Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Anand Sami
7.4
All We Imagine as Light (2024)
All We Imagine as Light (2024)"တံလျှပ်" ================================မွမ်ဘိုင်းဆိုတာ အိပ်မက်တွေရဲ့မြို့။ စိတ်ကူးတွေကို လက်တွေ့အကောင်အထည်ဖော်လို့ရတဲ့နေရာတဲ့။အဲဒီလို ယုံကြည်ပြီး အိန္ဒိယနိုင်ငံရဲ့ လူကြီးလူငယ်ပေါင်းမြောက်များစွာက မွမ်ဘိုင်းမြို့ကြီးမှာ အလုပ်လာလုပ်ကြတယ်။ ရုန်းကန်ကြတယ်။ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့ကြိုးစားကြတယ်။ဒါပေမဲ့ မွမ်ဘိုင်းမြို့ကြီးမှာ အသားကျဖို့ကြိုးစားကြရင်း တစ်ရက်စာတစ်ရက် ရှင်သန်ဖို့က အရေးကြီးလာပြီး မျှော်လင့်ချက်တွေက မှေးမိန်လာကြတယ်။အဲဒီလိုပဲ မျှော်လင့်ချက်တွေနဲ့ မွမ်ဘိုင်းကိုတက်လာတဲ့ ပရာဘာနဲ့ အာနူဆိုတဲ့ စီနီယာ ဂျူနီယာသူနာပြုနှစ်ယောက် တိုက်ခန်းတစ်ခုကို စကပ်တူငှားပြီးတူနေထိုင်ကြတယ်။အဲဒီလို နေလာရင်း ဘယ်ကမှန်းမသိတဲ့ ပါဆယ်ပုံးတစ်ခုသူတို့ဆီကို ရောက်လာချိန်ကစပြီး သူတို့ဘဝအတွက် အလှည့်အပြောင်းဖြစ်စရာ ကိစ္စတွေကြုံရပုံတွေကို ဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာဖြစ်ပါတယ်။ဒီရုပ်ရှင်ဟာဆိုရင် မာလျာလမ်စကားပြော အင်ဒီးရုပ်ရှင်တစ်ခုဖြစ်ပြီး မွမ်ဘိုင်းမြို့ကြီးမှာ ရုန်းကန်လှုပ်ရှားနေကြရတဲ့ဘဝတွေကို narrative ကောင်းကောင်းနဲ့ပုံဖော်ပြထားတဲ့အပြင် Indie ရုပ်ရှင်ဆုတွေလည်း အများကြီးရထားတဲ့အတွက် အချိန်ပေးရတန်စေမယ့် ရုပ်ရှင်ကောင်းလေးဖြစ်လို့ ချန်နယ်မြန်မာပရိသတ်တွေအတွက် CM Bollywood Team ကနေ ညွှန်းဆို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...။ File size… 3.2 GB / 1.2 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 58m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie
All We Imagine as Light (2024)
7.1
Raghu Thatha (2024)
Raghu Thatha (2024) "အရိုင်းပန်းပုံပြင်" ===============================နာမည်ကြီးဗီဂျေးတွေထဲကတစ်ယောက်ဖြစ်တဲ့ မင်းသားကြီး ရာဗင်ဒရာဗီဂျေးနဲ့ မင်းသမီးချောလေး ကီရ်သီဆူရက်ရှ်တို့ရဲ့ အသစ်ထွက် ကျေးလက် ဟာသဒရာမာရုပ်ရှင်လေးကို စီအမ်ကနေ တင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းကတော့ ကာယာဟာ မဟုတ်မခံစိတ်ရှိတဲ့ ဆတ်ဆတ်ကြဲ မိန်းမလှလေးတစ်ယောက်ပါ။ သူဟာ မိန်းကလေးစာရေးဆရာတွေကို အားမပေးတဲ့ ရှေးရိုးစွဲ လူ့အဖွဲ့အစည်းထဲမှာ ယောက်ျားလေးနာမည်နဲ့ စာရေးပြီး အတော်အသင့်အောင်မြင်နေသူလည်းဖြစ်ပါတယ်။အသက် ၂၅ နှစ်ရောက်ပေမဲ့ အိမ်ထောင်မကျသေးတာကြောင့် တစ်ရွာလုံးက တွေ့တဲ့အချိန်တိုင်း ဘယ်တော့စားရမှာလဲလို့မေးတာခံနေရတဲ့သူဖြစ်ပြီး သူကလည်း မေးတဲ့သူတိုင်းကိုဂရုမစိုက်ဘဲ ကိုယ့်ခံယူချက်နဲ့ကိုယ် နေထိုင်သူဖြစ်ပြီး သူ့ရဲ့ ခံယူချက်တွေနဲ့ အများကသတ်မှတ်ထားတဲ့စည်းမျဉ်းတွေကြားမှာ မဖြစ်မနေရွေးချယ်ရမယ့်အခြေအနေ ဖြစ်လာတဲ့အခါမှာတော့...