Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Alvin Adam
5.8
Love Therapy (2025)
ဒီဇာတ်လမ်လေးတော့ အိမ်ထောင်ရေးအကြောင်းကိုဟာသDrama အဖြစ်နဲ့ ရိုက်ကူးထားတဲ့ အင်ဒိုနီးရှားဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်..မာတင်နဲ့ ဒါရာတို့ဟာ အိမ်ထောင်ကျခါစမှာတော့ ချစ်ခင်ခင်နဲ့ အစစအရာရာ အဆင်ပြေသာယာနေခဲ့ပါတယ်..ဒီလိုနဲ့ အိမ်ထောင်သက် ၁၀နှစ်လောက်ကိုရောက်လာတဲ့အချိန်မှာတော့သူတို့ရဲ့ ဆက်ဆံရေးအခြေနေတွေက ညားခါစကလိုမျိုး မဟုတ်တော့ပါဘူး.အိမ်ထောင်ရေးဖောက်ပြန်တာမျိုး တခြားပြဿနာမျိုးတွေရှိနေတာမျိုး မဟုတ်ဘဲပုံမှန်ဆက်ဆံရေးမှာဆိုရင် နွေးနွေးထွေးထွေးနဲ့ အဆင်ပြေနေပေမဲ့လိင်မှုကိစ္စနဲ့ ပတ်သက်လာရင် လက်ထပ်ပြီးခါစကလိုမျိုး စိတ်အားထက်သန်မှုတွေမရှိတော့ဘဲနဲ့ တစ်ယောက်အပေါ်တစ်ယောက် တပ်မက်မှုမရှိတော့သလို ဖြစ်လာကြတာပါ.ဒါကြောင့်မို့ တစ်အိမ်တည်းနေပြီး အတူတူအိပ်ကြတဲ့ လင်မယားဖြစ်ပေမဲ့လိင်မဆက်ဆံဖြစ်ကြတာ လနဲ့ချီအောင် ကြာလာကြပါတယ်.လိင်ဆက်ဆံတယ်ဆိုတာ အိမ်ထောင်ရေးတစ်ခုမှာ မရှိမဖြစ် လိုအပ်တဲ့အရာတစ်ခုလို့လူတော်တော်များများက လက်ခံယူဆထားကြတာပါ..ဒါကြောင့် သူတို့နှစ်ယောက်ကြားမှာ တစ်ခုခုလိုအပ်နေသလိုမျိုးခံစားလာရတဲ့အတွက် တစ်ယောက်အပေါ်တစ်ယောက်ပြန်ပြီးတော့ လိုချင်တပ်မက်စိတ်ရှိလာအောင် မျှားနတ်မောင်ဆေးခန်းဆိုတဲ့ စုံတွဲတွေ ပြန်အဆင်ပြေအောင် လုပ်ပေးတဲ့ဆေးခန်းတစ်ခုဆီကို သွားခဲ့ကြပါတယ်..အပြန်အလှန် ငြီးငွေ့သလိုမျိုး ဖြစ်လာကြတဲ့ မာတင်နဲ့ ဒါရာတို့ စုံတွဲအနေနဲ့အဲဒီဆေးခန်းနဲ့ အတွေ့မှာ အဆင်ပြေသွားကြမလား ....ဆေးခန်းဘက်ကရောသူတို့ကို ဘယ်လိုဝန်ဆောင်မှုမျိုးတွေ လုပ်ပေးမလဲဆိုတာကိုဟာသနှောပြီးတော့ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်..အရမ်းကို ရယ်မောရမဲ့ ဇာတ်ဝင်ခန်းတွေ ပါဝင်တာကြောင့်မို့ဟာသရုပ်ရှင်တွေကို ကြိုက်နှစ်သက်သူတွေအနေနဲ့ လက်မလွတ်တမ်းကြည့်ရှုသင့်တဲ့ ဇာတ်လမ်းလေးပဲ ...
movie
Love Therapy (2025)
5.7
Bila Esok Ibu Tiada (2024)
Bila Esok Ibu Tiada (2024) "တစ်နေ့နေ့ အမေမရှိတော့တဲ့အခါ..."ဒီတစ်ခါတော့ မိဘရှိသူတိုင်း သားသမီးရှိသူတိုင်း ကြည့်သင့်တဲ့ မိသားစု-ဒရာမာ အင်ဒိုနီးရှားဇာတ်လမ်းလေးတစ်ပုဒ် တင်ဆက်ပေးပါရစေ။'ခလုတ်ထိမှအမိတ' ဆိုသလိုပဲ လူတော်တော်များများက အရေးမကြုံရင် မိဘကိုမေ့နေတတ်ကြပါတယ်။ ရှိနေတုန်း တန်ဖိုးထားဖို့ မေ့လျော့နေတတ်ကြပါတယ်။ အခုဇာတ်လမ်းလေးကလည်း မိဘနဲ့သားသမီးတွေကြားမှာ ဖြစ်တတ်တဲ့အဲဒီသဘာ၀ကို ရိုးရိုးလေးရိုက်ကူးပြသထားတာပါ...။ရာမီဟာ ချစ်ခင်ပွန်းရယ် သားသမီးလေးယောက်ရယ်နဲ့ ပျော်စရာမိသားစုဘ၀လေးကို ပိုင်ဆိုင်ထားသူပါ။ ဒါပေမဲ့ လောကဓံရဲ့မမြဲခြင်းတရားက သူတို့ရဲ့မိသားစုဘ၀လေးကို ရိုက်ခတ်သွားခဲ့ပါတယ်။တစ်နေ့တော့ ခင်ပွန်းသည်ရုတ်တရက်ကွယ်လွန်ပြီး ရာမီ့ကိုခွဲခွာသွားပါတယ်။ အရွယ်ရောက်နေတဲ့ သားသမီးတွေကလည်း အလုပ်အသီးသီးနဲ့ ရာမီ့ကို ထပ်မံခွဲခွာသွားခဲ့ပြန်ပါတယ်။ဒီလိုနဲ့ အမေ့မွေးနေ့ကိုတောင်မေ့နေကြတဲ့ သားသမီးလေးယောက်နဲ့ အထီးကျန်နေတဲ့ ရာမီတို့ ဘယ်လိုရှေ့ဆက်စခန်းသွားကြမလဲ၊ ဘယ်လိုမိသားစုပြဿနာတွေ ကြုံတွေ့ရဦးမလဲဆိုတာ ကြည့်ကြရမှာ ဖြစ်ပါတယ်။ဒီဇာတ်လမ်းလေးထဲကအတိုင်း အသက်အရွယ်ရလာတဲ့ မိအိုဖအိုတွေရဲ့အထီးကျန်မှုကို ကိုယ်တိုင်မိဘနေရာရောက်သွားရင်ဆိုတဲ့ ကိုယ်ချင်းစာနာစိတ်နဲ့ ခံစားနားလည်ပေးရင်း ကြည့်ရှုခံစားလိုက်ကြပါဦး။(ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ Cym~Alex~KKKZ~ToMo~Yunni တို့ ဖြစ်ပါတယ်။) File size…1.5 GB / ...
movie
Bila Esok Ibu Tiada (2024)