Channel Myanmar

Andre Anthony

Can I Get a Witness? (2024) 6.0
Can I Get a Witness? (2024)   အနာဂတ် မှာဖြစ်လာမှာကိုကြိုတင်စိတ်ကူးယဥ်ဖန်းတီးထားတာပါ။ ကမ္ဘာကြီးမှာ အစားအသောက်၊ရေ၊မြေ ပိုက်ဆံနဲ့ အာဏာတွေကြောင့် စစ်ပွဲများဖြစ်လာပြီးနောက် ထိုစစ်ပွဲများကိုရပ်တန့်ဖို့အတွက်အခြေခံဥပဒေဖွဲ့စည်းပုံအသစ်ကို ထုတ်ပြန်ခဲ့ပြီးလူတိုင်းကလက်ခံခဲ့ကြပါတယ်။ထိုဥပဒေဟာ လူ့သက်တမ်း ငါးဆယ်ပြည့်တာနဲ့ကမ္ဘာမြေကြီးကနေ ကိုယ့်ဘဝကိုအဆုံးသတ်သွားပေးဖို့ဖြစ်ပြီး သတ္တဝါတိုင်းအတွက် တရားမျှတမှုရှိစေရန်ထုတ်ပြန်ထားခြင်းဖြစ်ပါတယ်။ဒီကားမှာတော့ ကီရာဆိုတဲ့ကောင်မလေးတစ်ယောက်ဟာလူတွေအသက်ငါးဆယ်ပြည့်တဲ့အခါ ဘာလို့ အဆုံးစီရင်ဖို့လက်ခံကြလဲဆိုတာကိုနားမလည်နိုင်သူတစ်ဦးဖြစ်ပါတယ်။တစ်နေ့မှာတော့ လူတွေအဆုံးစီရင်ကြတဲ့အချိန်မှာသေချာအောင် သက်သေအဖြစ် စောင့်ကြည့်ပေးရတဲ့E.O.Lအဖွဲ့အစည်းမှာ အလုပ်စလုပ်ခဲ့ပါတယ်။ထိုအလုပ်စလုပ်တဲ့အချိန်ကစပြီး သူမ ဘာတွေလေ့လာရမလဲ...ဘယ်လိုအတွေ့အကြုံတွေရမလဲ....လူတွေဘယ်လိုအဆုံးစီရင်ကြလဲဆိုတာကိုတွေ့မြင်ပြီးထိုဥပဒေကိုလက်ခံနိုင်ဖို့ကြိုးစားတာကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ဒီကားမှာတော့ တရားမျှတမှုတွေ ဘဝရဲ့အဓိပ္ပာယ်တွေကိုကြည့်မြင်နိုင်ရမှာဖြစ်ပြီး ကြည့်ပြီးတဲ့အချိန်မှာတော့စိတ်ထဲတစ်ခုခုကျန်ရစ်ခဲ့မှာပဲ ဖြစ်ပါတယ်။  File size… (1.52 GB) / (899 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 50m Genre …..Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Koo Luu Moo
movie

Can I Get a Witness? (2024)

Festival of the Living Dead (2024) 4.3
Festival of the Living Dead (2024)  Festival of the Living Dead (2024)1968 ခုနှစ်လောက်က ဖြစ်ခဲ့တဲ့ ဇွန်ဘီးကပ်ဆိုးမှာ သေဆုံးခဲ့သူတွေအတွက် အထိမ်းအမှတ်အနေနဲ့ ကျင်းပပေးတဲ့ Living Dead ပွဲတော်ကြီး..ဒီပွဲတော်ကြီးကို သွားရောက်ဖို့အတွက် လက်မှတ်ကို အက်ရှ်ရဲ့ မွေးနေ့လက်ဆောင်အဖြစ် သူ့ကောင်လေး ကယ်ဗင်က ပေးလိုက်တဲ့အခါ..ကယ်ဗင်နဲ့ အက်ရှ်တို့နဲ့အတူ သူတို့သူငယ်ချင်းတွေအဖွဲ့လိုက် ပွဲတော်ကို သွားရောက်ခဲ့ကြတယ်..ဇွန်ဘီးကပ်ဆိုးမှာ သေဆုံးခဲ့သူတွေအတွက် ကျင်းပပေးတဲ့ပွဲကြီးမှာ တကယ့်ဇွန်ဘီးတွေ ပါဝင်လာတဲ့အခါ..အက်ရှ်တို့အဖွဲ့ဟာ ဒီကပ်ဆိုးကနေ လွတ်မြောက်ဖို့ တကယ့်ဇွန်ဘီးအစစ်တွေနဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့ရပါတယ်..တဖန်ပြန်လည်ဖြစ်ပေါ်လာတဲ့ ဇွန်ဘီးကပ်ဆိုးကြီးကနေ ဘယ်သူတွေ လွတ်မြောက်သွားမလဲ? ဘယ်သူတွေ သေဆုံးသွားမလဲ? ဆိုတာကြည့်ရှုလိုက်ကြပါဉီး.. (အညွှန်းနဲ့ဘာသာပြန်ကတော့ Su Mon ဖြစ်ပါတယ်။) File size…(1.5 GB) / (870 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Horror Duration….01:28:38 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Su Mon
movie

