Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Amber Midthunder
6.7
Novocaine (2025)
The Boys မင်းသား Jack Quaid ပါဝင်ထားတဲ့စူပါဟီးရိုးဆန်ဆန် အက်ရှင် ဟာသကားအသစ်ထွက်လာပါပြီ။ဇာတ်ကားနာမည် Novocaine ဆိုတာကတော့ထုံဆေးတစ်မျိုးရဲ့ နာမည်ပဲဖြစ်ပါတယ်။ဒီဇာတ်လမ်းထဲက ဇာတ်လိုက်နဲ့ လိုက်ဖက်ပါတယ်။သူ့မှာ မွေးရာပါ မျိုးဗီဇရောဂါတစ်ခုဖြစ်တဲ့Congenital Insensitivity to Pain withAnhidrosis (CIPA) မွေးရာပါ နာကျင်မှုကိုမခံစားနိုင်ခြင်းနဲ့ ချွေးမထွက်ခြင်း ရောဂါရှိနေတာပါ။ ပုံမှန်အားဖြင့် ဒီရောဂါရှင်တွေဟာအသက် ၂၅ ကျော်တာ ရှားပါတယ်။ဘာလို့လဲဆိုတော့ နာကျင်မှုဆိုတာ လူတွေအသက်ရှင်ဖို့ မဖြစ်မနေလိုအပ်တဲ့အရာပဲ ဖြစ်လို့ပါပဲ။နာကျင်မှုမရှိတဲ့အခါ ဒဏ်ရာတွေရရင်လည်းမသိအစားစားနေရင် လျှာကိုကိုက်မိရင်တောင် မသိနိုင်တာမို့ အသက်သေဆုံးနိုင်ချေ အရမ်းမြင့်ပါတယ်။ဒီရုပ်ရှင်ထဲက ဇာတ်လိုက်ကတော့ အရမ်းကို သတိကြီးကြီးနဲ့အသက်ရှင်ခဲ့ပြီး စားစရာကိုတောင် အရည်ပဲသောက်တာမို့ အရွယ်ရောက်လာတဲ့အပြင် ဘဏ်မှာလက်ထောက်မန်နေဂျာတောင်ဖြစ်လာပြီဖြစ်ပါတယ်။ဘဏ်မှာတွေ့တဲ့ ကောင်မလေးတစ်ယောက်ကို ချစ်မိပြီးခါမှ ဘဏ်ကို ဓားပြတိုက်ခံရပြီး သူ့ကောင်မလေးကိုဓားစာခံအဖြစ် ဖမ်းခေါ်သွားကြပါတယ်။ဘာမှ တိုက်ခိုက်တတ်တာမရှိပေမဲ့ ဘာလုပ်လုပ် မနာတဲ့ကောင် ပြုတ်မနူးဆိုတော့ ကားတစ်စီးနဲ့ ဓားပြတွေကိုနောက်က လိုက်ကျုံးပြီး ကောင်မလေးကို ကယ်ဖို့ကြိုးစားရပါတော့တယ်။အဓိကကြည့်ရမှာကတော့ ...
movie
Novocaine (2025)
4K HEVC
6.3
Rez Ball (2024)
Rez Ball (2024)IMDb Rating (6.3) / Rotten Tomatoes (94%) ဒီ ဘတ်စကတ်ဘော ကားလေးကတော့ LeBron James ကိုယ်တိုင် producer ထဲမှာပါဝင်ထားပြီး rating တွေလည်းတော်တော်ကောင်းကောင်းရထားပါတယ်၊၊ဇာတ်လမ်းကတော့ခန့်မှန်းရလွယ်တယ်ဆိုပေမဲ့ သရုပ်ဆောင်တွေ သရုပ်ဆောင်ကောင်းတာကြောင့်တော်တော်လေး ကြည့်လို့ပြေပါတယ်။ဘတ်စကတ်ဘော အသုံးအနှုန်းအချို့ကိုတော့ အဆင်ပြေသလိုပဲ ပြန်ပေးထားပါတယ်။ ဘတ်စကတ်ဘော ကြိုက်တဲ့သူတွေအနေနဲ့ ကြည့်သင့်တဲ့ ဇာတ်ကားလေးပါ။ဇာတ်လမ်းအညွှန်းလေးကတော့ Warriors ဆိုတဲ့ New Mexico က Native American Basketball အဖွဲ့က သူတို့ရဲ့ အဓိက ကစားသမားဖြစ်တဲ့ နာတာနီဂျက်ဆင်ကအဆုံးစီရင်သွားတဲ့နောက်မှာ ပြိုင်ပွဲတွေနိုင်ဖို့တော်တော်လေး ရုန်းကန်လာရပါတယ်။ဒီကိစ္စကို အသင်းရဲ့ ကပ္ပတိန်အသစ် ဂျင်မီဟောလီ'ဒေးက သူတို့ရဲ့ နာဗာဟိုရိုးရာ တွေနဲ့ပေါင်းစပ်ပြီး အသင်းကိုဘယ်လိုပြန်လည်ခေါင်းထောင် လာအောင်လုပ်မလဲ ရင်ခုန်စိတ်လှုပ်ရှားစရာကြည့်ရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Nikobaby ဖြစ်ပါတယ်။)File size…(2.1 GB) / (1 GB) Quality….WEB-Rip ...
