Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Amanda Bynes
6.4
She’s the Man (2006)
She's the Man (2006)IMDb Rating (6.4)ဆီဘက်ရှန်းနဲ့ ဗိုင်အိုလာက အမွှာဖြစ်ပြီး ရုပ်တွေကအစတူပေမယ့် ဆီဘက်ရှန်းက ယောကျာ်းလေးဖြစ်ပြီးတော့ ဗိုင်အိုလာက မိန်းကလေးပါ။ဗိုင်အိုလာက မိန်းကလေးဆိုပေမယ့် ဘောလုံးကန်တာ ဝါသနာကြီးပြီး ကျောင်းအသင်းမှာ ကန်ခွင့်ရဖို့က သူမရဲ့အိမ်မက်ပါ။ဒါပေမယ့် သူတို့ကျောင်းက ဘောလုံးအသင်းမှာ ယောက်ကျားလေးတွေပဲ ကန်ရမယ် မိန်းကလေးတွေ မပါရဘူးဆိုတော့ ဗိုင်အိုလာတစ်ယောက်ယောက်ကျားလေးတွေနဲ့ တန်းတူဘောလုံးကန်ခွင့်ရဖို့ စွန့်စားပါတော့တယ်။ဒါကတော့ သူ့အမွှာ ဆီဘက်ရှန်းယောင်ဆောင်ပြီး ယောက်ကျားလေးအဆောင်မှာ သွားနေပြီး ဘောလုံးကန်ဖို့ပါပဲ။အဆောင်မှာ သူမနဲ့အတူနေရမယ့် အခန်းဖော်က ဂျူ့တဲ့ ...သူကလဲ ယောက်ကျားလေးအခန်းဖော်ပဲထင်ပြီးနှလုံးသားရေးရာကစလို့ ဖွင့်ပြောတိုင်ပင်မိတဲ့အခါမှာတော့....ဗိုင်အိုလာနဲ့ ဂျူ့တို့ဘာဆက်ဖြစ်ကြမလဲ...ဗိုင်အိုလာရဲ့ ကျောင်းအသင်းမှာ ယောကျာ်းလေးတွေနဲ့ တန်းတူဘောလုံးကန်ခွင့်ရဖို့ဆိုတဲ့ အိမ်မက်ကရော တကယ်ဖြစ်လာနိုင်ပါ့မလားဆိုတာ...။မင်းသား Channing Tatum က ဂျူ့အဖြစ်ပါဝင်ထားပြီး မင်းသမီး Amanda Bynes က ဗိုင်အိုလာအဖြစ် ပါဝင်ထားပါတယ်။ဒီဇာတ်ကားက Amanda Bynes ရဲ့ မာစတာပိစ်လို့ဆိုနိုင်ပြီး ဒီထဲမှာ ...
movie
She’s the Man (2006)
Big Fat Liar (2002)
Imdb - 5.5/10၂၀၀၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီဇာတ်ကားလေးက အမေရိကန် ဆယ်ကျော်သက်ဟာသ ရုပ်ရှင်ဖြစ်ပါတယ်။ Agent Cody Banks ရုပ်ရှင်တွေမှာ အဓိကဇာတ်ကောင်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Frankie Muniz က ဒီဇာတ်ကားထဲမှာJason အဖြစ် ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ Jason က Greenbury မြို့မှာနေထိုင်တဲ့ ၁၄ နှစ်အရွယ် ဆယ်ကျော်သက်တစ်ဦးဖြစ်ပြီး လုပ်ကြံဇာတ်လမ်းတွေ ဖန်တီးလိမ်လည်တဲ့နေရာမှာ ထူးချွန်သူဖြစ်ပါတယ်။တစ်နေ့မှာ ဆရာမ ပေးလိုက်တဲ့ အိမ်စာဖြစ်တဲ့ အင်္ဂလိပ်စာ အက်ဆေးကို အချိန်မီထပ်ဖို့ ကျောင်းကိုအသွား Marty Wolf ဆိုတဲ့ သြဇာကြီး ဟောလီးဝုဒ် ပရိုဂျူဆာ တစ်ဦးရဲ့ ကားနဲ့တိုက်မိပါတယ်။ Marty က Jason ကို ကျောင်းအထိလိုက်ပို့ပေးပေမဲ့ Jason ရဲ့ အိမ်စာအက်ဆေးက ကားထဲမှာကျန်ခဲ့ပါတယ်။ အိမ်စာမထပ်နိုင်လို့ Jason လည်း နွေရာသီ ...
