Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Andovi da Lopez
7.7
Si Juki the Movie: Harta Pulau Monyet (2024)
Si Juki the Movie: Harta Pulau Monyet ( 2024 ) စီဂျူကီနှင့် မျောက်ကျွန်းရတနာသိုက်ဒီတစ်ခါတော့ CM ပရိသတ်ကြီး အပျင်းပြေကြည့်ရှုနိုင်ဖို့ အင်ဒိုနီးရှား ကာတွန်းကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။မိသားစုရဲ့ စီးပွားရေးကျဆင်းနေမှုကြောင့် အခက်တွေ့နေရတဲ့ ဂျူကီတစ်ယောက် လုပ်ငန်းကိုပြန်လည်ကြီးပွားတိုးတက်ဖို့ အကြံမျိုးစုံထုတ်ပြီး ကြိုးပမ်းနေရပါတယ်။ ဘယ်လိုလုပ်လုပ်မအောင်မြင်တာမို့ ရုန်းကန်နေရချိန် နောက်မတော်တဆနဲ့ ဘိုးဘေးတွေချန်ထားခဲ့တဲ့ ရတနာမြေပုံကိုရှာတွေ့သွားပြီးတဲ့နောက်မှာ အန္တရာယ်စွန့်စားခန်းအပြည့်နဲ့ ရတနာသိုက်ရှာပုံတော်ဖွင့်ပါတော့တယ်။သူတို့ရဲ့ စွန့်စားခန်းခရီးစဉ်မှာ ဘာတွေကြုံတွေ့ရမလဲ... အောင်မြင်စွာပဲ ရတနာတွေရလာမှာလား... ရတနာမြေပုံအတုဖြစ်နေတာမျိုးကြုံရပြီး လက်ဗလာနဲ့ပဲပြန်လာရမလား.... ရှိရင်းစွဲလုပ်ငန်းကိုပဲ အောင်မြင်ကြီးပွားအောင်ကြိုးစားကြမလားဆိုတာကိုတော့ စွန့်စားခန်းအပြည့်နဲ့ဟာသဆန်ဆန်ကြည့်ရှုခံစားနိုင်မှာပဲ ဖြစ်ပါတယ်။( အညွှန်းနဲ့ဘာသာပြန်ကတော့ CM Team တို့ပဲဖြစ်ပါတယ် ) File size… 1.4 GB / 688 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 47m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Team
movie
Si Juki the Movie: Harta Pulau Monyet (2024)
7.2
Dear Nathan: Thank You Salma (2022)
Dear Nathan Thank You Salma (2022) IMDb 7.2 နသန်နဲ့ဆယ်မာတို့ရဲ့နောက်ဆုံးထွက် ဇာတ်ကားလေးကိုတင်ဆက်ပေးထားပါတယ် အမျိုးသမီးတစ်ယောက် Sexual Harassment လုပ်ခံရပြီဆိုရင် " ဘာလို့ညဘက်ကြီးတစ်ယောက်တည်းသွားလဲ ဘာတွေဝတ်ထားလို့လဲဒီအချိန်ကြီးသွားတာကိုး' စသဖြင့် 'လဲ'ပေါင်းများစွာသောမေးခွန်းတွေအမေးခံရတာက ထုံးစံလိုတောင်ဖြစ်နေပါတယ် တောင်းပန်ခံရမယ့်လူကတောင်းပန်နေရတဲ့ ဘဝထဲ မဟုတ်မခံနသန်တစ်ယောက်ဝင်ရောက်သွားခဲ့မိပါတယ်တစ်ဖက်မှာလည်းဆယ်မာက သူ့ကိုဂရုစိုက်မပေးဘူးဆိုပြီး ပြတ်ကြတော့မယ့်အနေအထားပါ ဒါပေမယ့် နသန်လိုက်ကူညီနေတဲ့ကိစ္စကို ဆယ်မာသိသွားတဲ့အခါမှာတော့ မတရားမှုကိုတိုက်ထုတ်ဖို့သူတို့ဘယ်လိုတွေကြိုးစားသွားမလဲ ဒီမတရားမှုကိုရော ဆယ်မာ့နှလုံးသားကိုပါ နသန်တစ်ယောက်အနိုင်ရယူနိုင်မလားဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါရှင် File size…1.27GB / 616MB Quality…1080p NF WEB DL / 720p Format…mp4 Duration….1h 52m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni
