Channel Myanmar

Alma Sisneros

Independence Day: Resurgence (2016) 5.2
Independence Day: Resurgence (2016) Independence Day: Resurgence (2016) *************************************** IMDb.....5.2  ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင်တော့ . ၁၉၉၆ ခုနှစ်မှာ လူသားတွေဟာဂြိုလ်သားတွေကိုအနိုင်ယူနိုင်ခဲ့ပြီးနောက်ပိုင်း အာကာသထဲမှာ ကမ္ဘာကိုနောက်ထပ်အန္တရာယ်မပေးနိုင်အောင် စောင့်ရှောက်မှုတွေပြုလုပ်ထားကြပါတယ်။ လကမ္ဘာပေါ်ကနေ ဂြိုလ်သားတွေရဲ့ အန္တရာယ်ကိုကာကွယ်ဖို့စောင့်စားနေတဲ့ အဖွဲ့ထံသို့ အာကာသယာဉ် တစ်စီးရောက်လာခဲ့တယ်။ ထိုယာဉ်ဟာ ၁၉၉၆တုန်းကစစ်ဖြစ်ခဲ့တဲ့ ဂြိုလ်သားတွေရဲ့ယာဉ်နဲ့မတူတဲ့အတွက်သမ္မတနဲ့ နိုင်ငံတကာ ခေါင်းဆောင်တို့ဟာ တိုင်ပင်ဆွေးနွေးသလို မစ္စတာဒေးဗစ်ကိုလည်း မေးမြန်းအကြံဉာဏ်ယူပါတယ်။ထိုယာဉ်ကို လက်ဦးမှုရယူပြီးပစ်ချဖျက်စီးသင့်မသင့်ဆွေးနွေးတဲ့အခါ ဒေးဗစ်ကမပစ်ဖို့အကြံပေးပေမဲ့...ခေါင်းဆောင်အများစုရဲ့ ပစ်ချဖို့အကြံပြုချက်ကြောင့်သမ္မတဟာ ပစ်ချစေခဲ့ပါတယ်။ ထိုယာဉ်ကြီး အာကာသထဲပြုတ်ကြပျက်စီးတဲ့အခါ ဒေးဗစ်ဟာစစ်ဆေးဖို့အတွက် သမ္မတကို ခွင့်တောင်းတဲ့အခါ အောင်ပွဲခံပွဲအပြီးမှသာ လုပ်ခွင့်ပေးပါတယ်။အဲဒီမှာ ဂျိတ်ဟာ အာကာသကနေ အာကာသယာဉ်ကိုယူပြီး ဒေးဗစ်ကိုလာရောက်ခေါ်ဆောင်ပြီး ၎င်းယာဉ်ကိုစစ်ဆေးဖို့ကူညီနေချိန်မှာပဲ၁၉၉၆ ခုနှစ်တုန်းကဂြိုလ်သားတွေပြန်လည် ရောက်ရှိလာခဲ့ပြီး အာကာစခန်းနဲ့ကမ္ဘာဟာစတင်ပျက်စီးတဲ့အဖြစ်ကိုရောက်ပါတော့တယ်။ဒီဇာတ်ကားဟာ IMDb rating 5.2/10 ရရှိထားပေမဲ့ အရမ်းကိုကောင်းလွန်းတဲ့ ဇာတ်ကားဆိုတာ ကြည့်ပြီးတဲ့သူတိုင်းလက်ခံပါလိမ့်မယ်။နောက်ပြီး ရိုက်ကွင်းရိုက်ကွက်တွေ Visual Effect တွေဟာ သာလွန်ကောင်းမွန်ခဲ့ပြီး ခိုင်မာတဲ့ ဇာတ်အိမ်ကို အကောင်းဆုံးရိုက်ပြသွားတဲ့ဇာတ်ကားကောင်းဆိုလည်း မမှားပါဘူး။ (ဒီဇာတ်ကားကို ဘာသာပြန်ရေးသားပေးသူကတော့ CM ...
movie

Independence Day: Resurgence (2016)