။ကျေးလက်မြင်ကွင်းစိမ်းစိမ်းစိုစိုလေးတွေနဲ့ ရယ်ရမောရတဲ့ ရုပ်ရှင်လေးဖြစ်လို့ ပရိသတ်တွေ ခေတ္တစိတ်အပန်းပြေစေဖို့အတွက် ချန်နယ်မြန်မာရဲ့ ဘောလိဝုဒ်အဖွဲ့သားတွေကနေ ညွှန်းဆိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...။ File size… 2.35 GB / 1.04 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 14m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Raghu Thatha (2024)
6/9
Kuthirai Vaal(2021)
Kuthiraivaal (2022)လူတိုင်းက အိပ်မက်တွေမက်ဖူးကြတယ်မလား မက်နေတဲ့အိပ်မက်ထဲကအတိုင်းလက်တွေ့ဘဝမှာဖြစ်ပေါ်လာမယ်ဆိုရင်တော့ကမ္ဘာကြီးကရူးကြောင်ကြောင်နိုင်သွားမှာပါ ဒါပေမယ့်ဒီကားထဲမှာဆိုရင်တော့အိပ်မက်ကနိုးလာတဲ့ ဖရိုက်ဒ်တစ်ယောက် ထူးဆန်းစွာပဲအမြီးပေါက်လာခဲ့တာပါအိပ်မက်လည်းသာမန်မဟုတ်ပါဘူး ကောင်းကင်ဝယ် နေနဲ့လတစ်ပြိုင်တည်းထွက်ပေါ်နေတဲ့နေရာတစ်ခုမှာ လှပတဲ့မြင်းက ခန့်ညားစွာနဲ့ရပ်နေခဲ့ပါတယ် ဒါပေမယ့် အဲ့ဒီမြင်းမှာအမြီးရှိမနေခဲ့ပါဘူးဒီလိုနဲ့မြင်းနားမှာရပ်နေတဲ့ကောင်မလေးကို အမြီးဘယ်ရောက်သွားလဲမေးတော့ကောင်မလေးကခရမ်းချဉ်သီးနဲ့ပြန်ပေါက်ခဲ့ရာက ရုတ်တရက်အိပ်မက်ကလန့်နိုးသွားခဲ့ပါတယ်နိုးလာလာချင်း ကုတင်ပေါ်ကပြုတ်ကျခဲ့ပါတယ် အကြောင်းကတော့သူ့ကိုယ်ပေါ်မှာမြင်းအမြီးတစ်ခုပေါက်လာခဲ့လို့ပါပဲ ဒီလိုနဲ့ ဒီအမြီးဖြစ်ပေါ်လာပုံကိုဟူးရား၊နက္ခတ်ဗေဒင်ဆရာ၊ သင်္ချာဆရာတွေဆီလှည့်ပတ်သွားရင်းအကြံဉာဏ်တောင်းခဲ့ပါတယ် တစ်ယောက်ချင်းစီကမတူညီတဲ့အကြံဉာဏ်တွေပေးရင်းဖရိုက်ဒ်တစ်ယောက်လမ်းပျောက်နေခဲ့ပါတယ်ထူးဆန်းစွာနဲ့ဒီအမြီးကိုသူကလွဲပြီးဘယ်သူမှမမြင်နိုင်ကြောင်းသိရှိသွားခဲ့ပြီးသူ့ရဲ့အိပ်မက်ခရီးရှည်ကြီးကို ခရီးစထွက်ခဲ့ရာကဘယ်လိုထူးဆန်းထွေလာတွေတွေ့မလဲအမြီးပေါ်လာတဲ့အကြောင်းအရင်းကိုရောရှာတွေ့သွားမှာလား အမြီးကရောပျောက်သွားနိုင်မှာလားIMDb 6.8ရရှိထားပြီး Netflix ကထုတ်လွှင့်တဲ့ ဇာတ်ကားဖြစ်တဲ့အပြင်တွေးစရာတွေတစ်လှေကြီးနဲ့ကြည့်ရှုရမှာဖြစ်လို့ ခံစားကြည့်ရှုနိုင်စေရန်တင်ဆက်ပေးလိုက်ရပါတယ်(အညွှန်းကိုတော့ Yunniမှရေးသားပေးထားပါတယ်) File size…2GB / 900MB Quality…1080p WEB DL AAC 5.1CH / 720p Format…mp4 Duration….2h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Poe & Yunni
movie
Kuthirai Vaal(2021)
2021