Channel Myanmar

Amitabh Bachchan

Jodhaa Akbar(2008) 7.6
Jodhaa Akbar(2008) Jodhaa Akbar(2008) IMDb.....7.6,,,,,Rotten....79% ((( ပြသချိန် ၃ နာရီ ၃၀ မိနစ် ကြာမြင့်ပြီး 1080p,720pတို့ဖြင့် အကောင်းမွန်ဆုံးတင်ဆက်ပေးထားပါသည်.....))) ဒီဇာတ်လမ်းလေးကတော့ အိန္ဒိယပြည့်ရဲ့ ဆယ့်ခြောက်ရာစုသမိုင်းနောက်ခံ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး လက်ရှိ အိန္ဒိယလို့ခေါ်တဲ့နေရာကို အုပ်စိုးခဲ့ပြီး မဂိုအင်ပါယာကို စတင်ထူထောင်သူလို့ ယူဆကြတဲ့ ကြီးကျယ်တဲ့ မဂို ဧကရာဇ် Akbarနဲ့ အမက်ဘုရင်ရဲ့သမီးတော် ငယ်ရွယ်သွက်လက်တဲ့ မင်းသမီးလေးတစ်ယောက်တို့အကြောင်းကို အဓိကအခြေခံရိုက်ကူးထားတဲ့  Action, Drama, History ဇာတ်ကားဖြစ်ပါတယ်.... ဟိန္ဒူဖြစ်တဲ အမက်ဘုရင်ဟာ သူ့ရဲ့ ထီးနန်းကို ထိပါးလာမဲ့ နန်းတော်တွင်း ပြဿနာနဲ့ သူ့နိုင်ငံကိုတိုက်တော့မဲ့ မဂိုဧကရာဇ်ကြောင့် သူ့ သမီးတော် ဂျိုဓ ကို မွတ်စလင် ဧကရာဇ်Akbarနဲ့ ထိမ်းမြှားစေခဲ့ပါတယ်။ Akbarဟာလည်း ဒီလက်ထပ်မှုက ခိုင်မာတဲ့ မဟာမိတ်တစ်ခု ငြိမ်းချမ်းရေးတစ်ခုကို ဖြစ်စေမယ်လို့ ယူဆပြီး လက်ခံခဲ့ပါတယ်။ ဟိန္ဒူ မွတ်စလင် ဇာတ်ဘာသာ အကွဲတွေကြောင့် အစပိုင်းမှာ ဂျိုဓဟာ အခြေအနေ မဟန်ရင် အဆိပ်သုံးဖို့အထိအမျိုးမျိုး ပြင်ဆင်ခဲ့ပေမဲ့ မွတ်စလင်ဘုရင် အက်ဘာဟာ သူထင်သလို မဟုတ်ခဲ့ပဲ သူ့တောင်းတဲ့ သူ့ဘာသာကိုမပြောင်းနိုင်ကြောင်းနဲ့ သူယုံကြည်ရာဘာသာရဲ့ ဘုရားကျောင်းဆောက်ပေးဖို့တွေ တောင်းဆိုခဲ့ပေမဲ့ မွတ်စလင် ဘုရင်ဟာ လက်ခံခဲ့ပါတယ်။ အချိန်တွေကြာပြီးတဲ့နောက် သူတို့တစ်ယောက်ကို တစ်ယောက် မြတ်နိုးလာကြပေမဲ့ မတူညီတဲ့ ယဉ်ကျေးမှုနှစ်ခု မတူညီတဲ့ဘာသာနှစ်ခုရဲ့ အကျိုးဆက်အကြောင်းတရားတွေကြောင့် မဖြောင့်ဖြူးတဲ့အချစ်ဇာတ်လမ်းတစ်ပုဒ်ဟာ ဘယ်လိုတွေကြုံရဦးမလဲဆိုတာ အသင့်အတင့်မှန်တဲ့ သမိုင်းနဲ့ ကြည့်မြင်ခံစားကြရမှာပါ။ ကြာမြင့်ချိန်သုံးနာရီခွဲအတွင်းမှာ သမိုင်းရဲ့ ဖြစ်နေကြ ပြဿနာတွေဖြစ်တဲ့ စစ်ပွဲ .ဘာသာရေးပြဿနာ..ထီးနန်းကိစ္စတွေကို ဧကရာဇ်နဲ့ မင်းသမီးလေးရဲ့ အချစ်ဇာတ်လမ်းကလေးနဲ့ တခမ်းတနားတင်ပြထားတဲ့ ...
movie