Hell or High Water (2016) 7.6
Hell or High Water (2016) Hell or High Water (2016)IMDb Rating (7.6) / Rotten Tomatoes (97%)Chris Pine , Jeff Bridges , Ben Foster တို့လို မင်းသားကြီးတွေပါဝင်ပြီး Crime Drama Thriller အမျိုးအစားကိုမှ Western  စတိုင်အပြည့်နဲ့ရုပ်ရှင်ကားကြီးပါ။ဘဏ်မှာ အပေါင်ဆုံးတော့မဲ့ ဘိုးဘွားပိုင် မြေတွေကို မဆုံးရူံးဖို့ Tony နဲ့ Tanner တို့ညီအကိုနှစ်ယောက် ဘဏ်တွေကို ဓါးပြဝင်တိုက်ကြတယ်။ သူတို့ ရွေးချယ်တာ မြို့ငယ်လေးက ဘဏ်တိုက်လေးတွေကိုပါ။ မနက်စောစော ဘဏ်ဖွင့်ချိန်မှာ ဝင်လုမယ်။ ပိုက်ဆံကိုလည်း ဒေါ်လာ 20 တန်တဲ့ တန်ဖိုးပိုကြီးတဲ့အရွက်ကြီးလည်းမယူသလို သူတို့လုတဲ့ငွေ ပမာဏကလည်း ဒေါ်လာတစ်သောင်းအောက်ဆိုတော့ FBI ကတာဝန်ယူရလောက်အောင်ကြီးမားတဲ့ အမူမဟုတ်တဲ့အခါ ပြည်နယ်ရဲတာဝန်ပေါ့။ ဒီအမှုတွေကို မကြာခင် ရဲဘဝကနေအငြိမ်းစားယူတော့မဲ့ Marcus ရယ် သူတွဲဘက်အဖော် Alberto တို့ပူးပေါင်းဖော်ထုတ်ဖို့တာဝန်ဖြစ်လာပါတယ်။ Marcus က ဘဏ်ဓါးပြတွေ ကို လိုက်လံရှာဖွေဖမ်းဆီးဖို့ထက် Tony ...
movie

Hell or High Water (2016)

2016
4K HEVC
All the World Is Sleeping (2023) 5.3
All the World Is Sleeping (2023) All the World Is Sleeping (2023)=======================သာမန်လူတွေလို မြေပြင်မှာ ရပ်နေတာမဟုတ်ဘဲ ဟိုးက မှောင်မဲ နေတဲ့ တွင်းနက်ကြီးထဲ ကျနေတဲ့သူတွေရှိတယ်။ တကယ်ကျမကျ မသေချာရင်တောင် အဲ့လိုကျနေတယ်လို့ ခံစားရတဲ့သူတွေပေါ့လေ။ ကျတဲ့ပုံစံအမျိုးမျိုး၊ ကျတဲ့တွင်းအမျိုးမျိုးလည်းရှိသေးတယ်။ ဒီဇာတ် ကားထဲမှာတော့ မူးယစ်ဆေးဝါးတွင်းကြီးထဲကို ကျနေတဲ့ မြေအောက် ကမ္ဘာကလူတွေကို တွေ့ရမှာပါ။မလွှဲမရှောင်သာလို့ပဲဖြစ်ဖြစ်၊ မသိလိုက်ခင်မှာပဲဖြစ်ဖြစ်၊ စိတ်ထွက် ပေါက်အနေနဲ့ဖြစ်ဖြစ်၊ ကြိုက်လို့ပဲဖြစ်ဖြစ်၊ မှားယွင်းတဲ့ဖြေရှင်းနည်း တစ်ခုအနေနဲ့ပဲဖြစ်ဖြစ်၊ မတော်တဆပဲဖြစ်ဖြစ်၊ ကြီးပြင်းလာရတဲ့ပတ် ဝန်းကျင်ကြောင့်ပဲဖြစ်ဖြစ် အမျိုးမျိုးသောမြစ်ဖျားခံရာ အကြောင်းအ ရင်းတွေဆီကနေ မှားယွင်းနဲ့နည်းလမ်းတွေနဲ့ သုံးစွဲမိပြီး ထိုတွင်းနက် ကြီးထဲကို ကျသွားရသူတွေ။ ပြန်တက်နိုင်ကြပါလေမလား။ဘယ်သူ့အမှားလို့ အပြစ်တင်ရပါ့လေမလဲ။ မွေးဖွားလာခဲ့ရတဲ့ ပတ် ဝန်းကျင်ကို လက်ညှိုးထိုးမလား။ ကံကိုပဲပုံချမလား။ တစ်ပါးသူအမှား ကြောင့်ဖြစ်နိုင်မလား။ ကိုယ့်ကိုယ်၌မှာသာ ဖြစ်နေတဲ့အရာမို့လို့ ကိုယ် ကိုယ်တိုင်ပဲ ကြိုးစားရုန်းထွက်မှဖြစ်တော့မှာပါ။ ဒီဇာတ်ကားထဲမှာတော့ သမီးကိုချစ်တဲ့စိတ်ကြောင့် မူးယစ်ဆေးနွံထဲကနေ မရ,ရအောင် ရုန်း ထွက်ပြခဲ့တဲ့ သန်မာတဲ့ မိခင်ငယ်တစ်ယောက်ကို မြင်တွေ့ရပါလိမ့်မယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(1.62 GB) / (500 MB) Quality............WEB-DL 1080p ...
movie

