Channel Myanmar

Amit Sial

Raid 2 (2025) 7.4
Raid 2 (2025) Raid 2 (2025) ******************* (Official WEB DL ထွက်ရှိလာပြီမလို့ ထပ်မံupdateပေးလိုက်ရပါတယ်)ဒီဇာတ်ကားလေးကတော့ IMDb rating 7.8အထိရရှိထားတဲ့ ဟင်ဒီစကားပြော ဘောလိဝုဒ် အမျိုးအစားCrime/Thriller ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။သရုပ်ဆောင်တွေအနေနဲ့ကတော့ Raid 1ထဲက မင်းသားကြီးအားဂျေးဒေ့ဗ်ဂန်ကပဲပြန်လည်သရုပ်ဆောင်ထားပြီး မင်းသမီး ကတော့ War 2019ထဲက ပရိတ်သတ် အသည်းစွဲလေးဖြစ်တဲ့ ဗာနီကပူးရ်ပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းRaid 1ထဲက ဖြောင့်မတ်မှန်ကန်ပြီး တိုင်းပြည်အပေါ် သစ္စာရှိတဲ့အပြင် ဘယ်သူဖျက်ဖျက် တရားမပျက်ပါလေသောအကောက်ခွန်အရာရှိကြီးဖြစ်တဲ့အာမေးပတနာယက်ဟာ ဆိုရင်ဖြင့်လာဘ်စားမှုနဲ့ စွတ်စွဲခံရပြီး သူ့ရဲ့ တာဝန်ကျ သက်တမ်းတလျှောက် ၇၄ကြိမ်မြောက် အနေနဲ့ ဘွဂ်ျမြို့ကို တာဝန်ပြောင်းရွှေ့ချထားခြင်း ခံလိုက်ရပါတယ်။ဘွဂ်ျမြို့ကို ရောက်တယ်ဆိုရင်ပဲ သူတော်ကောင်းယောင်ဆောင်ထားတဲ့ ပြည်ထဲ‌ရေးဝန်ကြီး ဒါဒါဘိုင်ဆိုသူနဲ့ ထိပ်တိုက် တွေ့လိုက်ရပြီး ဒါဒါဘိုင်ရဲ့ ပိုင်ဆိုင်မှုတွေကို ဝင်စီးတော့တာပေါ့။အချက်အလက် အတိအကျနဲ့ စစ်ဆင်ရေး ဝင်စီးခဲ့ပေမဲ့လည်းရန်သူ့ဘက် က ခြေတစ်လှမ်းသာသွားတာကြောင့် ဘာမှမသိမ်းလိုက်ရတဲ့အပြင် တာဝန်က‌နေပါ ရပ်ဆိုင်းခံလိုက်ရတော့တာပါပဲ။ ဒီလိုနဲ့ အာမေးပတနာယက်တစ်ယောက် ဒါဒါဘိုင်ကို ရိုက်ချိုးနိုင်ဖို့ လျှို့ဝှက်လှုပ်ရှားရာမှာတော့...ဝန်ကြီးဖြစ်တဲ့ ဒါဒါဘိုင်ကို ရာထူးမဲ့ အာမေးပတနာယက် တစ်ယောက် ...
movie

Raid 2 (2025)

4K HEVC
Kesari Chapter 2: The Untold Story of Jallianwala Bagh (2025) 8.2
Kesari Chapter 2: The Untold Story of Jallianwala Bagh (2025) Kesari Chapter 2: The Untold Story of Jallianwala Bagh 2025 (ဂျယ်လီယန်ဝါလာဘာ့ဂ်သတ်ဖြတ်မှု)မင်းသားကြီး အရှေးကူးမားပါဝင် သရုပ်ဆောင်ထားတဲ့အပြင် Student of the Year 2 နဲ့ Pati Patni Aur Woh လို ရိုမန့် ကားတွေနဲ့ နာမည်ရလာတဲ့ မင်းသမီးလေး အာနန်ယာပန်ဒေးပါဝင်ထားပြီး သမိုင်းကြောင်းကို အခြေခံပြီးရိုက်ကူးတင်ဆက်ထားတဲ့ ရုံတင်ကားကြီး ထွက်ရှိလို့လာပါပြီ။2019မှာ ထွက်ရှိခဲ့တဲ့ Kesari ဇာတ်လမ်းရဲ့ Spiritual Sequel အနေနဲ့ Chapter 2 ဆိုပြီး ထွက်ရှိလာခဲ့တာဖြစ်ပါတယ်။ Kesari မှာတော့ မွတ်ဆလင်များနဲ့ဖြစ်ခဲ့တဲ့ ၁၉ရာစုဝန်းကျင်က စစ်ပွဲကို အခြေခံထားခဲ့ပြီး ယခု Kesari Chapter 2 မှာတော့ ဂျယ်လီယန်ဝါလာဘာ့ဂ် သတ်ဖြတ်မှုအကြောင်းကို အခြေခံထားပြီး ပန်ဂျပ်တို့ရဲ့ တော်လှန်လှုပ်ရှားပုံတွေကို ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ရှန်ကရန်နာရ်ဆိုတဲ့ ရှေ့နေဟာ ဗြိတိသျှအုပ်ချုပ်ရေးဘက်မှာ အရမ်းကို အားကိုးရတဲ့ ရှေ့နေတစ်ယောက်ဖြစ်ပါတယ်။ ပြီးတော့ သူနာမည်ကြီးတဲ့ တခြားအချက်ကတော့ လိုက်တဲ့အမှုတိုင်းကို ...
movie

