Channel Myanmar

Andie MacDowell

Muppets from Space (1999)
Muppets from Space (1999) IMDB Rating* - "6.4/10"နာမည်ကြီး Muppets Collections တွေထဲကမှ "Muppets from Space (1999) ဆိုတဲ့ ဇာတ်ကားလေးဟာ လူကြီး‌တွေရော ကလေးတွေအတွက်ပါ ကြည့်လို့ကောင်းမယ့် ကားလေးတစ်ကားဖြစ်ပါတယ်။ ဟာသနဲ့ စွန့်စားခန်းတွေ ပေါင်းစပ်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ဂွန်ဇိုဟာ သူ့ကိုယ်သူ ကမ္ဘာမြေပေါ်က တစ်ဦးတည်းသော ဂြိုလ်သားလို့ ယုံကြည်လာပြီး သူ့မိသားစုကို ရှာဖွေဖို့ စွန့်စားခန်းထွက်တဲ့ အကြောင်းကိုအဓိက ရိုက်ပြထားတာပါ။Muppets တို့ရဲ့ ထုံးစံအတိုင်း စတူဒီယိုကျတဲ့ ဇာတ်ရုပ်တွေဖြစ်တဲ့ မစ္စစ် ပစ်ဂီ၊ ကာမစ် စသဖြင့်နာမည်ကြီး ဇာတ်ကောင်တွေလဲ ပါဝင်ပါတယ်။ သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားဖြစ်သည့်တိုင်အောင် Muppets တို့ရဲ့ ရိုးရှင်းပြီး နှလုံးသားကို ထိမိစေတဲ့ သံယောဇဉ်က ဒီဇာတ်ကားကို မိသားစုနဲ့အတူ ပြန်လည်ကြည့်ရှုဖို့ အကောင်းဆုံး ရွေးချယ်စရာတစ်ခုအဖြစ် ထင်ရှားစေပါတယ်။ Muppets မကြည့်ဖူးသူတွေ ဒီကားလေးကို ကြည့်ရှုဖို့ ...
movie

Muppets from Space (1999)

Monte Carlo (2011) 5.8
Monte Carlo (2011) Monte Carlo (2011)အဆိုတော် Selena Gomez တယောက် ၁၈ နှစ်အရွယ်လောက်က ရိုက်ကူးထားတဲ့ ရှားရှားပါးပါးချစ်စရာရုပ်ရှင်ကားလေးပါ။ ဆလီနာဂိုးမက်ဇ်အပြင် Katie Cassidy ၊ Leighton Meester တို့လို မမကြီးတွေပါ ပါဝင်ထားပါတယ်။ဇာတ်လမ်းကတော့... Grace (Selena Gomez) ဟာ တက္ကဆက်က ဆင်းရဲတဲ့ စားပွဲထိုးကောင်မလေးတယောက်ဖြစ်ပြီး ပါရီမြို့ကိုအလည်သွားဖို့ဆိုတာ သူမရဲ့အိမ်မက်ဖြစ်ပါတယ်... ဒီလိုနဲ့ အထက်တန်းလဲအောင်မြင်ပြီးတာနဲ့ သူမနဲ့ သူငယ်ချင်း Emma (Katie Cassidy)၊ အစ်မ Meg (Leighton Meester) တို့ဟာ ပါရစ်မြို့ကို အလည်အပတ်ခရီးထွက်ကြပါတယ်။ ဖြစ်ချင်တော့ ပါရီမှာ Grace နဲ့ တထေရာထဲတူတဲ့ သူဌေးသမီး Cordelia Winthrop Scott ကို တွေ့ပြီး မတော်တဆ အစားထိုးဝင်ရောက်သွားတဲ့အခါ တက္ကဆက်က စားပွဲထိုးကောင်မလေးဟာ Monte Carlo က သူဌေးသမီး ဇိမ်ခံဘဝကို တမုတ်ဟုတ်ချင်းရောက်သွားပါတော့တယ်။ "တစ်ခါတလေ လူတစ်ယောက်ရဲ့ဘဝကို ခဏနေကြည့်ဖို့ ...
movie

Monte Carlo (2011)

A Sudden Case of Christmas (2024) 4.8
A Sudden Case of Christmas (2024)  A Sudden Case of Christmas (2024) ခရစ္စမတ်ကာလာနီးလာပြီဆိုတော့ ခရစ္စမတ်နဲ့သက်ဆိုင်တဲ့ ဇာတ်ကားတွေကအပြိုင်အဆိုင်ထွက်လာကြပြီပေါ့နော်။ဒီတစ်ခေါက်ဇာတ်ကားလေးကတော့ ခရစ္စမတ်မှာ မိသားစုနဲ့ တူတူကြည့်လို့ကောင်းမယ့် ဇာတ်ကားလေးတစ်ခုဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းဆိုရင်တော့ Abby နဲ့ Jacob တို့စုံတွဲဟာ ကွာရှင်းတော့မှာဖြစ်တဲ့အတွက် သူတို့သမီးလေးဖြစ်တဲ့ Claire လေးကို အဘိုးဖြစ်သူ Lawrence နေထိုင်ရာအီတလီနိုင်ငံက မိသားစုပိုင်ဟော်တယ်ကြီးတစ်ခုကိုခေါ်လာခဲ့ပါတယ်။ပုံမှန်ဆို ခရစ္စမတ်နားနီးမှ လာလေ့ရှိပေမဲ့ ဒီတစ်ခါတော့ နွေလယ်ခေါင်ကြီးပေါက်ချလာပြီး အဖေဖြစ်သူကို Claire လေးနားလည်အောင်ရှင်းပြဖို့ အပူကပ်ပါတော့တယ်။Claire သိသွားတဲ့အခါမှာတော့ နွေလည်ခေါင်ကြီးမှာ ခရစ္စမတ်လုပ်ချင်တယ်လို့ပူဆာပါတော့တယ်။မိဘတွေ အိမ်ထောင်ကွဲတော့မှာဖြစ်လို့ မြေးဖြစ်သူရဲ့ဆန္ဒကို Lawrence တစ်ယောက်လိုက်လျောပေးရင်း သူ့ဟော်တယ်မှာ ခရစ္စမတ်ပွဲကျင်းပပေးဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ဒီတော့ Claire တစ်ယောက် သူ့မိဘတွေအဆင်ပြေအောင် ခရစ္စမတ်ပွဲမှာဘယ်လိုမျိုးကြံစည်သွားမလဲဆိုတာကိုတော့ ပေါ့ပေါ့ပါးပါးကြည့်လို့ကောင်းမယ့် မိသားစုဒရာမာဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ S4L ဖြစ်ပါတယ်။)File size…(1.6 GB) / (880 ...
movie

