Channel Myanmar

Andranic Manet

Jim’s Story (2024) 6.8
Jim’s Story (2024)  ဒီဇာတ်လမ်းလေးက "ဂျင်မ်ရဲ့ပုံပြင်"လိုအမည်ရတဲ့ပြင်သစ်ဒရမ်မာကားလေးပါ....။ဇာတ်လမ်းအကျဥ်းလေးကတော့.....အမ်မရစ်ဟာ ဘဝမှာ သူတစ်ပါးအတွက်သာ ဖြစ်တည်ခဲ့တဲ့လူတစ်ယောက်ဖြစ်ပြီး သူအိမ်ထောင်ကျတော့လည်းဇနီးဖြစ်သူဘက်မှာ ဂျင်မ်ဆိုတဲ့သားလေးတစ်ယောက်ပါလာတယ်....။ဒီသားလေးအတွက်သူ့မှာ ဝမ်းနဲ့မလွယ်ရုံတမယ်ဖခင်ရင်းထက်မလျော့တဲ့အချစ်တွေနဲ့အချစ်ပိုခဲ့ရပါတယ်...။သိုပေမဲ့ တစ်နေ့မှာတော့ ဂျင်မ်လေးရဲ့ ဖခင်ရင်းဖြစ်သူပေါ်လာတဲ့အခါမှာတော့....အမ်မရစ်တစ်ယောက် သားဖြစ်သူဂျင်မ်လေးဘဝအဆင်ပြေစေဖို ဘယ်လိုတွေအနစ်နာခံချစ်ပြသွားမလဲ.....သွေးသားရင်း မဟုတ်‌သော်ညားလည်း သားတစ်ယောက်နဲ့ဖခင်ကြားကချစ်မေတ္တာကို နက်နက်ရှိင်းရှိင်းဖော်ပြထားတဲ့ကားလေးပါပဲ။  File size… (1.45 GB) / (760 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 41m Genre …..Drama , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Jim’s Story (2024)

Beating Hearts (2024) 7.2
Beating Hearts (2024)  Beating Hearts (2024)IMDb Rating (7.2) လမ်းမှားပေါ်လျှောက်နေတဲ့ လူမိုက်ကောင်လေးနဲ့ သူချစ်ရတဲ့အရိုင်းဆန်သူကောင်မလေးတို့ကြားက အချစ်ဇာတ်လမ်းလေးပါ ။ငယ်ရွယ်တဲ့အရွယ်မှာဆုံခဲ့ကြပေမယ့် မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေကြောင့် ဘ၀တစ်ခုလုံးပျက်ခဲ့ရတဲ့ကောင်လေးက အချိန်တစ်ခုအလွန်မှာ သူ့ဘ၀လေးနဲ့သူဖြစ်သွားပြီဖြစ်တဲ့ ချစ်သူကောင်မလေးကိုပြန်ရနိုင်မလားကောင်မလေးကရော ရင့်ကျက်သင့်တဲ့အရွယ်ရောက်နေပေမယ့် ငယ်ချစ်ဦးဖြစ်ခဲ့တဲ့ကောင်လေးကိုမေ့နိုင်သွားပြီလား ‌မေ့ရောမေ့နိုင်ခဲ့သလား ဒါတွေကိုကြည့်ရမှာဖြစ်ပါတယ် ။လူငယ်ဆန်ဆန်အချစ်ကားလေးတွေကြိုက်သူဆိုရင်‌တော့ ကြည့်ဖြစ်အောင်ကြည့်လိုက်ကြပါနော် ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Phu Thet Khin  ဖြစ်ပါတယ်။) File size…(9.4 GB) / (2.7  GB) / (1.4GB) Quality….Blu-Ray 4K HEVC /Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Romance , Crime, Drama  Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Phu Thet Khin 
movie

Beating Hearts (2024)