Jodhaa Akbar(2008)

2008
Black (2005) 8.2
Black (2005) BLACK (2005)IMDB. 8.2/10 Rotten Tomatoes. 67 %Drama မင်းသားကြီး အမီတာဘဂျမ်း ပါဝင်​သရုပ်​​ဆောင်​ထားတဲ့BLACK ကားဟာဆိုရင်​ ညီမတို့​တွေ ဆယ်​တန်းတုန်းက သင်​ခဲ့ရတဲ့Hellen Keller ရဲ့ ဇာတ်​လမ်းကို ပြန်​လည်​စိတ်​ကူးယဉ်​ပြီး ရိုက်​ကူးထားခြင်းဖြစ်​ပါတယ်​ဒီဇာတ်​လမ်းဟာ 2005 အိန္ဒိယနိုင်​ငံ ရုပ်​ရှင်​​လောကမှာ ဒုတိယဝင်​​ငွေအ​ကောင်းဆုံးကားတစ်​ကားအဖြစ်​ ရပ်​တည်​ခဲ့ပြီး2006 ရုပ်​ရှင်​ပွဲ​တော်​မှာလည်း အ​ကောင်းဆုံး အမျိုးသား အမျိုးသမီး ဇာတ်​​ဆောင်​ဆု၊ ဇာတ်​ပို့ဆုနဲ့ အ​ကောင်းဆုံးရုပ်​ရှင်​ဆု​တွေကိုလည်း ရရှိခဲ့တယ်​နိုင်​ငံတကာထိပါ ဆု​တွေရပြီး ​အောင်​မြင်​မှု​တွေရခဲ့​တဲ့ ဇာတ်​လမ်း​ကောင်းတစ်​ပုဒ်​ပါပဲထူးခြားချက်​က​တော့ ပုံမှန်​ Bollywood ကား​တွေလို သီချင်းဆိုပြီး ကတဲ့အခန်း​တွေ မပါတာပါမက်​ဂ်​နယ်​လီ မိသားစုရဲ့ သမီးအကြီးဆုံး​လေး မီရှဲလ်လေး (Rani Mukerj) လူမမယ်​အရွယ်​​လေးမှာအပြင်းအထန်​ဖျားနာပြီး အကြားအာရုံ​ဆုံးရှုံးပြီးမျက်​စိကွယ်​သွားခဲ့ပါတယ်​မီရှဲလ်​ရဲ့ ဘဝဟာ ဘယ်​အရာကိုမှ မမြင်​ဖူးမကြားဖူးပဲဘာသံမှမကြားရတဲ့အ​မှောင်​ထုကြီးထဲမှာ အဓိပ္ပါယ်​မဲ့ အသက်​ရှုင်​​နေရတဲ့ဘဝ မိဘ​တွေကလည်း ဒီလို Deaf-Blind က​လေးတစ်​​ယောက်​ကို ဘယ်​လိုပြုစုရမယ်​ဆိုတာ မသိပဲ မီရှဲလ်​ကို ရူး​နေတယ်​ထင်​ပြီးစိတ်​ကျန်းမာ​ရေး​ဆေးရုံကို ပို့ဖို့​တောင်​ ...
movie

Black (2005)

2005
Nishabd (2007) 5.5
Nishabd (2007) MDb rating : : 5.5ဒီတစ်ခေါက်တော့. . .CM ပရိတ်သတ်ကြီးအတွက် အမီတာဘဂျမ်းရဲ့ ဒရမ်မာ ကားကောင်း​ကောင်း​လေး တစ်ကားနဲ့ မိတ်ဆက်ပေးလိုက်ပါရစေ . . .ဒီကားကအသက်ခြောက်ဆယ်အရွယ်လူအိုကြီးတစ်ယောက်နဲ့ အသက် ၁၈ နှစ်အရွယ် ကောင်မလေးတစ်ယောက်ကြားက ပက်သက်ဆက်နွယ်မှုကို လှလှပပနဲ့ ရိုက်ကူးပြထားတာပါOld But Gold ဇာတ်ကား တစ်ကားဖြစ်တာမို့ . . .ဇာတ်လမ်းအညွှန်းအစားဒီကားကြည့်ပြီး ခံစားမိတာလေးကို ရေးပေးလိုက်ပါရစေ. . .တစ်ခါတစ်လေကျတော့ အချစ်ဆိုတာ ဆန်းကြယ်သားနော်. . .အသက် အရွယ်တစ်ခုရလာတဲ့လူတစ်ယောက်က အပျော်တွေနောက်ကို(ဝါ) ပျော်ရွှင်မှုနောက်ကို မလိုက်နိုင်တော့ဘူး. . .အနှောင်အဖွဲ့တွေ. . .နိစ္စဓူဝအလုပ်တွေ. . .ဗာဟီရတွေ. . .စားဝတ်နေရေးအတွက် ကြိုးစားရုန်းကန်နေရတာတွေ ကြားမှာကိုယ့်ရဲ့ ပျိုမြစ်နုနယ်မှုတွေ ပေးဆပ်လိုက်ရတယ်ဆိုတာ သတိထားမိလာတဲ့ တစ်နေ့. . .ဟိုးအရင်လို ကိုယ်ပြန်မငယ်နိုင်တော့ဘူးဆိုတာ တစ်ထစ်ချ လက်ခံလိုက်တဲ့အချိန်ဟာ. ...
movie