A Sudden Case of Christmas (2024)

2024
Goodrich (2024)
Goodrich (2024) IMDb – 6.3/10RT – 78% (6.2/10)ဇာတ်လမ်းအကျဉ်းအန်ဒီဂွတ်ရစ်ချ် (Michael Keaton) ဟာ ပန်းချီပြခန်းလေးတစ်ခုကို ဦးစီးနေတဲ့ အလုပ်စွဲနေသူတစ်ဦးဖြစ်ပါတယ်။မိသားစုကိုလဲ ဂရုမစိုက်သလို အငြင်းလဲ အင်မတန်သန်သူဖြစ်ပါတယ်။ အဲဒါတွေကြောင့်ပဲ ပထမအိမ်ထောင်နဲ့ကွဲကွာခဲ့ရပြီး ဒုတိယလက်ရှိအိမ်ထောင်နဲ့လဲ အဆင်မပြေလှပါ။ တစ်ညမှာတော့ လက်ရှိဇနီးက ဆေးဖြတ်စခန်း (ရုပ်ရှင်ထဲကအသုံးအနှုန်းကတော့ ပြန်လည်ထူထောင်ရေးစခန်း)ကနေ ဖုန်းလှမ်းဆက်ပြီး ရက်ပေါင်း ၉၀ စခန်းဝင်မယ့်အကြောင်းကို ပြောပြချိန်မှာတော့ သူတစ်သက်နဲ့တစ်ကိုယ် မလုပ်ဖူးတာတွေ စလုပ်ရပါတော့တယ်။ တစ်ချိန်တည်းလိုလိုမှာပဲ နဂိုကတည်းက ယိုင်နဲ့နေတဲ့ ပန်းချီပြခန်းကလည်း အကျပ်အတည်းတွေ ရင်ဆိုင်နေရပြီး ရုန်းကန်နေရပါတယ်။လက်ရှိအိမ်ထောင်နဲ့မွေးထားတဲ့ အမွှာနှစ်ယောက်ကို ကြည့်ပေးဖို့ ပထမအိမ်ထောင်နဲ့ရထားတဲ့ လက်ရှိကိုယ်ဝန်ဆောင်နေတဲ့သမီး ဂ‌ရေ့စ် (Mila Kunis) ကို အကူအညီတောင်းရပါတော့တယ်။ နောက်ဆုံးမှာတော့ဇာတ်လိုက်ကြီး အန်ဒီတစ်ယောက် သမီးဂ‌ရေ့စ် တစ်သက်လုံးမရဘူးတဲ့ အဖေအဖြစ် ပြောင်းလဲသွားနိုင်မလား ၊ ပန်းချီပြခန်းလုပ်ငန်းလေးကို အသက်ပြန်ဆက်နိုင်မလား၊ ဆေးစွဲနေတဲ့ ဇနီးကကော အိမ်ပြန်လာပါ့မလားဆိုတာတွေကို ...
movie

Goodrich (2024)

The Player (1992) 7.5
The Player (1992) The Player (1992) အညွှန်း *************************** IMDb rating ...... 7.5/10 Rotten Tomatoes 98% (ဒီထဲကမင်းသားကThe Shawshank Redemption (1994)ထဲမှာ စကားလေးမပွင့်တပွင့်ပြောရင်းကျွန်တော်တို့နှလုံးသားကို သိမ်းပိုက်သွားတာအားလုံးသိကြမယ်ထင်ပါရဲ့)Hollywood ရဲ့ ရုပ်ရှင်ထုတ်လုပ်ရေးလောကမှာ ထုတ်လုပ်သူတစ်ယောက်လုပ်ရတာဟာ ထင်သလောက်မရိုးရှင်းလှပါဘူး....စာရေးဆရာတွေဆီက တစ်ရက်တစ်ရက်ကို ကမ်းလှမ်းလာတဲ့ ရာနဲ့ချီသော ဇာတ်လမ်းပေါင်းစုံကို နားထောင်ပြီး ဇာတ်ကားရိုက်သင့်မရိုက်သင့် ဆုံးဖြတ်ပေးရပါတယ်...ကမ်းလှမ်းလာသမျှဇာတ်လမ်းတိုင်းကို ထုတ်လုပ်သူတစ်ယောက်အနေနဲ့ လက်ခံဖို့မဖြစ်နိုင်တဲ့အခါစာရေးဆရာတွေရဲ့ မုန်းတီးမှုကိုခံကြရပါတယ်...ဂရစ်ဖင်န် မေးလ် ဟာလည်း ဟောလီးဝုဒ်နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်ရေးစတူဒီယိုတစ်ခုရဲ့ အကြီးအကဲတွေထဲက တစ်ယောက်ပါ...တစ်နေ့မှာတော့ သူ့ဆီကို အမည်မသိ စာရေးဆရာတစ်ယောက်ဆီက ခြိမ်းခြောက်စာတွေ အဆက်မပြတ်ရောက်လို့လာခဲ့ပါတယ်...ဒီချိန်းခြောက်စာတွေဟာ တစ်ရက်ထဲမဟုတ် အကြိမ်ရေများလာတဲ့အခါမှာတော့ဂရစ်ဖင်တစ်ယောက် စိတ္တဇဖြစ်လာတယ်...အဲ့ဒီနောက် ဒီကိစ္စကို တစ်ယောက်ထဲဖြေရှင်းဖို့ကြိုးစားတော့တယ်...အဲ့ဒီအချိန်ကစပြီး မဟာပြဿနာပေါင်းစုံတက်တော့တာပါပဲ...…ဒီဇာတ်ကားဟာ တစ်ခေတ်တစ်ခါရဲ့ နာမည်ကျော်မင်းသားကြီး Tom Robbins ဦးဆောင်ထားပြီး Greta Scacchi နဲ့ အခြား နာမည်ကြီးသရုပ်ဆောင်များစွာပါ၀င်ထားပါတယ်... ဒါ့အပြင် ဆုပေါင်း (၁၄) ဆုအထိဆွတ်ခူးထားပြီး ၀က်၀က်ကွဲအောင်မြင်ခဲ့တဲ့ဇာတ်ကားကောင်း တစ်ကားလည်းဖြစ်ပါတယ်ဇာတ်လမ်းအစမှ အဆုံးအထိ ရင်တထိတ်ထိတ်ကြည့်ရမဲ့အပြင် ယနေ့ခေတ်နဲ့မတူ ...
movie

