chloë Grace Moretz ပေါက်စလေးကို ထည့်ထားတာက အလကားနေ ဇာတ်ကောင်အပိုထည့်ထားတဲ့ပုံပေါက် နေပေမဲ့ ကြည့်ရတာ ချစ်စရာကောင်းနေတော့လည်း ...
movie
Diary of a Wimpy Kid (2010)
2010
6.6
Diary of a Wimpy Kid: Rodrick Rules (2011)
Diary of a Wimpy Kid: Rodrick Rules (2011)~ IMDb - 6.6/10, Rotten Tomatoes - 48% ~ခြောက်တန်းပြီးလို့ ၇ တန်းရောက်လာတဲ့ ငပိန်ကောင်လေး ဆန့်ကျင်ဖက်လိင်ကို စတင်စိတ်ဝင်စားတတ်လာပါပြီ။ ကျောင်းပြောင်းလာတဲ့ အချောလေးကတော့ သူ့ရဲ့ပစ်မှတ်ပေါ့။ဒါပေမဲ့လည်း အလယ်တန်းကျောင်းတိုက်ပွဲမှာ အလဲအလဲအကွဲကွဲနဲ့ ခံနေရတာတွေကို တွေ့ရမှာပါ။ ဒီဇာတ်ကားက ကျောင်းက တိုက်ပွဲအကြောင်းမဟုတ်ပါဘူး သူ့အစ်ကိုနဲ့ ဆက်ဆံရေးအကြောင်းပါ။သူ့အစ်ကိုကလည်း တခြားနေရာတွေမှာ အပျင်းတကာ့ထိပ်ခေါင်ဆိုပေမဲ့ သူ့ကို စဖို့နောက်ဖို့ ကြပ်ဖို့အတွက်တော့ အတက်ကြွဆုံး အကြိုးစားဆုံးနဲ့ သူ့ကို အနိုင်ကျင့်ရတာ အားကစားသာဖြစ်ခဲ့ရင် ရွှေတံဆိပ်ဆုပါပေးသင့်တဲ့အားကစားသမားလိုပါပဲ။အဲဒီတော့ ငပိန်လေးရဲ့ ၇ တန်း ဒိုင်ယာရီမှာ သူ့အစ်ကိုနဲ့ ကြားကဆက်ဆံရေးကို ပြုပြင်ပြီး ကျောင်းသူသစ်လေးနဲ့ဆက်ဆံရေးကို တံတားထိုးဖို့ ကြိုးစားတာကိုတွေ့ရမှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2.7GB, ...
movie
Diary of a Wimpy Kid: Rodrick Rules (2011)
2011
6.3
Diary of a Wimpy Kid: Dog Days (2012)
Diary of a Wimpy Kid: Dog Days (2012)~ IMDb - 6.3/10, Rotten Tomatoes - 53% ~ငပိန်လေးရဲ့ ၇ တန်းနှစ်ကုန် နွေရာသီကျောင်းပိတ်ရက် ဒိုင်ယာရီပါ။နွေရာသီကျောင်းပိတ်ရက်မှာ ရင်းနှီးစပြုလာတဲ့ Crush လေးကို သူငယ်ချင်းအဆင့်က တက်အောင် တလွဲအစီအစဉ်တွေနဲ့ ဘယ်လိုကြိုးစားလဲဆိုတာကိုတွေ့ရမှာပါ။ ဒီအရှေ့က ဇာတ်ကားမှာ အစ်ကိုနဲ့ ကြားကဆက်ဆံရေးကို ပြင်ဆင်တာကိုတွေ့ခဲ့ရပြီးတော့ ဒီဇာတ်ကားမှာတော့ သူ့အဖေနဲ့ ဆက်ဆံရေး ပိုကောင်းအောင် ဘယ်လိုလုပ်လဲဆိုတာ တွေ့ရပါလိမ့်မယ်။နောက်ထပ် သူ့ရဲ့အချစ်ဆုံး ရိုလီရဲ့ အဖေနဲ့ အမေတို့က ကြည့်မရဖြစ်နေတာ ဒီဇာတ်ကားမှာ ပိုဆိုးသွားပါတယ်။ ဟတ်ဖလေမိသားစုဝင် ခွေးလေးတစ်ကောင်လည်း တိုးလာပါသေးတယ်။ ခွေးကလည်း ငပိန်လေးလို ပြဿနာရှာတတ်တဲ့ကောင်လေးပါပဲ။ထုံးစံတိုင်း ပျော်စရာ၊ ရယ်စရာ၊ ချစ်စရာကောင်းတဲ့ ငပိန်လေးရဲ့ ဒိုင်ယာရီ နောက်ဆုံးပိုင်းပေါ့။(ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ...