Nishabd (2007)

2007
Wazir 7.2
Wazir IMDb rating 7.2 ရရှိထားပြီး နာမည်ကြီး မင်းသားကြီး အမီတာဘချမ်းပါ0င်သရုပ်ဆောင်ထားတဲ့ သဲထိပ်ရင်ဖိုမှုခင်းကားတကားနဲ့မိတ်ဆက်ပေးခြင်ပါတယ် ဒီဇာတ်ကားဟာ ၂၀၁၆ ခုနှစ်အတွက် top hit movieလို့တောင်ပြောကြတဲ့ အထိအောင်မြင်မှုရခဲ့တဲ့ ဇာတ်ကားတစ်ကားပါဇာတ်လမ်းလေးမတူညီတဲ့ လူ၂ယောက်ရဲ့ စရိုက်ကို ရိုက်ကူးပြထားတာဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းလေးကတော့ အကြမ်းဖက်တိုက်ဖျက်ရေး နှိမ်နင်းရေးအရာရှိ ဒန်းနစ်ရှ်ဟာသူ့ဇနီးနဲ့ သာယာတဲ့ မိသားစုဘ၀လေးကိုပိုင်ဆိုင်ထားပြီး တနေ့မှာ သူ့သမီးဖြစ်သူနဲ့ကားမောင်းပြီး အပြန်လမ်းမှာ သူအရင်ကဖမ်းဆီးခဲ့ဖူးတဲ့ အကြမ်းဖက်ခေါင်းဆောင်က ပြန်လည်လက်စားချေရာမှသမီးဖြစ်သူ နောရစ်ဟာ သေဆုံးသွားခဲ့ပါတယ် ဒီလိုနဲ့ သူဟာ အဖမ်းစီးခံထားရစဉ်မှာသူ့ဆရာ အမီတာဘချမ်း (ချက် ချန်ပီယံကြီးက )သင်ကြားပေးခဲ့တဲ့ တွေးခေါ်စဉ်းစားနည်းတွေနဲ့ ဘယ်လိုကြံဆ မလဲသူ့ဇနီး ကကော အကြမ်းဖက်သမားရဲ့ သတ်ဖြတ်လုပ်ကြံမှုကိုခံရမလားသူ့နဲ့ သူ့ဇနီးတို့ကော ပြန်လည် ပေါင်းစည်းနိုင်ပါ့မလားဆိုတာတွေကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှု့ရမှာ ဖြစ်ပါတယ်ပရိတ်သတ်ကြီးအနေနဲ့ ဇကားကြည့်နေတုန်း ရေဘူးလေးတော့ ဆောင်ထားနော် ရင်မောရင် ရေလေးသောက်ပြီး အမောဖြေရအောင်အညွှန်းကို ...
movie