The Player (1992)

Good Girl Jane (2024)
Good Girl Jane (2024) Euphoriaနဲ့ vibeချင်းတူတဲ့ ဒီရုပ်ရှင်လေးထဲမှာ The Summer I Turned Pretty seriesထဲက Taylorအဖြစ် သရုပ်ဆောင်တဲ့ မင်းသမီး Rain Spencerက အဓိက‌ဇာတ်ကောင်အနေနဲ့ ပါဝင်ထားပါတယ်။ Coming of Age dramaအမျိုးအစားဖြစ်ပြီး ဆယ်ကျော်သက်တွေရဲ့ သဘာဝအတိုင်း အချစ်ကြောင့် စိတ်ခံစားချက်မွှန်တာတွေ၊ identityပျောက်ဆုံးမှုတွေ၊ လမ်းပျောက်တာတွေကို အဓိကထားပြီး ရိုက်ကူးထားတာဖြစ်တဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့  အထက်တန်းကျောင်းသူလေး တစ်ယောက်ဖြစ်တဲ့ Janeဟာ အထီးကျန်ဆန်မှုတွေ၊ မိသားစုပြဿနာတွေကနေ ရုန်းထွက်တဲ့အနေနဲ့ ‌မူးယစ်ဆေးစွဲတဲ့လူငယ်တစ်အုပ်နဲ့ပေါင်းမိသွားခဲ့ပါတယ် သူတို့ရဲ့အပေါင်းအဖော်ဖြစ်တဲ့ မူးယစ်ဆေးအရောင်းအဝယ်သမား Jamieနဲ့ ကြိုက်မိသွားပြီးနောက် ဆေးတွေသုံးရင်း သူမရဲ့ဘဝဟာ အပြောင်းအလဲတွေကြားမှာ ရုန်းကန်ရပြီး ဆေးလောကဟာ အန္တရာယ်တွေနဲ့ ကိုယ်ကျိုးကိုပဲကြည့်တဲ့သူတွေနဲ့သာ ပြည့်နှက်နေတယ်ဆိုတာသိလာပါတော့တယ်။သူမရဲ့လုံခြုံမှုနဲ့ အတူ ပျောက်ဆုံးသွားတဲ့ ကိုယ်ပိုင်တန်ဖိုး‌တွေကို ပြန်လည်ရှာဖွေရင်း Janeတစ်ယောက် အချစ်၊ မိသားစုနဲ့ သူငယ်ချင်းတွေကြားမှာ ဘယ်လို ဆုံးဖြတ်ချက်တွေကို ချသွားမလဲဆိုတာလေးကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။File ...
movie

Good Girl Jane (2024)

Dinner with Friends (2001) 6.1
Dinner with Friends (2001) ၁၉၉၈ ခုနှစ်က ပြဇာတ်ရေးဆရာ Donald Marguliesရဲ့ ပူလစ်ဇာဆုရပြဇာတ်ကို မှီငြိမ်း ရိုက်ကူးထားတာဖြစ်ပါတယ်။အိမ်ထောင်သက်တမ်းလည်း ကြာပြီဖြစ်သလို သူငယ်ချင်းတွေ ဖြစ်ခဲ့ကြတာလည်း ကြာပြီဖြစ်တဲ့အိမ်ထောင်သည်စုံတွဲ (၂) တွဲဖြစ်တဲ့ ဂေ့ဘ် နဲ့ ကယ်ရန်၊ တွမ် နဲ့ဘက် ဟာ ကလေး (၂) ယောက်စီရပြီးချိန်အထိအစားအသောက်ဝေဖန်ရေးဆောင်းပါးရှင် ဂေ့ဘ် နဲ့ ကယ်ရန် တို့ရဲ့ လက်ရာကို မြည်းစမ်းကြရင်းဂေ့ဘ်တို့အိမ်မှာ ညစာပါတီကျင်းပကြတဲ့ အလေ့အထကို နှစ်များစွာကြာအောင် ထိန်းသိမ်းခဲ့ပါတယ်။တစ်ညမှာ ဘက် နဲ့ ကလေး (၂) ယောက်ပဲ ဂေ့ဘ်တို့ရဲ့ ညစာစားပွဲကို ရောက်လာနိုင်ခဲ့ပါတယ်။တွမ်တစ်ယောက် ဒီစီကို သွားနေရတယ်လို့ ဘက်ကပြောပြီး ညစာကို ထုံးစံအတိုင်း အတူတူစားပြီးတဲ့နောက်ဂေ့ဘ်နဲ့ ကယ်ရန်ကလည်း သူတို့ရဲ့ ခရီးစဉ်အကြောင်းကို ရွှန်းရွှန်းဝေအောင် ပြောနေကြပါတယ်။ဘဝကို ပျော်ရွှင်စွာဖြတ်သန်းပြီး စိတ်တူကိုယ်တူပြောဆိုနေကြတဲ့ ဂေ့ဘ် တို့ (၂) ယောက်ကိုကြည့်ပြီးဘက်က မခံစားနိုင်တော့ဘဲ ရင်ဖွင့်လာခဲ့ပါတော့တယ်။ ...
movie

Dinner with Friends (2001)

