Channel Myanmar

Andrew Lauer

Nine Divine (2023)
Nine Divine (2023) မိဘမဲ့ဂေဟာတစ်ခုက စိတ်ဒဏ်ရာတွေနဲ့ ကျောင်းသူလေး နိုင်း။ စိတ်ထွက်ပေါက်အနေနဲ့ မောင်ဖြစ်သူနဲ့အတူ ယူကျုမှာ ဗီဒီယိုလေးတွေရိုက်တင်လေ့ရှိပါတယ်။ သူတို့ပတ်ဝန်းကျင်ကကလေးတွေပျောက်နေတဲ့ကိစ္စနဲ့အတူ သူစိတ်ကူးဖန်တီးထားတဲ့ဇာတ်လမ်းက ဝိညာဉ်လောကက အမှန်တရားတစ်ခုကို ဖော်ထုတ်မိတဲ့အခါ။ဂေဟာက သူ ချစ်ခင်ရတဲ့အုပ်ထိန်းသူ ပြောင်းသွားရပြီး ဆိုးရွားလှတဲ့ အုပ်ထိန်းသူအသစ် ရောက်လာပြီးတဲ့နောက်မှာ သူ့မောင်ဖြစ်သူပါ ပျောက်သွားတဲ့အခါမှာတော့ နိုင်းတစ်ယောက် မောင်ရှာပုံတော်ဖွင့်ရင်း ထူးဆန်းမှုတွေ ကြုံလာခဲ့ရပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်။)File size…(1,2 GB)/(692 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Fantasy, Adventure  Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Pyae Phyo
movie

Nine Divine (2023)

Born on the Fourth of July(1989) 7.2
Born on the Fourth of July(1989) Born on the Fourth of July(1989)*******************************ဒီရုပ်ရှင်ဟာ အမေရိကန်ရဲ့လွတ်လပ်ရေးနေ့ဖြစ်တဲ့၊ ဂျူလိုင် ၄ရက်နေ့မှာမွေးဖွားခဲ့တဲ့ စစ်ဆန့်ကျင်ရေးလှုပ်ရှားသူ အမေရိကန်-ဗီယက်နမ် စစ်ပြန်ကြီး Ron Kovicအကြောင်းဇာတ်အိမ်တည်ရိုက်ကူးထားတဲ့စစ်ဆန့်ကျင်ရေး အတ္ထုပတ္တိကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ Ronရဲ့ငယ်စဥ်ကလေးဘဝဟာ ထိုခေတ်ထိုကာလကထုံးစံအတိုင်း စစ်ပွဲအောင်နိုင်မှုတွေအကြောင်း၊တိုင်းပြည်တာဝန်ထမ်းပြီး စစ်တိုက်ရတာမှဂုဏ်ရှိတယ်၊ ကွန်မြူနစ်ဝါဒကို တိုက်ဖျက်ရမယ်ဆိုတဲ့ ပတ်ဝန်းကျင်မှာကြီးပြင်းခဲ့ရပါတယ်။ ဒါ့ကြောင့်လည်း အမေရိကန်-ဗီယက်နမ်စစ်ပွဲဖြစ်တော့ သူကိုယ်တိုင်ရောသူငယ်ချင်းတွေပါစိတ်လိုလက်ရ မရိန်းတပ်ထဲဝင်ပြီး တိုက်ပွဲဝင်ပါတော့တယ်။ ဒီစစ်ပွဲအတွင်းမှာပဲ စစ်ပွဲရဲ့ခါးသီးမှုတွေကြုံခဲ့ရပြီး စိတ်ဝေဒနာလည်းရ အကြောပါသေ၊ မြုံတဲ့ဘဝ ဒုက္ခိတဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း အဲ့အချိန်ထိ သူ့ရဲ့ စစ်ပွဲအပေါ်အယူအဆတွေက ပြောင်းလဲမသွားသေးပါဘူး။ စစ်ဆေးရုံကဆင်း မွေးရပ်ကိုပြန်ရောက်တော့မှ အဲ့ကာလမှာ စစ်ဆန့်ကျင်ရေးလှုပ်ရှားသူတွေ၊နိုင်ငံရဲ့လက်ရှိအခြေအနေတွေကိုမြင်ရကြားရပြီး မျက်စိပွင့်နားပွင့်ဖြစ်လာကာ၊ ကိုယ်ကိုယ်တိုင်ကလည်း စစ်ပွဲနဲ့ပတ်သက်ပြီး စိတ်မလုံခဲ့သူမို့... Ron Kovidတစ်ယောက် စစ်တိုက်ရတာဂုဏ်ယူတဲ့လူငယ်လေးဘဝကနေစစ်ဆန့်ကျင်ရေးသမားကြီးဘဝကို ဘယ်လိုကံကြမ္မာတွေ၊ အဖြစ်အပျက်တွေကြောင့် ရောက်လာလဲဆိုတာ ရိုက်ကူးပြသထားတဲ့ anti-war movieလေးပါပဲ။File Size :(3.3GB)(1.3GB) and (714MB) Quality : BLU-RAY 1080P5.1Ch,720p Format…mp4 Duration…02:25:00 Genre : War, Biography , Drama Subtitle : Myanmar Subtitle ...
movie

