Channel Myanmar

Amarendran Ramanan

Kabali ( 2016 ) 6.4
Kabali ( 2016 ) ခပ်ကြမ်းကြမ်းအက်ရှင်ကားတွေကြိုက်နှစ်သက်သူတွေအတွက် တင်ဆက်ပေးလိုက်ရပါတယ်.. IMDb ကတော့  6.4 ပဲဖြစ်ပါတယ်သူ့နာမည်က ကာဘာလီ..လူတိုင်းလေးစားရတဲ့သူတစ်ဦးဖြစ်သလို ဂိုဏ်းစတားတစ်ဦးလည်းဖြစ်ပြန်တယ်.. သူဟာ လူအများကြီး ရုန်းရင်းဆန်ခတ် ဖြစ်တဲ့နေရာမှာ မတရားစွပ်စွဲခံရပြီး ထောင်ဒဏ် ၂၅ နှစ်တိတိချမှတ်ခြင်းခံခဲ့ရတယ် သူ့မိသားစုတစုလုံးဟာလည်း..အဲ့ရုန်းရင်းဆန်ခတ်ဖြစ်တဲ့နေရာမှာ အကုန်လုံးသေဆုံးခဲ့တယ်..လူမသေပေမယ့် ဘဝသေသွားတဲ့ ကာဘာလီ.. ကံကောင်းထောက်မစွာနဲ့ ပြန်လွတ်လာတဲ့အခါမှာ သူချစ်ရတဲ့မိသားစု..အတွက်.. သူ့ကိုမကောင်းကြံခဲ့တဲ့သူတွေကို ပြန်လည်ရှာဖွေရေးစတင်ပါတော့တယ်.. ဒီလိုနဲ့ နောက်ကွယ်က အဖွဲ့အစည်းကြီးတခုနဲ့ ထိပ်တိုက်ရင်ဆိုင်ရတဲ့အခါမှာတော့...............Genre..... Action, Crime, Drama Quality…. 1080p WEB-DL | 720p WEB-DL File size… 2.81GB | 1.5GB Format… mp4 Duration…. 2h 30min Subtitle…. Myanmar Subtitle (Hardsub) Encoder ..... Aaron
movie

Kabali ( 2016 )

2016
Vikram Vedha (2017) 9.0
Vikram Vedha (2017) ဇာတ်လမ်းကို မညွှန်းခင် Rating လေးတစ်ချက်ကြည့်လိုက်ပါဦး IMDB 9.0/10 တဲ့ဗျာ ဒီကားကို စကြည့်ဖြစ်တုန်းကတော့ Tollywood ကားဆိုတော့ ထုံးစံအတိုင်း တစ်ချက်ထိုးလိုက်ရင် လေပေါ်ပျံတာတို့ အားအားနေကနေတို့ ဒါတွေပဲ ဖြစ်မှာပါလို့ ထင်ထားမိတာ အမှားကြီးမှားတာပဲ အိန္ဒိယရုပ်ရှင်ကား တစ်ကားလို့တောင် မထင်ရက်ဘူး ဒီကားကို Bollywood က Reboot ပြန်ရိုက်ဖို့အထိ မျှော်လင့်မိတယ်ဗျာ ကောင်းလား မကောင်းလား မညွှန်းတော့ဘူး တန်းသာဒေါင်းလိုက်တော့ ဒေါင်းရကျိုးနပ်စေရမည်ဗျာ့ဒုစရိုက်ကားဆိုတော့ ကြည့်ဖူးနေကျ ရုပ်ရှင်ကားတွေလို မှောင်ခိုတွေလုပ် ရဲကဖမ်း ရဲကို ပြန်သတ် သူသေ ကိုယ်သေ ဒါမျိုးလာလိမ့်မယ် ထင်ထားတာ ဒါရိုက်တာက အလှည့်အပြောင်းတွေနဲ့ Crime ကားကို Mystery ဆန်ဆန်လေး တင်ပြသွားတယ်ရဲနဲ့ရာဇာဝတ်ကောင်ကြားကို ယှဉ်ပြတဲ့ အခါမှာလည်း ရဲတစ်ယောက်ရဲ့သားဟာ ရဲဖြစ်သလို အဖေရိုးသားသလို သားဖြစ်သူကလည်း ရိုးရိုးသားသားနဲ့ အမှန်တရားရဲ့ ဘက်တော်သားပီပီ ပုံဖေါ်ထားပြီး လူဆိုးလူမိုက်ကိုလည်း ကျွန်တော်တို့ဆီက ၁ရာဖိုးသုံးပုဒ်တွေလို အထိုးခံခါနီး လူဆိုးပေါ်လာ မိုက်ချင်ရင် စွတ်မိုက် ကြမ်းချင်ရင် စွတ်ကြမ်း မျက်နှာကြီးတွေ ရှုံမဲ့ထားပြီး ...
movie

Vikram Vedha (2017)