Wazir

2016
Padman (2018) 8.3
Padman (2018) " ကျွန်တော်တို့ အိန္ဒိယဟာ ပြသနာပေါင်းသောင်းခြောက်ထောင်နဲ့ နိုင်ငံပါကျွန်တော်ရှာတွေ့ခဲ့တဲ့ပြသနာက အမျိုးသမီးတွေဓမ္မတာလာတဲ့ ၅ရက်တာ ပြသနာပါဓမ္မတာလာပြီဆိုရင် အမျိုးသမီးတွေဟာ ဘာအလုပ်မှလုပ်ခွင့်မရှိဘဲ အိမ်အပြင်ထွက်ထိုင်နေရပါတယ်သန့်ရှင်းရေးအတွက်ကျလည်း အဝတ်စုတ်တွေသုံးနေကြတယ်ဒီကိစ္စကို ကျွန်တော့်မိန်းမလည်းလုပ်နေတာမြင်တော့ တခုခုလုပ်ဖို့ကြံမိပါတယ်။အမျိုးသမီးတယောက်ကို ပဒ်အသုံးပြုခိုင်းခြင်းဟာ သူ့အတွက် အချိန် ၂လထပ်အပိုပေးလိုက်သလိုပါပဲ ရှင်းပြပါမယ်၁လကို ၅ရက်၊ ၁၂လဆို ရက် ၆၀၊ တနှစ်မှာ ၂လပါ။အမျိုးသားတွေကျတော့ တနှစ်မှာ ၁၂လရပြီး အမျိုးသမီးတွေမှ ဘာကြောင့် ၁၀လပဲ ရ,ရမှာလဲနာရီဝက်လောက်ပဲ အမျိုးသားတစ်ယောက်က အမျိုးသမီးတွေလိုသွေးထွက်ကြည့်လိုက်၊ တန်းသေပြီပဲ "ဒီမိန့်ခွန်းကို အင်္ဂလိပ်ဝေါဟာရမကြွယ်မဝနဲ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာဟောပြောခဲ့သူကတော့ ပဒ်မန်းလို့ အမည်တွင်ခဲ့တဲ့ လက်(ရှ်)မီးကန့် ချော်ဟန့်ပဲဖြစ်ပါတယ်။သူ့ဘဝဇာတ်ကြောင်းကို ပုံဖေါ်ထားပြီး အိမ်ထောင်ကျပြီးချိန်မှသိပ်ချစ်လွန်းတဲ့ဇနီးဖြစ်သူရဲ့ ဒီဒုက္ခကိုဖြေရှင်းပေးဖို့ကြိုးစားရင်းအရူး၊ တဏှာရူး၊ လူညစ်ပတ် စသဖြင့်ပေါင်းစုံဝေဖန်အပြစ်တင်မှုတွေခံခဲ့ရပြီးနောက်ဆုံး သိပ်ချစ်ရတဲ့ဇနီးနဲ့ပါ ကွဲရတဲ့အထိဖြစ်ခဲ့ရပါတယ်ဒါလည်း သူ့ယုံကြည်ရာကို ဇွဲမလျော့ဘဲ ကြိုးစားမှုကြောင့်လက်(ရှ်)မီးဟာ ပဒ်မန်းဖြစ်လာခဲ့ပါတယ်။သူဘဝမှာဘယ်လိုတွေ ခက်ခဲကြိုးပမ်းခဲ့ရလဲဘယ်သူတွေက အပြစ်တင်ကြပြီးဘယ်သူတွေက ကူညီပေးခဲ့လဲဆိုတာ သူ့ဘဝဇာတ်ကားကြီးမှာ ခံစားမှုပေါင်းစုံနဲ့ စီးမျောလိုက်ကြပါဦးဗျာ(#ဒီကားက ...
movie

Padman (2018)

2018
Pink (2016) 8.2
Pink (2016) unicodeIMDb (8.2)..Rotten Tomatoes (100%)အမျိုးသမီးတွေရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်..အခွင့်အရေးတွေကို ပညာသားပါပါထည့်သွင်းရိုက်ကူးထားလို့ နာမည်ကြီးတဲ့Bollywood ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပြီး Rating တွေလဲကောင်းမွန်လှပါတယ်။ဇာတ်လမ်းကတော့......မီနယ်အရိုရာ၊ ဖယ်လက်အ လီနဲ့ အန်ဒရီယာတို့ သုံးယောက် ဟာ ဒေလီတောင်ပိုင်းက လူကုံ ထံရပ်ကွက်တစ်ခုမှာ အိမ်ငှားနေ ကြပြီး လုပ်ငန်းခွင်တွေမှာ အလုပ်ဝင်နေကြသူတွေပါ။တစ်ညမှာ တော့ ရော့ခ်ဂီတပွဲကြည့်အပြီးမှာ ရာ့ဂျ်ဗီးရားဆိုသူက ညစာစားပွဲ ဖိတ်ကြားတဲ့အတွက် သွားခဲ့ကြပါ တယ်။ ရာ့ဂျ်ဗီးရားက ဒေလီတောင်ပိုင်းက အာဏာရှိနိုင်ငံရေး သမားရဲ့တူပါ။ ဒီလိုနဲ့ အပန်းဖြေအိမ်တစ်ခု မှာ မင်နယ်တို့ သုံးယောက်ရယ်၊ ရာ့ဂျ်ဗီးရားနဲ့ သူ့အပေါင်းအသင်း နှစ်ယောက်ရယ် စားကြသောက် ကြပြီး အခွင့်အရေးကို စောင့်နေ တဲ့ အမျိုးသားသုံးယောက်ဟာ ကောင်မလေးသုံးယောက်နဲ့ တစ် တွဲစီဖြစ်အောင် ကြံဖန်ခဲ့ကြပါ တယ်။ တကယ်တော့ မင်နယ်နဲ့ ရာ့ဂျ်ဗီးရားတို့ဟာ သာမန်မိတ် ဆွေအဆင့်သာ ခင်မင်ကြတာဖြစ် ပြီး ရာ့ဂျ်ဗီးရားက မင်နယ်ကို ဗလက္ကာရလုပ်ဖို့ ...
movie

