Channel Myanmar

Anatol Yusef

Day of the Fight (2023)
Day of the Fight (2023) IMDb Rating 7/10သာမန်ရိုးရိုးရုပ်ရှင်ကားတစ်ကားထက်ပိုတဲ့ အနုပညာလက်ရာတွေနဲ့ ကြည့်ရှုရမယ့် အမေရိကန် Drama "Day of the Fight"………… ကမ္ဘာ့လက်ဝှေ့ချန်ပီယမ်ဟောင်း မိုက်ကီက ဆယ်စုနှစ်အကြာ ထောင်ကလွတ်လာပြီး သူ့ရဲ့ ပထမဆုံးအကြိမ် ထိုးသတ်မယ့် ပွဲအတွက် ပြင်ဆင်နေခဲ့ပါတယ်...သူနဲ့အတူ ထိုးသတ်ရမယ့်သူကတော့ လက်ရှိကမ္ဘာ့ချန်ပီယမ်တစ်ယောက်ဖြစ်ပါတယ်... အရေးကြီးတဲ့ သူ့ရဲ့ ပွဲအတွက် ပြင်ဆင်နေချိန်မှာ အတိတ်ကနေ ရုန်းထွက်ဖို့ ကြိုးစားရုန်းကန်နေရတဲ့ မိုက်ကီတစ်ယောက် သူ့အမှားတွေကို ပြင်ဆင်ဖို့ကြိုးစားနေပုံတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်.... သူချစ်ရသူတွေနဲ့ ဆက်သွယ်ပြီး အမှားတွေကို ပြင်ဆင်ဖို့ ကြိုးစားနေတဲ့ မိုက်ကီနေရာမှာ ကိုယ်တိုင်ရောက်ရှိနေသလိုမျိုး ခံစားကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်....စိတ်ဖိစီးမှု၊ ခွင့်လွှတ်မှု၊ အချစ်၊ မိဘမေတ္တာစတဲ့ ခံစားချက်ပေါင်းစုံကို တွေ့မြင်ရမှာ ဖြစ်သည့်အပြင် လက်ဝှေ့သမားတစ်ယောက်ရဲ့ ဘဝ၊ ကြိုးစားရုန်းကန်မှုများစသည်တို့ကိုလည်း မြင်တွေ့ရပါမယ်... ဒီဇာတ်ကားမှာ အကောင်းဆုံးအချက်ကတော့ လက်ဝှေ့ပွဲကောင်းတစ်ပွဲကိုပါ အပိုအနေနဲ့ ကြည့်ရှုနိုင်မှာ ဖြစ်လို့ လက်ဝှေ့ချစ်သူတွေအတွက်တော့ လက်မလွှတ်တမ်း ...
movie

Day of the Fight (2023)