2017
Life of Pi (2012) 7.9
Life of Pi (2012) "Crouching Tiger Hidden Dragon"သိုင်းကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာကို ရုပ်ရှင်ပရိသတ်အတော် များများသိကြမှာပါ။ ဒီသိုင်းကားကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာက Life of Pi ကိုရိုက်ကူးခဲ့တာသိရတော့ "ရှော့ခ်"ဖြစ်သွားခဲ့ကြရတဲ့လူတွေထဲမှာ ကျွန်တော်လည်းပါဝင်ပါတယ်။ ဟုတ်ပါတယ်။ထိုင်ဝမ်သား ဒါရိုက်တာ Ang Lee ပဲဖြစ် ပါတယ်။ Ang Lee ရဲ့ Life of Pi ဇာတ်ကားဟာ အကယ်ဒမီဆု ၄ ဆုအထိရအောင် ဆွတ်ခူးခဲ့ပါတယ်။ သူကိုယ်တိုင်လည်း အကောင်းဆုံးဒါရိုက်တာအကယ် ဒမီဆုရှိခဲ့ပါတယ်။ IMDb သတ်မှတ်ချက် 7.9 ရရှိထားပါ တယ်။ လူအတော်များများကို "Life of Pi ကြည့်ပြီးပြီလား"လို့ မေးကြည့်တဲ့အခါ " ကျားတစ်ကောင်နဲ့အတူပင်လယ်ထဲ မျောသွားတဲ့ကားမဟုတ်လား"လို့ပြန်ဖြေကြတာပိုများ ပါတယ်။ ကျွန်တော်ပြောချင်တာက ဒီဇာတ်ကားဟာ အဲ့ဒီထက်အများကြီးပိုပါတယ်။ ရုပ်ရှင်ဝေဖန်ရေးသမား များကြား အတော်ဂယက်ရိုက်ခဲ့တဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။ ဒီဇာတ်ကားကို ဝေဖန်ရေးဆရာများ ဝေဖန်ကြရာမှာ လောကီအမြင်နဲ့ဝေဖန်ကြသူများလည်းရှိသလို၊ လော ကုတ္တရာအမြင်နဲ့ဝေဖန်ကြသူများလည်းရှိပါတယ်။ ရုပ်ဝတ္ထုဝါဒီများ ...
movie

Life of Pi (2012)

2012
Maayavan (2017) 7.4
Maayavan (2017) အင်​စပက်​တာ ကုမုရာဆိုသူဟာ တစ်​​နေ့ မှာ သူခိုးတစ်​​ယောက်​ကို လိုက်​ဖမ်းရင်း လူသတ်​မှုတစ်​ခုနဲ့ အမှတ်​မထင်​ ကြုံလိုက်​ရပါတယ်​အမျိုးသမီးတစ်​​ယောက်​ကို လူတစ်​​ယောက်​က ရက်​ရက်​စက်​စက်​ သတ်​​နေတာဖြစ်​ပါတယ်​အဲ့ဒီလူကို လိုက်​ဖမ်းရင်း သူ​သေကိုယ်​​သေ ဖိုက်​ကြရင်း လူသတ်​သမားလည်း ​သေ. . .ကုမုရာလည်း ​ဆေးရုံမှာ သုံးလ​လောက်​ ကုသမှုခံယူလိုက်ရပါတယ်​​ဆေးရုံကဆင်းပြီး တာဝန်​ပြန်ထမ်း​ဆောင်​​တော့ ဒုတိယလူသတ်​မှုနဲ့ ကြုံရပြန်​ပါတယ်​နာမည်​​ကျော်​မင်းသမီး ​သေဆုံးမှုဖြစ်​ပြီး အသတ်​ခံရသူရဲ့ လက္ခဏာနဲ့ ​သေဆုံးပုံက ပထမလူသတ်​မှုနဲ့ ဆင်​တူ​နေပါတယ်​မင်းသမီးနဲ့ တရင်းတနှီး​နေတဲ့ မိတ်​ကပ်​ဆရာကို မသင်္ကာလို့ အိမ်​လိုက်​သွားပြီး စစ်​​မေးတဲ့အခါ မိတ်​ကပ်​ဆရာဟာ အခုတ​လော ထူးဆန်းတဲ့ အမူအကျင့်​​တွေ ပြုမူ​နေ​ကြောင်း သိရပြီးအမှုဟာ ထင်​တာထက်​ ပိုရှုပ်​​ထွေးလာခဲ့ပါတယ်​ဒီကားဟာအိန္ဒိယ​တောင်​ပိုင်းကားတစ်​ကားအ​နေနဲ့ ထူးခြားတဲ့ သိပ္ပံကားတစ်​ကားဖြစ်​ပြီးတာမီးလ်​မင်းသား Sundeep Kishan နဲ့  ​ဘောလိဝုဒ်​မင်းသားကြီး Jackie Shroff တို့ အပြိုင်​ကြဲထားတဲ့ Thrillor ကား​ကောင်း တစ်​ကားဖြစ်​ပါတယ်​ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်က ကိုမြင့်သူပါ) File Size : ...
movie

Maayavan (2017)

2017