Pink (2016)

2016
Sholay (1975) 8.2
Sholay (1975) Sholay (1975)IMDb - 8.2/10_____Rotten - 91%    All time Best Bollywood Movies မှာ Sholay ဟာ နံပါတ် ၃ နေရာမှာရှိနေပါတယ်။ 1975 က ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားဆိုပေမယ့် ဇာတ်လမ်း၊ဇာတ်ကွက်တွေနောက်ခံသီချင်းတွေ အဲ့ဒီခေတ် အနေအထားနဲ့ ဒီလို အက်ရှင်ခန်းတွေ၊ ကျေးလက်ဒေသ မြင်ကွင်းတွေ၊ အထူးပြောချင်တာကတော့ ဒရာမာအခန်းတွေပါပဲ့ တကယ့်ကို ပြီးပြည့်စုံလွန်းတယ်လို့ပဲပြောရမလား ဘယ်အချိန်ပြန်ကြည့်ကြည့် မချီမကဲဖြစ်သွားစေတဲ့ ဒရာမာအခန်းလေးတွေ၊တစ်ယောက်နဲ့တစ်ယောက် စိတ်ဝင်စားနေပေမယ့် စကားလုံးတွေမပါပဲ နောက်ခံတေးသံသာသာလေးဟာ အခုချိန်ထိ နားထဲမှာ ကြားရောင်နေဆဲပါပဲ။ သရုပ်ဆောင်တွေကလည်း ကဏ္ဌအသီးသီးမဇာ တာဝန်ကျေကြသလို၊ အကောင်းမွန်ဆုံးတွေဆိုတော့ သဘာဝကျမှုကို အပြည့်အဝရရှိစေပါတယ်။ တစ်ခါမှ မကြည့်ဖူးသေးဘူးဆိုရင်တော့ တစ်ခါလောက်တော့ မဖြစ်မနေကြည့်ကြည့်လိုက်ပါ့ ကြည့်ပြီးသားလူတွေအတွက်လည်း ဘယ်အချိန်မှ မရိုးနိုင်တဲ့ ဇာတ်ကားကောင်း တစ်ခု ဖြစ်ပါတယ်။ ======================================================= ဇာတ်လမ်းနည်းနည်းလောက် ညွှန်းရမယ်ဆိုရင်တော့ ရမ်ဂဗ်ရွာရဲ့ အငြိမ်းစားရဲတစ်ယောက်ဖြစ်သူ ထာကူရ်ဗဲလ်ဒေ့ဆင့်ဟာ အသိဖြစ်သူ ထောင်ပိုင်တစ်ယောက်ကို လူနှစ်ယောက်ကို ရှာပေးဖို့ အကူအညီတောင်းခဲ့ပါတယ် သူရှာခိုင်းတဲ့ နှစ်ယောက်က ဗီရူးနဲ့ ...
movie

Sholay (1975)