movie
Big Fat Liar (2002)
6.4
Robots (2005)
တချို့ဇာတ်ကားတွေက ထွက်ရှိတာ ဘယ်လောက်ပဲကြာခဲ့ပါစေ၊ ပိုစတာလေး မြင်ရုံ၊ ဗီဒီယိုအတိုအစလေးတစ်ခုကို မြင်လိုက်ရုံနဲ့ အဲဒီဇာတ်ကားကို ကြည့်ခဲ့စဉ်က အချိန်နဲ့ အဖြစ်အပျက်တွေကို ပြန်လည်မြင်ယောင်လာတဲ့ Nostalgiaလို့ခေါ်တဲ့ ခံစားချက်မျိုး ပေးစွမ်းနိုင်တဲ့ ဇာတ်ကားတွေ အများကြီးပါ။ ဘာသာပြန်သူလို ၁၉၉၀နှောင်းပိုင်းမွေးသူတွေအဖို့ ထိုခံစားချက်ကို အပေးနိုင်ဆုံး ဇာတ်ကားတွေက animationလို့ခေါ်ရမယ့် ကာတွန်းကားတွေပဲ ဖြစ်မယ် ထင်ပါတယ်။VCDခေတ်ကစလို့ တရုတ်ကလာတဲ့ ၃၂ကားတွဲ ကတ်ထူအဖုံးနဲ့ ကာတွန်းခွေတွေ၊ ၄ကားတွဲ၊ ၈ကားတွဲ ကာတွန်းခွေတွေ စသဖြင့် ကျွန်တော်တို့ ကလေးဘဝမှာ ကာတွန်းကား၊ ပါဝါရိန်းဂျားကား၊ ဘာဘီကားတွေနဲ့ မဖြတ်သန်းဖူးတဲ့သူဆိုတာ အတော်ရှားမှာပါ။ ဒီဇာတ်ကားကလည်း ငယ်ငယ်တုန်းက အခွေတွဲ အများစုထဲမှာ ပါခဲ့တဲ့ ဇာတ်ကားဖြစ်သလို အတော်များများလည်း ရင်းနှီးမယ့် ဇာတ်ကားပါပဲ။ဒီ Animationကို 20th Century Foxကနေ ဖြန့်ချိခဲ့တာဖြစ်ပြီး IMDb 6.4နဲ့ RT 64%ရရှိထားပါတယ်။ Ratingတွေဆိုတာထက် ဒီဇာတ်လမ်းကို ကြည့်ရတဲ့ခံစားချက်ကိုက သဘောကျဖို့ကောင်း နေတဲ့ ဇာတ်ကားမျိုးပါပဲ။ ဇာတ်လမ်းအကျဉ်းက နယ်မြို့လေးမှာ ကြီးပြင်းလာတဲ့ ရော့ဒ်နီ ကော့ပါးဘော်တွန်ဆိုတဲ့ စက်ရုပ်လေးက ငယ်ငယ်ကတည်းက တီထွင်ဖန်တီးရာမှာ ပါရမီရှိတဲ့သူ ဖြစ်သလို အကူအညီလိုအပ်နေတဲ့ တခြားစက်ရုပ်တွေကို ကူညီပေးဖို့ အထုံ ပါလာသူပဲ ...