Footloose (2011) 5.8
Footloose (2011)  ဒီဇာတ်ကားလေးကတော့ အားလုံးလည်းကြားဖူးနေလောက်တဲ့ သံစဉ်တွေနဲ့ဇာတ်ကားလေးဖြစ်ပါတယ်..footloose ဆိုတဲ့ ၁၉၈၄ ကဇာတ်ကားကို remakeပြန်ရိုက်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားလေးလည်းဖြစ်ပါတယ်...ဇာတ်လမ်းအကျဉ်းလေးကတော့ဘုန်းမောက်ဆိုတဲ့ နယ်မြို့ကဦးလေးဆီကို တစ်ကောင်ကြွက်ဘဝနဲ့ရောက်လာတဲ့ ရန်မက်ကောမက်ဆိုတဲ့ကောင်လေးတစ်ယောက် သူဟာမြို့ကိုရောက်ရောက်ချင်းမှာပဲထူးခြားတဲ့ကန့်သတ်ချက် ဥပဒေတွေနဲ့ကြုံရပါတော့တယ် လွတ်လပ်ပါတယ်ပါတီတွေနေညမပြတ်လုပ်နေပါတဲ့ဆိုတဲ့ အမေရိကန်နိုင်ငံထဲကဒီမြို့လေးထဲမှာ အကကခွင့်ကိုရော လူငယ်တွေညထွက်ခွင့်ကိုပါပိတ်ပင်ထားတာပါ အကဟာသူ့ဘဝအတွက်အရမ်းအရေးပါတဲ့အရာတစ်ခုဖြစ်နေတဲ့ ရန်မက်ကောမက်အတွက်တော့ဒါကအဓိပ္ပာယ်မရှိတဲ့ပိတ်ပင်မှုတစ်ခုလိုဖြစ်နေပြီး ဘုန်းမောက်ကကျောင်းသားတော်တော်များများကလည်း မကြိုက်ကြပါဘူး ဒီလိုနဲ့သူဒါတွေကိုဆန့်ကျင်ရင်း နောက်ဆုံးကျောင်းသားတွေလွတ်လပ်ခွင့်ရမလား သီချင်းတွေ အကတွေ ဒရမ်မာတွေ ပုန်ကန်မှုတွေနဲ့musical drama ကားကောင်းလေးကိုကြည့်ရှူရမှာပဲဖြစ်ပါတယ်မင်းသားအဖြစ် လက်တွေ့ဘဝမှာလည်းအကသမားတစ်ယောက်ဖြစ်တဲ့ Kenneth Edgar Wormald နဲ့ Dancing withthe Stars ကဒိုင်တစ်ယောက်ဖြစ်တဲ့ မင်းသမီး JulianneAlexandra Hough တို့ကိုကြည့်ရှူရမှာလည်းဖြစ်ပါတယ်..  File size…2.22GB / 1.10GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 53m Genre …..Comedy , Drama , Music Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ...
movie

Footloose (2011)

Red Right Hand (2024) 5.3
Red Right Hand (2024) Red Right Hand (2024)ဒီကားလေးကတော့ The Lord of the Rings နဲ့ Pirates of the Caribbean ကားတွေထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး 90's Born တွေရဲ့ အချစ်ဦးဖြစ်ခဲ့တဲ့မင်းသား Orlando Bloom ရဲ့ Thriller, Action အမျိုးအစား ကားသစ်လေးဖြစ်ပါတယ်။ကတ်ရှ်က လူမိုက်ဘ၀ကထွက်ပြီး ယောက်ဖနဲ့တူမနဲ့အတူ ခြံကိုဦးစီးနေသူပါ။ ယောက်ဖဖြစ်သူက ခြံကိုအပေါင်ခံပြီး မြို့ရဲ့ရာဇ၀တ်ခေါင်းဆောင်"ဘစ်ကတ်"ဆီမှာ ပိုက်ဆံချေးခဲ့ပါတယ်။ ဘစ်ကတ်က ကတ်ရှ်ကိုသူ့ဆီ အလုပ်ပြန်လာလုပ်ဖို့ ယောက်ဖနဲ့တူမဖြစ်သူကိုပါ ချိန်းခြောက်ပြီး အဓမ္မစေခိုင်းခဲ့ပါတယ်။ ဒီလိုနဲ့ ဘာဆက်ဖြစ်မလဲဆိုတာ ဆက်လက်ခံစားကြပါဦး။ဇာတ်လမ်းက နည်းနည်းမွဲပြာပုဆိုးလို့ပြောလို့ရပေမဲ့ ‌ဇာတ်ဆောင်တွေရဲ့ သရုပ်ဆောင်မှုတွေ စိတ်လှုပ်ရှားစရာဇာတ်၀င်ခန်းတွေနဲ့ ဇာတ်ကိုဆွဲခေါ်နိုင်တာမလို့ Thriller ကြိုက်တတ်တဲ့သူတွေ အကြိုက်တွေ့မှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2GB, 1GB Quality ...
movie

Red Right Hand (2024)

2024
Barnyard (2008) 5.6
Barnyard (2008) Barnyard (2006) IMDb 5.6/10ကလေးတွေသဘောကျမဲ့barnyard (တိရိစ္ဆာန်တို့ရဲ့ ကျီ) ဆိုတဲ့ဇာတ်ကားကတော့ ဘဝကို ပျော်ပျော်ရွှင်ရွှင်ပေါ့ပေါ့ပါးပါးနေတတ်တဲ့ အိုတစ်စ်ဆိုတဲ့ နွားတစ်ကောင်ဟာ ကျီမှာနေရတဲ့သာမာန်ဘဝကို ပျင်းစရာလို့ ထင်မြင်နေခဲ့ပါတယ်။ လူတွေအနားမှာမရှိတဲ့အခါ တိရစ္ဆာန်တွေဟာ လူတွေလို ပြုမူနေထိုင်ကြပါတယ်။ အိုတစ်စ်ရဲ့ မွေးစားဖခင်ဖြစ်တဲ့ ကျီ အကြီးအကဲနွားကြီး ဘန်ဟာ တာဝန်မယူစိတ်မရှိတတ်ပဲ သူငယ်ချင်းတွေနဲ့ပဲပျော်ပါးနေတဲ့ သူ့ရဲ့ မွေးစားသားဖြစ်သူကိုကြည့်ပြီး စိတ်မကောင်းဖြစ်နေခဲ့တာပါ။ အဲ့ဒီလိုနဲ့ တစ်ညမှာတော့ ခေါင်းဆောင် ဘန်ဟာ ကျီမှာရှိတဲ့တိရစ္ဆာန်တွေကို ညကင်းစောင့် ကာကွယ်ပေးရင်း ဝံပုလွေအုပ်ရဲ့လက်ထဲ အသက်ပေးလိုက်ရပါတော့တယ်။ မွေးစားအဖေ ဘန်မရှိတော့တဲ့နောက်မှာ ရုတ်တရက်ပြောင်းလဲသွားတဲ့ အခြေအနေတွေက ခေါင်းဆောင်တစ်ယောက်ရဲ့ဆက်ခံသူဖြစ်တဲ့ မွေးစားသား အိုတစ်စ်အတွက် တာဝန်ယူစရာအဖြစ် ရောက်လာတဲ့အချိန်မှာတော့ အပျော်ကြိုက်တဲ့ နွားလေး အိုတစ်စ်တစ်ကောင် ပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲ၊စစ်မှန်တဲ့ ခေါင်းဆောင်မှုကနေ ရရှိလာတဲ့ပျော်ရွှင်မှုကို သူဘယ်လို နားလည်အောင်လုပ်မလဲ ဆိုတာ "Barnyard" ဆိုတဲ့ ဇာတ်ကားမှာ သူ့ရဲ့စွန့်စားခန်းတွေ ပျော်တတ်ပုံတွေနဲ့ ပေါင်းသင်းဆက်ဆံတွေအကြောင်း အဖြေရှာရင်း ပေါ့ပေါ့ပါးပါးလိုက်ပါကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…  1.71 GB /  815 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 30m Genre ...
movie

