Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ananda George
7.6
The Raid (2011) The Raid: Redemption
The Raid (2011) The Raid: RedemptionIMDb Rating (7.6) / Rotten Tomatoes (87%)အင်ဒိုနီးရှားမင်းသား Iko Uwais ရဲ့ အကောင်းဆုံးနဲ့အကြမ်းဆုံး အက်ရှင်ဇာတ်ကားပါ။ဇာတ်လမ်းကတော့...အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့က အဆောက်အအုံကြီးတခုမှာ အလွန်ရက်စက်ပြီး အာဏာလဲရှိတဲ့မူးယစ်ဂိုဏ်းခေါင်းဆောင် တာမာနဲ့ သူ့အဖွဲ့သားတွေကိုဖမ်းဆီးဖို့အတွက် SWAT အဖွဲ့က အဆောက်အဆုံထဲချိုးဖောက်ဝင်ရောက်လာတဲ့ အခန်းနဲ့စတင်ထားတဲ့ ဒီဇာတ်ကားလေးက အင်ဒိုနီးရှားကရိုက်ကူးထားတာဆိုပေမဲ့ အနောက်တိုင်းအက်ရှင်တွေအတိုင်း တကားလုံးကိုအပစ်အခတ်အသတ်အပုတ်တွေနဲ့ အတော်လေးကြည့်ကောင်းပါတယ် ....အဆောက်အအုံထဲတိတ်တဆိတ်ဝင်လာတဲ့ SWAT အဖွဲ့ကို cctv ကတဆင့်သိသွားတဲ့တာမာက သူ့အဖွဲ့သားတွေလွှတ်ပြီး ဝင်ပေါက်ထွက်ပေါက်တွေအကုန်ပိတ်ချလိုက်တဲ့အခါ SWAT တဖွဲ့လုံး တိုက်ရဲ့၇ထပ်မြောက်မှာပိတ်မိသွားပါတော့တယ် အဲ့အခန်းကစပြီး သေနတ်တင်မက ဓားတုတ်တွေ့ရာလက်နက်နဲ့ အသက်လုပြီးတိုက်ပွဲဝင်ရတဲ့ SWATအဖွဲ့ကိုစတင်ရှုစားရမှာဖြစ်ပြီး သာမန် SWAT အဖွဲ့ဝင်လေး ရာမရဲ့အစွမ်းသတ္တိတွေကိုပါ အားရပါးရရှုစားရမဲ့ ဇာတ်ကြမ်းကားလေးဖြစ်ပါတယ်...(ရုပ်ရှင်အညွှန်းကို Khitmarket မှကူးယူဖော်ပြပါသည်။)လူကြိုက်များခဲ့လို့ Sequel အနေနဲ့ The Raid 2 ...
movie
The Raid (2011) The Raid: Redemption
2011
4K HEVC
5.8
Sumala (2024)
Sumala (2024)IMDb Rating (5.8) ဆီမာရန်နယ်အတွင်းက ရွာတစ်ရွာမှာအားလုံးကြောက်ကြတဲ့ နာမည်တစ်ခုရှိပါတယ်။အဲ့ဒါကတော့ ဆူမာလာလို့ ခေါ်ပြီးညဘက်နေဝင်ပြီဆိုတာနဲ့ရွာသားတွေဟာအပြင်မထွက်ရဲကြတော့ပါဘူး။ဘာကြောင့်လဲဆိုတော့ ဆူမာလာဟာ ညဘက်အပြင်ထွက်တဲ့လူတွေ အထူးသဖြင့် ကလေးတွေကိုပစ်မှတ်ထားသတ်ဖြတ်လေ့ရှိလို့ပါပဲ။အဲ့ဒီဇာတ်လမ်းဟာ အခုချိန်အထိအသက်ဝင်နေပြီး တကယ်ဖြစ်ရပ်မှန်လို့စွဲထင်နေကြဆဲဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ဆိုဂျီမန်ဟာ မြေရှင်ကြေးရတတ် ရွာမျက်နှာဖုံးသူဌေးတစ်ဦးဖြစ်ပြီး သူ့ဇနီးချောလေးနာမည်က ဆိုလတ်စ်ထရီလို့ခေါ်ပါတယ်။သာယာသယောင်ရှိတဲ့သူတို့အိမ်ထောင်ရေးမှာလိုအပ်ချက်တစ်ခုကတော့ အမွေခံသားသမီးမွေးဖွားနိုင်ခြင်းမရှိတာပါပဲ။အမျိုးတွေရဲ့ဖိအားတွေကြောင့် မလွန်ဆန်နိုင်တော့တဲ့ ဆိုဂျီမန်ဟာ ဒီနှစ်ကုန်လို့မှ ကလေးမွေးမပေးနိုင်ရင် နောက်မိန်းမထပ်ယူရလိမ့်မယ်လို့ ရာဇသံပစ်လိုက်တဲ့အချိန်မှာတော့ ဆိုလတ်စ်ထရီဟာ ကြံရာမရဖြစ်ပြီး အောက်လမ်းဆရာမတစ်ဦးအကူအညီနဲ့ ကလေးရဖို့ကြံစည်ပါတော့တယ်။အောက်လမ်းအတတ်တို့ထုံးစံအတိုင်း ဘေးထွက်ဆိုးကျိုးရှိစမြဲဖြစ်တဲ့အတွက် အဲ့ဒီအစီအရင်ကနေ ထွက်ပေါ်လာတဲ့သန္ဓေဟာ သူတို့ကိုဘယ်လိုဒုက္ခပေးမလဲ?ဆူမာလာဆိုတာ ဘယ်လိုဖြစ်ပေါ်လာခဲ့သလဲအစရှိတာတွေကိုရှုစားရမယ့် ဇာတ်ကားဖြစ်ပါတယ်။(အလွန်ရက်စက်ကြမ်းတမ်းတဲ့သတ်ဖြတ်ခန်းတွေပါဝင်တဲ့အတွက်ကြည့်ရဲမှကြည့်ပါ။) (အညွှန်းနဲ့ဘာသာပြန်ကတော့v Alias ဖြစ်ပါတယ်။)File size…(2.3 GB) / (990 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Horror,Thriller Duration….01:54:01 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Alias
movie
Sumala (2024)
2024
5.0
Saranjana: Supernatural City (2024)
ကျွန်တော်တို့တွေ ငယ်ငယ်ကတည်းက ကျတ်ရွာတို့ပြိတ္တာဘုံတို့ အသူရကာယ်ဘုံတို့ဆိုတာ ဘာသာရေးအရကြားဖူးနားဝ ရှိကြမှာပါ။ ဒီလိုမျိုးပဲ လူတွေ မမြင်ရတဲ့ဘုံလောကနဲ့ ပတ်သတ်ပြီး ရိုက်ကူးထားတဲ့ အင်ဒိုဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဆီသာဆိုတဲ့ မိန်းကလေးတစ်ယောက်ဟာ နာမည်ရနေတဲ့အုပ်စုဖွဲ့ ဂီတဖျော်ဖြေရေး အဖွဲ့တစ်ခုမှာ ပင်တိုင်အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။ စိတ်တူကိုယ်တူ သူငယ်ချင်းတွေနဲ့ဂီတအဖွဲ့တည်ထောင်ခဲ့တာ ဆိုပေမယ့် အဖွဲ့ထဲမှာအငြင်းအခုံလေးတွေ စကားနာထိုးတာတွေကြောင့် စိတ်ညစ်နေရတဲ့အပြင် သူမရဲ့မိဘတွေကလည်း ငွေအတွက်ပဲအဆက်အသွယ်လုပ်တာမို့ အထီးကျန်ပြီး မပျော်မရွှင်ဖြစ်နေရသူ ဖြစ်ပါတယ်။သူတို့အဖွဲ့ ဖျော်ဖြေတဲ့ ကမ်းခြေမြို့ရဲ့ ဟိုတယ်မှာ ဖျော်ဖြေပွဲအပြီး အခန်းမှာ နားနေတုန်း ပုံမှန်မဟုတ်ဘဲ အင်ဒိုရှေးရိုးရာဝတ်စုံဝတ်ထားတဲ့ သူတစ်ယောက်ကို ဆီသာ တွေ့လိုက်ရပါတယ်။အဲဒီသူနောက်ကို လိုက်ရင်း သူမပါ ပျောက်ဆုံးသွားတဲ့အခါကျန်ခဲ့တဲ့ သူငယ်ချင်းတွေဟာ အပူတပြင်း လိုက်ရှာပေမယ့်ဘယ်လိုမှ ပြန်မတွေ့ပါဘူး။ဒီမြို့လေးမှာ ဒီလို ပျောက်ဆုံးမှုတွေ ဖြစ်လေ့ရှိတာ သိသွားကြတဲ့အခါ သူငယ်ချင်းတစ်သိုက် ဘယ်လိုမျိုး ဆီသာကိုလိုက်ရှာကြမလဲ။သူတို့တွေ လိုက်လံရှာဖွေရင်း ဘယ်လိုအခက်အခဲအတားဆီးတွေနဲ့ တွေ့ကြုံရမလဲ ဆိုတာကိုတော့အားပေးကြည့်ရှုလိုက်ကြပါဦးလို့...။ File size… (1.09GB) ...
movie
Saranjana: Supernatural City (2024)