movie
Rez Ball (2024)
2024
7.6
Hell or High Water (2016)
Hell or High Water (2016)IMDb Rating (7.6) / Rotten Tomatoes (97%)Chris Pine , Jeff Bridges , Ben Foster တို့လို မင်းသားကြီးတွေပါဝင်ပြီး Crime Drama Thriller အမျိုးအစားကိုမှ Western စတိုင်အပြည့်နဲ့ရုပ်ရှင်ကားကြီးပါ။ဘဏ်မှာ အပေါင်ဆုံးတော့မဲ့ ဘိုးဘွားပိုင် မြေတွေကို မဆုံးရူံးဖို့ Tony နဲ့ Tanner တို့ညီအကိုနှစ်ယောက် ဘဏ်တွေကို ဓါးပြဝင်တိုက်ကြတယ်။ သူတို့ ရွေးချယ်တာ မြို့ငယ်လေးက ဘဏ်တိုက်လေးတွေကိုပါ။ မနက်စောစော ဘဏ်ဖွင့်ချိန်မှာ ဝင်လုမယ်။ ပိုက်ဆံကိုလည်း ဒေါ်လာ 20 တန်တဲ့ တန်ဖိုးပိုကြီးတဲ့အရွက်ကြီးလည်းမယူသလို သူတို့လုတဲ့ငွေ ပမာဏကလည်း ဒေါ်လာတစ်သောင်းအောက်ဆိုတော့ FBI ကတာဝန်ယူရလောက်အောင်ကြီးမားတဲ့ အမူမဟုတ်တဲ့အခါ ပြည်နယ်ရဲတာဝန်ပေါ့။ ဒီအမှုတွေကို မကြာခင် ရဲဘဝကနေအငြိမ်းစားယူတော့မဲ့ Marcus ရယ် သူတွဲဘက်အဖော် Alberto တို့ပူးပေါင်းဖော်ထုတ်ဖို့တာဝန်ဖြစ်လာပါတယ်။ Marcus က ဘဏ်ဓါးပြတွေ ကို လိုက်လံရှာဖွေဖမ်းဆီးဖို့ထက် Tony ...
movie
Hell or High Water (2016)
2016
4K HEVC
7.2
Dream Scenario (2023)
Dream Scenario (2023) ================= IMDb Rating - 7.2/10ဇာတ်လမ်းအဆန်းအကောင်းတွေကို ထုတ်လုပ်နေကျ A24 ရဲ့ Dark Comedy ရုပ်ရှင် အသစ်လာပါပြီ။ A24 ရဲ့ Nick Cage နဲ့ ပထမဆုံး တွဲလုပ်တဲ့ရုပ်ရှင်ပါပဲ။ ဒါရိုက်တာ Ari Aster က အစမှာ Adam Sandler နဲ့ ဒီရုပ်ရှင်ကို ရိုက်မလို့ပေမဲ့ နောက်ပိုင်းမှာ ပရို ဂျူဆာအဖြစ်ပါ ပါဝင်ခဲ့ပြီး ဒါရိုက်တာ Kristoffer Borgli ကို စိတ်ကြိုက်ရိုက်ကူးစေခဲ့ တာပါ။ Kristoffer Borgli ရဲ့ အကြံပြုချက်အတိုင်း Nick Cage နဲ့ ရိုက်ခဲ့ပြီး အခုလိုပဲ ရုပ်ရှင်ကောင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ Dark Comedy တွေရဲ့ထုံးစံအတိုင်း သူများ ဒုက္ခရောက်နေတာတွေ ငိုရခက် ရယ်ရခက် ကြည့်ရဦးမှာပါပဲ။ A24 ရဲ့ ထုံးစံအတိုင်း ရုပ်ရှင်ဟာ အဓိပ္ပါယ်တစ်ခု၊ လမ်းတစ်ခုတည်းကို ပြနေတာမဟုတ်ဘဲ၊ ကြည့်ရှုသူတွေ စိတ်ကြိုက်တွေးစရာ ...