Barnyard (2008)

2006
The Other Zoey (2023)
The Other Zoey (2023)  ဇိုဝီ မီလာ (Josephine Langford) ကတော့ နည်းပညာဂျပိုးမ‌လေးတစ်ယောက်ဖြစ်ပြီး စိတ်ကူးယဉ်ဆန်တဲ့ ချစ်ခြင်းတွေကိုမယုံကြည်ဘဲ ကိန်းဂဏန်းတွေ၊ ဒေတာတွေကိုအခြေခံပြီး အယ်ဂိုရီသမ်နဲ့တွက်ချက်ထားတဲ့ လိုက်ဖက်ညီမှုအပေါ်မှာသာ ယုံကြည်တဲ့သူတစ်ယောက်ပါ။တစ်နေ့မှာ သူတို့ကျောင်းဘောလုံးအသင်းရဲ့ ကပ္ပတိန်ဖြစ်သူ ဇက်ခ် မက်ကလဲရန် (Drew Starkey) ကိုယာယီအတိတ်မေ့သွားအောင် မတော်တဆ လုပ်လိုက်မိသလိုဖြစ်သွားခဲ့ပြီး ဇိုဝီ မီလာကို သူ့ရဲ့ ကောင်မလေး ဇိုဝီ ဝေါလေ့စ်အဖြစ် ထင်သွားခဲ့ပါတယ်။ ဖြစ်ချင်တော့ ဟောပြောပွဲတစ်ခုမှာတွေ့မိပြီးသူနဲ့ လိုက်ဖက်ညီနိုင်စွမ်းမြင့်တာမလို့ ဇိုဝီသဘောကျနေတဲ့ မိုင်းစ် (Archie Renaux) ဆိုတဲ့ နည်းပညာဂျပိုးကလည်း ဇက်ခ်တို့အိမ်ကို ပိတ်ရက်အလည်ရောက်နေတဲ့ အစ်ကိုဝမ်းကွဲဖြစ်နေခဲ့ပါတယ်။ ဒီလိုနဲ့ ဇိုဝီလည်း မထူးဇာတ်ခင်းပြီး ဇိုဝီ ဝေါလေ့စ်အဖြစ် ဆက်ဟန်ဆောင်ခဲ့ရင်း ဇက်ခ်တို့မိသားစုနဲ့အတူ နှင်းလျောစီးခရီးထွက်ဖို့ လိုက်လာခဲ့ပါတော့တယ်။စိတ်ကူးယဉ်ဆန်တဲ့ အချစ်ကို အယုံအကြည်မရှိတဲ့ ဇိုဝီ မီလာ တစ်ယောက် ဇက်ခ်တို့မိသားစုနဲ့အတူ နှင်းလျောစီးခရီးထွက်ပြီး မိုင်းစ်နဲ့နီးစပ်အောင်လုပ်နေရင်း သူ့ဘဝကြီးဘယ်လိုဖြစ်လာမလဲ၊ သူတစ်သက်လုံးယုံကြည်လာခဲ့တဲ့ ...
movie

The Other Zoey (2023)

Breaking at the Edge (2013)
Breaking at the Edge (2013) ဘီယန်ကာ ဝုဒ်ရဲ့နေ့စဉ်ဘ၀က အရမ်းခက်ခဲပင်ပန်းရတယ်။ပထမဆုံး ရင်‌သွေးကိုဆုံးရှုံးခဲ့ရပြီးတဲ့နောက် စိတ်ရောဂါရပြီးရူးမတတ်ဖြစ်ခဲ့ရတဲ့ ဘီယန်ကာကို ယောကျာ်းဖြစ်သူ အီယန် ဝုဒ်ကအနီးကပ်စောင့်ရှောက်ပေးနေတာပါ။ဒီလိုမျိုး တနေ့တနေ့ မရှိခြင်းနဲ့ရှိခြင်းကို ခက်ခက်ခဲခဲ ခွဲခြားနေရတဲ့ဘီယန်ကာရဲ့နောက်ကို အခုတလော လိုက်နေတာကထူးထူးဆန်းဆန်းကောင်မလေးတယောက်။ဘီယန်ကာတယောက်ကပဲ သူ့ကိုမြင်နိုင်သလို ဒီကောင်မလေးနဲ့ပတ်သက်ပြီး သူစုံစမ်းလို့ရသိလိုက်ရတဲ့အရာတိုင်းကထူးဆန်းပြီးရင်းထူးဆန်းနေတယ်။ယောကျာ်းဖြစ်သူအပါအ၀င် လူတိုင်းကတော့ ဘီယန်ကာတယောက်ကိုယ်၀န်ကြောင့် ဆေးသောက်တာရပ်လိုက်တဲ့အတွက် စိတ်ချောက်ချားပြီးမြင်ချင်ရာမြင် စိတ်ကူးတွေယဉ်နေတာလို့ပဲထင်ကြတယ်။ဒါပေမယ့် ဒီကောင်မလေးကြောင့် ဘီယန်ကာရဲ့မမွေးဖွားသေးတဲ့ဒုတိယ ရင်သွေးကိုပါ ထိခိုက်လာတဲ့အခါမှာတော့ ဘီယန်ကာတယောက်ဘယ်အရာက အမှန်တရားလဲ။သူကပဲရူးနေတာလား။ ဒီကောင်မလေးက ဘာဖြစ်လို့သူ့ကိုမှ ဒီလိုမျိုးလုပ်နေတာလဲ။တကယ့်အဖြစ်မှန်ကဘာလဲ။ အဆုံးမှာ ဘီယန်ကာနဲ့ သူ့ရဲ့ရင်သွေးလေးရောဘေးကင်းနိုင်ပါ့မလားဆိုတာကို ရှုစားအားပေးကြပါဦးခင်ဗျ File size…  1.58 GB /  682 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 26m Genre .....  Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Brackman
movie