Born on the Fourth of July(1989)

Jacked (2022) 4.8
Jacked (2022) Jacked (2022) ===========ဒီတစ်ခါမှာတော့ LGBT ကောင်လေးတစ်ယောက်ရဲ့ ဖြစ်ရပ်မှန် ဘဝဇာတ်ကြောင်းကို အခြေခံပြီးရိုက်ကူးထားတဲ့ Jacked ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။အီသန်ဆိုတဲ့ LGBT ကောင်လေးဟာ ဘာသာရေးကိုင်းရှိုင်းတဲ့ အမေ့လက်ထဲမှာကြီးပြင်းလာခဲ့ရပါတယ်။ သူ့အမေကတော့ သူ့သားဒီလိုဖြစ်နေတာကို လက်မခံနိုင်ဘဲ နင်ဂေးတာရပ်ရင်ရပ် မရပ်ရင် အိမ်ပေါ်ကဆင်းဆိုပြီး နှင်ချလိုက်တာ အီသန်ကလည်း စုထားတဲ့ငွေထုပ်လေးပိုက်ပြီး တကယ်ကြီးအိမ်ပေါ်ကဆင်းချ လာခဲ့ပါတော့တယ်။ သူ့အိမ်မက်က ဟောလိဝုဒ်မှာ ကြယ်ပွင့် တစ်ယောက်ဖြစ်ချင်တာပါ။တစ်ခါတလေ ကံတရားကြီးဟာ ပိတ်ကန်ပစ်ချင်စရာကောင်းပုံ များကတော့ အီသန်ကြိုးစားပမ်းစားစုထားတဲ့ ဒေါ်လာ၄၀၀၀ဟာ ဘက်စ်ကားပေါ်မှာကျပျောက်ပြီး ဆီပုံး(ဆုံးပြီ)ဖြစ်သွားပါတော့တယ်။ သူ့ခမျာ အခန်းဖော်အယ်လ်ဆီမှာကပ်နေရင်း ကြားထဲကနေ မရှိမဲ့ ရှိမဲ့အလုပ်ကလေးပါ ပြုတ်သွားပါသေးတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ အယုံလွယ်လို့ဒီ့ထက်ကံဆိုးတာတွေကြုံရဦးမှာပါ။ တစ်ဖက်မှာတော့ အီသန်တို့လို ဒုက္ခရောက်နေတဲ့ အိမ်ပြေးလေးတွေကို ပြန်လိုက်ကယ်ပေးတဲ့ ဘဲကြီးရေမွန်တို့အဖွဲ့ရှိပါတယ်။ အီသန်တစ်ယောက် ဘယ်လိုဒုက္ခတွေနဲ့ကြုံရမှာလဲ။ သူ့ကိုယ်သူပြန်အဖက်ဆယ်နိုင်ပါ့မလား။ကျွန်တော်တို့အားလုံး ရည်မှန်းချက်တွေ၊အိပ်မက်တွေကို အကောင် အထည်ဖော်ဖို့ကြိုးစားနေကြတာချည်းပါပဲ။ အိပ်မက်သေရင်ဘဝသသ လိုပါပဲ။ အိပ်မက်တွေပြည့်ဝတဲ့သူလည်းရှိသလို မပြည့်ဝတဲ့သူလည်ရှိပါ လိမ့်မယ်။ အီသန်ဟာသူ့အိပ်မက်သေခဲ့ပေမယ့် သူ့ဘဝတော့မသေအောင် ရုန်းထနိုင်ခဲ့ပါတယ်။ ဖြစ်ရပ်မှန်အကြောင်းကိုအခြေခံပြီး ရိုက်ကူးထားတဲ့ ၁နာရီကြာ ဒီဇာတ်ကားလေးဟာ သင်ခန်းစာယူစရာ၊ တွေးစရာတွေလည်း ပါတာမို့ တစ်နာရီဆိုတဲ့ ပေးရတဲ့အချိန်နဲ့တော့ တန်မယ်ထင်ကြောင်း ညွှန်း လိုက်ပါရစေဗျာ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(1.25 GB) / ...
movie

Jacked (2022)

2022