All the World Is Sleeping (2023)

2023
Those Who Wish Me Dead 2021 6.3
Those Who Wish Me Dead 2021 ဒီရုပ်ရှင်မှာတော့ အန်ဂျလီနာ ဂျိုလီက ဦးဆောင်ပါဝင်ထားပါတယ်။ကျန်တဲ့သရုပ်ဆောင်တွေကိုလည်း ရင်းနှီးထားတဲ့သူ များမှာပါ။Game of Thrones ထဲက လက်သန်း ရယ်Marvel's Punisher ကြီးရယ် ပါပါသေးတယ်။ဇာတ်လမ်းကတော့ action thriller ပါပဲ။ဂျိုလီကတော့ မီးသတ်အဖွဲ့ခေါင်းဆောင်ပေါ့။တစ်နေ့မှာ သူနဲ့သူအဖွဲ့ တောမီးကို ငြိှမ်းနေတုန်းမှာလေကြောင်းတွက်ဆမှု မှားယွင်းခဲ့လို့ လူ ၃ ယောက် အသက်ဆုံးခဲ့ရပါတယ်။အဲဒီ စိတ်ဒဏ်ရာတွေနဲ့ ပေပေတေတေ နေထိုင်နေတုန်းမှာသူ့ဆီကို ကောင်လေးတစ်ယောက် လူသတ်သမားတွေလက်က ထွက်ပြေးပြီး ရောက်လာပါတယ်။ကောင်လေးကို လိုက်သတ်တဲ့လူတွေလက်က ကယ်ပြီးလျို့ဝှက်ချက်တွေကို ဖွင့်ချနိုင်ဖို့ တောမီးကြီးတစ်ခုကိုပါ အံတုပြီး ပြေးကြရပါတော့တယ်.... File size…(1.7 GB) and (1 GB) Quality….BluRay 1080p and 720p Format…mp4 Duration….01:40:00 Subtitle….Myanmar Subtitle (Hardsub) Encoder…. Mr. Anderson Translator... Mr. Anderson  
movie