Kesari Chapter 2: The Untold Story of Jallianwala Bagh (2025)

4K HEVC
Raid (2018) 7.6
Raid (2018) Raid (2018)ဒီဇာတ်ကားလေးဟာ ၁၉၈ဝခုနှစ်များဆီက အိန္ဒိယနိုင်ငံမှ အခွန်ဦးစီးဌာနအရာရှိတစ်ယောက်ရဲ့ အဖြစ်အပျက်ကိုအခြေခံရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဆင်းရဲသားတွေဆီကခေါင်းပုံဖြတ်၊ လာဘ်ပေးလာဘ်ယူမှုတွေနဲ့ချမ်းသာလာပြီး တစ်ဖက်မှာလူအများအမြင်ကြည်အောင်ဘီလူးခေါင်းကွယ်ထားတတ်တဲ့ လူချမ်းသာတွေ၊ ပြည်သူတွေကိုအသုံးချပြီး ကိုယ်ကျိုးရှာတဲ့နိုင်ငံရေးသမားတွေကို သူတို့ဆီမှာအမှန်တကယ် တရားဘောင်အတွင်းကနှိပ်ကွပ်ခဲ့တဲ့အဖြစ်အပျက်လေးကိုအခြေတည်ထားတာပါ။ရိုးသားပြီးကိုယ့်ခံယူချက်အတိုင်းလုံးဝတရားမပျက်တဲ့ အစိုးရအရာရှိတစ်ယောက်သူတို့ဆီမှာရှိဖူးတယ်ဆိုတာကို ရိုက်ကူးပြထားတာဖြစ်ပါတယ်။ဘယ်သူတရားပျက်ပျက်ကိုယ်မပျက်ဘူးဆိုတဲ့သတ္တိနဲ့ အဆိုပါအခွန်ဦးစီးဌာနကအရာရှိတစ်ယောက် လက်နောင်းမြို့ကို၄၉ကြိမ်မြောက် ရာထူးပြောင်းရွေ့ခြင်းခံရပြီးရောက်လာတာကစတာပါပဲ။အရင်အရာရှိတွေနဲ့မတူပဲ အလုပ်ကိုအမှန်အကန်လုပ်တဲ့သူနဲ့တွေ့တဲ့အခါမှာတော့ ဂုတ်သွေးစုပ်နေတဲ့ သွေးစုပ်ဖုတ်ကောင်ကြီးတွေ မျက်ဖြူလန်တော့တာပါပဲ။ဇာတ်လမ်းလေးကိုဆက်မပြောတော့ဘဲကိုယ်တိုင်ပဲကြည့်လိုက်စေချင်ပါတယ်။နိုင်ငံရေးသဘောသဘာဝတွေ၊ ရိုးသားတဲ့အစိုးရဝန်ထမ်းတွေနှိပ်ကွက်ခံရမှုတွေ၊ လူထုကိုနိုင်ငံရေးသမားတွေဘယ်လို ဦးနှောက်အဆိပ်ခတ်ထားသလဲဆိုတာတွေကို ကွက်ကွက်ကွင်းကွင်းရိုက်ကူးပြသပုံဖော်ထားတာကိုတွေ့ရမှာပါ။Rating အနေနဲ့လည်း 7.6 အထိရရှိထားပြီး ငွေကြေးအရလည်းအောင်မြင်ထားတဲ့ဖြစ်ရပ်မှန်ဇာတ်ကားလေးဖြစ်ပါတယ်(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကိုတော့ Thura Zarni Aung မှ တင်ဆက်ထားတာပါ။) File size…(7.6 GB )/ (2 GB)/ (1 GB) Quality…BluRay 4K HEVC/ 1080p HEVC / 720p Format…mkv/mp4 Duration….02:00:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Thura Zarni Aung
movie