movie
Robots (2005)
2005
5.8
What a Girl Wants(2003)
ဒက်ဖနီဆိုတဲ့ကောင်မလေးက ငယ်စဉ်ကတည်းက အဖေ့ကိုတွေ့ဖို့မျှော်လင့်ရင်းကြီးပြင်းလာခဲ့ရသူပါ သူ့အဖေနဲ့အမေကတော့ အဆင့်အတန်းကွာခြားမှုတွေကြား ဝေးကွာသွားခဲ့ရသူတွေပါ သူ ၁၇ နှစ်ပြည့်တော့ အဖေဖြစ်သူ တော်ဝင်မျိုးနွယ်အမတ်ဒက်ရှ်ဝုဒ်ကိုတွေ့ဖို့လိုက်လာခဲ့ပါတယ် သူ့ရဲ့လွတ်လပ်ပေါ့ပါးတဲ့ပုံစံနဲ့ တော်ဝင်အနွယ်တို့ရဲ့ဣန္ဒြေကြီးမားတဲ့ပုံစံတွေကြား ကွာခြားမှုတွေ ကြောင့် သတင်းစာတွေထက်အတင်းအဖျင်းတွေပြောခံခဲ့ရတယ် အဖေ့မှာစေ့စပ်ထားသူတစ်ယောက်ရှိနှင့်နေပြီး သူ့မှာကလည်းသမီးတစ်ယောက်ရှိနေပါတယ်သူတို့ကလည်းစင်ဒရဲလားပုံပြင်လေးလိုပဲ ဒက်ဖနီအပေါ်အကွက်ချမကောင်းကြံပြီး အမေရိကန်ဆီပြန်ပို့ချင်နေတာပါ ဒက်ဖနီဟာ အဖေဖြစ်သူကိုချစ်တဲ့စိတ်ကြောင့် သူ့ကိုယ်သူပြောင်းလဲရင်း ချစ်ရသူအီရန်နဲ့လည်းဝေးသွားခဲ့ရတယ် တဖြည်းဖြည်းချင်းအဆင်မပြေမှုတွေကြားသည်းခံနေရရင်း သူ့ဘဝအမျှော်လင့်ဆုံးဖြစ်တဲ့ ဖခင်ဖြစ်သူနဲ့တွဲကဖို့ကို အမေပါသမီးကလာဆီရာကလုသွားတာမြင်လိုက်ရချိန်မှာ သူသည်းမခံနိုင်တော့ပါဘူး သူနဲ့ ချစ်သူအီရန်ပြန်ပေါင်းထုပ်နိုင်မလား ဖခင်ဒက်ရှ်ဝုဒ်ကရော သမီးနဲ့ဂုဏ်ဒြပ်တွေကြားဘာကိုရွေးချယ်မလဲ ဒက်ဖနီလိုချင်ခဲ့ရတဲ့အိပ်မက်တွေကိုရော တကယ်ရလာပါ့မလားဆိုတာ ကြည့်ရှုခံစားလိုက်ကြပါ File size…(2.14GB)/(1.11GB)/(571MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:45:00 Genre...Comedy, Drama, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Hein Zayar Kyaw
movie
What a Girl Wants(2003)
6.2
Sydney White (2007)
Sydney White (2007)စနှိုးဝှိုက်ဇာတ်လမ်းလေးကို ကျောရိုးယူထားတဲ့ ပေါ့ပေါ့ပါးပါး ကျောင်းသားကားလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။မိတဆိုးကောင်မလေး ဆစ်ဒနီဟာ ဖခင်ဖြစ်သူနဲ့ပဲ ကြီးပြင်းခဲ့ရတော့ ဗိုင်းကောင်းကျောက်ဖိလေးမဖြစ်နေတာတော့ အမှန်ပါပဲ... ပြီးတော့ တက္ကသိုလ်ရောက်လာတဲ့အခါ သူ့ပုံစံကြောင့် အဆက်မပြေဖြစ်ရတာတွေလည်းများလာတာပေါ့...တက္ကသိုလ်မှာက သိတဲ့အတိုင်း အဖွဲ့တစ်ခုခုကိုဝင်ပြီး activity တွေလုပ်ဆောင်ရတယ်... အဲဒီအချိန်မှာ သူ့မိခင်ရဲ့ အဆောင်ဟောင်းဖြစ်တဲ့ Kappa အဆောင်ကို ရောက်လာပါတယ်... ပြီးတော့ လူပုလေးခုနှစ်ယောက်လိုပဲ ကောင်ချောလေးခုနှစ်ယောက်က သူ့အနားရောက်လာတဲ့အခါမှာတော့......ဒါက American pie တို့ဘာတို့လို school comedy ပုံစံ ပေါ့ပေါ့ပါးပါး ခေတ်သစ်စနှိုးဝှိုက်ဇာတ်လမ်းလေးပါပဲ... ဟာသလေးတွေ... အလွဲအချော်လေးတွေနဲ့ အမန်ဒါတစ်ယောက် ဘယ်လိုမျိုး ကောလိပ်မှာ အားလုံးရဲ့ အလှောင်ခံ ဘဝကနေ မင်းသမီးလေးဘယ်လိုဖြစ်လာမှာလဲ ဆိုတာ...... ကျောင်းသားဘဝပျော်စရာတွေ relationship ကိစ္စတွေ... စတာတွေကို လူငယ်ဆန်ဆန်ပေါ့ပေါ့ပါးပါးနဲ့ တစ်ယောက်တည်း အေးအေးလူလူ အပန်းဖြေခံစားကြည့်ရှုလို့ရနိုင်မယ့် Entertaining ဖြစ်မယ့်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်...(ဇာတ်ကားနဲ့အညွှန်းကို Sai Thurein Lynn မှ ပြန်ဆိုရေးသားထားပါတယ်)Size ...
movie
Sydney White (2007)
2007