Those Who Wish Me Dead 2021

Half Brothers (2020) 5.4
Half Brothers (2020) Half Brothers (2020)================IMDb Rating - 5.4/10ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ family drama ကားကောင်းလေးတစ်ကားပါ။ရီနာတို ဆိုတဲ့ကောင်လေးတစ်ယောက်က ပျော်ရွှင်စရာကောင်းတဲ့ မက္ကဆီကန်မိသားစုသုံးယောက်ရှိတဲ့အထဲက သားလေးတစ်ယောက်ပါ။ နိုင်ငံစီးပွားရေးတွေ ကျပ်တည်းလာတဲ့အချိန် ရီနာတိုရဲ့အဖေ ဖလာဗီယိုက အမေရိကန်မှာ အလုပ်သွားလုပ်ဖို့ ဖြစ်လာခဲ့ပြီး ရီနာတိုကိုပြန်လာမယ်လို့ ကတိပေးခဲ့ပေမဲ့လည်း ပြန်မလာနိုင်ခဲ့ပဲ အမေရိကမှာ တစ်အိုးတစ်အိမ်ထူထောင်လိုက်ပြီလို့ သိခဲ့ရတယ်။ ရီနာတိုကတော့ သူ့အဖေကို အကြီးအကျယ်စိတ်နာနေခဲ့တယ်။ နှစ်တွေအများကြီးကြာပြီး ရီနာတိုတစ်‌ယောက် ကိုယ်ပိုင်မိသားစုထူထောင်တော့မဲ့အချိန် သူ့အဖေရဲ့အမေရိကန်မိသားစုက ဖလာဗီယိုတစ်ယောက် နောက်ဆုံးအခြေအနေရောက်နေပြီမို့ လာတွေ့ဖို့အသိပေးတဲ့အတွက် အမေရိကကို သွားဖို့ အကြောင်းရှိလာတဲ့အချိန် သူ့မှာ ညီတစ်ယောက်ရှိနေတာကိုပါ သိလိုက်ရပြီး ဖလာဗီယိုသေဆုံးခါနီးမှာ ရီနာတိုတို့ မိသားစုကို စွန့်ပစ်ခဲ့ရတဲ့အကြောင်းကိုရှာဖွေဖို့ ပဟေဠိဆန်ဆန်ချန်ခဲ့တာကြောင့် ရီနာတိုတစ်ယောက် သူ့ရဲ့ ဖအေတူမအေကွဲညီနဲ့အတူ ရှာပုံတော်ဖွင့်ရတဲ့အကြောင်းကို စိတ်၀င်စားဖွယ် ရိုက်ကူးတင်ဆက်ထားပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းကိုဘာသာပြန်ရေးသားပေးသူကတော့ Chuck Chuck ပဲဖြစ်ပါတယ်။) Quality – 1080p, ...
movie

Half Brothers (2020)

2020
War on Everyone(2016) 5.9
War on Everyone(2016) War on everyone (2016) ဇာတ်ကားလေးဟာ IMDB 5.9 ရရှိထားတဲ့ ဇာတ်ကားကောင်းဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ တယ်ရီနဲ့ ဘော့ ဆိုတဲ့ရဲအရာရှိ ၂ဦး ရှိတယ်...သူတို့ ၂ယောက်ဟာ ရဲကျင့်ဝတ်နဲ့မညီတာတွေ လုပ်ကြတယ် အထူးသဖြင့် ပြစ်မှုကျူးလွန်တဲ့ရာဇ၀တ်သားတွေဆီက လာဘ်စားတယ် ငွေညှစ်တယ် ..တစ်နေ့တော့ သူတို့၂ယောက်ဟာ လုယက်မှုလေးတွေ နောက်ကို လိုက်နေရင်း မမျှောလင့်ပဲ အချီကြီးကြံနေတဲ့ လုယက်မှုသတင်းအနံရသွားတယ် နယ်ခံရာဇဝတ်သားတစ်ယောက်ဖြစ်သူ ဂျင်မီဟာ ဒီလုယက်မှုကြီးရဲ့ ဦးဆောင်သူကတော့ ဂျိမ်းစ်မိန်းကန်လို့ ခေါ်တဲ့ဗြိတိသျှစီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ယောက်ဖြစ်ပါတယ်။ သူတို့ရဲ့အလုပ်ကို ဝင်ရောက်နှောင့်ယှက်နေတဲ့ ဒီရဲနှစ်ယောက်ကို ဂျိမ်းစ်မိန်းကန်က ရဲအရာရှိဘဝကနေ ပြုတ်သွားအောင်လုပ်လိုက်ပါတယ်။ သူတို့ ၂ယောက်ဟာ အရက်သားဖြစ်သွားပေမဲ့လက်မလျော့ခဲ့ဘူး...အရပ်သားအဖြစ်နဲ့ သူတို့နှစ်ယောက် ဒီအမှုကိုဆက်လက်လိုက်ရင်း ရှုပ်ထွေးလှတဲ့ ကွင်းဆက်များအကြား ဘယ်လို စုံစမ်းထောက်လှမ်းပြီး ဘယ်လိုအန္တရာယ်တွေကြားထဲကနေ နောက်ဆုံးခေါင်းဆောင်ဆီရောက်အောင် သွားမလဲဆိုတာ ဒီဇာတ်ကားလေးထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ဒီကားထဲက မင်းသားတွေကိုတော့ အားလုံးရင်းနှီးပြီးသားဖြစ်မှာပါ........ ဇတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Yae ...
movie

War on Everyone(2016)

2016