Raid (2018)

2018
4K HEVC
Jo Tera Hai Woh Mera Hai (2024)
Jo Tera Hai Woh Mera Hai (2024) Jo Tera Hai Woh Mera Hai (2024)"အိပ်မက်အိမ်" =======================================အသစ်ထွက်ရှိထားတဲ့ Slice of life အမျိုးအစားဆန်ဆန် ဟင်ဒီစကားပြော ဟာသဒရာမာရုပ်ရှင်လေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။မီတက်ရှ်ဆိုတဲ့ ကောင်လေးဟာ လမ်းဘေးလက်ဖက်ရည်ဆိုင်တစ်ခုက စားပွဲထိုးလေးတစ်ယောက်ရှိပါတယ်။သူဟာ စားပွဲထိုးတစ်ယောက်ပေမဲ့ ရည်မှန်းချင်ကြီး ကြီးပွားလိုစိတ်ရှိသူဖြစ်ပါတယ်။ သူတို့ လက်ဖက်ရည်ဆိုင်နားမှာ ခမ်းနားတဲ့အိမ်ကြီးတစ်လုံးရှိပြီး အဲဒီအိမ်ကြီးဟာ မီတက်ရှ်ရဲ့ အိပ်မက်ထဲကအိမ်ကြီးပေါ့။ နှစ်တွေကြာလာတဲ့အချိန်မှာ မီတက်ရှ်ဟာ မိသားစုနဲ့ အိမ်နဲ့ကားနဲ့ ပြည့်ပြည့်စုံစုံရှိတဲ့ စီးပွားရေးသမားတစ်ယောက်ဖြစ်လာခဲ့ပေမဲ့ သူ့ရဲ့အိမ်မက်အိမ်ကြီးကိုတော့ ဝယ်နိုင်ဖို့ အလှမ်းဝေးနေတုန်းပါပဲ။ဒါပေမဲ့ ရည်မှန်းချက်ကြီးတဲ့ မီတက်ရှ်တစ်ယောက် လက်မလျှော့ဘဲ အဲဒီအိမ်ကြီးကိုရပြီ နည်းမျိုးစုံသုံးပြီးကြိုးစားပုံကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ရမှာပဲဖြစ်ပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size…1.56 GB / 780 MB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….1h 42min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Jo Tera Hai Woh Mera Hai (2024)

Swatantra Veer Savarkar (2024) 7
Swatantra Veer Savarkar (2024) Swatantra Veera Savarkar 2024 IMDb 7.7ဘတ်ဂျက်သန်း၂၀၀သုံးထားပြီး အိန္ဒိယနိုင်ငံသားတွေ လွတ်လပ်ရေးကြိုးပမ်းခဲ့ပုံကိုရိုက်ကူးတင်ဆက်ထားပါတယ်အဓိကရုဏ်းတွေနဲ့ အင်္ဂလိပ်ဗြိတိသျှတွေက အိန္ဒိယကိုသိမ်းပိုက်တဲ့ခုနှစ်အစမှာပေါ့ တစ်နိုင်ငံလုံး မီးခိုးငွေ့တလူလူနဲ့ အိန္ဒိယသား‌တွေရဲ့အလောင်းထားဖို့တောင် တွင်းကြီးကြီးတူးထားကြတဲ့အထိပါပဲတွင်းပြည့်သွားရင် မီးရှို့ရင်းထပ်သတ်နေတဲ့ဒီသံသရာထဲကရုန်းထွက်ချင်နေကြတဲ့ အိန္ဒိယပြည်သူတွေအတွက် လူအင်အား လက်နက်အင်အားနဲ့ ကံကြမ္မာအင်အားက သူတို့ဘက်မှာမရှိနေခဲ့ ဒီလိုဆင်းရဲဒုက္ခထဲကလွတ်မြောက်ဖို့ သူတို့ရဲ့မျှော်လင့်ချက်ရောင်ခြည်က ဗီဒီဆာဗာကာပါ ဉာဏ်ပညာထက်မြက်ပြီး မှတ်နိုင်စွမ်းမြင့်မားသူပီပီ အင်္ဂလိပ်နိုင်ငံသွား အဲ့ဒီကအမြင့်ဆုံးကျောင်းမှာ ကျောင်းတက်ပြီး ထိပ်တန်းကျောင်းသားဖြစ်အောင်လုပ်ခဲ့တယ် ကျောင်းကနှင်ထုတ်ချင်ရင်တောင် နောက်လှည့်ကြည့်ရင် ဘာအပြစ်မှမရှိအောင်နေခဲ့ပြီး နိုင်ငံခြားကလူတွေတောင်ရှိန်ရတဲ့ ထိပ်တန်းကျောင်းသားကြီးတစ်ယောက် ဒီကျောင်းကဘွဲ့ရရင် လန်ဒန်ထိတက်ပြီး ဥပဒေပညာကိုသင်ယူ သူတို့ရဲ့လွတ်လပ်ရေးအတွက် ပညာတွေကိုလေ့လာပြီး အိန္ဒိယကိုပြန်ကယ်တင်မဲ့သူ့အိပ်မက်က ခက်ခဲကြမ်းတမ်းတဲ့လောကဓံကြား အဆင်ပြေသွားမလားဆိုတာကိုတော့...( အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်) File size… 2.29GB / 1.3GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 56m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Swatantra Veer Savarkar (2024)