Breaking at the Edge (2013)

2013
Bad Girls (1994) 5.2

Bad Girls (1994)

My Happy Ending (2023) 5.2
My Happy Ending (2023) My Happy Ending (2023)ဘ၀မှာ ကြောက်စရာရောဂါဆိုးကြီးဖြစ်လာရင် ဘယ်လိုရင်ဆိုင်ကြမှာလဲ... အရှုံးမပေးဘဲ အနိုင်ယူကြမှာလား။ ဂျူလီယာရော့သ်ဆိုတဲ့ အမျိုးသမီးအဖြစ်ကတော့ သူများတွေလိုမဟုတ်ပါဘူး။ ကိုယ့်ဘ၀ရဲ့ ပျော်ရွှင်စရာ အဆုံးသတ်ကို ကိုယ်တိုင်ရွေးချယ်လို့ရတယ်ဆိုတာပြသွားတာပါ။ဂျူလီယာက တစ်ချိန်က ဟောလီးဝုဒ်နာမည်ကြီးသရုပ်ဆောင်ဖြစ်ပြီး ခုချိန်မှာတော့ နာမည်ကျလာပြီး တစ်ချိန်တည်းမှာပဲ အူမကြီးကင်ဆာဖြစ်နေပါတယ်။ ဒါကို သူ့မန်နေဂျာကလွဲရင် သူ့သားသမီးတွေရောဘယ်သူမှမသိပါဘူး။ မကြာခင်မှာ သမီးဖြစ်သူရဲ့လက်ထပ်ပွဲလည်းရှိနေပါတယ်။ သူ့ဆရာ၀န်က ညွှန်းပေးတဲ့ လန်ဒန်အပြင်က ဆေးခန်းလေးမှာ ‌ဓာတုကုထုံးနဲ့ ကီမိုဆေးသွင်းဖို့ရောက်လာပါတယ်။ အဲဒီက သူနေရမယ့်အခန်းမှာ တခြား ကင်ဆာရောဂါသည်အမျိုးသမီး ၃ဉီးလည်းရှိနေပါတယ်။ ရောက်ကာစကတော့ ဂျူလီယာနဲ့ နည်းနည်းအဖုအထစ်လေးဖြစ်ပေမယ့် ပြန်အဆင်ပြေသွားပါတယ်။ ဂျူလီယာရဲ့ကင်ဆာက အဆင့် ၄ ရှိနေပြီး သူတို့ထဲမှာ အဆိုးဆုံးအခြေအနေလို့ပြောလို့ရပါတယ်။ကျန်တဲ့ ၃ယောက်က သူတို့ဆေးတွေသွင်းရလို့ နာကျင်တဲ့အချိန်မှာ နာတဲ့စိတ်ကို ပြေပျောက်အောင်လို့ စိတ်ကူးယဉ်ပြီးကစားတဲ့ အားလပ်ရက်ခရီးဆိုတာမျိုးရှိပါတယ်။ ဂျူလီယာ့ကိုလည်း အဲဒီလိုကစားနည်းကို ပြပေးပြီး သူတို့အတူ ကစားကြပါတယ်။ ဒီလိုနဲ့ ...
movie

My Happy Ending (2023)

2023
Attack of the Hollywood Clichés! (2022) 6.1
Attack of the Hollywood Clichés! (2022) Attack of the Hollywood Clichés! (2022) ============================= IMDb Rating - 6.1/10လူတိုင်းလိုလို ရုပ်ရှင်တွေကြည့်နေရင်းက "ဒီကောင်မလေးက အနောက်က လိုက်ဖမ်းတာခံနေရတာကို ဘာလို့ဒေါက်မြင့်ဖိနပ်ကြီးနဲ့ပြေးနေရတာတုန်း ချွတ်ပြေးပါလား" တို့၊ "မင်းသားကို လူဆိုးတွေက တပြိုင်တည်းဘာလို့ မချ ဘဲနဲ့ တစ်ယောက်ချင်းစီအလှည့်ကျချနေကြရတာတုန်း" တို့ "အရေးဟဲ့ အကြောင်းဟဲ့ဆိုရင် ဖုန်းကဘာလို့ဘက်ထရီထထကုန်ရတာလဲ" တို့ဆိုပြီး မေးခွန်းပေါင်းသောင်းခြောက်ထောင်မေးဖူးကြမှာပါ။ပြီးတော့ အချစ်ကား‌‌တွေမှာ‌ဆိုရင် မင်းသား၊ မင်းသမီးတွေ တစ်ယောက်ဆီကို တစ်ယောက်‌ပြေးလိုက်သွားကြတဲ့အခန်းတို့ ၊ အက်ရှင်ကားဆိုလည်း ကားတွေ နဲ့ လိုက်ဖမ်းရတဲ့အခန်းတို့ ဘာတို့ကို ကားတိုင်းနီးပါးလိုလိုမှာထည့်ထားတတ် ကြတာ သတိထားမိမှာပါ။ အဲ့လိုမျိုးတွေကများများလာတော့ ကိုယ်တွေဆို တစ်ခါတစ်လေ ဘော်ဒါတွေအချင်းချင်းပြန်အာလူးဖုတ်ပြောတတ်ကြတယ် မလား။ မပူပါနဲ့ ကိုယ်တွေတင်မကဘူး ရုပ်ရှင်လောကသားတွေကိုယ်တိုင်ပါ ပြောတတ်ကြပါတယ်။ဒီတော့ ဒီအစီအစဉ်မှာ အဲ့လိုဖန်တစ်ရာတေနေတဲ့အကြောင်းတွေကို ရုပ်ရှင် အနုပညာရှင်တွေ၊ ဝေဖန်ရေးဆရာတွေစသဖြင့်ပုဂ္ဂိုလ်အစုံကနေပြီးတော့ နာမည်ကျော်ရုပ်ရှင်ကားနမူနာအခန်းတွေပြန်ကြည့်ပြန်ပြပြီး‌တော့ ဆွေးနွေး ဝေဖန်အာလူးဖုတ်ကြတာကို ကြည့်ရှူရမှာပဲဖြစ်ပါတယ်။ စိတ်ဝင်စားဖို့လည်း ကောင်း၊ ရယ်ဖို့ကောင်းတာတွေလည်းပါတယ်ဆိုတော့ ဒီ "Attack of the Hollywood Clichés!" လေးကြည့်ရင်း အတူလိုက်ပါ‌အာလူးဖုတ်လိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Fiona Gillen ဖြစ်ပါတယ်)File Size..........(1.3 GB) ...
movie