2024
4K HEVC
My Sole Desire aka  À mon seul désir (2023) 6.1
My Sole Desire aka À mon seul désir (2023) “My Sole Desire” လို့ခေါ်တဲ့ ပြင်သစ်ဒရာမာ ဇာတ်လမ်း‌လေးကို ရိုက်ကူးပေးထားတဲ့ ဒါရိုက်တာကတော့ Lucie Borleteau ပဲဖြစ်ပါတယ်။ဒီဇာတ်လမ်းထဲမှာဆိုရင် Marcia လို့ခေါ်တဲ့ ၂၀ကျော် မိန်းကလေးတစ်ယောက်ဟာ စိတ်ဝင်စားမှုကြောင့် အဖော်အချွတ်ကလပ်တခုဖြစ်တဲ့ Le Royaume ခေါ် The Kingdom လို့ခေါ်တဲ့ ကလပ်ထဲကို ဝင်သွားရင်းနဲ့ စိတ်ဝင်စားမှုကနေ စပြီးတော့ သူတကယ်စိတ်ပါတဲ့ ပုံစံ လွပ်လပ်မှုနဲ့ ခံစားမှုကို ရှာတွေ့သွားပါတော့တယ်။Marcia ဟာ အပြင်လူဖြစ်ပေမယ့် တနေ့မှာ အကမယ်တွေ ကင်မရာတွေ ကိုတွေ့ပြီးတော့ စိတ်ပါသွားတာနဲ့ ဝင်ခွင့်ပြိုင်မယ်ဆိုပြီးတော့ လုပ်တဲ့အခါမှာ အဲဒီလောကထဲကို မထင်မှတ်ပဲ ရောက်လာပါတော့တယ်။ ဒီအဖော်အချွတ်မယ်လောကထဲကို ရောက်လာတဲ့ အချိန်ကစပြီးတော့ သူ့ရဲ့ စိတ်ဆန္ဒတွေ အကြောက်တရားတွေ ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့ရှုံ့ချမှုတွေ ကို ခံရပါတော့တယ်။ဒီဇာတ်လမ်းထဲမှာဆိုရင် ကိုယ်ကြိုက်တာကိုယ်လုပ်ဆိုတဲ့ပုံစံမျိုးကို သွားထားပါတယ်။ မိန်းကလေး အပေါင်းအသင်းတွေကြားထဲက နားလည်ရခက်တဲ့ ပြဿနာတွေ၊သူ့ကိုသူလက်ခံနိုင်ဖို့ ဘယ်လိုလုပ်ခဲ့ရလဲဆိုတဲ့ အကြောင်းပါ။ Marcia ရဲ့ဇာတ်လမ်း၊ သူတကယ်ဖြစ်ချင်တာဖြစ်ဖို့အတွက် ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲခြင်းကို ဘယ်လို ကျော်ဖြတ်ခဲ့ရသလဲ ဆိုတာက ...
movie

My Sole Desire aka À mon seul désir (2023)

Eiffel (2021) 6.2
Eiffel (2021) ပြင်သစ်သမိုင်းဖြစ်ရပ်မှန် ဒရာမ အသစ်လေး ကြည့်လိုက်ရအောင်။ ဇာတ်ကားနာမည်ကိုတွေ့တာနဲ့ သိသာနေပါပြီ။ အိုက်ဖယ်မျှော်စင် (အီဖယ်မျှော်စင်)ကို တည်ဆောက်ခဲ့တဲ့ အင်ဂျင်နီယာ ဂုစတက် အိုက်ဖယ်ရဲ့ အကြောင်းပါပဲ။ အိုက်ဖယ်မျှော်စင်ကို ၁၈၈၇ ခုနှစ် ဇန်နဝါရီလမှာ စတင်တည်ဆောက်ခဲ့ပြီး ၂ နှစ် ၂ လ နဲ့ ၅ ရက်အကြာ ၁၈၈၉ မတ်လမှာ ပြီးစီးခဲ့ပါတယ်။ မီတာ ၃၀၀ အထိ မြင့်ပြီးတော့ သံတွေနဲ့တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ဒီလောက်ကမ္ဘာကျော် ဧရာမအဆောက်အဦအမြင့်ကြီးကို ဆောက်တဲ့နေရာမှာ ထူးခြားစွာပဲ သေဆုံးခဲ့သူ ကြီးကြီးမားမားထိခိုက်ခဲ့သူမရှိခဲ့ပါဘူး။ ဒါဟာလည်း အလုပ်သမားတွေနဲ့ ခေါင်းဆောင်တွေရဲ့ အရည်အချင်းတစ်ရပ်ပါပဲ။ ဒီရုပ်ရှင်ထဲမှာတော့ မျှော်စင်ကြီးစတည်ဆောက်ဖို့အကြောင်းဖန်လာပုံတွေ၊ ကြိုးစားခဲ့တာတွေ အခက်အခဲတွေကို ရိုးမန့်စ်ဒရာမာလေးတွေနဲ့ရောပြီး ပြသထားပါတယ်။  ရုပ်ရှင်ကောင်းတစ်ခုပဲမို့ တင်ပေးလိုက်ပါတယ်။ File size…(1.49GB)/(662MB)/(425.5 MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:01:00 Genre...Drama, Biography, History Subtitle….Myanmar ...
movie