movie
Dream Scenario (2023)
2023
4K HEVC
6.8
Centurion: The Dancing Stallion (2023)
Centurion: The Dancing Stallion (2023) ============================ IMDb rating - 6.8/10ဒီနေ့မှာတော့ မက္ကစီကန်ရဲ့မြင်းအကပြိုင်ပွဲတွေကိုကြည့်ရင်း ပရိတ် သတ်တွေအားလုံး ကြက်သီးထသွားစေမယ့် ဖြစ်ရပ်မှန်ဇာတ်လမ်း ကောင်းလေးတစ်ခုကိုတင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအကျဉ်းချုပ်ကတော့ ... အဲလစ်စီယာကတော့ မြင်းစီးရတာကိုအရမ်းကိုစိတ်အားထက်သန်တဲ့ သူပါ။ မြင်းစီးလိုက်ရင်သူ့ရဲ့ဘဝပြဿနာတွေထဲကနေ လွတ်မြောက် သွားတယ်လို့ ခံစားရတဲ့သူပေါ့။ သူကအရည်အချင်းရှိပြီး ဒီနှစ်မှာတော့ မြင်းအကပြိုင်ပွဲမှာဝင်ပြိုင်ဖို့ မြင်းကောင်းရှာရင်း စန်ကျူရီယန်ဆိုတဲ့ မြင်းဖြူလေးတစ်ကောင် သူ့ဆီကိုရောက်လာခဲ့ပါတယ်။ ဒါပေမဲ့ ကံတ ရားကမျက်နှာသာမပေးချင်တော့ သူ့မှာသွေးကင်ဆာရောဂါခံစားခဲ့ရပြီး သူစိတ်အားထက်သန်တဲ့မြင်းစီးတဲ့ဝါသနာနဲ့ ဝေးရာမှာနေခဲ့ရပါတော့ တယ်။ ဒီတော့ အဲလစ်စီယာတို့ရဲ့ ဟောလ်မွေးမြူရေးခြံကိုဂုဏ်ဆောင် ပေးနိုင်မယ့် မြင်းစီးသမားလေး ဒန်နီက ပြည်နယ်မြင်းအကပြိုင်ပွဲမှာ အဲလစ်စီယာရဲ့ကိုယ်စားပါဝင်ယှဉ်ပြိုင်ပေးပါတော့တယ်။ဒီဇာတ်လမ်းလေးက ဖြစ်ရပ်မှန်ဇာတ်လမ်းလေးဖြစ်ပြီး အဲလစ်စီယာ ဒန်နီနဲ့ မြင်းဖြူလေး စန်ကျူရီယန်တို့ကြားက ဆက်နွှယ်မှုကို စိတ်ဝင်စား ဖွယ်ကြည့်ရှူရမယ့်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ei Po ဖြစ်ပါတယ်)File Size..........(1.83 GB) / (725 MB) Quality............WEB-RIP 1080p / 720p Duration.........1Hr 27Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......Ei Po Encoder..........SWM
movie
Centurion: The Dancing Stallion (2023)
2023
6.8
Sunshine Cleaning (2008)
