Channel Myanmar

Anatoly Kot

Battle for Sevastopol (2015)
Battle for Sevastopol (2015) IMDb 7.2 ရထားတဲ့ ၂၀၁၅ ထွက် ကားလေး တင်ပေးလိုက်ပါတယ်။ ဇာတ်လမ်းထဲက ဇာတ်ကောင်ကတော့ အပြင်မှာတကယ်ရှိခဲ့တဲ့ ယူကရိန်းသူ ဆိုဗီယက်စနိုက်ပါ တစ်ယောက်အကြောင်းပါပဲ။ ဒုတိယကမ္ဘာစစ်အတွင်း ထင်ရှားခဲ့တဲ့ အမျိုးသမီးသူရဲကောင်းတစ်ယောက်အကြောင်းပါ။ သူ့ကိုသမိုင်းတစ်လျှောက် အအောင်မြင်ဆုံး အမျိုးသမီးစနိုက်ပါ အဖြစ်သိကြသလို World Deadliest Sniper ၁၀ ယောက်စာရင်းမှာ နံပါတ်သုံး ချိတ်ခဲ့တဲ့ တဦးတည်းသော အမျိုးသမီးစနိုက်ပါအဖြစ်လဲ သိကြပါတယ်။ဇာတ်လမ်းအစမှာတော့ အိမ်ဖြူတော်မှာ ကျင်းပတဲ့ တွေ့ဆုံပွဲတစ်ခုမှာ လူဘယ်နှယောက်သတ်ခဲ့ပြီလဲ ဆိုတဲ့မေးခွန်းကို လူတွေကိုသတ်တာမဟုတ်ဘူး ဖက်ဆစ်တွေကို သတ်တာပါ ၃၀၉ ယောက်ရှိပါပြီ ဆိုတဲ့ အဖြေနဲ့ အားလုံးအံ့သြသွားစေခဲ့ပြီး သူ့ဘဝဇာတ်ကြောင်းကို စဖွင့်ပြခဲ့တာပါ။ စစ်ပွဲအတွင်းမှာ လူတွေသိန်းနဲ့ချီပြီး သေတာ မထူးဆန်းခဲ့ပေမယ့် မိန်းမငယ်လေးတစ်ယောက်က ရိုင်ဖယ်သေနတ်တစ်လက်နဲ့ လူ ၃၀၀ ကျော် သတ်နိုင်ခဲ့တာကိုတော့ အံသြဘနန်း ဖြစ်စေခဲ့တာ အမှန်ပါပဲ။သမ္မတ ရူးစဗဲ့ကတော်နဲ့ ခင်မင်ခဲ့ပြီး သမ္မတကတော်ကြီးက ...
movie

Battle for Sevastopol (2015)

Row 19 (2021) 4.4
Row 19 (2021) Katerina ဟာ ခြောက်နှစ်အရွယ်သမီးလေးရှိတဲ့ ဆရာ၀န်တစ်ယောက်ပါ။သူငယ်စဉ်က ‌သူ့အမေနဲ့လေယာဉ်စီးခဲ့ရာမှာ လေယာဉ်ပျက်ကျသွားပြီး သူကလွဲရင် သူ့အမေအပါအ၀င်ခရီးသည်အားလုံးအသက်ပျောက်ခဲ့ရပါတယ်။ဒါကြောင့် Katerina ဟာတစ်သက်လုံးလေယာဉ်စီးဖို့ကိုကြောက်နေခဲ့ပေမယ့် အခုတော့သူ့သမီးလေးနဲ့အတူလေကြောင်းခရီးသွားဖို့ဖြစ်လာရပါတယ်။ လေယာဉ်ပေါ်မှာတော့ Katerina တစ်ယောက်ဟာထူးဆန်းတဲ့အဖြစ်အပျက်တွေကို ကြုံရပြီး ခရီးသည်တစ်ယောက်ပြီးတစ်ယောက် ပျောက်ဆုံးသွားချိန်မှာတော့ Katerina ရဲ့ငယ်စဉ်ကမတော်တဆမှုကထင်သလောက် မရိုးရှင်းတာ ကိုသဘောပေါက်လာရပါတော့တယ်။ Katerina နဲ့သူ့သမီးလေးတို့ လေယာဉ်ပေါ်မှာအသက်ရှင်ဖို့ ရုန်းကန်ကြပုံကိုကြည့်ရှုရမှာပါ။File size…(1.28GB) / (674MB) / (330MB) Quality…. Web 1080P / 720p / 480P Format…mp4 Duration….01:17:00 Genre...Horror / Thriller  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP
movie