O Jerusalem (2006) 6.0
O Jerusalem (2006) O' Jerusalem (2006)အို ဂျေရုစလင်..သင့်ကိုကျွန်ုပ်မေ့ခဲ့ပါမူ...ညာလက်တော်သည် တီးခတ်နိုင်စွမ်းပျောက်ဆုံးပါစေ...ကျွန်ုပ်ပျော်ရွှင်မှုကို ဂျေရုစလင်ထက် ဦးစားပေးခဲ့ပါမူ ကျွန်ုပ်လျှာသည်အာခေါင်ဖြင့်ကပ်၍ သီဆိုနိုင်စွမ်းတို့ အားလုံးပျောက်ကွယ်ပါစေ။  (:ဆာလံ-၁၃၇)အားလုံးပဲ လတ်တလော ပဋိပက္ခဖြစ်နေတဲ့ အစ္စရေး-ဟားမတ်စ်ကိစ္စကို အားလုံးစိတ်၀င်စားနေကြမှာပါ။ အစ္စရေးနဲ့ ပါလက်စတိုင်းအရေးက မနေ့တစ်နေ့ကမှ ထဖြစ်တာမဟုတ်ဘဲ ဒုတိယကမ္ဘာစစ်ပြီးကတည်းက စလာခဲ့ကြတာပါ။ အစ္စရေးနဲ့ အာရပ်နိုင်ငံများရဲ့ နာမည်ကျော် ၆ရက်စစ်ပွဲဆိုရင်လည်း မသိသူရှားပါလိမ့်မယ်။ ဒီကားလေးကတော့ "O Jerusalem" ဆိုတဲ့စာအုပ်ကို ပြန်ရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ။ ဒီကားထဲမှာ ဗြိတိသျှတွေရဲ့မလည်ရှုပ်ပုံတွေ၊ ဂျူးတွေနဲ့ အာရပ်တွေနဲ့ ကမ္ဘာမကြေတဲ့ရန်ပွဲစဖြစ်လာပုံတွေအပြင် အစ္စရေးနိုင်ငံဖြစ်တည်လာတဲ့အကြောင်းတွေ ဘာသာကြီးသုံးခုရဲ့အထွတ်အမြတ်ဖြစ်တဲ့ဂျေရုဆလင်မြေပေါ်က သွေးချောင်းစီးတိုက်ပွဲတွေကို သူငယ်ချင်းနှစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာနဲ့ ရောစပ်တင်ဆက်ထားပါတယ်။"O Jerusalem" စာအုပ်ကို Dominique Lapierre နဲ့ Larry Collins ဆိုတဲ့ စာရေးဆရာ ၂ဦးက ၂နှစ်တာ အချိန်ယူ သုတေသနလုပ်ရေးသားခဲ့ပြီး အင်တာဗျူးထောင်ပေါင်းများစွာနဲ့ တခြားကိုးကားချက်များစွာကို လေ့လာရေးထားတာပါ။ လက်ရှိအစ္စရေးတိုင်းပြည် မွေးဖွားလာပုံအကြောင်းကို တင်ဆက်ပြသထားတဲ့ စာအုပ်လည်းဟုတ်ပါတယ်။ ...
movie

O Jerusalem (2006)

The Take (2016) 6.3
The Take (2016) The Take (2016) IMDb - 6.3/10_____Rotten - 48%    သူ့ရဲ့ မူရင်းဇာတ်ကားနာမည် Bastille Day ကိုဆို လူတော်တော်များများသိနေကြမှာပါ အကြမ်းအရမ်းတွေ အက်ရှင်ကားတွေကို သိပ်ကြိုက်ကြတဲ့ ပရိတ်သတ်တွေဆို သဘောတွေ့ကြမယ့် ဇာတ်ကားမျိုးပါ ဇာတ်လမ်း အကျဉ်းလေးကတော့ ပြင်သစ်မှာ ခါးပိုက်နိုက်အဖြစ်အသက်မွေးနေတဲ့ မယ်ရီမန်ဆန် ဟာ တနေ့မှာ အိတ်တလုံးကိုခိုးလာရာမှ မထင်မှတ်ပဲ ဝက်ဝံရုပ်တခုကို ရရှိခဲ့ပါတယ် သူဟာ မထင်မှတ်ပဲ ဝက်ဝံရုပ်ကိုလူစည်ကားတဲ့ နေရာတခုမှာ စွန့်ပစ်ထားခဲ့ပြီး ပိုမထင်မှတ်ထားတာက ထို ဝက်ဝံရုပ်ထဲမှာ ချိန်ကိုက်ဗုံးတစ်ခုပါနေတာပါပဲ ဒီလိုနဲ့ မယ်ရီမက်ဆန် တယောက် ဘယ်လိုအရှုုပ်တော်ပုံတွေထဲကို ပါဝင်နေမလဲ ဘယ်လိုအန္တရာယ်တွေကိုကော ကြုံတွေ့ရမလဲဆိုတာကိုတော့ ပရိတ်သတ်ကြီးက ဆက်လက် ကြည့်ရှူရမှာပါ     Size - 570 MB Quality - HD 720p Format - mp4 Duration - 01:32:00 Translator - MTDM Encoder - Oscar
movie

The Take (2016)

2016