Festival of the Living Dead (2024)

2024
Scream VI (2023) 7
Scream VI (2023) Scream VI (2023)~ IMDb - 7/10, Rotten Tomatoes - 77% ~Scream VI ထွက်လာပါပြီ။ သရဲမျက်နှာဖုံးနဲ့ လူသတ်သမားတွေဟာ ဟော်ရာရုပ်ရှင်သမိုင်းရဲ့ ထင်ရှားတဲ့အမှတ်အသားတစ်ခုပါ။ ဟာသကားတွေမှာရော၊ ဟောလိုးဝင်းပွဲတွေမှာရော အမြဲတွေ့နေရတဲ့မျက်နှာတွေပါပဲ။ ဘယ်အချိန်တွေ့တွေ့ ကြောက်ဖို့ကောင်းနေတုန်းပါပဲ။ ဒီရုပ်ရှင်မတိုင်ခင် အရင်ရုပ်ရှင်တွေမှာတော့ သရဲမျက်နှာလူသတ်သမားပေါင်း ၉ ယောက်ရှိခဲ့ပါတယ်။ အခုရုပ်ရှင်မှာတော့ အဲဒီ ၉ ယောက်လုံးအကြောင်းကို အမှတ်တရအနေနဲ့ ထည့်သွင်းပေးထားပါတယ်။ဒီတစ်ခေါက်မှာတော့ အဓိက ဇာတ်ကောင်တွေက အရင် Scream မှာ အသက်ရှင်ကျန်ခဲ့တဲ့ ဝုစ်ဘရိုက သူတွေပါပဲ။ သရဲမျက်နှာလူသတ်သမားရဲ့ သမီး ဆမ် နဲ့ တာရာတို့ဟာ အခြားမြို့ကို ပြောင်းရွှေ့လာခဲ့ပါပြီ။ ဆမ်ဟာ ဝုစ်ဘရိုမှာ သရဲမျက်နှာလူသတ်သမား နှစ်ယောက်ကို သတ်ခဲ့နိုင်ပေမဲ့ အင်တာနက်ပေါ်မှာတော့ သူဟာ လူသတ်သမားအစစ်ဖြစ်ပြီး သူများတွေကို ချောက်တွန်းခဲ့တယ်လို့ ကောလဟာလတွေထွက်ပြီး နာမည်တွေပျက်နေခဲ့ပါတယ်။ ...
movie

Scream VI (2023)

2023
4K HEVC
Undercover Cheerleader 2019 4.8
Undercover Cheerleader 2019 အော်တွမ်ဆိုတဲ့ အထက်တန်းကျောင်းသူလေးဟာ သူ့အမေနဲ့အတူ နယူးယောက်ကနေ နယ်ဒေသတစ်ခုကို ပြောင်းလာခဲ့ကြတယ်။ အော်တွမ်က ဆောင်းပါးရေးတာနဲ့ အကကို ဝါသနာပါသူတစ်ယောက်ဖြစ်တယ်။ ကျောင်းအသစ်ကို စတက်တဲ့ ပထမဆုံးရက်မှာ ကျောင်းသတင်းစာမှာ ဆောင်းပါးရေးသူအဖြစ် အလုပ်လုပ်တဲ့ ကေရာဆိုတဲ့ ကောင်မလေးနဲ့ သူငယ်ချင်းဖြစ်သွားတယ်။ ဆောင်းပါးရေးရတာ ဝါသနာပါတဲ့ အော်တွမ်ကို ကေရာက သူနဲ့တူတူ အလုပ်လုပ်ဖို့ ကမ်းလှမ်းခဲ့တယ်။ အော်တွမ်တက်တဲ့ ဘရွတ်ဗျူးအထက်တန်းကျောင်းမှာ နာမည်ကြီးတာတစ်ခုရှိတယ်။ ဒါကတော့ နှစ်စဉ်နှစ်တိုင်း ချန်ပီယံစွဲတဲ့ ပန်းဖွားမယ်အဖွဲ့ ရှိတာပါပဲ။ အော်တွမ်က အကဝါသနာပါတာကို သိသွားတဲ့နောက်မှာ ပန်းဖွားအဖွဲ့က ဂျန်နီဆိုတဲ့ ကောင်မလေးက အော်တွမ်ကို လူရွေးပွဲ၀င်ရွေးခံဖို့ တိုက်တွန်းခဲ့တယ်။ ဖြစ်ချင်တော့ ကေရာနဲ့ ဂျန်နီက တစ်ယောက်ကိုတစ်ယောက် ရန်ငြိုးတွေထားပြီး မတည့်ကြတဲ့သူတွေဖြစ်နေတယ်။ ဂျန်နီ လာကမ်းလှမ်းတာကို သိသွားတော့ ကေရာက အော်တွမ်ကို ပန်းဖွားမယ် အဖြစ် ၀င်အရွေးခံဖို့ပြောတယ်။ ဒီအတွက်လည်း ကေရာမှာက ရည်ရွယ်ချက်ကောင်းကောင်းရှိနေခဲ့တယ်။ ...
movie

Undercover Cheerleader 2019