2024
Qala (2022) 7.1
Qala (2022) Qala (2022)IMDb-7.2/10 Rotten tomatoes -100%ဒီညတော့ Netflixက ထွက်ရှိလာတဲ့ Rating ကြမ်းကြမ်း music genre/psychological drama လေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့မန်ဂျူရှီတို့ မိသားစုဟာ မျိုးနဲ့ရိုးနဲ့ ဂီတပါရမီပါခဲ့သူတွေပါ ဒီမိသားစုထဲ အူမီဟာ အမွှာရင်သွေးလေးလွယ်ခဲ့ရပေမယ့် တကယ်လက်တွေ့ကျ သမီးလေးတစ်ယောက်သာဖွားမြင်လာပါတယ် အမွှာတိုင်းမှာတစ်ခါတစ်လေအားနည်းတဲ့ကလေးတွေဟာ အဖိတ်အစင်ရှိတတ်တယ်လို့ ဆရာ၀န်ကရှင်းပြပေမယ့် အူမီကတော့ မကျေနပ်ပါဘူး ဒီသမီးကြောင့် သားလေးသေရတယ်ဆိုပြီးသမီးလေး (ကွာလာ)ကိုလည်း မချစ်ခဲ့ပါဘူး အရွယ်ရောက်လာချိန်မှ မိသားစုအမွေဂီတကိုသင်ပေးပေမယ့် ကွာလာ့ရဲ့ အရည်အချင်းကို အထင်မကြီးခဲ့တဲ့ မိခင်ဟာ ဂျာဂန်ဆိုတဲ့ မိဘမဲ့ကောင်လေးတစ်ယောက်ကိုအရည်အချင်းနဲ့ အသံကိုတော့ အရမ်းသဘောကျသွားခဲ့တယ် ကွာလာကတော့ ၀မ်းနည်းအားငယ်ရတာပေါ့နောက်နှစ်တွေကြာတဲ့အချိန် ကွာလာဟာထူးချွန်ပြီး ရွှေဓာတ်ပြားဆုတွေပါ ဆုခူးရရှိခဲ့ပါတယ် ဂီတရဲ့ အောင်မြင်မှုစံပြပြယုဂ်အထိ လေးစားဂုဏ်ပြုခံခဲ့ရပါတယ် ဒါပေမယ့် သူ့အမေဆီကဂုဏ်ပြုစကားတော့ မရခဲ့ပါဘူးဒီအောင်မြင်မှုတွေရလာတဲ့အချိန်မှာပဲ ကွာလာဟာ အသံတွေကြားယောင်ရင်း မှန်ထဲက ‌ပုံရိပ်တစ်ခုဟာသူ့အောင်မြင်မှုတွေအစား၀င်ယူတယ်ဆိုပြီး ခြိမ်းခြောက်ခံခဲ့ရတာတွေရှိလာပါတယ်...ကွာလာက မိခင်ရဲ့ ဂုဏ်ပြုချီးကျူးစကားကြားရဖို့ ဘယ်လိုဆက်ကြိုးစားမလဲ မှန်ထဲကပုံရိပ်က ဘယ်သူလဲ ဘာလို့ခြောက်လှန့်နေရတာလဲဆိုတာ ကြည့်ရှူခံစားလိုက်ပါဦး File size…1.59GB / 676MB Quality…1080p NF WEB ...
movie

Qala (2022)

2022