Row 19 (2021)

Fortress of War (2010) 7.5
Fortress of War (2010) Fortress of War (2010) IMDb - 7.5/10_____Rotten - 75%    ဒီကားလေးကတော့ ဖြစ်ရပ်မှန်ရရှား စစ်ကားလေးဖြစ်ပါတယ်၊ ဒုတိယကမ္ဘာစစ်မှာ နာဇီတွေဟာရရှားနိုင်ငံကို ကျုးကျော်တိုက်ခိုက်ခဲ့ အကြောင်းကိုရိုက်ထားတာပါ ။ ဖြစ်ရပ်မှန်ဇာတ်ကားဖြစ်တဲ့အတွက်သာမန်စစ်ကားတွေထက်ပိုထူးခြားပါတယ်၊ ကြည့်ရတာကောင်းတယ်လို့အာမခံတယ် ပြီတော့ဒီဇာတ်ကားမှာအခြားဇာတ်ကားတွေမတူစစ်တိုက်နေတာချည်းမဟုတ်ဘဲမိသားစုနဲ့ပက်သက်တဲ့dramaအခန်းလေးတွေလဲပါတယ် အဲ့အခန်းလေးတွေကလဲဇာတ်ကားကိုပိုပြီးရသမြောက်စေတာ ၁၉၄၁ ခုနှစ် ဇွန်လ မှာ ဂျာမန်တွေဟာ ရရှားနယ်စပ်ကိုကျုးကျော်တိုက်ခိုက်တဲ့အချိန်မှာခုခံကာကွယ်ခဲ့တဲ့ ဘရက်စ်ခံတပ် အကြောင်းကိုရိုက်ထားတာပါ ဘရက်စ်ခံတပ်မှာ ဘယ်လိုခုခံကာကွယ်ခဲ့ရတာလဲဆိုတာကို စစ်အတွင်းမှာပြေးလွှားရင်းအသက်ရှင်ကျန်ခဲ့တဲ့ အလက်ဆန်းဒါအာကီမိုဗစ် ဆိုတဲ့ကောင်လေးက စစ်ဖြစ်ပြီးအနှစ်နှစ်ဆယ်ကြာမှ စာအုပ်ရေးခဲ့တာပါ  ဒီရုပ်ရှင်ကားထဲမှာတော့ ဗိုလ်မှူးPyotr Mihailovich Gavrilov ပါတီနိုင်ငံရေးအရာရှိ Efim Moiseevich Fomin နဲ့ ဒုဗိုလ် Andrey Mitrofanovich တို့ကအဓိက ဦးဆောင်ပြီးခုခံခဲ့တာပါ ဂျာမန်တွေ ဟာဘရက်စ်ခံတပ်ထဲကို ရရှားစစ်သားယောင်ဆောင်ဝင်ပြီး အစာရေဆာဆေးဝါးပြတ်လတ်အောင်လုပ်တယ် ရေတောင်မသောက်ရဘဲသူတို့တိုက်တာ ရက်တော်တော်ကြာတယ် တော်တော်လဲစိတ်ဓာတ်မာတယ် သူတို့ဆက်ပြီး မခံနိုင်တဲ့အဆုံး ဖောက်ထွက်ပြီးတိုက်တာသူတို့ရှုံးသွားတယ် ဂျာမန်တွေကလည်းခံတပ်ကိုသိမ်းပိုက်သွားတယ် သူတိုက်ကိုယ်တိုက် နောက်ဆုံးမင်သားရှိတဲ့ဘက်ကနိုင်သွားအဲ့လိုကားတွေထက်စာရင်ဒီကားကပိုကောင်းပါတယ် ကုန်ရကျိုးနပ်မယ်လို့အာမခံပါတယ်(ရုရှားနာမည်တွေပါတဲ့အတွက်ဘာသာပြန်တာအမှားအယွင်းရှိရင်တောင်းပန်ပါတယ်)    Size - 990 MB Qty - 720p Bluray Duration ...
movie

Fortress of War (2010)

2010