movie
Diary of a Wimpy Kid: Dog Days (2012)
2012
5.3
Deck the Halls (2011)
ဒီတခါမိတ်ဆက်ပေးချင်တာကတော့ခရစ်စမတ်အငွေ့အသက်တွေနဲ့ Hallmark moviesတွေထဲကမိသားစုကားကောင်းလေးတကားပါ။ရေဂန် ရိုင်လေဆိုတာက နာမည်ကြီး အလွတ်တန်းစုံထောက်မလေး။မိခင်ကလည်းနာမည်ကြီးစာရေးဆရာမ နိုရာ ရိုင်လေဖြစ်သလို ဖခင်ဖြစ်သူကလည်း အသုဘအိမ်လုပ်ငန်းရဲ့သူဌေးကြီး လုခ်ရိုင်လေ။ခရစ်စမတ်အချိန်အခါမှာ သူမရဲ့ နွေးထွေးလှတဲ့မိသားစုနဲ့အချိန်ဖြတ်သန်းဖို့အိမ်ကိုရောက်နေခဲ့ချိန်မှာပဲ သူမရဲ့ဖခင်ကပြန်ပေးဆွဲခံလိုက်ရပါတယ်။သူမအမေရဲ့ပရိတ်သတ်ဖြစ်တဲ့ အရမ်းစပ်စုသလောက် တော်လည်းတော်တဲ့အပျော်တမ်းစုံထောက် အယ်ဗိုင်ရာနဲ့အတူသူမရဲ့ဖခင်ဖြစ်သူကိုဘယ်လိုရှာဖွေကြမလဲ။ပြန်ပေးဆွဲသူကဘယ်သူလဲဘာကြောင့်လုပ်ရတာလဲ။သူ့အမှုကို ကူညီဖို့အယ်ဗိုင်ရာခေါ်လိုက်တဲ့စုံထောက်လေး ဂျက်ခ်နဲ့ရောဘယ်လိုဇာတ်လမ်းလေးတွေဖြစ်မလဲ။ဒီခရစ်စမတ်မှာ ဒီမိသားစုတွေအတူတကွပြန်လည်ဆုံစည်းနိုင်ပါ့မလားဆိုတာကိုဒီ Deck the halls ဆိုတဲ့ မိသားစုခရစ်စမတ်ကားလေးမှာ ရှုစားအားပေးကြပါဦးFile size… 1.3 GB / 640 MB Quality… WEB Rip 1080p / 720p Format… mp4 Duration…. 1h 30m Genre ..... Action , Crime , Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Brackman
movie
Deck the Halls (2011)
2011
5.1
Scary Movie 4 (2006)
Scary Movie ဆိုတာကတော့ သူ့ခေတ်အခါက နာမည်ကြီးမှန်သမျှတွေကို ဟာသသက်သက် လှောင်ပြောင်ထားသော ဇာတ်ကားများဖြစ်ပါတယ်။ အထူးသဖြင့်တော့ နာမည်ကြီး ဇာတ်ကားတွေ သရုပ်ဆောင်တွေကို လှောင်ပြောင်ထားတာပါ။ မူရင်းဇာတ်ကားတွေကို ကြည့်ဖူးထားရင် Scary Movie ရဲ့ လှောင်ပြောင်ချက်တွေက အတော်လေး ခွီနေရပါတယ်။ (Scary Movie စုစုပေါင်း ၅ ကားထွက်ထားပါတယ်။ အခုကတော့ နံပါတ် ၄ ဇာတ်ကားကိုတင်ပေးလိုက်တာပါ။ နောက်ဇာတ်ကားတွေကိုလဲ အဆင်ချောသလို တင်ဆက်သွားပါ့မယ်။ တစ်ကားနဲ့တစ်ကား