1975
Kabhi Alvida Naa Kehna (2006) 6.1
Kabhi Alvida Naa Kehna (2006)  ခြေစွမ်းပြပြီး အောင်မြင်ကျော်ကြားနေတဲ့ ဘောလုံးကစားသမား တစ်ယောက်ဖြစ်တဲ့ ဒေ့ဗ် သူ့မှာ သွက်လက်ပြီး အရည်အချင်း သိပ်ရှိတဲ့ ရီဟား လို့ ခေါ်တဲ့ မိန်းမနဲ့ သားလေး တစ်ယောက်ရှိတယ်တစ်နေ့မှာတော့ ဒေ့ဗ်က မင်္ဂလာဆောင် တစ်ခုကနေ သူ့အမေကို သွားကြိုတာ အမေဖြစ်သူက သတို့သမီး မလာသေးလို့ မင်္ဂလာပွဲ မပြီးသေးလို့ မပြန်သေးတော့ ပန်းခြံထဲမှာ လမ်းလျှောက်နေရင်း သတို့သမီး ဝတ်စုံနဲ့ မိန်းကလေး တစ်ယောက်ကိုတွေ့ခဲ့တယ် သူ့နာမည်က မာယာ"လက်မထပ်ခင် မင်း အချစ်စစ်ကို ရှာသင့်တယ် လက်ထပ်ပြီးသွားရင်တော့ မင်းရှာလို့ မရဘူးနော်ဒါဆို တကယ်လို့ လက်ထပ်ပြီးမှ အချစ်စစ်ကို တွေ့ခဲ့ရင်ကော""ကျွန်မက မနှုတ်ဆက်ဘူး နှုတ်ဆက်တယ်ဆိုတာ နောင်တစ်ကြိမ် ထပ်တွေ့မယ်ဆိုတဲ့ မျှောလင့်ချက် မရှိအောင် လုပ်လိုက်သလိုပဲ ဘယ်သူပြောနိုင်မလဲ နောက်တစ်ကြိမ် ပြန်တွေ့ဦးမလား ဆိုတာ"အခုမှ တွေ့ဖူးတဲ့ မာယာ့ကို ဒေ့ဗ် တစ်ယောက် အရင်ကတည်းက ရင်းနှီးနေသလို ခံစားခဲ့ရတယ် ဒါကြောင့်လဲ သူမကို ...
movie


2006
The Ghazi Attack (2017) 7.6
The Ghazi Attack (2017) IMDb rating 8.3 ရထားတဲ့ ဘောလိဝုဒ် စစ်ကာကြီး တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် စစ်ကားကို စောင့်မျှော်နေတဲ့ ပရိတ်သတ်ကြီးအတွက်တော့ လက်လွတ်မခံ သင့်တဲ့ဇာတ်ကားကြီး တစ်ကား ဖြစ်ပါတယ်ဗျပြီးတော့ ဒီဇာတ်ကားက အိန္ဒိယ နဲ့ ပါကစ္စတန် ၂ နိုင်ငံကြားက ဖြစ်ရပ်မှန် သမိုင်ကြောင်းကို အခြေခံပြီးရိုက်ကူးထားတာပါ ဇာတ်လမ်း အကျဉ်းလေး ကတော့ 1971 မှာ အိန္ဒိယ နဲ့ ပါကစ္စတန် စစ်ဖြစ် ကြတဲ့အခါမှာ ပါကစ္စတန်ရေတပ်က ပါကစ္စတန်အရှေ့ပိုင်းကနေ ၀င်ရောက် တိုက်ခိုက်ဖို့အတွက် ဘင်္ဂလားပင်လယ်ထဲကို ၀င်ရောက်ဖို့လိုလာပါတယ် အဲ့သည်အချိန်မှာပဲ အိန္ဒိယ ရေတပ် INS Karanji (S21) ဟာ ဘင်္ဂလားပင်လယ်အော်ထဲ မှာ ကင်းလှည့်စောင့်ကျပ်နေပါတယ် ဒီလိုနဲ့ ပါကစ္စတန်ဟာ ဘင်္ဂလားပင်လယ်ထဲ ၀င်ရောက်ဖို့ INS Karanji (S21) ကိုတိုက်ခိုက်ဖို့ PNS Garzi ကိုလွတ်လိုက် တဲ့အခါမှာတော့ ကဲ ဘာတွေဆက်ဖြကြမလဲဆိုတာကို ဆက်လက်ကြည့် လိုက်ကြပါတော့ဗျာ ......................။ (အခုကားကို VLC player နဲ့သာကြည့်ကြဖို့ သတိပေးလိုက်ပါရစေဗျာ) ဘာသာပြန်သူကတော့ Linn Thura ဖြစ်ပါတယ်ဗျ ။
movie

The Ghazi Attack (2017)