Channel Myanmar

Andrew Lyle-Pinnock

Drained (2024) 5.8
Drained (2024)  ဒီတစ်ခေါက်တင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့Dark Romance အမျိုးအစားဇာတ်ကားလေးပဲဖြစ်ပါတယ်ဒီကားလေးမှာဆိုရင် သွေးစုပ်ဖုတ်ကောင်မလေးကို ချစ်မိသွားတဲ့ပန်းချီဆရာတစ်ယောက်အကြောင်းကို ကြည့်ရှုရမှာဖြစ်ပြီးအခြားသောသွေးစုပ်ဖုတ်ကောင်ဇာတ်ကားအများစုနဲ့ မတူတဲ့သွေးစုပ်ဖုတ်ကောင်ဇာတ်ရုပ်ကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်...Thomas ဟာ မိခင်ဖြစ်သူနဲ့အတူနေထိုင်ပြီး အလုပ်အကိုင်မရှိသေးတဲ့ ပန်းချီအနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်တစ်ရက် သူငယ်ချင်းဖြစ်သူရဲ့ ဘားကိုလာရင်း Rhea ဆိုသူမိန်းမချောလေးတစ်ယောက်နဲ့ ဆုံတွေ့ပြီး စွဲလမ်းသွားပါတော့တယ်Thomas ဟာ လျှို့ဝှက်ဆန်းကြယ်လှတဲ့ မိန်းမချောလေး Rhea နဲ့နောက်တစ်ခေါက်ပြန်ဆုံချိန်မှာတော့ Rhea နဲ့အတူအိပ်ဖို့လုပ်ရင်းRhea ဟာ သာမန်မိန်းကလေးတစ်ဦးမဟုတ်ဘဲ သွေးစုပ်ဖုတ်ကောင်တစ်ကောင်ဖြစ်ကြောင်း လက်ကောက်ဝတ်ပေါ်က သွေးစို့နေတဲ့သွားရာနဲ့အတူ သိရှိသွားကာ အထိတ်တလန့်နဲ့ ထွက်ပြေးရပါတော့တယ်သို့သော်လည်း Rhea ကို စွဲလမ်းသွားနှင့်နေပြီဖြစ်တဲ့ Thomas ဟာအဆက်မပြတ်နိုင်တော့ဘဲ Rhea နဲ့တဖန်ပြန်ပြီးဆက်သွယ်ဖို့ကြိုးစားကာ သွေးစုပ်ခံဖို့အတွက်ကို အသင့်ပြင်ပြီး ချစ်မိပါတော့တယ်..ထိုသို့နှင့် Thomas ဟာ Rhea သွေးစုပ်ရာ အစာအဖြစ်ခံချစ်ပြီးRhea မှာ အခြားသောရည်းစားတစ်ယောက်ရှိနေတာ သိရှိသွားချိန်မှာတော့…ဒီကားလေးဟာဆိုရင် မြင်တွေ့နေကျ သွေးစုပ်ဖုတ်ကောင်ဇာတ်ရုပ်များကိုခွဲထွက်ရိုက်ကူးတင်ပြထားတာဖြစ်ပြီး Relationship တွေရဲ့ သဘာဝတချို့ကို ခိုင်းနှိုင်းတင်ပြမှုအဖြစ်ပါ ခံစားကြည့်နိုင်တာမလို့ ရုပ်ရှင်ချစ်ပရိသတ်များ သဘောခွေ့စရာကားလေးတစ်ကားဖြစ်ကြောင်းညွှန်းဆိုတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ... File ...
movie

Drained (2024)

The Little Mermaid (2023) 7.2
The Little Mermaid (2023) The Little Mermaid (2023)ဒစ္စနေးရဲ့ နောက်ဆုံးထွက် ကာတွန်းကနေ လူရုပ်ရှင်အဖြစ်ပြန်ရိုက်ထားတဲ့ ရေသူမလေး လာပါပြီ။ လူမည်းမင်းသမီးသုံးတဲ့အတွက် မျိုးစုံဝေဖန်ခံနေရတဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်။ လူမျိုးရေးကြောင့်မဟုတ်ဘဲ မူရင်းဇာတ်ကောင်တွေကို အတင်းလူမည်းပြောင်းတဲ့အတွက်ပါ။ ထောက်ခံသူတွေ ကြိုက်သူတွေလည်း ရှိကြပါတယ်။ ကိုယ်တိုင်ကြည့်ကြည့်လိုက်ကြတာ ကောင်းပါတယ်။ဇာတ်လမ်းကတော့ မူရင်းကာတွန်းပုံပြင်အတိုင်းပါပဲ။ ပင်လယ်ဘုရင်ကြီးရဲ့အငယ်ဆုံးသမီးလေး သတ္တမမြောက်သမီးတော် ရေသူမလေး အယ်ရီရယ်ဟာ လူသားကမ္ဘာကို အရမ်းစိတ်ဝင်စားနေသူပါ။ ဒါကြောင့် သင်္ဘောပျက်တွေထဲမှာ လူသားပစ္စည်းတွေကိုရှာပြီး အမြဲ စုထားတတ် စပ်စုတတ်တဲ့သူပါ။ တစ်နေ့မှာတော့ လှေမှောက်ပြီး ရေထဲနစ်လာတဲ့ မင်းသားလေးအဲရစ်ကို ကယ်ရင်းနဲ့ ချစ်မိသွားခဲ့ပါတယ်။ ဒါပေမဲ့ ရေဘုရင်ကြီးက ကုန်းပေါ်ကို သွားဖို့ တားမြစ်ထားတာကြောင့် အခက်တွေ့နေပါတယ်။ အဲဒီအချိန်မှာပဲ ရေဘုရင်ကြီးရဲ့ ညီမ ပင်လယ်စုန်းမ အာဆူလာက အယ်ရီရယ်နဲ့အပေးအယူလုပ်လိုက်ပါတယ်။ အယ်ရီရယ့်ကို လူအဖြစ်ဖန်ဆင်းပေးပြီး သုံးရက်အတွင်း မင်းသားလေးနဲ့ အချစ်စစ်အနမ်းရခဲ့ရင် လူအဖြစ် အမြဲနေရမှာဖြစ်ပြီးမရခဲ့ရင်တော့ အယ်ရီရယ်ရဲ့ အရမ်းလှတဲ့အသံကို သိမ်းပိုက်ပြီး အယ်ရီရယ်ကိုပါ ကျွန်အဖြစ် အပိုင်ရမှာဖြစ်ပါတယ်။ ဒီတော့ အယ်ရီရယ်နဲ့မင်းသားလေးတွေဘာဆက်ဖြစ်မလဲ စုန်းမကြီးအာဆူလာကရောဘယ်လိုနှောင့်ယှက်မလဲဆိုတာ ဆက်ကြည့်ရမှာပါပဲ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ...
movie

The Little Mermaid (2023)

2023
4K HEVC