Eiffel (2021)

Playlist (2021) 6.3
Playlist (2021) Playlist(2021) ==========IMDb Rating - 6.3/10ဒီရုပ်ရှင်ရဲ့ထူးခြားချက်က ကာတွန်းစာအုပ်ကိုဖြူမည်းရုပ်သံနဲ့ပြန်ရိုက်ထားတာပဲ ဂျပန်မန်ဂါတွေကို Anime အဖြစ်ပြန်အသက်သွင်းထားသလိုပေါ့... ပြင်သစ် Indie ရုပ်ရှင်တစ်ခုဖြစ်ပြီး ဒါရိုက်တာကိုယ်တိုင်ကလည်း ကာတွန်းဆရာပါ သူ့ကာတွန်းကိုရုပ်ရှင်အဖြစ် သူကိုယ်တိုင်ပဲ ပြန်အသက်သွင်းထားတာပါ။ဇတ်လမ်းအကြောင်းကို ပြောရရင် ကာတွန်းဆရာ မဖြစ်ချင်ပေမယ့် ဖြစ်ချင်တိုင်းမဖြစ်တဲ့ ဘဝကြီးမှာ လည်ပတ်နေရတဲ့ အထွေအထူးစိတ်ဝင်စားစရာမရှိတဲ့ ဆိုဖီရဲ့ဘဝအကြောင်းပါ.... ဇာတ်လမ်းက ကျွန်တော်တို့ဘဝတွေနဲ့အနီးစပ်ဆုံး reality show တစ်ခုကိုကြည့်နေရသလိုပဲ စကားလုံးအသုံးတွေအနည်းငယ်ကြမ်းမယ်....သာမန်အပျင်းပြေရုံကြည့်စရာရုပ်ရှင်တစ်ခုတော့ မဟုတ်တဲ့အတွက် လူတိုင်းအတွက်လို့တော့ ကျွန်တော် မညွှန်းချင်ဘူး...ဒါပေမယ့် ကျွန်တော် ကတော့ ပြင်သစ်သီချင်းဆွဲဆွဲငင်ငင်တွေ  lofi သီချင်းအကြောင်းတွေ ကာတွန်းလောကရဲ့ အကိုးအကားတွေအကြောင်းကို သိရတဲ့အတွက် သဘောကျမိတယ်။ ဘဝက ကောင်းတာတွေနဲ့ ဆိုးတာတွေကို ရောစပ်ထားတဲ့ Playlist တစ်ခုလိုပဲတဲ့၊ ဘာကအရင်လာမလဲ မသိနိုင်တာကိုက ဘဝရဲ့ဆန်းကြယ်မှုတစ်ခုပါပဲ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်။)File Size -(844 MB) / (438 MB) / (208 MB) Quality – WebRip -(1080p) /  (720p) ...
movie

Playlist (2021)

2021