Genre – Comedy, Drama IMDB – 6.8/10 ရှယ်မင်းသမီးတွေဖြစ်တဲ့ Amy Adams နဲ့ Emily Blunt တို့အပြိုင်သရုပ်ဆောင်ထားကြတဲ့ ဘဝသရုပ်ဖော် ဒရမ်မာဟာသကားလေးပါ။ ရို့စ်ဆိုတာက အော်စကာဆိုတဲ့ သားငယ်လေးနဲ့စင်ဂယ်အမေတစ်ယောက် သားကိုကျောင်းထားပြီး အလုပ်ပေါင်းစုံလုပ်ရုန်းကန်နေရတာ။ ဒီလို ရုန်းကန်နေရတဲ့ထဲ ဖခင်ကလည်း တမှောင့်ပေါ့နောက်ပြီး ပိုဆိုးတာက ညီမဖြစ်တဲ့သူ နိုရာ၊ အလုပ်တွေလည်း မမြဲဆေးချလိုက် အရက်သောက်လိုက် ပေါ့ပျက်ပျက်နေလိုက်သူ့သားကိုလည်း ပေါက်ကရတွေ ခေါင်းထဲရိုက်သွင်းပေးနေတဲ့အဒေါ်ဆိုးပေါ့လေ။ ပြီးတော့ လက်ရှိတွဲနေတဲ့ ရဲအရာရှိဆိုတာကငယ်တုန်းက ရည်းစားဟောင်း ဒါပေမဲ့ သူကလည်း မိန်းမနဲ့ ကလေးနဲ့ခိုးစားနေရတဲ့ဘဝမျိုးပေါ့လေ။ အဲဒီအချိန်မှာပဲ အဒေါ်ဖြစ်သူသင်ပေးထားတာ ပေါက်ကရလုပ်ရင်း သားဖြစ်သူကို ပုဂ္ဂလိကကျောင်းပဲထားရတော့မယ့်အခြေအနေရောက်လာပါတယ် ပိုက်ဆံလည်း ပိုလိုလာပါတယ်။ အဲဒါကြောင့် ခိုးစားနေတဲ့ ရဲအရာရှိကြီးကို ရင်ဖွင့်မိတဲ့အခါမှာတော့ လူသေမှုတွေဖြစ်တဲ့ အခင်းဖြစ်ပွားတဲ့နေရာတွေကို သန့်ရှင်းရေးလုပ်ရတာ ငွေကောင်းကောင်းရတယ်ဆိုပြီး ပြောလိုက်တဲ့အခါရို့စ်တစ်ယောက် ဘာမှမသိမကန်းနဲ့ ငွေဇောတိုက်ပြီး ညီမဖြစ်သူပါခေါ်ပြီး ဒီလို မှုခင်းတွေကို ...
movie
Sunshine Cleaning (2008)
7.2
Prey (2022)
Predator 5: Prey (2022)Predator ရုပ်ရှင်စီးရီးထဲက အသစ်တစ်ကားလာပါပြီ။ ဒါကတော့ အခုခေတ်မဟုတ်ဘဲ ဟိုးအရင် ခေတ်တုန်းက ပရက်ဒေတာတွေ လူတွေကိုအမဲလိုက်တဲ့အကြောင်းကို တင်ဆက်ထားတာပါ။ဒီတော့ သေနတ်တွေနဲ့တောင် မနည်းချရတဲ့ ဂြိုလ်သားကို လွန်ခဲ့တဲ့ နှစ် ၃၀၀ က ကိုမန်ချီလူမျိုးတွေ ပြင်သစ်မုဆိုးတွေ ရင်ဆိုင်ကြပုံကို ပြသထားပါတယ်။အက်ရှင်အသားပေးမို့ တစ်ကားလုံးကြုံးနေကြတာပါပဲ။ ကြည့်လို့အတော်ကောင်းပါတယ်။ ရိုက်ချက်တွေရော အက်ရှင်တွေရောမိုက်တယ် အားလုံးကြိုက်ကြမှာပါ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Mr. Anderson ပါ။)Predator ဇာတ်ကားအကုန်လုံးကို ဒီမှာ https://channelmyanmar.to/category/special-package/predator/ ကြည့်ပါ။File Size : 4.1GB, 2GB, 851MB, 415MB Quality : 4K HEVC 5.1CH, 1080p WEB-DL AC3 5.1CH, ...