Attack of the Hollywood Clichés! (2022)

2022
Magic Mike XXL(2015) 5.6
Magic Mike XXL(2015)  2012ခုနှစ်တုန်းက ထွက်ခဲ့တဲ့ Magic Mikeရဲ့ အဆက်ဖြစ်ပြီး 2023မှာလည်း sequelအနေနဲ့ ထပ်လာဖို့ရှိပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အဖော်အချွတ်လောကကနေ အနားယူပြီး သုံးနှစ်ကြာ ကိုယ်ပိုင် ပရိဘောဂ လုပ်ငန်းကိုသာ တစ်စိုက်မတ်မတ် လုပ်နေတဲ့ Mikeဟာ တစ်နေ့မှာတော့ အရင်အဖွဲ့ဟောင်းဆီကနေ အဖွဲ့ခေါင်းဆောင်ဖြစ်သူ Dellas ဆုံးပါးသွားခဲ့ပြီဆိုတဲ့ သတင်းကို ကြားလိုက်ရပါတယ်။ ဒီလိုနဲ့ အသုဘစောင့်အိပ်ရအောင်လို့ လိုက်သွားပြီး အရင်အဖွဲ့ဝင်ဟောင်းတွေနဲ့ ပြန်ဆုံမိတဲ့နောက် မထင်မှတ်ထားတာတွေ ဖြစ်ပျက်လာတဲ့အခါမှာတော့..။IMDb rating 5.6နဲ့ Tomatometerမှာ 65% ရရှိထားပြီး ပထမတစ်ကားထက် စာရင် Dance sceneတွေ Soundtrackတွေ သိသိသာသာ ပိုကောင်းမွန်လာတာကို တွေ့ရပါတယ်။ ဒါရိုက်တာအနေနဲ့ကတော့ ပထမတစ်ကားရဲ့ ပရိုဂျူဆာဖြစ်တဲ့ ဝါရင့်ဒါရိုက်တာကြီး Gregory Jacobက စီစဉ်ရိုက်ကူး တင်ဆက်ထားပါတယ်။File size…(2.02GB)  / (1.07GB) / 546MB Quality…. Web/1080p / 720p / 480p Format…mp4 Duration….01:23:00 Genre...Comsdy / Drama / Music Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by HUGO
movie

Magic Mike XXL(2015)

Along for the Ride (2022) 6.0
Along for the Ride (2022) Along for the ride (2022)==================IMDb Rating - 6.0/10Netflix ကနေ ပူပူနွေးနွေးထွက်ရှိထားတဲ့ Family, Drama, Romance ကားသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်.... မိသားစုရဲ့နွေးထွေးမှုကို မရရှိတဲ့ ကောင်မလေးနဲ့ ရည်မှန်းချက်တွေ ကွယ်ပျောက်နေတဲ့ ကောင်လေးအကြောင်းကို အဓိကရိုက်ကူးထား တာပါ.......အာဒန်ဆိုတဲ့ အထက်တန်းကျောင်းသူလေးက ကျောင်းပြီးတော့ သူ့အဖေနဲ့ သူ့မိထွေးရှိရာ ကိုဘီမြို့ကိုထွက်လာခဲ့ပါတယ်။ အကြောင်း အရင်းကတော့ ကိုယ့်ကိုယ်ကိုရှာဖွေဖို့အတွက်ပါ။ ကိုဘီမြို့က သူ့မိထွေး ဆိုင်လေးမှာ စာရင်းကိုင်အလုပ်ဝင်လုပ်ပြီး အမှတ်မထင် စက်ဘီးစီးတဲ့ ကောင်လေး အီလိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်..... အဲ့တော့ ဒီတွေ့ဆုံမှုတွေရဲ့နောက်ကွယ်မှာ ဘာတွေဆက်ဖြစ်လာမလဲ၊ အာဒန်ဆိုတဲ့ ကောင်မလေးရော ကိုဘီမြို့မှာ သူငယ်ချင်းအသစ်တွေ ရနိုင်ပါ့မလား၊ အာဒန်နဲ့အီလိုင် ဘယ်လိုတွေ့ခဲ့ကြလဲ၊ သူတို့နှစ်ဦးမှာရှိတဲ့ စိတ်ဒဏ်ရာတွေကို ဘယ်လိုကုစားကြမလဲဆိုတာ ဆက်လက်စောင့်ကြည့် ပေးပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Parris ဖြစ်ပါတယ်)File Size - (1.56 GB) / (760 MB) / (760 MB) Quality – Web-Rip 1080p/ 720p / ...
movie

Along for the Ride (2022)

Groundhog Day (1993) 8.0
Groundhog Day (1993) Groundhog Day (1993) ~ IMDb - 8/10, RT - 97%, Meta - 72% ~Groundhog Day လို့‌ခေါ်တဲ့ ဖေဖော်ဝါရီ ၂ရက်နေ့ဟာ မြောက်အမေရိကရဲ့ ပွဲတော်နေ့တစ်ခုပါပဲ။ Punxsutawney မြို့မှာ Punxsutawney Phil လို့ခေါ်တဲ့ ဂရောင်းဟော့လေး‌က နွေဦးပဲစောစော‌လာမလား ဆောင်းပဲရှည်မလား ဟောတာကို ကြည့်ပြီး ပါတီတွေပေးကြတဲ့နေ့ပေါ့။ အဲဒီနေ့မှာ နေရာအနှံ့က သတင်း‌သမားတွေ တီဗီအစီအစဉ် ကြေညာသူတွေ Punxsutawney ကို လာရောက်ကြတယ်။ ဒီရုပ်ရှင်ဟာ အဲဒီ Groundhog Day မှာ ပိတ်မိနေတဲ့ လူတစ်ယောက်အကြောင်းပေါ့။ တော်တော်လေးစောတဲ့ Time Loop ရုပ်ရှင်တစ်ကားဖြစ်သလို သူ့ဟန်ကို Theme အဖြစ်မှီးပြီး နောက်ပိုင်းသုံးလာကြတာတွေလည်း မနည်းပါဘူး။ Supernatural ထဲလည်း မှီးသုံးခဲ့ဖူးတယ်။ Groundhog Day ဟာ ...
movie