အဆက်အစပ်မရှိတဲ့အတွက်ဘယ်ကကြည့်ကြည့်အဆင်ပြေပါတယ်။) ဒီနံပါတ် ၄ ဇာတ်ကားထဲမှာ.... Arachnophobia (1990)...Final Destination (2000)...Thir13en Ghosts (2001).... R. Kelly: Bump and Grind - You Be the Judge (2002)....Saw (2004).... Scooby Doo 2: Monsters Unleashed (2004) ....Shaun of the Dead (2004).... Kill Bill: Vol. 2 (2004) ...
movie
Scary Movie 4 (2006)
2006
5.9
Adventures in Public School (2017)
Adventures in Public School (2017) IMDb - 5.9/10_____Rotten - 71% ဒီကားလေးကတော့ မိခင်ရဲ့အရိပ်အောက်မှာ ငယ်ငယ်လေးတည်းက တက္ကသိုလ်ကျောင်းလာတဲ့အချိန်ထိ နေလာခဲ့တဲ့ ကောင်လေးတစ်ယောက်အကြောင်းနဲ့အစပြုထားပါတယ်... တစ်နည်းပြောရရင်တော့ အမေကအရမ်းကိုချစ်တဲ့ အမေချစ်သားလေးပေါ့.. သူတို့သားအမိနှစ်ယောက်ဆက်ဆံရေးက သူငယ်ချင်းလိုလည်းဖြစ်နေတော့ အစအရာရာတိုင်ပင်ဖော်ရနေတယ်.... နောက်ပြီး သူ့အမေကလည်း အသက်ကြီးပေမယ့်လည်း မပျက်စီးသေး လန်းနေသေးတဲ့အရွယ်ကိုး... အရာရာကို ကလေးလေးလို အမေလုပ်ပေးသမျှနေလာခဲ့တဲ့အဲကောင်လေးဟာ ကျောင်းမှာ ကောင်မလေးတစ်ယောက်ကိုမြင်လိုက်တဲ့အခါမှာတော့ လူပျိုစိတ်လေးတွေပေါ်ပေါက်လာပါတော့တယ်... ဒါကြောင့် အဲကောင်မလေးရဲ့အချစ်ကိုရဖို့အတွက် သူ့ရဲ့ကလေးစိတ်သာသာရှိတဲ့စာအုပ်ကြီးအတိုင်း ကြိုးစားပါတော့တယ်.... ဒီကားလေးဟာ ကျောင်းတွင်းဖြစ်ရပ်ကျောင်းသားဘဝတွေကို ရိုက်ကူးထားတာကြောင့် အမြင်ရိုင်းစေမယ့် မြင်ကွင်းတွေမပါပေမယ့် လိင်ဟာသလေးတွေရောနှောပြီး ရိုက်ကူးထားတာကြောင့် ကြည့်တဲ့လူတွေအဖို့ ရယ်လည်းရယ်ရ ကြည့်လို့လည်းကောင်းမယ့် Comedy ကားလေးတစ်ကားဖြစ်ပါတယ်.... File Size : (740 MB) Quality : BluRay 720p Running Time : 1hr 26min Format : Mp4 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Source : BluRay 1080p Translated by Ye Pyae Sone Tun Encoded by Moe Myint Lwin
movie
Adventures in Public School (2017)
2017