movie
Prey (2022)
2022
4K HEVC
6.5
The Wheel (2021)
The Wheel (2021) (သို့) “မကြည့်ရမြဲတတ်သည်” ================================ IMDb Rating - 6.5/10ဆရာဝိဇယရဲ့ “မဖတ်ရ မြဲတတ်သည်” စာအုပ်လိုမျိုး ထွက်လာခဲ့တဲ့ ၂၀၂၂ မှာထွက်လာတဲ့ ဒရာမာကားလေး။ နောက်ပိုင်း ဒရာမာကားတွေက မျှော်မှန်းထားသလောက်ရင်ထဲမထိခဲ့တာမို့ ဒီကားကိုလည်း သိပ်မမျှော် လင့်မိတာအမှန်။ ဒါပေမဲ့ ၂၀၂၂ မှာတော့ ဒီကားလေးက မဆိုးဘူးလို့ပြော ရမယ် ထင်တယ်။အခုလိုပြောလို့ အရမ်းကြီးမျှော်လင့်ထားပြီးတော့ကြည့်တာမျိုးတော့ မဖြစ်စေချင်ဘူးရယ်။ ဘာလို့ဆို Me Before You ကို အရမ်းမျှော်လင့်ပြီး ကြည့်လိုက်လို့ သာမာန်လိုမျိုးပဲခံစားခဲ့ရဖူးတယ်။ ဒါပေမဲ့ တကယ်ကောင်းတဲ့ ကားလေးပါ။ ဇာတ်ဝင်သီချင်းတွေကလည်း ဇာတ်လမ်းနဲ့လိုက်ဖက်လှပါတယ်။ IMDb မှာ 6.5 ပဲ ရထားပေမဲ့ Rotten Tomatoes မှာတော့ 96% ထိရရှိ ထားပါတယ်။ Metacritic မှာတောင် 66 % ထိရထားတဲ့ကားလေးပါ။ဇာတ်လမ်းအညွှန်း အရမ်းချစ်ကြတဲ့အတွဲလေးတွေ ပျက်ခါနီးတဲ့အခါ၊ အရမ်းချစ်ပေးတဲ့ ကောင်လေးကို ကိုယ့်ကြောင့် သူပင်ပန်းနေလို့ သူ့ကိုဆက်မတွဲချင်တော့တဲ့အခါ၊ ကောင်လေးဖက်က ဘယ်လိုတွေခံစားနေရလဲ၊ ကောင်မလေးကရော ဘယ်လို ကြောင့်မလို့ ဒီလိုမျိုးတွေပြောနေရတာလဲဆိုတာမျိုးတွေအပြင် သမီးရည်းစား စုံတွဲလေးတွေရဲ့ ...
movie
The Wheel (2021)
2021
5.0
14 Cameras (2018)
လတ်လတ်ဆတ်ဆတ်ထွက်ရှိထားတဲ့ Horror/Thriller အမျိုးအစားဖြစ်ပြီးတော့ ၂၀၁၆ ကထွက်ရှိထားတဲ့ 13 Cameras ရဲ့အဆက်လည်းဖြစ်ပါတယ်ဇာတ်လမ်းအညွှန်းကတော့ သားအမိသားအဖလေးယောက်နဲ့ သမီးဖြစ်သူရဲ့သူငယ်ချင်းကောင်မလေးတစ်ယောက် စုစုပေါင်း ၅ ယောက်တို့ဟာ မိသားစုအပန်းဖြေခရီးထွက်ဖို့ ရေကူးကန်ပါတဲ့ အိမ်ကြီးတစ်လုံးကို အင်တာနက်ကတစ်ဆင့် သက်သက်သာသာငှားရမ်းလိုက်ကြပါတယ်အိမ်ကြီးကတော့ တကယ့်အမိုက်စားပါပဲဝက်ဆိုက်ကဓာတ်ပုံအရတော့ အိမ်ရှင်အမျိုးသမီးကလည်း ခပ်ချောချောနဲ့ သဘောကောင်းမယ့်ပုံစံပါရောက်စကတော့ ရေလေးကူးလိုက် အရက်လေးသောက်လိုက်နဲ့ ပျော်နေကြတာပေါ့သူတို့မသိတာက တစ်အိမ်လုံးကို ကင်မရာတွေတပ်ထားပြီး သူတို့လှုပ်ရှားသမျှကို စောင့်ကြည့်ရုံမကပဲ Dark Web ပေါ်မှာပါ Live stream နေတဲ့ psychopath ကြီးတစ်ယောက်ရှိနေတယ်ဆိုတာပါပဲအိမ်ရှင်အမျိုးသမီးဘယ်ရောက်သွားတာလဲ သူတို့မိသားစုဘာတွေကြုံရမလဲဆိုတာကိုတော့ ရင်တဖိုဖိုနဲ့ ဆက်လက်ကြည့်ရှုပေးကြပါဦး(ဘာသာပြန်သူကတော့ မေမြတ်သူပါ) File Size : (700 MB) and (300 MB) Quality : WEB-DL 720p Running Time : 1hr 30min Format : Mp4 Genre : Horror, Thriller Subtitle : Myanmar ...
movie
14 Cameras (2018)
2018