Groundhog Day (1993)

1993
Ready or Not (2019) 7.1
Ready or Not (2019) ချမ်းသာပြီး လျို့ဝှတ်တက်တဲ့ မိသားစု တစ်ခု ရှိတယ် သူတို့ဟာ ဂိမ်းမင်းမျိုးဆက် လို့ ခေါ်ခံရပြီး ဂိမ်းကစားနည်းတွေကို ထုတ်လုပ်သူတွေဖြစ်ပါတယ် သူတို့ရဲ့ ကြီးကျယ်ခန်းနားတဲ့ နန်းတော်လို စံအိမ်ကြီးမှာ နေပြီး မျက်နှာတွေကတော့ တစ်ခုခုကို အလိုမကျတဲ့သူတွေလိုပေါ့ အဲ့ဒီအိမ်ကြီးမှာ အငယ်ဆုံးသားဖြစ်သူ အဲလစ်ကတော့ တစ်နေ့မှာ ဂရေ့စ် ဆိုတဲ့ ကောင်မလေးကို လက်ထပ်ယူဖို့ အိမ်ကိုခေါ်လာခဲ့ပါတော့တယ် ဒီမိသားစု အကြောင်း ဘာမှ မသိပဲ မောင့် တစ်မျက်နှာ တစ်ရွာထင်ပြီး လိုက်လာခဲ့တဲ့ ဂရေ့စ် ကတော့ ဒီမိသားစု နဲ့ အသားကျသွားဖို့ လိုက်လျောညီထွေဖြစ်ဖို့ ကြိုးစားမယ်လို့ အဆုံးစွန်ထိ တွေးပြီးသားပါ အားလုံးအဆင်ပြေပြေ ဖြစ်ခဲ့ပါတယ် မင်္ဂလာဆောင်တဲ့ ညမှာပဲ ဒီမိသားစု ဟာ အစဉ်အလာ တစ်ခုကို ထိန်းသိမ်းထားပြိး ဂိမ်း တစ်ခုကို ကစားရမှာ ဖြစ်ပါတယ်... မိသားစု ထဲ လူအသစ်ဝင်လာရင် ဒီမိသားစု နဲ့ ထိုက်တန်လား ဆိုတာ ဆုံးဖြတ်ကြဖို့ အတွက် သတို့သမီးက ပုန်းရမှာ ဖြစ်ပြီး မိသားစု များက လိုက်ရှာရမှာပါ ဒီလို တူတူပုန်းတမ်း ကစားနည်းကို ...
movie

Ready or Not (2019)

2019
HEVC 1080p 5.1
No Man’s Land (2021) 4.3
No Man’s Land (2021) No Man’s Land (2021)==================IMDb Rating - 4.3/10မက္ကဆီကိုနဲ့ တက်စ်ဆက်ပြည်နယ်ကြားက နယ်စပ်မှာဖြစ်ခဲ့ဖူးတဲ့အဖြစ်အပျက်တွေကို အခြေခံရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဘေလ်တို့မိသားစုက တက်စ်ဆက်ပြည်နယ်နဲ့ မက္ကဆီကိုနယ်စပ်မှာ မွေးမြူရေးခြံလုပ်ငန်းလုပ်ကြတဲ့ မိသားစုပါ။ သားအကြီးလူးကပ်စ်က မြင်းစီးတော်သလို သားအငယ်ဂျက်ဆင်ကလည်း ဘေ့စ်ဘောမှာ ပါရမီပါတဲ့ကောလိပ်ကျောင်းသားတစ်ယောက်ပေါ့။ သူတို့ခြံက နယ်စပ်မှာရှိတာကြောင့် မက္ကဆီကိုဘက်က နိုင်ငံရေးခိုလှုံချင်တဲ့သူတွေ တရားမဝင်ဖြတ်သွားတိုင်း သူတို့ခြံစည်းရိုးတွေကို ညှပ်သွားတတ်တာကြောင့် သူတို့ရဲ့ကျွဲတွေနွားတွေလွတ်ကုန်တာမကြာခဏပါပဲ။ဂျက်ဆင်တစ်ယောက် ကောလိပ်ပိတ်တဲ့ နွေရာသီမှာ အိမ်ကိုခဏပြန်ရောက်နေတုန်း ပျော်ရွှင်စရာ သူတို့မိသားစုလေးကိုဂြိုလ်ဆိုးဝင်ပါတော့တယ်။ အဲဒါကတော့ နယ်စပ်က တရားမဝင်ဖြတ်သွားတဲ့ မက္ကဆီကန်အုပ်ထဲက ကောင်လေးတစ်ယောက်ကို ဂျက်ဆင် မတော်တဆသတ်လိုက်မိတာပါပဲ။ ကံတရားက တကယ်ထူးဆန်းပါတယ်...ကိုယ်ပိုင်တဲ့မြေကို ကာကွယ်နေတဲ့ဂျက်ဆင်က ကြမ္မာငင်ပြီး ပြေးရင်းလွှားရင်း မက္ကဆီကိုနိုင်ငံထဲ ရောက်သွားတဲ့အခါမှာတော့ ဘာတွေဘယ်လိုဆက်ဖြစ်မလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲခံစားကြည့်ရှုကြပါဦး။Action, Adventure, Thriller အမျိုးအစားမို့ ပရိတ်သတ်ကြီးလည်း ကြိုက်နှစ်သက်မို့လည်း ယူဆပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ May Myat Thu ပဲဖြစ်ပါတယ်။) Quality ...
movie

No Man’s Land (2021)

2021