movie
Dear Nathan: Thank You Salma (2022)
2022
6.5
Dilan 1991 (2019)
Dilan 1991(2019)IMDb~ 6.5/10အင်ဒိုနီးရှားနိုင်ငံရဲ့ ရိုမန့်တစ်အဆန်ဆုံး အချစ်ဇာတ်လမ်းလို့ ပြောလိုက်ရင် စာရေးဆရာ Pidi Baiq ရဲ့ Dilan စီးရီးက မပါမဖြစ်ပါDilan 1990(2018)၊ Dilan 1991(2019) နဲ့ Milae(2020) ဆိုပြီး ဇာတ်ကား သုံးကား ထွက်ရှိထားပါတယ်အခု တင်ဆက်ပေးမှာကတော့ 2019 မှာ ထွက်ခဲ့တဲ့ Dilan 1991 ပဲ ဖြစ်ပါတယ် (ကျန်တဲ့ နှစ်ကားကိုလည်း CM မှာ ဝင်ရောက်ကြည့်ရှူနိုင်ပါတယ်)ဒါကတော့ Dilan 1990 (2018) ပါ https://channelmyanmar.to/dilan-1990-2018/ဒါကတော့ Milae (2020) ပါ https://channelmyanmar.to/milea-2020/Dilan 1990(2018) မှာတုန်းက ဒီလန် နဲ့ မီလယ်ရာတို့ ချစ်သူတွေ ဖြစ်သွားခဲ့ကြပါတယ်ချစ်သူတွေဖြစ်ပြီးတဲ့နောက် ပေပေတေတေနေတတ်တဲ့ ဆိုင်ကယ်ဂန်းစတားလေး ဒီလန် နဲ့ ဆိုင်ကယ်အဖွဲ့နဲ့ မပတ်သက်စေချင်တဲ့ မီလယ်ရာတို့အကြား ပဋိပက္ခတွေ၊ အထင်အမြင်လွဲမှားမှုတွေ ပေါ်ပေါက်လာပါတော့တယ်အဲဒီပဋိပက္ခတွေ ကြားထဲမှာ ဒီလန် နဲ့ မီလယ်ရာတို့ ချစ်ခြင်းမေတ္တာကို ဆက်လက် ပုံဖော်နိုင်ပါ့မလားဆိုတာကတော့....အချစ်ဇာတ်လမ်းကောင်းကောင်းလေးတွေကို ...
movie
Dilan 1991 (2019)
2019
6.2
Milea (2020)
ဆိုင်ကယ်ဂိုဏ်းအဖွဲ့ထဲမှာပျော်နေပြီး အချိန်ဖြုန်းတတ်တဲ့ ဒီလန်တစ်ယောက် ကျောင်းသူသစ် မီလယ်ရာအာဒမ်ဟူစိန် (ခေါ်) လီယာ ကိုချစ်မိသွားလို့ ပုံစံမျိုးစုံနဲ့ ကောင်မလေးစိတ်ဝင်စားအောင်လုပ်ရင်း နောက်ဆုံးတော့ချစ် သူတွေဖြစ်သွားကြပါတယ် ထစ်ခနဲနေရန်ပွဲတွေနဲ့စီနေတတ်တဲ့ ဆိုင်ကယ်အဖွဲ့ကို လီယာဟာ တကယ်သဘောမကျပါပေမယ့် ချစ်စရာကောင်းတဲ့ စကားလုံးလေးတွေနဲ့ နွေးထွေးတဲ့ဒီလန်ကိုတော့ တကယ်မြတ်နိုးခဲ့ပါတယ် လီယာက ဒီလန့်ကို ဆိုင်ကယ်အဖွဲ့နဲ့ မပတ်သတ်စေချင်လို့ သတိပေးတဲ့အနေနဲ့ လမ်းခွဲမယ်လို့ တမင်ခြိမ်းခြောက်လိုက်ရာက အထက်တန်းကျောင်းပြီးလို့ အရွယ်ရောက်ဘွဲ့ရတဲ့အထိခွဲခွာလိုက်ရပြီး မထင်မှတ်ဘဲတစ်နေ့ ပြန်ဆုံတွေ့ကြတဲ့အခါမှာတော့……. ဒီဇာတ်ကားလေးကို ရှေ့မှာ Dilan 1990 (2018) နဲ့ Dilan 1991 (2019) ဆိုပြီး မတူညီတဲ့ ဇာတ်လမ်းအပိုင်းအစလေးတွေ ထွက်ရှိပြီး ပရိသတ်တွေ အကြိုက်တွေ့နေတဲ့ Indo အချစ်ဇာတ်ကားလေးပါ။ တစ်ယောက်ကိုတစ်ယောက်ချစ်ပေမယ့် ကောင်းမွန်တဲ့အမှတ်တရတွေကို သိမ်းဆည်းပြီး တစ်နေ့ပြီးတစ်နေ့ကုန်ဆုံးနေရတဲ့ဖီလင်ကို သိတဲ့လူတိုင်း၊ အထက်တန်းကျောင်းတုန်းက မေ့မရနိုင်တဲ့ အမှတ်တရတွေရှိတဲ့လူတိုင်း ကြိုက်နှစ်သက်မယ့် ဇာတ်ကားမျိုးလေးဖြစ်ကြောင်းအာမခံပါတယ်… File Size - 1.4 GB / 422.7MB Quality - web-dl 1080p Subtitle - burmese (hardsub) Translator - Htoo Htoo Ka Joe Encoder - Thit San Khant
movie
Milea (2020)
2020
7.8
Whipped (2020)
CMပရိသတ်ကြီးကို အင်ဒိုနီးရှားromcom ဇာတ်လမ်းလေးတစ်ပုဒ်နဲ့မိတ်ဆက်ပေးချင်ပါတယ် အန်ဒိုမာ၊ တွမ်မီ၊ ချန်ဒရာနဲ့ ဂျိုး ဆိုတဲ့ သူငယ်ချင်းလေးယောက်ဟာ escape roomဆိုတဲ့ လွတ်မြောက်ခန်းတစ်ခုထဲမှာ ကြိုးတုပ်လျက်သားနိုးလာပါတယ် တကယ်တော့ အဲ့ဒီလွတ်မြောက်ခန်းက သူတို့တက်နေတဲ့ အချစ်နွံမနစ်နည်းသင်တန်းတစ်ခုရဲ့အစိတ်အပိုင်းတစ်ခုပါ သူငယ်ချင်းလေးယောက်မှာ ချန်ဒရာတစ်ယောက်ကလွဲပြီး အားလုံးမှာကောင်မလေးကိုယ်စီရှိကြပါတယ် ကောင်မလေးတွေကလည်း အကျင့်ကတစ်ယောက်တစ်မျိုးစီ... တချို့က ကောင်လေးအပေါ်အရမ်းနိုင်တယ်... တချို့ကျတော့လည်း ကောင်လေးအပေါ်အရမ်းသည်းခံတယ် ကောင်မလေးကကိုယ့်အပေါ်နိုင်ပါများလာတော့ရော ရေရှည်ဆက်ပြီးသည်းခံနိုင်မလား ကိုယ့်အပေါ်ကောင်းတဲ့ကောင်မလေးနဲ့ရော ရာသက်ပန်ရွှေလက်တွဲခိုင်မြဲနိုင်မလား ဒီအချစ်နွံမနစ်နည်းသင်တန်းက သူငယ်ချင်းလေးယောက်ရဲ့ဘဝတွေကို ဘယ်လိုသက်ရောက်လာမှာလဲဆိုတာတွေကို ဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုကြရမှာပါ RSတွေကြားထဲမှာ FAကြီးတစ်ယောက်ကန့်လန့်ကန့်လန့်နဲ့ တကယ်လည်းရယ်ရသလို ဇာတ်လမ်းလေးကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ် Romcomဆိုပေမဲ့လို့ အဆုံးသတ်မှာ thriller နည်းနည်းဆန်ဆန်လေးနဲ့ ဇာတ်သိမ်းထားတာမို့လို့ ကြည့်လို့ကောင်းတဲ့ဇာတ်ကားလေးတစ်ကားဖြစ်မှာပါ File Size - 1 gb Quality - web-dl 1080p Subtitle - burmese Translator - MTA Encoder - Thit San Khant
movie
Whipped (2020)
2020